Chapter 101 HunJi City Part 2 ( Z & U)

12.9K 1.7K 3
                                    

အခန်း ၁၀၁ HanJi မြို့ အပိုင်း ၂

Ling Xiaoရဲ့ အဖြေကိုကြားတာနဲ့ You XiaoMo အတော်ကို မနာလိုဖြစ်သွားသည်။
"အကိုဘာ့ကြောင့် ဒီလောက်စိတ်ဝင်စားတာလဲ"
Ling Xiao သူ့ကို ရုတ်တရက်ကြည့်ပြီး သေချာစဉ်းစားခန်းဝင်ကာ
"ပုံမှန်ဆိုရင် စာဖတ်တတ်တဲ့သူက စာလဲရေးတတ်မှာပဲ ဒါပေမယ့် မင်းကတော့ ဖတ်ပဲဖတ်တတ်ပြီး မရေးတတ်သလိုပဲနော်၊ ဘာလို့ပါလိမ့်၊ ညီလေး အကို့ကို မပြောရသေးတဲ့ လျှို့ဝှက်တွေအများကြီး ကျန်သေးတယ်လို့ ခံစားနေရတယ်"
You XiaoMoတစ်ယောက် နဖူးကနေ ချွေးစေးတစ်စက် ရုတ်တရက် ကျလာသည်။ ဒီလူက ထက်မြက်လွန်းလှသည်။ You XiaoMo သူ့ကိုတောင် ပြန်မကြည့်ရဲ။ သူ့အကြည့်တွေကို ဝေးကို ပို့ထားရင်းနဲ့ "ဘာမှ မဆန်းပါဘူး၊ ကျွန်တော့ မိဘတွေက ကျွန်တော် ငယ်ငယ်ထဲက သေသွားတာလေ။ ကျွန်တော့် အသက် ဆယ့်ခုနစ်နှစ်အထိ အမေ့ဘက်က အဒေါ်မိသားစုနဲ့ နေရတာ အဒေါ်တို့မိသားစု ကလဲ မချမ်းသာဘူးလေ ကျွန်တော့်ကို ကျောင်းပို့ဖို့ကို ပိုက်ဆံမှ မရှိပဲ၊ အဒေါ့် သား သမီးတွေဆီကနေမှ စာနဲနဲ ကို ပြန်သိရတာလေ"
သူ့ကို သေအောင်ရိုက်တာတောင်မှ အကြောင်းအမှန်ကို ပြောပြ၍မဖြစ်။ သူက ကမ္ဘာမြေက နှစ်ဆယ့်တစ်ရာစု ကနေ ကူပြောင်းလာတဲ့သူလေ.
Ling Xiao မျက်မှောင်ကြုပ်သွားသည်။ သူက You XiaoMoရဲ့ ဘ၀သမိုင်း ကို ဘာမှကို သေချာအောင်မသိ "အဲသလိုလား"
"အဲလိုပေါ့ အကို ကျွန်တော့်ကို မယုံရင် အဆင်ပြေတဲ့အချန် အခြားတစ်ယောက် ကို ခေါ်မေးကြည့်လေ"
You XiaoMo ကတိုက်ကရိုက်ဖြေလိုက်သည်။ သူကိုယ်တိုင်က အဖြေမှန်ပေါ်သွားမှာကို မစိုးရိမ်ပါ သူသိဖို့လိုတာလေးတွေကို Jiang Liu ကို မေးတုန်းကလဲ Jiang Liu က ဒီအတိုင်းပဲ ပြောသွားတာဖြစ်သည်။
Ling Xiao မယုံသေးပေမယ့်လဲ ပြောတဲ့သူက သေချာပြောနေတာကို မြင်တဲ့အခါကျတော့ အခြားဘာကိုမှ ထပ်မမေးတော့ချေ။ သူ လာရခြင်းအကြောင်းကို ပဲ တွေးပြီး ပြောလိုက်သည်။
"လေလံပွဲကလေ အကို သေချာအောင်တော့ စီစဉ်ထားတယ် ညီလေး မင်းမနက်ဖြန် အလုပ်မများဘူးဆိုရင် မနက်ဖြန်ပဲ ထွက်ကြမလား"
