Chapter 145 The one he's looking for (Z & U)

10K 1.5K 24
                                    

C-145 The one he's looking for.

အခန်း ၁၄၅ သူရှာနေသော သူ
It's rare that he can actually make out that this point surprised Ling Xiao.

သို့သော် Ling Xiao က အဖြေကို တန်းမပေး။ အဲဒိအစား သူက အဓိပ္ပါယ်အပြည့်ဖြင့် 'ဘာလို့ ကန့်သတ်သာလွန်အဆင့်မှော်ဆရာကို အရောင်စုံလို့ခေါ်တယ်ဆိုတာ?´
You XiaoMo ခဏတွေးနေပြီးမှ 'ကန့်သတ်သာလွန်အဆင်မှော်ဆရာတွေရဲ့ ၀ိညာဉ်က ခုနှစ်ရောင်ဖြစ်နေလို့လား?´
အာ ဒါပေမယ့် အဲတာက မမှန်။ သူအခုလေးတင်က အကဲဖြတ်ကျောက်တုံးထိပ်က ပေါ်တဲ့အရောင်ကို မြင်လိုက်သည်။ အဲဒါက ခုနှစ်ရောင်မဟုတ်တာ သေချာပါတယ်။ အရောင်က နည်းနည်း ထူးဆန်းနေပေပြီး ဘာအရောင်ဆိုတာ သူမပြောပြနိုင်ပေမယ့် အဲဒါက ခုနှစ်ရောင်ခြယ်မဟုတ်တော့ ပြောလို့ရသေးသည်။ သူက အဲဒါကို မမြင်နိုင်လောက်အောင် အရောင်မခွဲတတ်သူမှ မဟုတ်တာ။
'မင်း တစ်ဝက်ပဲ မှန်သေးတယ်´
Ling Xiao က အပြုံးတစ်ခုဖြင့် စကားပြောနေတုန်း သူ့လက်ကို ဆန့်ထုတ်ပြီးတော့ အကဲဖြတ်ကျောက်တုံးကို ပွတ်သတ်လိုက်သည်။
'ဘာပြောချင်တာလဲဟင်?´ You XiaoMo က သိချင်စိတ်နဲ့ မေးလိုက်သည်
'ကန့်သတ်သာလွန်အဆင့်မှော်ဆရာတွေရဲ့ဝိညာဉ်က တကယ့်ကို အရောင်စုံတယ်။ အရောင်စုံဝိညာဉ်တွေကို လဲ အဆင့် အမျိုးမျိုး ခွဲနိုင်သေးတယ်။ Long Xiao တိုက်မကြီးကလူတွေက ကန့်သတ်သာလွန်အဆင့်မှော်ဆရာရဲ့ ၀ိညာဉ်က ခုနှစ်ရောင်ခြယ်ရှိတာပဲ သိတယ် သူတို့မသိတာက ခုနှစ်ရောင်ခြယ်မှာလဲ အဆင့် အနိမ့်အမြင့်ရှိသေးတယ်။ ဒါပေမယ့် Long Xiao တိုက်မကြီးရဲ့အဆင့်က နိမ့်တော့ သူတို့မသိတာ အံသြစရာ မရှိပါဘူး´ Ling Xiao က ရှင်းပြလိုက်သည်။
You XiaoMo က ရုတ်တရက်စိတ်ရှုပ်သွားသည်။ ဒါက တကယ့်ကို ပိုပိုပြီးတော့ ရှုပ်ထွေးလာပြီး သူ့ရဲ့ နားလည်နိုင်အောင်တောင် ဖြစ်လာသည်။
Ling Xiao က သူ့မျက်လုံးထဲမှ ခြင်ဆေးခွေပုံစံ ခရုပတ်ခွေလေးတွေတောင် မြင်ရခါနီးဖြစ်တာမိ့ သူ့ခေါင်းပွတ်ပေးပြီးတော့ ချစ်ခင်နှစ်သက်စွာနဲ့ 'မင်းအခုနားမလည်သေးလဲ ရတယ် အခုတော့ အဆင့်မြင့်ဘုံအဆင့်တွေကို မင်းမသိနိုင်သေးဘူး ဒါပေမယ့် နောင်တစ်ချိန်ကျရင်တော့ အခွင့်အရေးရှိလာလိမ့်မယ်´
