Chapter 173 Life Bond Magic Beast ( Z & U)

9.4K 1.5K 115
                                    

C- 173 Life bond magic beast.

အခန်း ၁၇၃ အသက်ဆက်နွယ် မှော်ဝင်သားရဲ

Da PiQiu  “ အ ၀ု…….”

နောက်ဆုံးတော့ ငါ့လိုမျိုး သခင့် ထိန်းချုပ်မှုအောက်ခံရတဲ့သူတစ်ယောက် ထပ်ရောက်လာပြီ ရဲဘော်ရေ ငါအရမ်းပျော်နေတယ်..အား…

ကျားသစ်နက် “….......”  

Da PiQiu  “ အ ၀ု…….” မင်းမှာ နာမည်တစ်ခု မရှိသေးဘူးမလား စိတ်မပူနဲ့ သခင်က မင်းအတွက် နာမည်တစ်ခု ရွေးပေးလိမ့်မယ်။

ကျားသစ်နက် “….......”  

Da PiQiu  လိုမျိုးကြီးလား အာ့ဆို မရှိတာ ပိုကောင်းတယ်

Da PiQiu က သူ့မျက်လုံးမှ အမူအယာ၏ အဓိပ္ပါယ်ကို နားလည်ပုံမ ရပေ။ သူက နောက်လှည့်ကာ You XiaoMo ရှေ့ကို ပြေးသွားကာ အာ..၀ု ဟု ဆက်တိုင်ခေါ်နေတော့သည်။ ‘သခင် သခင် ကျွန်တော့ရဲဘော်မှာ အခုထိ နာမည်တစ်ခုတောင် မရှိသေးဘူး မြန်မြန်လေး နာမည်တစ်ခုလောက် ကူရွေးပေးပါလား။ ကျွန်တော့ဟာလိုမျိုးလေးဆိုရင် အကောင်းဆုံးပဲ’

ကျားသစ်နက် “….......”  

ကျားသစ်နက်တွေးတာကတော့ ဆက်နွယ်မှော်ဝင်သားရဲအမျိုးအစားပေါင်းများစွာရှိသည် ပြီးတော့ သခင်ကလည်း အမျိုးအစားများစွာ ရှိသည် ဒါပေါ့ အဲဒိထဲမှာတော့ သူမပါဘူးပေါ့။ ဒီတော့ သူက သူ့သခင်က ဘယ်လိုမျိုးလဲဆိုတာ စိတ်ကူးထားပြီး ဖြစ်သည်။

အဆုံးမှာတော့ You XiaoMoက  Da PiQiu ၏ ကျားသစ်နက်အတွက် ရယ်စရာကောင်းသော နာမည်ပေးစေချင်သော  တောင်းဆိုမှုကို ခွင့်မပြုပေးခဲ့သော်လည်း သူ လုံလုံလောက်လောက်ကို မကောင်းမွန်သေသည့်အပြင် တစ်ချိန်တည်းမှာလည်း နာမည်ရွေးရာတွင် စဉ်းစားချိန် မလုံလောက်မှုနှင့် သခင်၏ အပျင်းတစ်နေမှုလဲ ပေါ်လွင်နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူရရှိသည့် နာမည်က Xiao Hei ဖြစ်ကာ အဲဒိနောက်က အကြောင်းပြချက်က နာမည်တွင် Hei ဆိုသော စာလုံးပါပြီးသားမို့ပင် ဖြစ်သည် ( Hei - အမဲလေး)

ပျော်ရွှင်နေသော ကျားသစ်နက်ကတော့ ဒီကံကြမ္မာကြိးကနေ မလွတ်မြောက်တော့တာ ကို သိပ်မကြာခင် သိသွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now