Chapter 200 Revealing the Identitu (Z & U)

9.2K 1.5K 37
                                    

Chapter 200 – Revealing the identity

အခန်း ၂၀၀ ကိုယ့်ကိုကိုယ်ဖော်ထုတ်ခြင်း

အထက်စီး ဆန်လှသော အသံက ထွက်ပေါ်လာရာ နေရာမှ ပေါ်ဖက် ထောင့်ပေါင်းစုံအထိကို ပျံ့နှံသွားသည်။

ရင်ပြင်က အပ်ကျသံတောင်ကြားရလောက်အောင် တိတ်ဆိတ်သွားကာ ကျယ်ပြန့်လှသော ကောင်းကင်တစ်ခုလုံးက ထိုအမျိုးသား၏ အသံတစ်သံတည်းသာ ရှိတော့သလို ခံစားရသည်။ အချိန်လည်ပတ်နေတာက ထိုအခိုက်အတန့်တွင် ရပ်တန့်နေသည်။

ကျုပ်လူကိုများ ထိရဲတယ်ပေါ့!

ကျုပ်လူ ဆိုတာ You XioaMo ကို ရည်ညွှန်းတယ်တော့ မပြောပါနှင့်လေ။ အစောပိုင်းကလည်း အဆင့်ကိုး ကိုးတောင်ပံညီညွတ်ခြင်းမြွေ၊ အခုလည်း Tang Fan၏ လက်သီးစုပ်ကို အခက်အခဲ မရှိစွာ ဖမ်းနိုင်ခြင်းဖြင့် Tang Fan ၏ စွမ်းအင်ထက် မြင့်သည်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြပေးနိုင်သော နောက်ထပ် အမျိုးသားတစ်ယောက်။ 

ဒီ You XiaoMo က ဘယ်လို နတ်ဘုရားမျိုးမို့လို့ အင်ပါယာအဆင့် ကိုယ်ခံပညာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် သူ့အနား ပေါ်လာရတာလဲ?

Tang Fan မျက်နှာက လုံးဝကို မြင်မကောင်းအောင် ဖြစ်ကာ သူ့ရဲ့ ထိတ်လန့်သွားသည့် အမူအယာကို မဖုံးဖိနိုင်သေးပေ။

အခြားသူများက သတိမထားမိပဲ နေနိုင်ပေမယ့် Tang Fan ကတော့ ထိုသူ၏ လက်တစ်ကမ်းအကွာမှာသာ ရှိသောကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည် ထို့အပြင် ရင်းနှီးလှသော အသံကိုပါ ကြားလိုက်ရတာမို့ Tang Fan က ထိုသူ မည်သူမည်ဝါ ဆိုသည်ကို ချက်ချင်း မှတ်မိသည်။

“မင်း…. မင်းက Lin Xiaoလား?” Tang Fan ကြောက်လန့်တကြားအော်လိုက်သည်

ထိုစာကြောင်းက တည်ငြိမ်နေသော ရေပြင်ပေါ်ကို ကျောက်တုံး တစ်တုံး ကျသွားသလိုပင်။

လူတိုင်းက လျှပ်တစ်ပြတ်တွင် ကျောက်ရုပ်ပမာ တန့်သွားကာ နောက်တစ်စက္ကန့်အကြာမှာ သူတို့ဟန်ပန်တွေကို ပြန်ထိန်းသိမ်းကာ Tang Fan ရှိရာသို့ မော့ကြည့်လိုက်ကြသည်။ လူတိုင်းက နောက်ထပ်စက္ကန့် အနည်းငယ် ကြာသည်အထိ တိတ်ဆိတ်သွားပြီး နောက်ဆုံးကျမှ သူတို့ရဲ့ စိတ်ထဲက အတွေးတွေ ပေါ်လာတော့သည်။ ဘယ်သူက စပြီး အသံထွက်လာသလည်းတော့ ဘယ်သူမှ မသိပေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now