You XiaoMo က သူ့မျက်နှာပေါ်က အပြုံးနုနုလေးကို ကြည့်နေသည်။ သူခံစားမိနေတာက အခု Ling Xiao လ ပုံမှန်   Ling Xiaoနဲက သိပ်မတူသလိုပဲ။ ရုတ်တရက်ကြီး မီးမောင်းထိုပြတာ မြင်လိုက်ရသလို သူမခန့်မှန်းပဲနေနိုင်တော့ပဲ 'အစ်ကိုကြီးLing အစ်ကိုပြောတဲ့ ပိုမြင့်တဲ့ဘုံအဆင့်ဆိုတာ အစ်ကို အရင်ကနေခဲ့တဲ့နေရာလား?´
Ling Xiaoရဲ့ခွန်အားကို သူသိသွားကတည်းက Ling Xiao က  Long Xiao တိုက်မကြီးကလို့ မထင်တော့တာဖြစ်သည် ဘာ့ကြောင့် လဲဆိုတော့ သူ့တန်ခိုးခွန်အားကမြင့်သည် ပြီးတော့ သူရဲ့ မှော်ဆရာများနဲ့ သိုင်းပညာရှင်များအပေါ် နားလည်စွမ်းက သူစာအုပ်တွေထဲမှာ မြင်ထားတွေနဲ့ကွာခြားစွာကို မြင့်မားလှသည်။ ဒီတော့ သူပြောတဲ့ ဒိထက်ပိုမြင့်တဲ့ဘုံ လို့သူပြောတာကိုကြားတာနဲ့ သူခံစားရတာက သူအရင်ကနေဖူးသော နေရာလို့တွေးလိုက်တာပင်။
သူ့စကားရဲ့လေသံကနေ စိတ်ဝင်စားမှုနဲ့ သတိထားမှုကို သိရှိလိုက်တော့ Ling Xiao က စိတ်ကြီးဝင်နေစွားပြုံပြလိုက်သည်။ အပြုံးတစ်ခုက သူ့နှုတ်ခမ်းကနေ လွတ်မြောက်သွားပြီး 'ဒါပေါ့ Long Xiao တိုက်လို သေးငယ်တဲ့ နေရာက ကနေ ကိုယ့်လို အံသြဖွယ်ရာ ကောင်းတဲ့သူတစ်ယောက်ကို တကယ်ကြီးထွက်လိမ့်မယ်လို့တော့ မင်းမထင်ဘူးမလား´
အတ္တမ၀ါဒီ လုံးဝကို အတ္တမ၀ါဒီပဲ
You XiaoMo က သူ့ကို မျက်လုံးလေးလှန်ပြီး မကြည့်ပဲ မနေနိုင်။ ဒီလောက်ကောင်းနေတဲ့ အခြေအနေကို သူထပ်ပြီး ဖျတ်စီးပြန်ပြီ။
'အစ်ကိုကြီး Ling အဲလိုဆိုရင် ဘာလို့ Long Xiaoတိုက်မကြီးလို သေးငယ်တဲ့နေရာကို လာခဲ့ဖို့အဲဒိကနေ ထွက်လာတာလဲ?´
You XiaoMo က ရုတ်တရက် သူ့ကို ထိလိုက်နာကျင်စေချင်သလိုပုံစံဖြစ်ကာ မျက်တောင်လေး ဖျတ်ခနဲ ဖျတ်ခနဲ ခတ်နေတာမို့ သူ့ပုံက ဥာဏ်များတဲ့ မြေခွေးလေးတစ်ကောင်ကို ဖြစ်နေသည်။
