Chapter 120 Unusual Movement of Spiritual Energy (Z & U)

10.4K 1.6K 1
                                    

ZAWGYI
C-120 Unusual movement of spiritual energy.
အခန်း ၁၂၀ ပုံမှန်မဟုတ်သော စိတ်ဝိဥာဏ်စွမ်းအား  လှုပ်ရှားမှု
'ညီလေးYou လွန်ခဲ့တဲ့ လ၀က်က မင်းယူသွားတဲ့ ဆေးပင်ကိုးရာလုံးကို ဆေးဖော်ပြီးတာလား´
တခဏအတွင်းမှာပဲ Zhao DaZhou သူ့ရဲ့ အံ့အားသင့်နေတဲ့မျက်နှာကို ပြန်လည် ထိန်းသိမ်းလိုက်သည်။ သို့သော် You XiaoMo ကိုတော့ မယုံကြည့်သလိုတော့ ငေးကြည့်နေသည်။ သူ့ကို အခြားတစ်ယောက်ယောက် က ကူညီနေတယ်လို့ ယုံကြည်နေသေးသည်။ ဒါမှမဟုတ် သူ့ဝေစုထဲကနေများ နံပါတ်တွေပြည့်အောင် ထဲ့ပေးနေသလား အဲဒါက ဘာနဲ့တူလဲဆိုတော့ သူပြစ်ဒါဏ်ခံနေရတယ်လို့ထင်ရအောင် ကိုယ့်မျက်နှာကိုယ် ယောင်သွားအောင် ပြန်ရိုက်နေတာနှင့်တူ သည်။ (သူ့သွင်ပြင်ကို သူပြန်ထိန်းတာ)
'မပြီးသေးဘူး´ သူဘာတွေးနေလဲဆိုတာ ဘယ်လိုလုပ် You XiaoMo မသိပဲနေမလဲ။ သူခေါင်းခါလိုက်သည်။
Zhao DaZhou ချက်ချင်း သူ့နှလုံးသားကနေ သက်တောင့်သက်သာဖြစ်သွားသည်။ သူပြစ်ဒါဏ်ခံနေရတယ်လို့ထင်ရအောင် ကိုယ့်မျက်နှာကိုယ် ယောင်သွားအောင် ပြန်ရိုက်နေတာနှင့်တူသည်။ သူYou XiaoMo ကို သူ့သွင်ပြင်ကို အလေးထားမယ်လို့ မမျှော်လင့်ခဲ့ရုံသာဖြစ်သည်။ သူ့ ရင်ထဲမှာ တော့ အနည်းငယ် အထင်သေး မိသွားသည်။ သို့သော် သူကိုယ်တိုင်လဲ သူ့သွင်ပြင်ကို ဂရုစိုက်တတ်သူလို့ မထင်ဘူးဖြစ်သည်။
မျှော်လင့်ပဲ You XiaoMo က ပုံမှန်အတိုင်းပဲ ဆက်ပြောလေသည် 'ကျွန်တော့မှာ မဖော်ရသေးတာ တစ်ဝက်ကျန်သေး တယ်လေ´
Zhao DaZhou ပါးစပ် အနည်းငယ် ပွင့်ဟသွားကာ သူ့ကို မျက်လုံးပြူးကြီးများနှင့် ကြည့်လေသည်။ ဒါက သူကိုယ်သူ မထိန်းနိုင်ခင်အထိ အချိန်အနည်းငယ်ကြာသွားသည်။ သူ ခုံကနေတောင်သတိမထားမိပဲ ထရပ်ကာ သူ့မျက်နှာမှာတော့ တည်ငြိမ်ခြင်းတွေ လုံးဝရှိမနေတော့ပဲ မေးခွန်းတွေအများကြီးမေးဖို့ သူတွေးနေမိပြီ။ ကံကောင်းစွာနဲ့ပဲ ဒါက ၀ိဇ္ဇာဆေးပင် ခန်းမဖြစ်ကာ သူက အခု သူ့အဖေနေရာကို ခဏထိုင်ပေးနေတာကို သတိရသွားသည်။ သူ့သက်ပြင်းကြီးချပြီး သူ့နှလုံးသားထဲက စိုးရိမ်ကြောင့်ကြခြင်းတွေကို ပြန်ငြိမ်သက်အောင် လုပ်လိုက်သည်။
