Chapter 191 - Secrets and the Transmitter Stone (Z & U)

8.7K 1.4K 17
                                    

Chapter 191 – Secrets and the Transmitter Stone

အခန်း ၁၉၁ လျှို့ဝှက်ချက်များနှင့် အသံလွှင့် ကျောက်တုံး

Tang Zhenက Tang Fan၏ သွေးသားတော်စပ်သော ညီအရင်းဖြစ်ကာ သူတို့နှစ်ဦးကြားတွင် ငါးနှစ်တာ ကွာခြားသည်။ သူတို့ငယ်စဉ်တုန်းက သူတို့နှစ်ယောက်စလုံးမှာ Tian Xin ဂိုဏ်း၏ ပါရမီအရှိဆုံး လူများထဲ ပါဝင်သည်။ ဂိုဏ်းချုပ်Yu၏ လက်ထပ်တွင် ဂိုဏ်းချုပ်၏ အာရုံစိုက်မှုကို သူတို့ ရရှိကာ သူတို့ကို ကိုယ်တိုင်တောင် သင်ကြားပေးခဲ့သေးသည်။

ထိုအချိန်တုန်းက ဂိုဏ်ချုပ်ရာထူးကို ဘယ်သူက ရသွားမလဲဟုတောင် လူအများက ထင်ကြေးပေးရသေးသည် အဘယ့်ကြောင့်ဆိုသော် ညီအစ်ကို နှစ်ယောက်စလုံးက တတိယမျိုးဆက်များတွင် အတော်ဆုံးများ ဖြစ်နေကြသည်။ နေ့တိုင်း လူအများက Tang Zhen နှင့် Tang Fan ဘယ်သူက ပိုတော်သလဲဆိုတာ ဆွေးနွေးကြသည်။ အချို့လူများကတော့ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ရင်းနှင့် အဆုံးသတ်လိမ့်မည်ဟု ယုံကြည်ကြသည်။

သို့သော်လည်း ရလာဒ်ကတော့ လူတိုင်း၏ မျှော်လင့်ချက်ထက်တောင် ကျော်လွန်သွားသည် အဘယ့်ကြောင့် ဆိုသော် ဂိုဏ်းချုပ် Yu က မတော်တဆမှုတစ်ခု ဖြစ်ပွားသွားခဲ့သောကြောင့်ပင်။

ဂိုဏ်းချုပ် Yu က ခွန်အားက စိတ်ဝိဥာဏ်အဆင့် ကြယ်ခုနစ်ပွင့် အဆင့်ရှိကာ အင်ပါယာအဆင့်သို့ ချိုးဖောက်လုဆဲဆဲ လည်း ဖြစ်သည်။

သို့သော်လည်း အလုပ်အချို့ကို လုပ်ရင် အပြင်သို့သွားချိန်တွင် သူနှင့် အခြားသော အကြီးအကဲများက မိစ္ဆာများ၏ တိုက်ခိုက်မှုကို ခံလိုက်ရကာ သေဆုံးသွားကြသည်။

စိတ်ဝိဥာဏ်အဆင့် ကြယ်ခုနစ်ပွင့် တိုက်ခိုက်သူ ပြီးတော့ ဂိုဏ်းချုပ်ကြီးတစ်ယောက်လဲ ဖြစ်သဖြင့် ထိုအရာက Tian Xin ဂိုဏ်းအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားသည်။ ကံကောင်းစွာနှင့် Tian Xin ဂိုဏ်း၏ အတွင်းရေးသတင်းများအရ ဒီမတော်တဆမှုတွင် အခြားသော အဖွဲ့များက မပါဝင်ထားပေ။ အကြပ်အတည်းဖြစ်နေသော အချိန်အတွင်းမှာ ကြီးမြတ်လှသော အကြီးအကဲ တစ်ဦးက သူ၏ စွမ်းအားကြီးများဖြင့် Tian Xinဂိုဏ်းကို အကာအကွယ်ပေးခဲ့သည်။ သူက မယုံနိုင်စရာခွန်အားများရှိကာ သူတို့ကို လာရောက် ထိပါးရန် ကြိုးစားသူအားလုံးကို တန်ပြန်တိုက်ခိုက်ခဲ့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now