ဒိလို ထိုးနှက်ချက်ကို ကြားတာနဲ့ Ling Xiao ရဲ့ခန့်ညားတဲ့မျက်နှာက ပိုပြီးတော့တောင် တောက်ပလာသည်။ သူ့မျက်နှာက အပြုံးကိုကြည့်ပြီးတော့ သူ့လက်တွေရုတ်တရက် ယားလာသလိုခံစားရသည်။ သူ့လက်တွေဆန့်ထုတ်ပြီး တော့ သူ့နဖူးကို တစ်ချက်လောက် အသာပုတ်လိုက်ချင်ပေမယ့် You XiaoMo က အဲဒါကို သိနေသလိုမျိုး သူ့ထက်ခြေတစ်လှမ်းစောက သူ့ခေါင်းကို ကာထားပြီးဖြစ်သည်။
လိုအပ်တဲ့ကာကွယ်မှုတွေယူပြီးနောက်မှာ You XiaoMo က သူ့ကိုလျာထုတ်ပြတော့သည် မင်းငါ့ကို ပုတ်လို့မရဘူး မင်းငါ့ကို ပုတ်လို့မရဘူး။
Ling Xiao ရယ်ကာ သူ့လက်မောင်းကြားထဲ အသာလေးဆွဲသွင်းလိုက်သည်။ ပြီးတာနဲ့ သူ့ခေါင်းကို လုပ်ချင်သလိုလုပ်ကာ ကလဲ့စားချေတော့သည်။ လူသစ်လေးရေ မင်းသတိထားနေလို့ ကိုယ်မင်းကို အပြစ်ပေးလို့ မရဘူးထင်မနေနဲ့။ မင်းသင်ယူဖို့အများကြီးလိုသေးတယ် ဟ  ဟ။
You XiaoMoရဲ့ ပါးနှစ်ဖက်က ဒေါသတွေနဲ့ ပြည့်ဖောင်းနေကာ ကြက်သိုက်ပုံဆံပင်ပုံစံနဲ့ သူ့ကို ငေးကြည့်နေတာ လုံးဝကို ချစ်ဖို့ကောင်းပြီး ရယ်ဖို့လဲ ကောင်းသေးသည်။
အနည်းလေးတောင် အပြစ်ရှိတယ်လို့ မခံစားရတဲ့ Ling Xiao ကတော့ သူ့ဆံပင်တွေကို ချည်ထားသည့် ကြိုးနီလေးကို ပြန်ဖြည် ပြီးတော့ သူ့ဆံပင်တွေကို ဖြောင့်သွားအောင် စလုပ်ပေးတော့သည်။ နူးညံ့တဲ့ ပိုးသားဆံနွယ်လေးထဲမှာ လက်ဆယ်ချောင်းလုံးထဲ့ပြီးတာက သူ့ကို အလွန့်အလွန် စိတ်ကျေနပ်စေတာမို့ သက်ပျင်းလေးမချပဲတောင် မနေနိုင်ပြီးတော့ ခုဏခေါင်းစဉ်ကို ဆက်ရသည်။
'ကိုယ်လား ဒါပေါ့ ကိုယ်ဒီမှာ ရှိနေတာလဲ အကြောင်းပြချက်ရှိတာပေါ့´ Ling Xiao က ပြောလိုက်သည်။
'အာ့ဘာလဲ´
You XiaoMo နှုတ်ကနေ လွှတ်ခနဲထွက်သွားကာ ဒီလိုမေးတာက သူများရဲ့ကိုယ်ရေးကိစ္စကို စပ်စုနေမှန်း ပြီးမှ သထိထားမိသည်။
Ling Xiaoက Lin Xiaoရဲ့နေရာမှာ ၀င်ပြီးတော့ TianXinဂိုဏ်းက စစ်သည်ဌာနရဲ့ လက်ရွေးစင်ဂိုဏ်းသားအဖြစ်နေကတည်းက You XiaoMoရဲ့ ရင်ထဲမှာ အဲဒိမေးခွန်းက အမြဲတမ်းပုံးအောင်းနေခဲ့တာဖြစ်သည်။ အထူးသဖြင့် သူက ဒီလောက်ခွန်အားကြီးတဲ့လူမှန်းသိသွားတဲ့အချိန်မှာပေါ့။ သူ့ကို TianXinလာနိုင်အောင် ဘာကဆွဲဆောင်နေတာလဲဆိုတာ သူပိုတောင် သိချင်လာသေးသည်။ ဒီနေ့တော့ မေးမိသွားပြီ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now