"တကယ်လား ကျွန်တော် မနက်ဖြစ် ဘာမှမရှိဘူး အဆင်ပြေတဲ့ အချိန်သွားလို့ရတယ်"
လေလံပွဲကိစ္စက အဆင်ပြေသွားပြီးဆိုတာ ကြားရတာနဲ့ သူချက်ချင်း Ling Xiao့ လက်မောင်းကို စိတ်လှုပ်ရှားစွာနဲ့ လှမ်းကိုင် ပလိုက်သည်။
Ling Xiao သူ့လက်ကို ဆွဲကိုင်ထားတဲ့ သူကို မျက်စိတစ်ချက်ဝေ့ကြည့်ကာ ဥာဏ်နီဥာဏ်နက်အပြုံးလေး ပြကာ " အခုလဲ မှောင်နေပြီ အကိုလဲ မနက်ဖြန် လာရမယ့်အတူတူ ဒီနေ့ည ဒီမှာပဲ အိပ်လိုက်ရင် ကောင်းမယ်နော်"
သူ့လေသံကိုက ဒါဟာ ညှိနှိုင်းနေတာ မဟုတ်တာကို ဖော်ပြနေသည်။
"You XiaoMo သူ့လက်ကို ချက်ချင်းပြန်ရုတ်ပြီး ထစ်ထစ်ငေါ့ငေါ့နှင့် "အကိုကြီးLing ဒါကမသင့်တော်ဘူးလေ. ကျွန်တော့်မှာကလဲ အိပ်ယာက တစ်ခုပဲရှိပြီး အဲဒါကလဲအရမ်းသေးနေသေးတယ် တစ်ယောက်ထဲပဲ အိပ်လို့ အဆင်ပြေမှာ ........"
"အဆင်ပြေပါတယ် ငါတို့ နဲနဲလေး တိုးအိပ်တာပေါ့"
You XiaoMoရဲ့ မျက်နှာ ချက်ချင်းကိုကြေမွသွားသည်။ နဲနဲ တိုးအိပ်မယ် ဟုတ်လား၊ သူ့အတွင်းကလီစာတွေ ထွက်လာကုန်မှာတောင် စိုးမိသည်။ Ling Xiao က သူ့အပေါ်မှာ အခွင့်အရေးယူဖို့ကို ချောင်းနေတာတော့ သူအရိပ်အမြွက်တော့ သိသည်။
တကယ့် အဖြေအနေက ပြနေတာတော့ Ling Xiao က သူပြောသလို နဲနဲလေးတိုးအိပ်မှာပဲတော့မဖြစ်နိုင် သူ့အိပ်ယာက တကယ့်ကို သေးနေသည်။ လူနှစ်ယောက် အိပ်ဖို့အတွက်ကတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် အတော်ကိုပူးကပ်မှ ရမည်။ You XiaoMo နေ့တစ်ဝက်လောက် အချိန်ဖြုန်းနေပြီးတော့ နောက်ဆုံးတော့လဲ Ling Xiao ရဲ့ အိပ်ယာထဲ ဆွဲသွင်းမှကိုခံရလေသည်။ ခြေလက်လေးချောင်းလုံး ရှုပ်ထွေးနေပြီးနောက်မှာတော့ သူတို့အကြားမှာ အပ်ကြောင်းလေး တစ်ခုတောင် ဖြစ်တည်မနေ။
နောက်တစ်နေ့ အိပ်ယာနိုးချိန်မှာတော့ You XiaoMoတစ်ယောက် ခြေရှစ်ချောင်းနဲ့ ရေဘ၀ဲလိုမျိုး Ling Xiaoရဲ့ ကိုယ့်ကို ဖက်တွယ်ထားတာကို တွေ့ရှိသွားသည်။
လေလံပွဲကိစ္စက အခြားသူတွေကို ပွင့်ပွင့်လင်းလင်းပြော၍ မရတာကြောင့် Ling Xiaoက သူတို့ နှစ်ယောက်ထဲ တောင်အောက်ဆင်းရန် စီစဉ်ထားသည်။ အစထဲက သူတို့နဲ့အတူလိုက်ချင်တဲ့ Zhou Peng ကို့ ဂိုဏ်းရဲ့ အခြားလျှို့ဝှက်ကိစ္စတစ်ခု လုပ်ဖို့ လွှတ်လိုက်သည်။
