Chapter 64

32.5K 2.4K 37
                                    

Chapter 64-Lei Ju's provocation

အခန်း ၆၄ Lei Ju၏ လှုံ့ဆော်ခြင်း

You Xiao Mo မျက်လုံးတောင် တစ်ပတ်လည်သွားတယ်။ နောက်ဆုံးမှာတော့ အရေးပါတဲ့အချက်ကို တွေ့သွားပြီး "မှော်ဆရာတွေရဲ့ သက်တမ်းက ဝိဉာဉ်စွမ်းအားကျင့်ကြံတာနဲ့ များ ပတ်သတ်နေမလား?"

"မှန်တယ်"

နောက်ဆုံးတော့ သူကကုသလို့မရအောင် တုံးနေတာပဲ စဉ်းစားဥာဏ်ရှိနေသေးတာကို  Ling Xiao ခံစားလိုက်ရတယ်။ သူက အနည်းဆုံးတော့ အရူးတစ်ယောက်ထက် တစ်မူး သာပါတယ်လေ။  “မှော်ဆရာတွေ ဆေးဖော်စပ်တဲ့ခါ သူတို့ခန္ဓာကိုယ်ကနေ ဝိဉာဉ်စွမ်းအားကို လှုံ့ဆော်ပေးရတယ်။ ဒါ့ကြောင့် ဆေးဖော်စပ်နေတဲ့အချိန်တွင်းမှာပဲ ခန္ဓာကိုယ်ကလည်း သန့်စင်ပြီးသား ဖြစ်သွားတယ်။ အဲဒိ ဝိဉာဉ်စွမ်းအား က မင်းရဲ့ဝိဉာဉ်ကနေ လာတယ်။ ထပ်ပြောရမယ် ဆိုရင် ဝိဉာဉ်ဆိုတာလည်း ခန္ဓာကိုယ်ရဲ့အခြေခံပဲ။ ဝိဉာဉ် (စိတ်) က အသက်ရှိနေသ၍ ခန္ဓာကိုယ်ကလဲ ရှင်သန်နိုင်တယ် နားလည်လား?"

"အကိုကြီးLing, အစ်ကိုက အရမ်း အံ့ဩဖို့ ကောင်းတာပဲ။ ဒါတွေတောင်သိတယ်။"

You Xiao Mo ရဲ့မျက်လုံးလေးတွေက ကြယ်လေးတွေလိုပဲတောက်ပနေပြီး Ling Xiaoကို ကြည်ညိုစွာနဲ့ ကြည့်နေတယ်။

Ling Xiaoက သူ့ရဲ့အမူအရာလေးကြောင့် ခံစားလိုက်ရပေမယ့် တည်ငြိမ်စွာပင် မျက်နှာ လွှဲလိုက်လေသည်။ သူက မောက်မာစွာနဲ့ လှောင်လိုက်တယ် "အဲဒါက မင်းက အရမ်းတုံး နေတာကိုး"

You XiaoMo က ချက်ချင်းပဲ သူ့ရဲ့ ပေါကြောင်ကြောင်အပြုံးကို တည်လိုက်တော့တယ်။ ခုတော့ ဒီလူဟာ မြှောက်ပင့်လို့ မရဘူးဆိုတာ သူသိသွားတော့တယ်။ အဲ့လူက မြှောက်ပေးတာ ကိုတောင် မခံစားတတ်ဘူး။ "အစ်ကိုကြီးLing, မှော်ဆရာတွေက ဆေးသန့်စင်နေသ၍၊ သူတို့ဝိဉာဉ်စွမ်းအားနဲ့ခန္ဓာကိုယ်ကိုလေ့ကျင့်နေသ၍၊ သူတို့ထာဝရအသက်ရှည်နိုင်လား?"

Ling Xiaoသူ့ကို ခပ်ပါးပါးလေး ပြုံးပြလိုက်တယ်။

You XiaoMoလည်း သူ့ကို ပြန်ပြုံးပြချင်ပေမယ့် သူပြုံးလိုက်တိုင်း ကောင်းတာတစ်ခုမှမဖြစ်ဘူး ဆိုတာကို ရုတ်တရက် သတိရသွားတယ်။ ။ ဒါကြောင့် သူ ချက်ချင်း ပြန်ရပ်လိုက်တော့တယ်။ ဒါပေါ့ တစ်စက္ကန့်လောက် ကြာပြီးတော့ သူ့ကိုလှောင်နေတဲ့ မောက်မာတဲ့ရယ်သံကြီး ကိုကြားလိုက်ရတော့တယ်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now