Chapter 383 The Commerce District (Z & U)

7.9K 1.3K 27
                                    

Chapter 383: The Commerce District

အခန်း ၃၈၃ ကုန်သွယ်ရေးနယ်မြေ

DuanMu Qing နောက်မှ တည်းခိုခန်းထဲ ၀င်လာသော လူကြီးမှာ လူကြီးလူကောင်းတစ်ယောက်ဟန် ရှိသည်။ သူက DuanMu မျိုးနွယ်စုအတွက် ဧည့်သည်ဆောင်သည် တစ်ဦးပုံ မပေါ်ပဲ DuanMu Qing က သူ့ကို  လေးစားသမှုအကြည့်များဖြင့် ကြည့်သောကြောင့် မျိုးနွယ်စု၏ အကြီးအကဲ တစ်ယောက်နှင့်ပိုတူလှသည်။ 

တည်းခိုခန်းထဲ ၀င်လာပြီးနောက် DuanMu Qing က အပေါ်ထပ် တက်ကာသူတို့ကို ရှာဖွေရန် စိစဉ်ထားသော်လည်း ဧည့်ခန်းဆောင်မှ ပြတင်းပေါက်နားတွင် ထိုင်နေသော You XiaoMo တို့ကို တွေ့တော့ သူက ချက်ချင်း သက်ကြီးဝါကြီးလူကို တစ်ခုခု ပြောလိုက်သည်။

အကြီးအကဲက You XiaoMo တို့ ရှိရာကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်တွေက You XiaoMo နှင့် Dao Yun ပေါ်ကို ကြည့်သောအကြည့်က သိပ်ထူးမခြားနားလှပေ။ သူ့အကြည့်တွေက Ling Xiao ကိုယ်ခန္ဓာပေါ် ကျရောက်သွားချိန် မှာတော့ နှစ်စက္ကန့်လောက် ရပ်တန့်သွားကာ သူတို့ဆီကို လှမ်းလာလေသည်။

DuanMu Qing က You XiaoMo အရှေ့ကို ခြေလှမ်းကြဲကြီးများနှင့် လျှောက်လာကာ “ကျေးဇူးရှင်ကြီးများကို မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော့် ဦးလေးပါ။ ဦးလေးက ကျေးဇူးရှင်ကြီးသုံးယောက်က ကျွန်တော့်အသက်ကို ကယ်ခဲ့တာ သိပါတယ်။ အဲဒိတော့ ဦးလေးက ဒီကို တကူးတကလာပြီးတော့ ကျေးဇူးတင်ကြောင်း လာပြောတာပါ”

“ကျုပ်နာမည်က DuanMu Zhen ပါ။ Qingလေးရဲ့ အဖေ ကိုယ်တိုင် လာသင့်တာပါ ဒါပေမယ့်လဲ မျိုးနွယ်စု ခေါင်းဆောင်က ကိစ္စလေးအချို့ ရှိနေတော့ ဒီကို မလာနိုင်ဘူး ဖြစ်သွားတယ်။ ဒါ့ကြောင့် ကျုပ်က ကိုယ်စားအနေနှင့် လာခဲ့တာပါ။ သခင်လေးတို့ စိတ်မရှိဘူးလို့တော့ မျှော်လင့်မိပါတယ်” DoanMu Zhen က လက်လေးနှစ်ဖက်နှင့် အရိုအသေပေးကာ သူ့အမူအယာများကလည်း စိတ်ရင်းအမှန်ဖြစ်ကြောင်း ဖော်ပြနေသည်။

Dao Yun က You XiaoMo နှင့် Ling Xiao တို့ နှစ်ယောက်လုံး ဘာမှမပြောတာ မြင်တော့ သူက အမြန် ပြန်ဖြေလိုက်သည်။ “DuanMuသခင်က အရမ်းယဉ်ကျေးနေစရာ မလိုပါဘူးဗျာ။ သူ့ကို ကယ်ရတာလဲ သိပ်အများကြီး အားထုတ်လိုက်ရတာတော့ မဟုတ်ပါဘူး”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now