'ညီလေး You မင်း မှော်ဆေးလုံးဖော်ရင်…..ဆေးလုံးပျက်သွားဘူးလား´ Zhao DaZhou သူ့ကို မေးမြန်းနေပြီ။
ထိုစကားများကို ကြားပြီးနောက်မှာ You XiaoMo သက်တောင့်သက်သာ မဖြစ်ပဲ ရယ်လိုက်သည်။ ဘာလို့ အကိုကြီးZhao ရုတ်တရက် ထူးဆန်းတာတွေ လာမေးနေတာလဲဆိုဆို သူနောက်ဆုံးတော့ နားလည်သွားပြီ။ ဒီတော့ သူ ကလှုံဆော်သူဖြစ်သွားတာပေါ့။ ချက်ချင်းကို သူ အမှန် နဲ့ လိမ်ညာ ပြောဆိုခြင်းကြားမှာ သူတွန့်ဆုတ်သွားသည်။
အကယ်လို့ သူလိမ်ခဲ့ရင် အကိုငါး သိသွားမှာကို သူစိုးရိမ်သည်။ ပြီးတော့ ဦးလေးZhao က သူဆေးဖော်တာ တစ်ခါမှ မကျဆုံးဖူးတာ သိသည်။ ပြီးတော့ သူတို့နှစ်ယောက်က သားအဖတွေဖြစ်သည်။ သူ သူ့အဖေကို မေးမိသည့် တစ်ချိန်မှာ အလိမ်အညာက ပေါ်သွားနိုင်သည်။ အကိုငါးသာ သူလိမ်တာကို သိသွားရင် သူဘယ်လိုတုန့်ပြန်မလဲ။ ဒီတော့ သူလုံးဝကို လိမ်မပြောမှဖြစ်မည်။
ဒါပေမယ့် သူအမှန်ပြောလိုက်ရင်လဲ သူ့အမူအယာကို ကြည့်ရတာနဲ့ သူ့ပေါ် ထင်မြင်ချက်တွေ ရှိနေပြီးသာ ဆိုတာကိုလဲ သူသိသည်။ အကယ်လို့ သူ့ကို လွှဲပြောရင်လဲ သူဒါကိုပဲစဉ်းစားမိနေတာနဲ့ ငြိမ်းချမ်းမှာ မဟုတ်။
ဘယ်ဘက်ကော ညာဘက်ကော က ခက်ခဲတဲ့ အခြေအနေတွေချည်းပဲ ဖြစ်သည်။ ပေါ့ပေါ့ပါးပါးနဲ့ ရလဒ်ထွက်လာမယ့် ဟာကိုပဲ ရွေးချယ်တောင် အကောင်းဆုံးဖြစ်မယ်ထင်တယ်။
သူ့မျက်နှာကိုကြည့်တာနဲ့ သေတော့မလိုနဲ့ You XiaoMo ပြောတော့သည်။ ' ဒါက….တကယ်တော့လေ……မရှုံးဘူး သလိုပဲ´
ဒီစကားတွေ ပြောပြီးသည်နှင့် အကိုငါးထံမှ အရှိန်အ၀ါတွေက မတည်မငြိမ် ဖြစ်လာတာကို You XiaoMo တွေ့ရှိသွားသည်။ အများဆုံးဖြစ်နိုင်တာကတော့ သူရဲ့ လှုံဆော်မှုတွေကြောင့် ၀ိဥာဏ်ခွန်အားတွေက မတည်မငြိမ်ဖြစ်လာတာမို့ ဖြစ်နိုင်သည်။ ကြည့်ရတာ သူထင်ထားတာ မှားနေပုံရသည်။ သူ့ခေါင်းကို မော့လိုက်တာနဲ့ အကိုငါးက သူ့ကိုပဲ တည့်တည့်ကြီး စိုက်ကြည့်နေတာကို သူမြင်လိုက်ရသည်။
