Chapter 126 Level Three Mage ( Z & U )

10K 1.6K 7
                                    

Zawgyi
C-126 Level three mage.
အခန်း ၁၂၆ အဆင့်သုံး မှော်ဆရာ
စိမ်းလန်း​ဝေဖြာနေတဲ့ နယ်မြေထဲမှာ You XiaoMo အဆင့်သုံးအဆင့် မှော်ဆေးပင် အပင်နှစ်ဆယ်လောက်ကို သစ်သားစင်ပေါ်က ယူလိုက်သည် ပြီးတော့ သစ်သားတဲလေးထဲ ၀င်ကာ ဗီဒိုထဲကနေ ဥာဏ်အလင်းရွှေအိုး ထုတ်ယူလိုက်သည်
သူ အဆင့်သုံးဆေးလုံးကို ဖော်တော့မည်ဖြစ်တာမို့ အဆင့်နိမ့် ဆေးကြိုအိုး သူမသုံးချင် အဘယ့်ကြောင့်ဆိုသော် သူ့ပထမဆေးကြိုအိုးတုန်းကလိုမျိုး ကွဲအက်သွားလျှင် သူ့ဆရာနှင့် အကိုများကို ဘယ်လို အကြောင်းပြချက်ပေးရမလဲ သူမသိတာမို့ ဖြစ်သည်
အရေးအကြီးကတော့ ထိုဆေးကြိုအိုးက အဆင့်တစ်နှင့် အဆင့်နှစ် မှော်ဆေးလုံးများအတွက်သာ ဖြစ်သည်
အကိုကြီးက အရင်ကတည်းက ပြောထားသလိုမျိုးပဲ အဆင့်သုံးမှော်ဆေးလုံးက မှော်ဆရာများအတွက် ပထမဆုံးတွေ့ရတဲ့ ခက်ခဲတဲ့ တန်းတစ်ခု ဖြစ်သည်
မှော်ဆေးလုံး ဖော်နေစဉ်မှာပင် ဝိဥာဏ်အား အများအပြားလိုအပ်သည် သူသာ အရင်ကဆေးကြိုအိုးသုံးမည်ဆိုပါက ဝိဥာဏ်အားအများအပြားကို လက်ခံနိုင်မည် မဟုတ်ပဲ ကွဲထွက်တာတွေ ပေါက်ကွဲတာတွေ ဖြစ်နိုင်သည် ထို့ကြောင့် အဆိုပါ အခြေအနေကို ရှောင်ရှားရန်အတွက် ဥာဏ်အလင်းရွှေအိုးကိုသာ သူသုံးနိုင်သည်
အိုးကော ဆေးပင်တွေပါ သူထုတ်ပြီးနောက်တော့ ခြံဝင်းထဲက ကျောက်ခုံဆီကို လျှောက်သွားလိုက်သည်
ဒီ ကျောက်ခုံက ရှည်ပြီး လေးထောင့်ဆန်သည် အရှည် အမြင့် နှင့် အကျယ်က တစ်မီတာ စီလောက်ရှိသည် သူဆေးဖော်ရန်အတွက် ရည်ရွယ်ကာ ပြီးခဲ့တဲ့ အခေါက်က HunJiမြို့ကြီးကို သွားတုန်းက ဝယ်လာခဲ့တာဖြစ်သည် ဝယ်ပြီးထဲက နယ်မြေထဲ ထဲ့ထားပြီး အခုချိန်ထိ တစ်ခါမှ မသုံးရသေးပေ
အခုတော့ သူနယ်မြေထဲမှာ ဆေးဖော်ဖို့ စီစဉ်လိုက်တော့ အသုံးချဖနု့ အချိန်ကောင်းဖြစ်သွားပြီ
ပထမဉီးဆုံး ကျောက်ခုံပေါ်မှာ မှော်ဆေးပင် ၂၀ ကျော်လောက်ကို သပ်သပ်ရပ်ရပ်လေး စီလိုက်သည် ။ပြီးတော့ ဥာဏ်အလင်းရွှေအိုးကို ခုံပေါ်ရွှေ့လိုက်သည် အဲဒိ ကျောက်ခုံပေါ်မှာ ဆေးကြိုအိုးတင်ဖို့အတွက် စိတိကြိုက်ဖန်တီး သတ်မှတ်ထားသောနေရာ ရှိသည် သူဝယ်တုန်းကတည်းက ဥာဏ်အလင်းရွှေအိုးကို တိုင်းပြီး ပြုလုပ်ထားတာဖြစ်သည် ။
အဆင့်သုံးမှော်ဆေးလုံး ဝိဥာဏ်အား အများကြီးလိုတာအပြင်ကို မှော်ဆေးပင် အမျိုးအစားသုံးမျိုးအထက်လဲ လိုအပ်သေးသည်။ ဆေးပင် ခြောက်မျိုး လိုအပ်ပြီး အဆင့်တစ်နှင့် အဆင့်နှစ်ဆေးပင်တွေရဲ့ နှစ်ဆ လိုအပ်သည် ။
ပထမ အဆင့်သုံး ဆေးလုံးထဲမှာ You XiaoMo ဖော်ချင်တာက တောင်ပိုင်းကြယ်မှော်ဆေးလုံး ဖြစ်သည် ။
တောင်ပိုင်းကြယ်မှောဆေးလုံးသည် အဆင့်သုံးဆေးလုံးများထဲတွင် ထူးခြားလှသည်။ သူ့ရဲ့ ထူးခြားမှု  က ကောင်းကင်အဆင့်သိုင်းသမားများရဲ့ အင်အားကို တိုးပွားစေသည့် စွမ်းရည်ပေါ်တွင် မူတည်သည် ။ သို့သော် တိုးပွားလာသည့် အင်အားမှာမူ အရမ်းအများကြီးတော့မဟုတ် အကယ်လို့သာ ကြယ်တစ်ပွင့်စာ အားတိုးချင်သည်ဆိုပါက တောင်ပိုင်းကြယ်ဆေးလုံး အများအပြားကို မှီဝဲရမည်ဖြစ်သည်
သို့သော်လည်းသူ့မှာ ကန့်သတ်ချက်တော့ ရှိသည် အဲဒါကတော့ သူက ကောင်းကင်အဆင့် တိုက်ခိုက်ရေးသမားများ အတွက်သာ ဖြစ်သည်။ ပြီးတော့ လူတစ်ယောက် ၏ခံနိုင်ရည်ပေါ် မူတည်ပြီး တောင်ပိုင်းကြယ်ဆေးလုံး၏ အာနိသင်များကလည်း လျော့နည်းနိုင်ကာ အမြဲတစေ လဲ အသုံးမပြုနိုင် ချေ။
လူအဆင့်သိုင်းသမားများအတွက်ကလည်းတောင်ပိုင်းကြယ်ဆေးလုံးကို သုံးနိုင်သည် သို့သော် တောင်ပိုင်းကြယ်ဆေးလုံး၏ ဆေးအရှိန်ကို ထိန်းကြောင်းပေးနိုင်အောင်ကို အင်အားရှိမည့်သူမှ ဖြစ်မည် မဟုတ်လျှင် ကြုံရာ သောက်သုံးမည်ဆိုပါက ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးနိုင်သည့် ရလဒ်သာ ရရှိလိမ့်မည် ဖြစ်သည်
You XiaoMo တောင်ပိုင်းကြယ်ဆေးလုံးဖော်ရန် လိုအပ်တဲ့ ပစ္စည်းများကို ကောက်ယူကာ တောင်ကြွက်ဆေးပင်ကို ဆေးအိုးထဲ ထဲ့လိုက်သည်
ဥာဏ်အလင်းရွှေအိုး နှင့် အဆင့်နိမ့်ဆေးကြိုအိုးတို့ ၏ အကြီးမားဆုံး ကွာခြားချက်မှာ၏ဥာဏ်အလင်းရွှေအိုး မှာ အနားပတ်လည်တွင် အခန်းငယ်လေးများ မပါဝင်ချေ ပေါင်းခံရမယ့် မှော်ဆေးပင်တွေကို ဆေးအိုးထဲသာ တစ်ခါတည်း ထည့်နိုင်သည် အောင်မြင်မှုနှုန်း မြင့်တက်စေရန်အတွက်   မှော်ဆရာ အများစုသည် အဆင့်သုံးနှင့် အထက် မှော်ဆေးလုံးများကို ဖော်စပ်ရာတွင် ဆေးပင်များကို တစ်ခုပြီးမှ တစ်ခုသာ ပေါင်းခံသန့်စင်လေ့ရှိကြသည် ဒီလိုနည်းက အချိန်ကလဲ သေချာပေါက်ကို ပိုပြီးကုန်လေ့ရှိသည်
You XiaoMo က သူ့ရဲ့ ပထမဆုံးသော အဆင့်သုံးမှော်ဆေးလုံးဖော်စပ်ရာတွင် မကျရှူံးချင်သောကြောင့် စာအုပ်မှာ ဖော်ပြသည့်အတိုင်း အတိအကျလိုက်နာလိုက်သည်
မညိသည့်ဖိအားကိုမှ မခံစားရပဲနှင့် ပထမမှော်ဆေးပင်ကို ပေါင်းခံ သန့်စင်ပြီးသွားသည် အတောအတန် စဉ်းစားပြီးနောက်မှာတော့ မှော်ဆေးပင် နှစ်မျိုး ပစ်ထဲ့လိုက်သည် သူမှော်ဆေးပင်နှစ်မျိုးကို ဆေးဖော်အိုးထဲတွင် အရည်နှစ်ခုခွဲပြီး ပေါင်းခံသန့်စင်လိုက်သည် အထဲမှာ အကန့်လေးတွေ မရှိတာကြောင့် အရည်နှစ်အိုင်ကို တစ်မျိုးနှင့်တစ်မျိုး ရောမသ်ားစေရန်အတွက်သူ့ရဲ့ စိတိစွမ်းအင်ကိုသာ အားကိုးနိုင်မို့ ပေါင်းခံ သန့်စင်ခြင်းရဲ့ ခက်ခဲမှုကလည်းအတော် မြင့်တက်သွားသည်

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now