မသွားခင်မှာ You XiaoMo က Fang ChenLeကို သူတောင်အအောက်ဆင်းမည့်အကြောင်း အသိသွားပေးသည်။ သူက အမာခံတပည့်တစ်ယောက်ဖြစ်နေပြီမို့လို့ အရင်ကလို ခွင့်ပြုချက်တောင်းစရာမလို မှတ်တမ်းရေးရန်ပင် မလိုတော့။
Fang ChenLeက သူLing Xiao နဲ့တောင်အောက်ဆင်းမည်မှန်းသိတော့ မစိုးရိမ်တော့ ဂရုစိုက်ရန်သာ မှာလိုက်သည်။
အမွှေးတိုင် တစ်ဝက်ကုန်ချိန်ရောက်တော့ You XiaoMo နဲ့ Ling Xiao TianXian ဂိုဏ်းက အတူထွက်ခွာသွားကြသည်။
TianXinဂိုဏ်က Long Xiaoတိုက် တောင်ဘက်ဒေသ၏ အစည်ကားဆုံးနေရာမှာ တည်ရှိသည်။ HunJiမြိုကတော့ တောင်ဘက်ဒေသ၏ တတိယအကြီးဆုံးမြို့ဖြစ်သည်။ WuFengတောကြောရဲ့တောင်တစ်လုံးအပေါ်မှာ တည်ရှိခြင်း ဖြစ်သည်။ နေ့တိုင်း လူပေါင်း သောင်းနဲ့ချီပြီး ဒီခံတပ်မြို့ကြီးကို ၀င်ထွက်နေကြသည်။ အဲဒါကြောင့်မို့လို့လဲ ဒီလို ဆယ်နှစ် ဒါမှမဟုတ် ဒီထက်နည်းတဲ့ နှစ်အပိုင်းအခြားမှာ တောင်ပိုင်းဒေသရဲ့ တတိယအကြီးဆုံးမြို့အဖြစ် တိုးတက်လာဖြင်းဖြစ်သည်။
ဒီခရီးရဲ့ သွားရမယ့် နေရာက တော့ ဒီ HunJi မြို့ ဖြစ်သည်။
HunJiမြို့ရဲ့ဧရိယာက အကြီးဆုံးနဲ့ ဒုတိယအကြီးဆုံးမြို့တွေလောက် မကြီးပေမယ့် သူ့ရဲ့ ကြွယ်ဝမှုကတော့ အကြီးဆုံးမြို့ ထက်ပင် သာသေးသည်။ ဒါကြောင့် ရှားပါးပြီးအဆင့်မြင့်မှော်ဆေးတို့လို့ အဆင့်မြင့်မှော်ဆေးပင်တို့လို ရှားပါးတဲ့ အရာတွေကို ဒီမှာ ရှာတွေ့နိုင်သည်။
အဆုံးကို မမြင်နိုင်တဲ့ အစိမ်းရောင်မြေပြန့်ကြီးကို ကြည့်လိုက်ရင် အနက်ရထားလုံးတစ်စီးက လေအလျင်နဲ့ ပျံသန်းလာသည်။ ရထားလုံးကို နီညိုရောင်မြင်းတစ်ကောင်က ဆွဲလာသည်။ အဲဒိမြင်းက အခြားမြင်းတွေနဲ့ ယှဉ်ရင် ခန္ဓာကိုယ်က ကြီးပြီး အရပ်လဲရှည်သည့်အပြင် ပိုပြီးဥာဏ်ကောင်းပြီး သန်မာသည်။ ရဲရဲတောက်မျက်လုံးက ခေါင်းမာပြီး ထိန်းရန်မလွယ်သည်ကိုဖော်ပြနေသည်။ ခဏခဏ သူ့ခေါင်းကို မော့မော့ပြီး ဟီသံပေးနေသည်။ တစ်ယောက်က တစ်ခါကြည့်တာနဲ့တင် ဒီမြင်းက အတော်လေးကို စိတ်လှုပ်ရှားနေမှန်း ပြောနိုင်နေသည်။