'အကိုငါး…အဆင်ပြေရဲ့လား ဟင်´
You XiaoMo သူ့ကို ကြည့်လိုက်ပြီး အချိန်အနည်းငယ် တွန့်ဆုတ်ပြီးနောက်တော့ သူ့ကို ကြည့်နေတုန်းဖြစ်တဲ့ Zhao DaZhou ကို မေးလိုက်သည်။ သူ You XiaoMo စကားတွေကို ပြန်လည်ချေပခြင်းမပြုတော့ ဘာလို့လဲဆိုတော့ You XiaoMo က သူ့ကို လိမ်မှာမဟုတ်တာ သူသိနေသည်။ ပြီးတော့ သူလိမ်လားဆိုတာကို သူ့အဖေကို မေးကြည့်ရင်လဲ သိနိုင်သည်။ ဒီကိုတော့ သူတွေးနေနိုင်သေးသည်။ သို့သော်လည်း ဒီဟာကြီးကတော့ သူလက်ခံဖို့တောင် ခက်ခဲအောင်လုပ်နေသည်။ ညီလေးYou ရဲ့မွေးရာပါ ပါရမီက သူ့လောက်တောင် ကောင်းမနေတာ ထင်ရှား ……။
နှစ်ဖက်လုံးက သူ့တို့ပါးစပ်တွေကို ထပ်မဖွင့်ကြ အနားက လေထု ကလဲ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားသည်။
'ညီလေးYou ဘယ်လို….. ဘယ်လိုများလုပ်လဲ´
Zhao DaZhou ကလဲ တိတ်ဆိတ်ခြင်းကို တစ်နည်းနည်းနဲ့ မဖျတ်ဆီးချင်ပေး။ သူက ညီလေးခုနစ်လို မတော်တာကို  သူလက်မခံချင်ပေမယ့် အမှန်တရားက သူ့မျက်စိရှေ့မှာပဲဖြစ်သည်။ လူတစ်ယောက်က မာနကြီးနိုင်ပေမယ့် တစ်ယောက်ယောက်တော့ တော်ရုံသ့င်ရုံသာ မာနရှိသင့်သည်ဟု သူ့အဖေက  အမြဲတမ်း သင်ပေးခဲ့သည်။ ဒီနည်းနှင့်သာ လူတစ်ယောက်က ပိုပြီး ခန့်ညားလာမှာ ဖြစ်သည်။ သူလဲ အကြီးဆုံးအကိုနှင့် အကိုနှစ်တို့လို ခန့်ညားချင်သည်။
You XiaoMo ကြောင်သွားသည်။ အကိုZhao ရဲ့တုန့်ပြန်မှုက သူထင်ထားတာထက်ကို အများကြီးကျော်လွန်နေသည်။
အာ.. သူ့စကားတွေကြားနဲ့ အကိုငါးက မလိုမုန်းတီးစိတ်တွေ ဖြစ်လာမယ်လို့ထင်ထားတာဖြစ်သည်။ ပြီးတော့ အရင်ကလဲ ဒီလိုကိစ္စမျိုးတွေဖြစ်ဖူးသည်။ သို့သော် အကိုငါးရဲ့စကားတွေက မနာလိုတာ မဟုတ်ပဲ သူ့ဆီက အကြံတွေကို နှိမ့်ချစွာနဲ့မေးမြန်းကာ လိုချင်တာဖြစ်သည်။ တကယ်ကို မမျှော်လင့်ထားတာပဲ။
ဘာလို့လဲ ဆိုတော့ သူအမြဲတမ်းထင်ထားတာက အကိုငါးက ကြွားရတာ နှစ်သက်သည်မို့ သူရှုံးတာကို သေချာပေါက် လိုချင်မှာ မဟုတ်။ အခုကြည့်ရတာတော့ သူမှားခဲ့သည် ထင်သည်။
