Chapter 85

12.2K 1.8K 14
                                    


C-85 Really no improvement.

မင်းကိုမင်း အခန်းအပြင်မှာ တံခါးပိတ်ထားလို့ရလို့လား? စဉ်းတောင် မစဉ်းစားနဲ့။

သူ တံခါးကို ပိတ်လိုက်သည့်အချိန်တွင်ပဲ Ling Xiao က ခြေတစ်လှမ်းသာပြီးသား သူ့ကို ကောက်မပြီး အထဲကို ခေါ်သွားသည်။ သူ အနောက်လှည့်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်သော အသံကပဲ You XiaoMo ရင်ထဲက ဒိန်းကနဲ ဆိုသော အသံနှင့် တူသည်။

"ပြေးတယ် ဘာကိုပြေးတာလဲ၊ ညီလေး မင်းငါ့ကို မမြင်ချင်ဘူးလို့တော့ မပြောနဲ့"

Ling Xiao က သူ့ကို ပြုံးပြီး ကြည့်နေသည်။ သူ့အပြုံးမျက်နှာက မနက်စောစော နေရောင်ကဲ့သို့ မျက်စိကျိန်းစဖွယ်ပင်။

You XiaoMo ကတော့ လွန်ခဲ့သော သုံးရက်လောက်ကို Ling Xiao သူ့ကိုယ် ဂရုတစိုက် ရှိလှသော အပြုအမူများက ပုံရိပ်ယောင်တစ်ခုဟုသာ ခံစားမိတော့သည်။ အခုဒီ ပိုင်ဆိုးပိုင်နင်းနိုင်လှသော Ling Xiao ကမှ အစစ်အမှန် ဖြစ်သည်။ အကြံဆိုးအပြုံးကြီးက ရင်းနှီးကျွမ်းဝင်လှသည်။ သူ့ အဲဒါကို မြင်လိုက်ရတိုင်း သူ့ရင်တွေ တုန်ရီကာ ဘယ်လိုမျိုး သူ့ကို အနိုင်ကျင့်တော့ မလဲ ဆိုကာ ဆိုးရိမ်နေအောင် လုပ်နေသည်။ သို့သော်လည်း သူက အဲဒါကိုတော့ သူ့ကို ဘယ်တော့မှ ပြောမှာတော့ မဟုတ်။

သူ့စကားကို ကြားတော့ You XiaoMo က နူးညံ့ညင်သာသော အပြုံးလေး မပြုံးခင် စဉ်းစားလိုက်သေးကာ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်က အစ်ကို့ကို မတွေ့ချင်လို့ မဟုတ်ပါဘူး။ ကျွန်တော်က စာအုပ်တစ်အုပ် မေ့သွားတာကို ရုတ်တရတ် သတိရလို့ပါ"

Ling Xiao က သူ့ကို အထက်အောက် ကောင်းကောင်းလေး ကြည့်ပြီးတော့ သူက လိမ်နေတာလား ဆိုတာ မြင်ရအောင် ကြိုးစားကြည့်နေတော့သည်။

You XiaoMo က ဆက်ပြုံးပြနေသည်မှာ သူ့ ပါးစပ်ဖျားလေးတွေ တုန်ရီလာသည့် အထိပင်။

"ကိုယ် မင်းကို အခုတော့ ယုံကြည်ပေးမယ်"

Ling Xiao က ပါးစပ်စွန်းများ မြင့်တက်ကာ နောက်ဆုံးတော့ သူ့မျက်နှာကို ဆက်မငေးတော့။

You XiaoMo မှာ ချက်ချင်း စိတ်သက်သာရာ ရကာ သက်ပြင်းကြီး ချမိသည်။ အဲဒိမျက်လုံးများနှင့် အကြည့်ခံရတာကို တလောကလုံးက ဖိအားတွေ သူ့ဆီ ကျရောက်နေသလိုပဲ။ ကံကောင်းစွာနဲ့ မျက်နှာသာ ရပြီး ဖြစ်နေသည် "အစ်ကိုကြီးLing အစ်ကိုလိုတာ တစ်ခုခုများ ရှိလို့လား"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now