You XiaoMoကတော့ သူသိပ်မကြာခင် အန်တော့မည်လို့ပဲ ခံစားနေရသည်။ ဒါက သူပထမဆုံးအကြိမ် မြင်းလှည်း စီးခြင်းဖြစ်သည်။ ဒီလောက်မြန်တဲ့ မြင်းလှည်းကို စီးဖူးတာလည်း ဒါ ပထမဆုံးဖြစ်သည်။
မြင်းလှည်းအတွင်းပိုင်းမှာက ထူထဲ နူးညံတဲ့ သိုးမွှေးစောင်တွေကို အခင်းလုပ်ထားပေမယ့်လဲ ရထားလုံးက အရမ်းကို အပြင်းအထန် လှုပ်ခါနေသည်။ သူ့ဦးနျောက်က အစထဲက အရမ်းဥာဏ်ကောင်းတဲ့အထဲ မပါဘူးဆိုတော့ အခုတော့ ပျော့ဖတ်နေအောင် အလှုပ်ခံနေရသည်။ ဗိုက်ထဲမှာလဲ မဆုံးနိုင်အောင် အလိပ်လိပ်ထကာ မနေ့ကညစာတောင် ပြန်ထွက်တော့မတတ်ဖြစ်နေသည်။
သူ့ကို ဖက်ထားတဲ့ Ling Xiao ကတော့ ဒီအမြန်နှုန်းက နဲနဲလေးတောင် ထိခိုက်ခြင်းမရှိ You XiaoMoရဲ့ကျောလေးကို သပ်ကာ သပ်ကာနဲ့ ဖက်ထားရလို့ ရယ်မြူးရိပ်သန်းနေတယ့် မျက်လုံးများနှင့် " ရောက်တော့မှာပါ နဲနဲလေးပဲ ထပ်ပြီးသီးခံ လိုက် ပြီးတာနဲ့ အဆင်ပြေသွားမှာ"
အဲဒိစကားလုံးတွေက You XiaoMo ခဏခဏ ကြားပြီးဖြစ်သည်။
"ဒါပြီးရင်တော့ မြင်းရထားပေါ် ဘယ်တော့မှ မထိုင်ဘူး......"
You XiaoMo ထစ်အထစ်အသာ ပြောနိုင်သည်။ ဒါက နှိပ်စက်တာထပ်ပင်များသည်။ သူ့အသက်တစ်ဝက်လောက် ပျောက်နေပြီလို့တောင် ခံစားနေရသည်။
သူတောင်အောက်ဆင်းတာနဲ့ပါတ်သတ်ပြီး ဘယ်အချိန်ပြန်ရမလဲ သတ်မှတ်ချက် မရှိတာကြောင့် အလျင်မလိုပေ။ အဲဒိမှာ Ling Xiao က မြင်းရထားနဲ့သွားဖို့ အကြံပေးတာ ဖြစ်သည်။ You XiaoMo လုပ်ကြည့်သင့်သည်တွေးပြီး လက်ခံလိုက်သည်။ နောက်နာရီဝက်အကြာမှာ နောင်တရလိမ့်မယ်လို့ကို မထင်ထားခဲ့တာ ဖြစ်သည်။ Ling Xiao ကရော ဒီမြင်းရထားကို ဘယ်နားကနေများ ရှာတွေ့ခဲ့သလဲ မသိ၊ ရထားလုံးကို ဆွဲနေတဲ့ မြင်းရဲ့ စိတ်အားထက်သန်မှု က You XiaoMoကို အလွယ်အကူပင်ဒုက္ခရောက်စေသည်။
"မင်း နေသားကျသွားရင် အဆင်ပြေသွားမှာပါ"
Ling Xiaoက သူ့ကို ချော့မော့နေသည်။
အဆိုပါ ဟုန်းဟုန်းတောက်မြင်း က တကယ့်ကို စိတ်လှုပ်ရှားလွယ်သည်။ ဒါပေမယ့် သူတို့တွေက သက်လုံကောင်းသည်။ မြန်လဲ မြန်သည်။ သူတို့ရဲ့ အမြန်နှုန်းကို နေသားကျသွားတာနဲ့ အဲဒါက ဘယ်လောက်တောင် သဘောကျစရာကောင်းသလဲ ဆိုတာကို သိနိုင်သည်။
"နေသားကဖို့က မလွယ် . .အု....."