ဒါကိုစဉ်းစားမိတော့ You XiaoMo ပြုံးကာ သူအကြံပေးဖို့ ကပ်စေးမနဲတော့ 'အကိုငါး တကယ်တော့လေ ဆေးလုံးဖော်နေတဲ့ အချိန်မှာ အရေးအကြီးဆုံးက အာရုံစူးစိုက်မှုရှိဖို့ပဲ။ အကိုမှော်ဆေးလုံးဖော်နေတဲ့အချိန်မှာလေ ကလေးတစ်ယောက်ဖန်တီးနေတာလို့ စိတ်ကူးထားလိုက်။ အကို့ရဲ့ ၀ိဥာဏ်ခွန်အားတွေအကုန်ကို အကို့လက်ထဲက မှော်ဆေးလုံးအပေါ်မှာပဲ အာရုံထားသင့်တယ်။တစ်ချက်လေးတောင် ဖြုံးတီးမှု မရှိအောင် ဂရုစိုက်။ ဒီလိုဆိုရင် မှော်ဆေးလုံး ဖော်တဲ့အခါမှာ အောင်မြင်မှုနှုန်းတွေက အတော်ကြီးကိုတောင် မြင့်တက်သွားမှာ။´
သူ့မှာ ဘာမှာမရှိပေမယ့် သူ့ဆီမှာ မရှိပဲ မနေတာက အာရုံစူးစိုက်မှုဖြစ်သည်။
အထူးသဖြင့် သူမှော်ဆေးလုံးတွေ ဖော်နေချိန်မှာဆိုရင် အလေးထားပြီးတော့ကို အာရုံစူးစိုက်တတ်သည် ဒီတော့ သူရဲ့ ကျဆုံးမှုအရေအတွက်က သုညဖြစ်သည်။ သို့သော် ဒါကအကြောင်းပြချက် တစ်ခုသာဖြစ်သည်။ တကယ်တော့ အဲဒိမှာ အရေးအကြီးဆုံးအချက်ရှိသည်။ ဘာလဲဆိုတော့ သူငွေပိုရှာချင်တာဖြစ်သည်။ အကယ်လို့ သူရှုံးသွားပါက သူအဲဒိဆေးလုံးကနေရမယ့် ငွေကိုပါ ရှုံးသွားမည့် အဓိပ္ပါယ်ဖြစ်သည်။
ဒါပေါ့ ဒီကိစ္စက အကိုငါးကို သူပြောလို့မရသော အကြောင်းဖြစ်သည်။
Zhao DaZhou သူ့စကားတွေကို သေချာ ပြန်စဉ်းစားလိုက်သည်။ ဒီမှာ ဖြစ်တန်ချေရှိတာကို သူမငြင်းနိုင်ချေ။ ဖြစ်နိုင်တာကတော့ သူနောက်တစ်ခါ မှော်ဆေးဖော်တဲ့အခါမှာ သူစမ်းကြည့်တာကောင်းသည်။
ဒီလိုတွေးမိတာနဲ့ Zhao DaZhou ချက်ချင်း သတိပြန်ဝင်လာသည်။ သူ့ခေါင်းကို နိမ့်လိုက်တော့ You XiaoMo ရဲ့ အချိန်မီ မဖျောက်နိုင်အောင် ပြုံးနေတဲ့ မျက်နှာကို မြင်လိုက်သည်။ သူ့စိတ်ထဲမှာ တစ်မျိုးမျိုးတော့ အနှောင့်အယှက်ဖြစ်သွားသည်။ သူက အကိုလေ။ ဘယ်လိုလုပ်ပြီးတော့များ ညီငယ်က သူ့ကို ဒီလိုမြင်ခွင့်ပေးလိုက်မိတာပါလိမ့်။ သူချက်ချင်း မျက်နှာမည်းသွားကာ 'ညီလေးခုနစ် ကိစ္စအထွေအထူးမရှိရင် သွားလို့ရပြီ´
You XiaoMo မျက်ခုံးတွေကွေးသွားအောင် ပြုံးကာ 'ဒါဆို ကျွန်တော် သွားတော့မယ် နောက်မှတွေ့မယ်နော် အကိုငါး´
