Summary for 295-320

8.8K 444 40
                                    

Chapter 295

ကျောင်းခွဲနှစ်မှ ကျောင်းခွဲတစ်သို့ ဝင်ဝင်ချင်း တစ်က လူတွေနဲ့ အသစ်ဝင်လာတဲ့ သူတွေက ပြိုင်ပွဲအသေးစားလေး တစ်ခု ပြိုင်ကြတယ်။ အနိုင်အရှုံးက ဝင်ခွင့်ရရေး မရရေးမှာ အကျုံးမဝင်ပါဘူး။ ဂျိုမကြွအောင် အမြည်းပြတဲ့ သဘောပါပဲ။ အဟောင်းဘက်က ငါးယောက်ထွက်တယ် အသစ်ဘက်ကလဲ ငါးယောက် ထွက်ရတယ်။ ယူရှောင်းမိုက ပထမ ရတဲ့သူဆိုတော့ သူလဲ ထွက်တိုက်ရတယ်။ သူ့အစွမ်းကို ပြခွင့်ထပ်ရတယ်ပေါ့။ ပြီးကျတော့ အခန်းတွေ ရွေးပါတယ်။ မိုလေးနဲ့ လင်းရှောင်ကတော့ ထုံးစံအတိုင်း တစ်ခန်းထဲပဲ နေကြတယ်။ ဒီအခန်းတွေမှာ အဓိက က ကျောင်းခွဲတစ်ရဲ့ အနေအထားတွေကို ရှင်းပြတာပဲ များပါတယ်။ ကျောင်းရဲ့ အဓိက သွေးကြော အကြောင်း လင်းမို နည်းနည်းရှင်းပြတာ ရှိတယ်။ အခန်းတွေ ဘာတွေ သေချာ ရပြီးတော့ မိုလေးက သူ့နယ်မြေထဲ ဝင်ပြီးတော့ သူ့ဝမ်းမနာသားတွေကို ဆူနေတုန်း သူရင်နာရတဲ့ ကိစ္စတစ်ခု ဖြစ်သွားလေတယ်။ ရေကန်ထဲ ထဲ့ထားတဲ့ ဥ က သူ့ရေကန် တစ်ဝက်လောက်ကို သောက်ပလိုက်လို့ပါ။ မွေးထားတဲ့ ကလေးကို အမေက မနိုင်တော့ ထုံးစံအတိုင်း အဖေ ဖြစ်တဲ့သူ လက်ထဲ အပ်လိုက်ပါတော့တယ်။ 

ကျောင်းခွဲတစ်မှာက ကျင့်ကြံရေးစင်တာ နှင့် တိုက်ပွဲကွင်း ရှိတယ် အထူးခြားဆုံးကတော့ ကျင့်ကြံရေးစင်တာ။ သူက သီးသန့်ခန်းလေးတွေနဲ့ ကျင့်ကြံတာပေါ့။ ပွိုင့်ပေးရတယ်။ အထဲမှာတောင် ကတ်အရောင်နဲ့ အခန်းတွေ ခွဲထားသေးတယ်။ အခန်းတွေအကြောင်းက အရမ်း အရေးမကြီးဘူး ထင်လို့ မပြောတော့ဘူး။ အရေးကြီးတာက သူတို့ကျောင်းရဲ့ စွမ်းအင်ကြောက ခန်းနေပြီ။ သိပ်ပြီးတော့ တောင့်မခံနိုင်တော့ဘူး။  ကျင့်ကြံရေးစင်တာကနေ ထွက်လာပြီးတော့ မိုလေး ဆုရတဲ့ ဆေးပင် သွားရွေးပါတယ်။ သူက မီးတောက်မြက်ကို ရွေးခဲ့တယ်။ 

ကျင့်ကြံရေးစင်တာမှာ သူတို့ နှစ်ယောက်လုံးအတွက် ကတ်အနီ လိုတော့ နည်းလမ်းရှာကြရော။ အဲဒိမှာတင် ကျောင်းခွဲတစ်မှာ နှစ်တိုင်းကျင်းပတဲ့ စစ်ဆေးပွဲကို ဝင်ပြိုင်ဖို့ လမ်းတွေ့သွားပါတယ်။ စစ်ဆေးပွဲမှာက သူတို့က ရှာရမယ့် စာရင်း တစ်နည်းပြောရင် လုပ်ရမယ့် အလုပ်တွေကို list နဲ့ ချပေးတယ်။ ပထမရရင် ဆုက ကတ်အနီ ရမယ်။ ပြိုင်ပွဲထဲ ဝင်ဖို့က ထိပ်ဆုံးလူတစ်ရာ စာရင်းထဲ ဝင်ဖို့ လိုတယ်။ ပြိုင်ပွဲမှာက တိုက်ခိုက်ရေးသမားရော မှော်ဆရာတွေပါ ပါဝင်လို့ရတယ်။ တိုက်ခိုက်ရေးသမားတစ်ယောက်စီတိုင်းက မှော်ဆရာတစ်ယောက်နဲ့ တွဲရမယ်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now