အစိမ်းရောင်လွင်ပြင်ကို ဖြတ်ပြီးတာနဲ့ နောက်ဆုံးမှာတော့ အဆိုပါ ကြီးမားတဲ့ ခံတပ်မြို့ကြီး ပေါ်ထွက်လာသည်။
မြို့တံတိုင်းအမြင့်ကြီးက တိမ်တွေပေါ်အထိ ထိတော့မတတ်ကို ကျယ်ပြန့်ပြီး ခန်းနားလှသည်။ အမြင်မဆုံးနိုင်တဲ့ အနီရောင်မြို့တံတိုင်းကြီးက ဟောင်းနွမ်းနေသလို ခံစားရသည်။ သေချာတာကတော့ တကယ့်ကို နှစ်ပေါင်းများစွာ ကြာရှည်နေပြီ။ နေရောင်ခြည်က အောက်ကနေ ပေါ်ကို တက်လာတာနဲ့ အနီရောင်မြို့တံတိုင်းကြီးကလဲ တောက်ပပြီး မျက်စိကျိန်းအောင် အရောင်တွေ ဖြာနေသည်။ အနီးကပ် တစ်ချက်ကြည့်လိုက်တာနဲ့ အနီရောင် မြို့တံတိုင်းကြီးက ပန်းဆီရောင်* နတ်ဝိဉာဉ်သံ နှင့် တည်ဆောက်ထားတာဖြစ်သည်။
ပန်းဆီရောင် နတ်ဝိဉာဉ်သံဆိုတာက ကာကွယ်ခုခံရေးပစ္စည်းများထဲတွင် အကောင်းဆုံးဟုပင် ပြောနိုင်သည်။ သူ့ရဲ့ တန်ဖိုးကလဲ သာမန်ထက်ကို ထူးကဲလှသည်။ HunJiမြို့ရဲ့ တံတိုင်တစ်ခုလုံး ကို ပန်းဆီရောင်နတ်ဝိဉာဉ်သံနဲ့ ပြုလုပ်ထားတယ်ဆိုရင် မြို့ရဲ့ ကြွယ်ဝမှု အရင်းအမြစ်က ဘယ်လောက်ထိ ရှိသလဲဆိုတာ ကို ရှင်းရှင်းလင်းလင်းသိမြင်စေသည်။
နောက်ထပ် နာရီဝက်လောက် အကြာမှာတော့ မြင်းရထားက HunJiမြို့နားကို ရောက်ရှိသွားသည်။ ဘယ်သူမှ မမောင်းနှင်တဲ့ ဟုန်းဟုန်းတောက်မြင်းက သူ့ဘာသာပဲ ရပ်တန့်သွားသည်။
*ပန်းဆီရောင် နတ်ဝိဉာဉ်သံ - Rosefinch spirit iron - ဘာသာပြန်မှု အနည်းငယ် လွဲချော်နိုင်ပေမယ့် ကိုယ့်ဘာသာတော့ ဒီအတိုင်းပဲ နားလည်ထားလိုက်ပါတယ်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now