အဲဒိနောက်ပိုင်းမှာတော့ You XiaoMo သူ့အကိုငါးကို တွေ့လိုက်တိုင်း သာယာကြည်နူးခြင်းတွေ ခံစားရတာများသည်။ ချစ်ဖို့ကောင်းတဲ့မျက်နှာနဲ့ ကြွားရတာကြိုက်တဲ့ အကိုငါးက အကယ်တော့ ဒီလို ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းတဲ့လူလို့ သူမမျှော်လင့်ခဲ့ပေ။ သူ့စကားလုံးတွေနဲ့ မဖော်ပြနိုင်ပေမယ့် ဒီလို မထိန်းချုပ်နိုင်အောင် ထူးဆန်းတာက အရမ်းချစ်ဖို့ကောင်းတာ ဖြစ်လာသည်။ ထူးခြားဆန်းပြားတဲ့ အကိုနှစ်လိုမျိုးပေါ့။
သူ့အခန်းပြန်သွားပြီးနောက် You XiaoMo သူ့အခန်းတံခါးကို သော့ခတ်လိုက်ပြီး သူ့စာအုပ်တွေကို စာအုပ်စင်ပေါ် တင်လိုက်သည်။ ပြီးတော့ အနားလှည့်ပတ်ကြည့်ပြီးတော့မှ အတွင်းအခန်းထဲ ဦးတည်လိုက်သည်။
သူမှော်ဆေးလုံးတွေဖော်ဖို့ကို ဆန္ဒ မစောဘူး ဘာလို့လဲဆိုတော့ မှော်ဆေးလုံးဖော်တာက အချိန်တိုင်းမှာ လုပ်လို့ရသည်။ ပြီးတော့သူက တစ်ယောက်ယောက် အဲဒိအချိန်မှာ လာရှာမှာ စိုးတာဖြစ်သည်။ အတွင်းခန်းထဲကို ၀င်ပြီးနောက်တော့ သူအိပ်ရာပေါ်မှာ တင်ပလ္လင်ခွေထိုင်လိုက်သည်။ ကောင်းကင်ဝိဥာဏ်ကျမ်း အကြောင်းပြောရမယ်ဆိုရင် သူစပြီး ကျင့်ကတည်းက ဒီလို ကုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ကျင့်တယ်ဆိုတာ အရမ်းရှားတယ်။
သူ မှော်ဆေးလုံးဖော်လို့ ကုန်တဲ့ အချိန်တွေကို ကျင့်စဉ်ကျင့်တယ်လို့ ပြောပေမယ့် ရလာဒ်ကတော့ နှလုံးသားထဲကနေ အခြားဘာကိုမှ အလုပ်ပဲကျင့်တာလောက်တော့ မကောင်း။
သူ့ဘာသာ ပြင်ဆင်ပြီးနောက် You XiaoMo သူ့မျက်လုံးတွေကို တင်းတင်းပိတ်လိုက်သည်။ တိတ်တဆိတ်နဲ့ သူ ကောင်းကင်ဝိဥာဏ်ကျင့်စဉ်ကို စကျင့်လိုက်သည်။ ၀ိဥာဏ်အားလှိုင်းတစ်ခုက ရုတ်တရက်ကြီး စတင် လည်ပတ်လာသည်။ သူ ၀ိဥာဏ်ထဲမှာ စမ်းချောင်းလိုမျိုး ၀ိဥာဏ်အား ကသူ့ ၀ိဥာဏ်ကိုသန့်စင်ပေးနေတာမျိုး သူခံစားမိသည်။ ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့မျက်ခုံးနှစ်ခုကြားက နေရပ်ကို ဦးတည်သွားသည်။ ၀ိဥာဏ်အားတွေ အဲဒိနေရာမှာ ပြည့်သွားပြီးနောက်မှာတော့ အဆိုပါ ပြည့်ဖြိုးလာတဲ့ ခံစားမှုက သူ့မျက်ခုံးတွေကြားထဲက တိုးထွက်လာသယောင်ဖြစ်လာကာ တ၀ီဝီ အသံ ကြားလိုက်ရတဲ့အချိန်မှာ ၀ိဥာဏ်အားက ရုတ်တရက် ကြီး ပျောက်ကွယ်သွားသည် ။
