Chapter 381 Family Feuds ( Z & U )

15.6K 1.4K 39
                                    

Chapter 381: Family Feuds

အခန်း ၃၈၁ မိသားစု၏ ရန်ငြိုးများ

DuanMu မိသားစု ဟုတ်လား?

You XiaoMo သူ့စိတ်ထဲမှာ ဘာကြီးပါလိမ့်ဟု အကြီးကြီး တွေးမိသွားသည်။ ဒီမိသားစုကို သူအရင်က ဘယ်တုန်းကမှ မကြားဖူးခဲ့ပါဘူး ဒါပေမယ့် သူ Tong Tian တိုက်မကြီးကို ပထမဆုံး စရောက်ဖူးတာပဲဟာကို။ လူငယ်၏ လေသံအရ DuanMu မိသားစုက Bei Dong တွင် အင်အားကြီးများထဲက တစ်စု ဖြစ်နိုင်ချေ အများကြီး ရှိသည်။

လူငယ်လေး ဘာပြောတာလဲ ဆိုတာ သူတို့ ပြန်တောင် မမေးရသေးခင်တင် သူ့တို့အသက်ကို လိုက်ရန်ရှာနေသော သူများ မီလာသည်။ ပထမဆုံးရောက်လာသူက အသက်လတ်ပိုင်း မုတ်ဆိတ်မွေးတွေ အပြည့်ပေါက်နေသော လူတစ်ဦး ဖြစသည်။ သူ့အရေပြားကနေ ထွက်နေသော သွေးနံ့များက သံအနံခပ်ပြင်းပြင်းတောင် ရနေသေးသည် (သွေးနံ့ထဲမှာ သံအနံ့ပါတယ်လေ သိတယ်ဟုတ် အဲဒိအနံ့)။ သူ နှုတ်ယူခဲ့သော အသက်များက ဂဏန်းအရေအတွက် တော်တော်လေး များတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။

သူ့နောက်မှာတော့ အပြာရောင် ၀တ်စုံဝတ်ထားသော လူဆယ်ယောက်ကျော်လောက် ပါလာကာ လူတိုင်းကလည်း ဓါးရှည်များ ကိုင်ဆောင်ထားသည်။ သူ့တို့ဓါးတွေမှာ စွန်းထင်းနေသော သွေးများက ခြောက်တောင် မခြောက်သေးပဲ အောက်က သဲနီများပေါ်ကို သွေးတွေ တစ်တောက်တောက် ကျနေသည်။ သဲနီများပေါ်ကို သွေးများကသွားတာဆိုတော့ သွေးက ဘယ်နား ကျသွားလဲ ဆိုတာတောင် ပြောပြဖို့ ခက်ခဲသည်။

နောက်ထပ် လူသုံးယောက်တောင် ပေါ်လာတာကိုမြင်တော့ အသက်လတ်ပိုင်းလူကြိးက သူတို့ကို သာမာန်ကာလျှံကာ ကြည့်ပြီးတော့ စကားကိုတောင် ပြည့်စုံအောင်မပြောပဲ “အားလုံး ရှင်းလိုက် ဘယ်သူ့မှ အရှင်မထားနဲ့” သူ့နောက်က လူတွေကို အေးတိအေးစက် ကြမ်းကြမ်းတမ်းတမ်း လေသံနှင့် ပြောလိုက်သည်။

You XiaoMo ကျွတ်.. ခနဲ အသံထွက်သွားသည်။ ဒီလူလတ်ပိုင်းလူကြီးကတော့ သူတွေ့ဖူးသောလူတွေထဲတွင် သူတို့ကို စကားပြောဖို့တောင် ဒုက္ခမခံဆုံးသော သူပင်။ အနည်းဆုံးတော့ သူတို့ ဘယ်သူဆိုတာ မေးသင့်သေးသည်။ အပြာဝတ်လူများမှာလဲ သူတို့အမိန့် လက်ခံရရှိသည်နှင့် ဘာမှ ထပ်လုပ်ဖို့ မလုပ်ပဲ သတ်ပစ်ရန်သာ ကြံစည်တော့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now