Chapter 198 Tang Fan is an Idiot ( Z &U )

8.9K 1.5K 41
                                    

Chapter 198 – Tang Fan is an Idiot

အခန်း ၁၉၈ Tang Fanက အရူးတစ်ယောက်

Tang Fan မျက်နှာက ဒေါသကြောင့် ခရမ်းရောင်တောင် ပြောင်းသွားသည်။သူက Tian Xinဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာ ခမ်းနားကြီးကျယ်ခဲ့သည်။ လူအများကြီးရှေ့မှာ သူ့ကို လူသိရှင်ကြား သိက္ခာချခြင်းကို အသာထား ဘယ်သူကမှ သူ့ကို မယဉ်မကျေးလုပ်တာ အရိုအသေတန်တာမျိုး မရှိခဲ့ပေ။

အဲဒါကို သူက ခံနိုင်ရည်ရှိသော်လည်း သူ့အမူအယာများကတော့ အခြားတစ်မျိုးအနေနှင့် ဖော်ပြနေသည်။

Tang Fan က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့ရင်ထဲမှာ ဟုန်းဟုန်းတောက်လောင်နေသာ ဒေါသများကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားနေသည်။ သူ့မျက်လုံးက ထွက်နေသော သတ်ဖြတ်ချင်သည့် အရိပ်အယောင်များက You XiaoMo နှင့် SheQiu တို့ကို ချွန်ထက်သော မြှားတစ်စင်းနှင့် ထိုးဖောက်ချင်နေသည့် အတိုင်းပင်။ လူအုပ်ကြီး ရှေ့မှာ သူ့ဂိုဏ်းသားက သူ့ကို သိက္ခာချတာ ခံလိုက်ရတာကို သူကသာ ဒီနေ့ သင်ခန်းစာ မပေးလျှင် ဒီနေ့စစ်ပွဲမှာ သူနိုင်သွားခဲ့ရင်တောင် ဒီတိုက်မကြီးမှာ သူက ရယ်စရာတစ်ခု အနေနဲ့ ဖြစ်တည်နေလိမ့်ဦးမည်။

“ဒီကိုလာပြီးတော့ ပြဿနာရှာရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ You XiaoMo မင်းက ငါ မင်းကို ထုတ်ပယ်လိုက်တာကိုတောင် အညိုးထားနေသေးတယ်။ မင်းက မင်းမိတ်ဆွေကိုတော့ ဒီလိုဗလုံးဗထွေး ပြောဖို့ ခွင့်ပြုနေ ထားသေးတယ်။ ဒီနေ့ ငါက မင်းတို့ နှစ်ယောက်လုံးကို သွားခွင့်ပေးလိုက်ရင် ငါ့ရဲ့ ဂိုဏ်းချုပ်ရာထူးက အမှိုက်ပဲ ဖြစ်တော့မယ်”

Tang Fan က သူတို့ကို စိုက်ကြည့်နေကာ ဂိုဏ်းချုပ်တစ်ယောက်က ဘယ်လို ပြုမူသင့်တယ် ဆိုတာကိုတောင် လုံးဝ ဂရုမစိုက်တော့ပေ။ အားနည်းတဲ့သူတွေက အနိုင်ကျင့်တာ ခံရပေမယ့်လည်း သူကတော့ You XiaoMo ရော သူကဘေးက လူကိုရော သတ်ချင်နေတုန်းပင်။

“အို့. အို့ ဒီအဖိုးကြီးကတော့ ဒေါသတွေ ထွက်ပြီး အရှက်မရှိတော့ဘူး” SheQiuက အကြောက်တရားမရှိ ရယ်မောတော့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now