You XiaoMo လုံးဝကို လန့်ဖြန့်သွားသည်။ သူတကယ့်ကို သူ့ဝိဥာဏ်ခွန်အားကို  မရှာတွေ့တော့။ သူ့ဝိဥာဏ်က ခြောက်သွေ့သွားသလိုဖြစ်ကာ ဘာမှကို မကျန်သည့်အခြေအနေလို့ ထင်ရသည်။ သူ့ဝိဥာဏ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ဆာလောင်မှုနှင့် ငတ်မွတ်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။
တစ်ချိန်တည်းမှာပဲ သူမျက်ခုံးကြားထဲနေရာမှာ အလင်းရောင်တွေ စထွက်လာပြီး ပူတက်လာသလိုလဲ ခံစားရသေးသည်။ ပြီးနောက် သူ့အနီးအနားက စိတ်ဝိဥာဏ်စွမ်းအားတွေ စပြီးလှုပ်ရှားလာကာ နောက်ဆုံးတော့ ၀ဲဂယက်ငယ်လေး ဖြစ်တည်သွားသည်။ ၀ဲရဲ့ အလည်ဗဟိုက သူ့မျက်ခုံးကြားက နေရာကို ဦးတည်သည်။ အလွန်တရာ များပြားတဲ့စိတ်ဝိဥာဏ်အင်အားတွေက သူ့မျက်ခုံးကြားကနေရာကို အတင်းလုဝင်ကာ အခွံသက်သက်ဝိဥာဏ်ကို ထပ်ဖြည့်ကြကာ သူ့ဝိဥာဏ်ရဲ့ အောက်ခြေကနေ စပြီး ပြည့်လာဖို့ကို အချိန်အကြာကြီး ဆက်လက် ၀င်ရောက်ကြသည်။ ပြည့်မှသာလျှင် စိတ်ဝိဥာဏ်အားများကို စုပ်ယူတာ ရပ်မည့်ပုံရှိသည်။
သူ့ဝိဥာဏ်ရဲ့ အောက်ခြေကနေတ၀ီဝီ မြည်သံက စိတ်ကျေနပ်စေသည်။ You XiaoMo ဖြည်းဖြည်းချင်းသက်သာရာရသွားသလို သက်မ ချလိုက်သည်။
ဒီလိုခံစားချက်က အရမ်း ကြောက်ရွှံ့ရိုသေစေသည်။ ခုနစ်ရက် ရှစ်ရက်လောက် ဆာလောင်နေသူက ရုတ်တရက်ကြီး စားသောက်ပွဲကြီးကို တွေ့လိုက်ရသလိုပဲ။ ဒီလိုအရိုင်းဆန်တဲ့ ပျော်ရွှင်မှုက စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရအောင် ခက်ခဲသည့်အရာမျိုးဖြစ်သည်။
You XiaoMo ရှင်းရှင်လင်းလင်းကြီးကို ခံစားရသည် က သူ့ဝိဥာဏ် က အရင်ကထက်တောင် သိမြင်နိုင်သလိုမျိုးဖြစ်သည်။ ၀ိဥာဏ်ခွန်အားကလဲ သိသိသာသာကို တိုးတက်လာသည်။ သူ မှော်ဆေးဖော်ချိန်မှာ ရက်ရက်စက်စက်ကို မှော်ဆေးလုံးဖော်စပ်ချိန်မှာ နစ်နစ်နဲနဲ ၀င်တာထက်ကို ပိုပြီးတော့ သူသန်မာလာသည်။ အခုလို သန်မာမှုနဲ့ဆိုရင် ဆယ်ရက် ဆယ်ရက်ကျော်လောက်တောင် မနှိုင်းယှဉ်နိုင်။ ကမ္မဌာန်းထိုင်ပြီး ကျင့်ကြံတာရဲ့ အကျိုးကျေးဇူးကို ရှာဖွေတွေ့ရှိသွားပြီးနောက် You XiaoMo သူအဆင့်သုံးမှော်ဆရာ အဖြစ်မြန်မြန်ရောက်ဖို့အတွက် နေ့တိုင်း ကောင်းကင်ဝိဥာဏ်ကျင့်စဉ်ကို ကျင့်ဖို့ အချိန်ဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
