Chapter 172 Shapeshifting herb (Z & U)

9.3K 1.6K 81
                                    

C- 172 Shapeshifting herb.

အခန်း ၁၇၂ သဏ္ဍာန်ပြောင်းဆေးပင်

Ling Xiao ယိုင်ကျလာကာ သူ့နှုတ်ခမ်းကို ကလူကျီစယ်ကာ အသားယူ အခွင့်ရေးယူပလိုက်သည်။

ယုံမှားဖွယ်ရာ မရှိသော သူတစ်ယောက်ကတော့ တစ်ခဏ အလွန်လျင်မြန်စွာပဲ အငိုက်မိသွားသည် ပြီးနောက် သူ့မျက်နှာတစ်လုံးက အနီရောင်သို့ ပြောင်းလဲသွားသည်။ သူ့ရဲ့ ပထမဆုံးတုန့်ပြန်မှုက အရပ်လေးမျက်နှာကို ကြည့်ရှုခြင်းဖြစ်သည်။ အနားမှာ ဘယ်သူမှ မရှိတာ သေချာတော့မှ စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။

Ling Xiao က သူ့လက်ကို သူ့(YXM)နဖူးပေါ်တင်ကာ လေးတိလေးကန်နှင့် “ညီငယ်လေး မင်းမျက်နှာ အရမ်းနီနေတယ်။ အဖျားရှိနေတာတော့ မဖြစ်နိုင်ဘူးမလား အာ့… မင်းအပူချိန်ကျသွားအောင် ဒီအစ်ကိုကြီး ကို ကူညီစေချင်လား?”

You XiaoMo၏ မျက်နှာက နီရဲတောက်နေသည်။ သူက သူ့လက်ကို ချက်ချင်းဖယ်ထုတ်ပစ်လိုက်သည်။ မင်းတစ်ယောက်တည်း အဖျားရှိနေတာ မင့်တစ်မိသားစုလုံး ဖျားနေတာ။

သူ့ကလည်း Ling Xiao၏ မိသားစုတစ်လုံးထဲက မိသားစုဝင်တစ်ယောက်လို့ပြောလို့ရတယ်ဆိုသည့် အကြောင်းကိုတော့ သူ့စိတ်ကူးလိုက်ပုံမရ။

Ling Xiao က နောက်ထပ်အကြိမ်များစွာအသားယူချင်နေသေးသော်လည်း အခုချိန်က လုပ်ရမည့် အချိန်မဟုတ်မှန်း သူသိသည်။ ပြီးတော့ အသားယူတယ်ဆိုတာ က တစ်ဖက်သူ၏ စိတ်ဆန္ဒပါမှ လုပ်တာ အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ဒါပေါ့.. ဟိုနားက နဲနဲ ဒီနားက နဲနဲ နှင့် ခိုးရယူရတာလဲ မကောင်းတာတော့ မဟုတ်။

နေ့တစ်ဝက်လောက် အချိန်ယူပြီးမှသာ You XiaoMo တစ်ယောက် သူ့ကို  Ling Xiao အရူးလုပ်သွားပြန်ပြီဆိုတာ သဘောပေါက်သွားသည်။ ကံကောင်းစွာနဲ့ ကြေးနီအရေပြား သံမဏိအရိုးများကဲ့သို့  သူ့ရဲ့ နှလုံးသားကို မာကြောအောင် လုပ်ထားပြီးတာ ကြာလှနေပြီ။ ထို့ကြောင့် ဒီတစ်ကြိမ်တော့ သူ ဇာချဲ့မနေတော့ပေ။ သို့သော်လည်း ရှင်းအောင် လုပ်သင့်သည်များကို ရှင်းအောင်လုပ်ရမှာကို ဖြစ်သည်။

ဒီတော့ You XiaoMo က Ling Xiao ကို တံတောင်နှင့် တွတ်လိုက်သည် “အဆုံးသတ်က.. အစ်ကို့ရဲ့ အဲဒိစွမ်းရည်က ဘာလဲ?”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now