အဲဒိအချိန်မှာပဲ အပြင်ဘက်ကနေ အုတ်အော်သောင်းနင်းအသံတွေ ကြားရသည်။
You XiaoMo ချက်ချင်း မျက်လုံးတွေဖွင့်ကာ ပြတင်းပေါက်ကို ကြည့်လိုက်တော့ အံအားသင့်သွားသည်။ ခြေသံပေါင်းများစွာနဲ့ အသံနဲ့အတူ အရိပ်ပေါင်း မြောက်မြားစွာ နဲ့ တီးတိုးစကားပြောသံများလဲ ကြားနိုင်သည်။ သို့သော် ဒီလူတွေက သူ့အခန်းအပြင်ဘက်မှာပဲ မတ်တပ်ရပ်နေပုံရသည်။
You XiaoMo ကသုတ်ကရက် သူ့ဖိနပ်တွေ စီးလိုက်သည်။ သူအပြင်ထွက်လိုက်တာနဲ့ ရင်းနှီးတဲ့ အသံတစ်ခုနှင့် အတူ တံခါးခေါက်သံပါ ကြားလိုက်သည်။ ထိုအသံကို သူမှတ်မိသည်။ ဒါက ဘေးအခန်းက အကိုYang ဖြစ်သည်။ ဒီအကိုက ခဏခဏ အကြီးဆုံးအကိုရဲ့ သတင်းစကားများကို သူ့ဆီ လာလာပို့ပေးနေကြဖြစ်သည်။
တံခါးဖွင့်လိုက်သည်နှင့် အခြားအကိုများကလဲ တကယ်ပဲ အပြင်ဘက်မှာ ရှိနေတာကိုမြင်လိုက်သည်။ အံသြသွားတဲ့အရိပ်ယောက်က သူ့မျက်လုံးထဲ ဖြတ်ပြေးသွားသည်။ အကိုYang ဘက်ကို လှည့်ပြီး မေးလိုက်သည်။ ´အကိုကြီးYang တစ်ခုခု ဖြစ်သွားလို့လား´
အကိုYang သူ့အခန်းတွင်းကို ဖျတ်ခနဲကြည့်ပြီး သံသယနဲ့မေးလေသည်။ 'ညီလေးYou အခု ကျင့်စဉ်ကျင့်နေတာလား´
You XiaoMo မျက်နှာ အံ့သြသွားတာကို ဖော်ပြလျက် 'အကို ဘယ်လိုသိလဲ´
သူ ပြတင်းပေါက်နဲ့ တံခါးတွေကို တင်းတင်းပိတ်ထားတာ ပြတ်ပြတ်သားသားပါ။ အခြားသူတွေကလဲ သူအထဲမှာ ကျင့်နေတာကို မမြင်သင့်ဘူးလေ။
အကိုYang က သူ့ရဲ့ နလပိန်းတုံးအမူအယာကို မြင်တော့ ရိုးရိုးလေးပဲ ရှင်းပြလေသည်။ 'မင်း လေ့ကျင့်နေတဲ့အချိန်မှာ မင်း ကောင်းကင်နဲ့ မြေပြင်က စိတ်ဝိဥာဏ်စွမ်းအားတွေကို အစပျိုးမိတယ်ထင်တယ် ။ အနီးအနားက စိတ်ဝိဥာဏ်အားတွေက မင်းစုတ်ယူတာ ခံလိုက်ရတယ် လူတိုင်းက အလန့်တကြားဖြစ်သွားလို့ ငါတို့လာခဲ့ကြတာ ။ မင်းသတိမထားမိဘူးလား´
သူတို့ထဲက အချို့က မှော်ဆေးလုံးဖော်စပ်နေတာဖြစ်ကာ ထိတ်လန့်စရာ ဖြစ်သွားတဲ့အခါမှာ ဆေးကြိုအိုးထဲက မှော်ဆေးလုံးတွေက သုံးမရဖြစ်သွားတာမို့ လူအတော်များများက သူ့ကို ဒေါသထွက်နေတာပင်။ သို့သော် သူစဉ်းစားပြီးနောက်တော့ အဲဒိကိစ္စကို You XiaoMo ကို မပြောပြဖို့ သူဆုံးဖြတ်လိုက်သည်။
'ကျွန်တော် တောင်းပန်ပါတယ် ။ ဒီလိုဖြစ်သွားမှန်း မသိလိုက်လို့ပါ အကိုတွေကို ထိတ်လန့်စေမိပါပြီ´
You XiaoMo 'အ ´ ခနဲ အသံထွက်သွားသည်။ သူတကယ်မသိလိုက်တာပါ။ သူကိုယ်သူ စိတ်ဝိဥာဏ်အားတွေ ဆွဲယူတာ သူခံစားမိပေမယ့် အပြင်မှာ ဒီလိုဖြစ်သွားမယ်မှန်း သူမသိလိုက်။ အကယ်လို့ သူတို့သာ သူက ကောင်းကင်ဝိဥာဏ်ကျင့်စဉ်ကို လေ့ကျင့်နေတာ သိသွားမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို တွေးမိရင် သူလန့်သွားသည်။ ဒီလိုတွေးမိတာနဲ့ သူ့ကျောတစ်ခုလုံး ချွေးစေးတွေ ပျံလာသည်။
You XiaoMo သူတို့ကို တစ်ချက်ခိုးကြည့်လိုက်သည်။ အတော်များများက စိတ်တိုနေပုံရကာ အချို့ကတော့ မနာလိုဖြစ်နေတာ သိသာလှသည်။ ထိတ်လန့်ပြီးနောက် စိတ်ဆိုးတာကပေါ့ ပုံမှန်သာဖြစ်သည်။ သို့သော် မနာလိုတာက ဘယ်နားကနေရောက်လာတာလဲ။
ပြန်စဉ်းစားပြီးနောက်ဆုံးကျမှ သူ သိပ်မကြာခင်က သူ့ဆရာဆီကနေ TianXin ဂိုဏ်းက ပိုင်ဆိုင်တဲ့ အဂ္ဂိရတ်နည်းပညာတွဲ ရထားတာကို သွားသတိရသည်။ လူတိုင်းက ဒီအကြောင်းကို သိပြီးဖြစ်လိမ့်မည်။ သူသိသလောက်ဆိုရင် မြေကမ္ဘာတောင်ထွတ်မှာ အဲဒိ အဂ္ဂိရတ်နည်းပညာတွဲကို ရတဲ့သူက လူအယောက် နှစ်ဆယ်ထပ် မပိုဘူး။ သူတို့တွေက သူ့အပေါ် မနာလိုတာ မဆန်းပါဘူး။ အဲဒိ အဂ္ဂိရတ်နည်းပညာတွဲ က သူ့အတွက် အခြေခံအဖြစ်တောင် အသုံးမ၀င်တာ ဆိုးသည်။
သို့သော်လဲ ဒါက ချွင်းချက်ကောင်းတစ်ခု ဖြစ်သွားသည်။ သူက အဂ္ဂိရတ်နည်းပညာတွဲ ရရှိပြီးသားဖြစ်တာ ကံကောင်းသွားသည်။ မဟုတ်လျှင် သူတို့ကိုသူဘယ်လို ရှင်းပြရမလဲ သူမသိတော့။ အကယ်လို့သာ ဆရာသာ သိသွားရင် သူအတော် ဒုက္ခရောက်သွားမှာ ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang