Chapter 138 Miraculous Sheep ( Z & U)

10.4K 1.5K 2
                                    

C-138 Miraculous sheep.
Zawgyi
အခန်း ၁၃၈ အံ့ဖွယ်သိုး
လူတိုင်းက သူ့စကားကြောင့် အံ့သြလွန်းပြီး စကားတောင်မပြောနိုင်တော့ပေ။
သူတို့ကို ဘာမှ ထပ်ပြောစရာမလိုအောင် You XiaoMo သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ်ပိတ်ထားဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးဖို့လိုနေသည်။
အခုလက်ရှိ အခြေအနေက အရမ်းကို တင်းကြပ်လွန်းနေသည်ဟု သူခံစားရသည်။ ပြီးတော့ Ling Xiao၏ ရည်ရွယ်ချက်ကိုလဲ သူအကြမ်းဖျင်းတော့ ခန့်မှန်းမိသည်။ ဒါ့ကြောင့် သူဒီစကားတွေ နှုတ်ကနေ လွှတ်ခနဲပြောထွက်သွားတာလဲ ဖြစ်သည်။
ပထမဆုံးအသိပြန်ဝင်လာတာက Ling Xiao ဖြစ်သည်။ သူ့ကိုယ်သူ အော်ကြီးဟစ်ကျယ် ရယ်နေတာပင် မရပ်တန့်နိုင်။ You XiaoMo ရဲ့နှုတ်ကနေ လွှတ်ခနဲ ထွက်ထွက်လာတတ်တဲ့ ထူးဆန်းတဲ့ စကားတွေနဲ့ သူအကျင့်ဖြစ်နေပေမယ့် အကြိမ်တိုင်းမှာတော့ သူ့ကို ပြုံးရယ်စေတုန်းဖြစ်သည်။
ကျွန်ပြုခြင်းကနေ ကိုယ့်ဘာသာဖောက်ထွက်ပြီး လွတ်လပ်ခြင်းအတွက် သီချင်းဆိုပါ ဒီစကားစုက သေချာပေါက်ကို ပြိုင်ဘက်ကင်းသည်။ သူပြောချင်တဲ့ စကားနဲ့လဲ အတော်များများ အဓိပ္ပါယ်တူ သည်။
'မင်းတို့ စဉ်းစားဖို့ အချိန်နဲနဲပေးမယ် အဖြေအဆင်သင့်ဖြစ်ရင် ပြော´
Ling Xiao က You XiaoMo ကို သူ့ဘက်ကိုပြန်ဆွဲလိုက်ကာ သူစကားပြောနေတုန်း သူ့အကျီ င်္လက်တွေကို ပြန့်အောင်လုပ်ပေးလိုက်သည်။ သူက သူတို့ကို ထပ်ပြီးတော့ ရှင်းပြချက်တွေ မပေးတော့ သို့သော် သူတို့ ငါးယောက်လုံးက သူဘာကိုဆိုလိုသည်ကို နားလည်ကြသည်။ အကယ်လို့ သူတို့ နားမလည်ရင်လည်း သူဒီလိုလူတွေ မလိုအပ်ပေဘူး။
'ကျွန်တော်က ကြီးမြတ်တဲ့ အရှင်အပေါ် ထာဝရ သစ္စာ ချင်ပါတယ်´
ခဏလောက် ရပ်တန့်ပြီးနောက် မန်နေဂျာ က စိတ်အားတက်ကြွတဲ့အမူအယာကို ဖော်ပြကာ အနည်းငယ်တောင် တုန့်ဆိုင်းခြင်းမရှိပဲ ဆုံးဖြတ်ချက် ချလိုက်သည်။ အရူးသာလျှင် ကောင်းကင်ပေါ်ကနေ ကျလာတဲ့ အသားကို လက်မခံမှာ။
'ကျွန်တော့တို့လဲ ကျွန်တော့်တို့အသက်ကို ကြီးမြတ်တဲ့အရှင်ဆီမှာ အာမခံအနေနဲက ထားချင်ပါတယ် ´
အနက်ရောင်ဝတ်စုံဝတ်လူသုံးယောက်နဲ့ မြေပေါ်လဲနေတဲ့ ကျန်အနက်ရောင်ဝတ်စုံဝတ်လူက ကုံးယုံးထလာကာ သံပြိုင်ပြောဆိုကြသည်။ မန်နေဂျာအတိုင်းပဲ သုံးယောက်လုံးက စိတ်အားတက်ကြွကြသည်။ ဒီအသားတုံးကြီးက သာမာန်အရွယ်အစားမှ မဟုတ်ပဲ။
သူတို့ငါးယောက်လုံးက ကျမ်းကျိန်ဖို့ လုပ်နေတုန်းမှာပဲ Ling Xiao ၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
သူ က ကျမ်းကျိန်တယ်ဆိုတာက ကစားစရာတွေလိုမျိုးပဲ ခွန်အားမ၇ှိဘူးဟု ခံစားရသည်။ သူက သူ့ကိုယ်သူ ပိုယုံကြည်သည်။ သူပြောချင်တာက အကယ်လို့သာ ထိုလူငါးယောက်က သူ့နောက်ကို လိုက်ချင်တာ သေချာရင် သူ့ကို သူတို့ဝိညာဉ်ကို တစ်ခုခု လုပ်ခွင့်ပေးရလိမ့်မည်။ သူ့အပေါ်ထာဝရ အမှန်အတိုင်းနေသရွေ့ သူတို့ ဘာမှ ဖြစ်မှာ မဟုတ်ပေ။
လူငါးယောက်က အချင်းချင်းကြည့်ရှုလိုက်ကြကာ သိပ်မကြာခင်ပဲ သဘောတူကြသည် အဘယ့်ကြောင့်ဆိုသော် သူတို့သာ လက်မခံရင် သေဖို့ပဲ ရှိတယ်လေ။
သို့သော် ဒါက အကြောင်းပြချက် များစွာထဲက တစ်ခုသာဖြစ်သည်။ သူ့တို့ အမြင်မှာ Tang Hun က စိတ်ဝိညာဉ်အဆင့်သိုင်းသမားသာဖြစ်သည်။ သူက ဧကရာဇ်အဆင့်တိုက်ခိုက်သူနှင့် ယှဉ်နို်င်စရာ အကြောင်းကို မရှိ။ သူတို့အမြင်မှာ အင်ပါယာအဆင့် တိုက်ခိုက်သူက TianXinဂိုဏ်းနှင့် QingChenဂိုဏ်း တို့နှင့် ညီမျှသည်။ ဒီလိုပထမအဆင့် အင်အားများက  သူတို့တွေ ကြီးမားပြီး အင်အားကြီးတယ်ဆိုတာက သူတို့မှာ ဧကရာဇ်အဆင့်တိုက်ခိုက်သူ က ပဲ့ကိုင်နေသောကြောင့် ဖြစ်သည်။
သူတို့ကို လက်အောက်ငယ်သားလိုသာ ဆက်ဆံတဲ့ Tang Hun နောက်က လိုက်ရတာထက်စာရင် ဒီလူနောက်က လိုက်ရသည်က ပိုကောင်းသည်။ ဒီလူနှင့် အတူ သူတို့ကိုယ်ပိုင်နယ်မြေတောင် ထုဆစ်လို့ ရလောက်သည်။ သူတို့လိုက်သော ဆရာက QingCheng ဂိုဏ်းနှင့်  Tian Xin ဂိုဏ်းလိုမျိုး အဖွဲ့တစ်ခုကို တောင် တည်ထောင်နိုင်တာမို့ သူတို့ ငါးယောက်လုံးက ချက်ချင်းကို စိတ်လှုပ်ရှားကုန်ကြသည်။
သူတိုကမသိတာကတော့ Ling Xiao မှာ TianXinဂိုဏ်းလိုမျိုး အင်အားကြီးအဖွဲ့ ထူထောင်ဖို့ ရည်ရွယ်ချက်တောင် မရှိတာကိုပင်။ သူလို လျစ်လျူရှုတတ်သောလူသည် တာဝန်ခံမှုအပေါ် စိတ်ပါဝင်စားမှုမရှိသော သူသာ ဖြစ်သည်။ ဒီလူတွေကို HunJi မြို့ကြီးမှာ Tang Hun နေရာ အစားထိုးချင်သော အကြောင်းပြချက်မှာ အမှန်တော့ အခြားအကြောင်းပြချက်အတွက်ဖြစ်သည်။
ကိစ္စများကို ဆွေးနွေးအပြီးမှာ Ling Xiao က သူတို့ငါးယောက်ကို သွားခွင့်ပေးလိုက်သည်။
ကမ္ဘာအစစ်အမှန်ကို ပြန်ရောက်ပြီးနောက်မှာ You XiaoMo က Ling Xiao ကို မသေမချာပုံနဲ့ကြည့်ရှုကာ 'အစ်ကိုကြီးLing  HungJiမြို့ကြီးကို ထပ်သွားဦးမလို့လား?´
စကားပြောတာရပ်သွားပေမယ့်လဲ ဆက်ပြီးပြောချင်နေသေးပုံရသော သူကို Ling Xiao ကြည့်လိုက်သည်။ သူ့လက်ကို ဆန့်ထုတ်ပြီး သူ့ပါးလေးကို မဆိတ်ပဲ မနေနိုင်ပဲ နူးညံစွာနှင့် 'ဘာလို့လဲ? ကိုယ့်ညီလေးက ကိုယ်သွားမှာ မခံစားနိုင်လို့လား?´
'အား… ဘယ်သူက အစ်ကိုသွားသွားတာကို မခံစားနို်င်မှာလဲ´ You XiaoMo ကတိုးတိုးလေးပြောပြီး သူ့ကို မျက်လုံးလေးလှန်ကြည့်လိုက်သည်။
Ling Xiao ကတော့ သူပြောတာကို ကြားတာပေါ့ ဒါပေမယ့် သူက စိတ်ထဲရှိတာနဲ့ပြောတာနဲ့မှ မတူပဲ။ Ling Xiao က တစ်ချက်သာ ရပ်ပြီး ပြောသည် 'ကိုယ်က အဖွဲ့တစ်ဖွဲ့တည်ထောင်ဖို့ စိတ်အများကြီး ၀င်စားနေတာ မဟုတ်ဘူး ဒါပေမယ့် အဆက်အသွယ် အချို့ရှိရင် ပိုကောင်းတယ်လေ။ ဒါက ကိုယ်တို့ လိုအပ်တဲ့အမျှော်အမြင်ရှိရှိ မေးမြန်းစုံစမ်းမှုတွေလုပ်ဖို့ဆိုရင် ပိုပြီး အဆင်ပြေတယ်။ ပြီးတော့ မင်း အလယ်အလတ်အဆင့် ဒါမှမဟုတ် ထိပ်တန်းအဆင့် မှော်ဆရာ ဖြစ်တဲ့အချိန်ကျရင် မင်းလိုတဲ့ မှော်ဆေးပင်တွေ မျိုးစေ့တွေ ကူရှာခိုင်းလို့ရတယ်။ ဒီလိုဆိုရင် မင်း ဟိုပြေး ဒီပြေး လုပ်နေစရာမလိုတော့ဘူး´
You XiaoMo တန့်သွားသည်။ သူက Ling Xiao က တကယ် ဒီလိုစဉ်းစားလိမ့်မယ်လို့ မတွေးထားတာဖြစ်သည်။ ရုတ်တရက် သူ့ရင်ထဲ သိသွားပေမယ့် Ling Xiao က ဆက်ပြီး သူပြောနေတာကို အဆုံးသတ်လိုက်သည်။
သူပြောတာက 'အဲဒိအချိန်ရောက်ရင် မင်း ကိုယ့်အတွက် မှော်ဆေးလုံးဖော်ပေးလို့ရတယ်လေ´
You XiaoMo, " ....... "
သူခုဏက ရင်ထဲထိသွားတဲ့ ခံစားချက်ကို ပြန်ရုတ်သိမ်းဖို့ ဆုံးဖြတ်လိုက်သည်။
'အစ်ကိုကြီးLing , ကျွန်တော်တို့ ဘယ်တော့ သွားဖို့ အစီအစဉ်ဆွဲမလဲ? ဂိုဏ်းချုပ်ကြီးက အစ်ကို့ကို သွားချင်သလိုသွားခွင့်ပိတ်ထားတယ်မလား?´
You XiaoMo မမေးခင် ခဏတိတ်သွားသည်။
Ling Xiao ကို သူနားလည်မှုက သူမှန်းထားသလောက် လေးလေးနက်နက်မသိသေးပေမယ့် သူက Ling Xiao ၏ လွတ်လပ်ရိုးရှင်းပြီး ကျင့်ဝတ်မရှိသည့် သဘာဝကနေတော့ သူမှန်းဆနိုင်သည်။ ဒီလိုလူမျိုးက အဖွဲ့တစ်ခု တည်ထောင်ဖို့အတွက် နာကျင်မှုကို သူခံစားမှာ မဟုတ်။ ဒီလိုခံစားချက်က ၂၁ရာစုက ပျော်ပျော်နေတတ်တဲ့သဘာဝရှိတဲ့သူတွေနဲ့ဆင်တူသည်။ ဒါက တဒင်္ဂစိတ်ဝင်စားမှုမျှသာဖြစ်ဖို့များသည်။
Ling Xiao က 'သစ္စာဖောက် Pu Chan ကို ဖမ်းမိပြီးသား။ Tang Fanက ကိုယ့်လွတ်လပ်ခွင့်ကို မကန့်သတ်တော့ပါဘူး။ TianXin ဂိုဏ်းကနေ ကြိုက်တဲ့အချိန် သွားလို့ရတယ်´
'အိုး´ ခနဲ You XiaoMo အာမေဋိတ်သံထွက်လာကာ သူ့မျက်လုံးတွေက ဖြတ်ခနဲ ဖြစ်သွားသည်။
သူ့ကို တစ်ချက်ကြည့်တာနဲ့ သူဘာတွေးနေသလဲဆိုတာ Ling Xiao နားလည်သည်။ သူပြုံးကာ 'ညီလေး မင်း ကိုယ်နဲ့ လိုက်ချင်တယ်လို့တွေးနေတာလား?´
You XiaoMo ကတော့ ရှာဖွေသိရှိသွားမှုအပေါ် ကသိကအောက်တောင် ဖြစ်မနေ 'တကယ်တော့ ကျွန်တော်မလိုက်ချင်ဘူး။ အစ်ကို အချိန်အားလို့ အဆင်ပြေမယ်ဆိုရင် ကျွန်တော့အတွက် ယုန်သား သိုးသား ဒါမှမဟုတ အလားတူတစ်ခုခု ပေါ့ နည်းနည်း ၀ယ်လာပေးရင် ရပါပြီ´
သူက သူ့အတိုင်းအတာ သူသိသည်။ အကယ်လို့ သူသွားရင် Ling Xiao ကို ပိုပြီး ဒုက္ခများစေမှာလေ။
'PiQiuလေး?´
သူဟာသတစ်ခုခုကို တွေးလိုက်သလိုမျိုး Ling Xiao ၏ မျက်လုံးထဲမှာ ရယ်ချင်စိတ်နဲ့ လက်သွားသလို နှုတ်ခမ်းကလဲ တွန့်သွားသည်။
သူဒီလောက် လွယ်လွယ်ကူကူ မှန်းနိုင်လိမ့်မယ်လို့ မမျှော်လင့်ပေ။ You XiaoMoကလည်း ဘာကိုမှ ထပ်ပြီး ဖုံးကွယ်မထားပဲ * ဟီး ဟီး* နဲ့ရယ်ကာ ပြောသည် 'PiQiuလေးက အသားစားသတ္တ၀ါလေ။ ဒီရက်တွေမှာ ကျွန်တော် နယ်မြေထဲမှာ သိမ်းထားသမျှ အသားတွေကိုအကုန် ပြောင်သွားတယ်။ ဒီတော့ ကျွန်တော်က တောင်အောက်ဆင်းပြီး အသားနည်းနည်းသွားဝယ်ဖို့ တွေးနေတာ´
နယ်မြေမှာက အသားတွေ လတ်လတ်ဆတ်ဆတ် သိမ်းထားနိုင်သည်။ ဒီတော့ You XiaoMo က ပြီးခဲ့တဲ့ အခေါက်က တောင်အောက်ဆင်းတုန်း အတော်များများ ၀ယ်ထားသည်။ ဒါပေမယ့် သူက အသီးအရွက်များကို ပိုပြီးကြိုက်တာကြောင့် အသားသိပ်မစားဖြစ်။ အဲဒိတော့ အသားလဲ အများကြီး မ၀ယ်ပေ။
'ညီလေး.အ…..´ Ling Xiao က သူ့ကို နောက်ပြောင်နေသလိုကြည့်နေကာ မျက်နှာတည်တည်တောင် မထားနိုင်ပေ။
'ဘာလဲဟင်?´
You XiaoMo သူ့ဘာသာသူ ပြန်ကျုံ့သွားသည်။ ဒီအပြုံးက ပုံမှန်မဟုတ်သလို ခံစားရသည်။ ပြီးတော့ သူက ဒီလိုပဲ ပြုံးခဲသည်။
'မှော်ဝင်သားရဲတွေ ဘာစားရတာကြိုက်သလဲ သိလား?´ Ling Xiao ပြုံးဖြဲဖြဲနဲ့မေးလိုက်သည်။
'သူတို့ အသားမစားတာတော့ မဟုတ်ဘူးမလား?´ You XiaoMo ရှက်ရွံ့စွာ မေးလိုက်သည်။
'ဒါပေါ့သူတို့ အသားစားတာပေါ့။ ဒါပေမယ့် မင်းပြောတာနဲ့တော့ မတူဘူးလေ………………..´
ယုန်သားနှင့် သိုးသားဆိုတာမျိုးက ပုံမှန်သာမာန်လူတွေ စားသော အစာဖြစ်သည်။ ဒါတွေကို မှော်ဝင်သားရဲများလို့ မှတ်ယူလို့ မရပဲ သူတို့တွေကို သာမာန်တိရစ္ဆာန်များအဖြစ်သာ မှတ်ယူရမည်ဖြစ်သည်။ ၀က် ခွေး နွား နှင့် သိုးများ ဒီအကောင်တွေနှင့် မှော်ဝင်သားရဲများကြားက အကြီးမားဆုံးသော ကွာခြားချက်မျာ သူတို့က စိတ်တန်းခိုးစွမ်းအင် မရှိတာဖြစ်သည်။ ဒါတွေ စားလျှင် ဗိုက်ပြည့်တာပဲ ရှိမည်။ အဆင့်ရှစ်သွေးပြာဝံပုလွေလိုမျိုး အလယ်အလတ်အဆင့် မှော်ဝင်သားရဲများအတွက်ကတော့ သူတို့ စားတာ သာမာန်အသား မဟုတ်။
မှော်ဝင်သားရဲများတွင်လည်း သဘာဝရန်သူများ ရှိသည်။ ပြီးတော့ အဲဒိရန်သူများက သူတို့ရဲ့ အစာများလဲ ဖြစ်သည်။ သွေးပြာဝံပုလွေ၏ သဘာဝရန်သူမှာ အံဖွယ်သိုး ဖြစ်သည်။
အံ့ဖွယ်သိုးများမှာလဲ သွေးပြာဝံပုလွေများလိုပဲ အဆင့်ရှစ်မှော်ဝင်သားရဲဖြစ်သည်။ သို့သော် သူတို့နှင့် သွေးပြာဝံပုလွေများ၏ အဓိက ခြားနားချက်ရှိသည်။ အဲဒါကတော့ အံဖွယ်သိုးများက အပင်စားသတ္တ၀ါများ ဖြစ်သည်။ သူတို့က မှော်ဆေးပင်များစားသည်။ ဒီတော့ သူတို့ကို မှော်ဆေးပင်များရှိသည့်နေရာတိုင်းတွင် တွေ့နိုင်သည်။ ဒါက စိတ်တန်းခိုးစွမ်းအင် ရှိသူတိုင်းသိတဲ့ အရာပဲလေ။
'ဒီတော့…….. အစ်ကို ပြောချင်တာက ကျွန်တော်တို့က PiQiuလေးစားဖို့ အံဖွယ်သိုး အနည်းငယ် ဖမ်းရမယ်ပေါ့?´
You XiaoMo ခက်ခက်ခဲခဲ ပြောကာ သတွေးမြိုချလိုက်သည်။
သူက ကျမ်းစာလိပ်များထဲမှာ အံ့ဖွယ်သိုးအကြောင်းဖတ်ထားပြီး ဖြစ်သည်။ သူက အုပ်လိုက်နေတတ်တဲ့ အမျိုးအစားဖြစ်သည်။ သူ့သဘာဝက သိမ်မွေ့သည်သို့သော် အဲဒါက သူတို့ကို တစ်ယောက်ယောက်ကသွားမစခင် အခြေအနေဖြစ်သည်။ အကယ်လို့သာ အစခံလိုက်ရရင် အံ့ဖွယ်သိုး၏မျက်လုံးများက အနီရောင် တောက်တောက်ဖြစ်လာမှာဖြစ်ပြီး သူတို့ခေါင်းပေါ်က ဂျိုများကလဲ အနီရောင်ဖြစ်သွားလိမ့်မည်။ ပြီးတော့ စိတ်ဖောက်ပြီး အပြင်လူ ဘယ်သူ့ကို မဆို မှော်ဝင်သားရဲပဲ ဖြစ်ဖြစ် စိတ်စွမ်းအင်ပဲ ရှိရှိ ဘာပဲဖြစ်နေနေ တိုက်ခိုက်လိမ့်မည်။
အဲဒါက သွေးပြာဝံပုလွေဆိုရင်တော့ ချို့ယွင်းခက်ဖြစ်သည်။ အပေါ်က ပြောခဲ့သလိုမျိုးပဲ မှော်ဝင်သားရဲများက သူတို့၏ သဘာဝရန်သူများအပေါ် အလွန်အာရုံခံအားကောင်းသည်။ အံ့ဖွယ်သိုးများလဲ ချို့ယွင်းချက်မဟုတ်ပေ။ သွေးပြာဝံပုလွေများ နီးကပ်လာတာနှင့် သူတို့က အလိုလျောက် ဒေါသဖြစ်သောအနေအထားဖြစ်သွားကာ သွေးပြာဝံပုလွေများကို တိုက်ခိုက်တော့သည်။
သို့သော် အဲသလိုတိုက်ခိုက်မှု ပုံစံတွင် ကြီးမားသော အားနည်းချက်ရှိသည်။ အဲဒါကတော့ ရန်သူ နဲ့ မိတ်တွေကို ခွဲခြားခြင်း ရှိတာပင်။
သူတို့၏ နားလည်သဘောပေါက်မှုကို ဒေါသက ဖုံးလွှမ်းသွားကာ မိတ်ဆွေနှင့် ရန်သူကို ခွဲခြားမသတ်မှတ်တော့ပဲ တိုက်ခိုက်စေသည်။ ဒါ့ကြောင့်ပဲ အချို့သော်စိတ်စွမ်းအင်ရှိသူတွေက သူတို့ကို ဆက်နွယ်မှော်ဝင်သားရဲအဖြစ် လုပ်ဖို့ ရွေးချယ်ကြသည်။ များသောအားဖြင့်ကတော့ သူတို့ကို စားစရာအဖြစ်သာ သတ်မှတ်တတ်သည်။ သူတို့ရဲ့ခွန်အားကို တိုးမြင့်ပေးနိုင်သော အထူးစားစရာမျိုးပေါ့။
'အံဖွယ်သိုးသားက PiQiuလေးအတွက်ပဲ အဟာရအရမ်းပြည့်တာမဟုတ်ဘူး။ အဲဒါက ဖွံ့ထွားတဲ့အရွယ်နေ အရွယ်ရောက်ပြီးသားအဖြစ်ကို အရှိန်မြှင့်စေတယ် အထူးသဖြင့်တော့ အရွယ်ရောက်ပြီးသား အံ့ဖွယ်သိုးဆိုရင်ပေါ့။ သူတို့က မှော်ဆေးပင်တွေကို စားပြီး ကြီးထွားလာတာဆိုတော့ သူတို့ရဲ့အသားက အရမ်းအရသာရှိပြီးတော့ စိတ်ဝိညာဉ်အားတွေလဲ အပြည့်ပဲ။ စိတ်တန်ခိုးရှိတဲ့သူတွေတောင် ကြိုက်တယ်´
Ling Xiao ပြောနေတဲ့ပုံက သူအရသာကို မြည်းစမ်းပြီးတော့ အရသာတွေ့သွားပုံမျိုး ပြောနေတာဖြစ်သည်။ ပြီးတော့ ဒါကလဲ  သူ့ရဲ့စိတ်ရင်းအမှန်ဖြစ်သည်
You XiaoMo နှုတ်ခမ်းစူသွားသည်။ သူ့သွင်ပြင်ကို တစ်ချက်ကြည့်တာနဲ့ သူအရင်က စားဖူးတာကို သိနိုင်သည်။ သို့သော် အဲဒါက တကယ်အရသာ ရှိလို့လား? Ling Xiao က ရှုထောင့် မျိုးစုံကနေ အရမ်းရွေးချယ်တာကို သူသိတာမို့ သူက ချီးမွမ်းရတယ်ဆို အဲဒါက အရမ်းကောင်းတယ်လို့ဖြစ်သည်။
သိုး(ငယ်)သား ဟော့ပေါ့တောင် စားတဲ့ ခေတ်သစ်လူတစ်ယောက်အနေနဲ့ သိုးသားစားခြင်းပေါ်မှာ စိတ်စနိုးစနှောင့် မဖြစ်ပေ။ ဒါပေမယ့် အကယ်လို့ သူ့ကို ၀ံပုလွေသား စားခိုင်းရင်တော့ လုံးဝကို မဖြစ်နိုင်။
'အစ်ကိုကြီးLing ကျွန်တော်ကြားဖူးတာကတော့ အံဖွယ်သိုးက ပျက်စီးခြင်းတောအုပ်ထဲမှာပဲ တွေ့နိုင်တာဆို။ ဒါပေမယ့် ပျက်စီးခြင်းတောအုပ်က TianXin ဂိုဏ်နဲ့ အရမ်းဝေးတယ်။ ကျွန်တော်တို့ အဲဒိကို သီးသန့်ခရီးစဉ်တစ်ခု လုပ်ရမယ် ထင်တယ်?´
You XioaMo  အဲဒါကို တွေးမိပြီး မေးလိုက်သည်။
'မလိုဘူး။ အချိန်တန်ရင် ကိုယ်တို့ သူတို့ကို အံ့ဖွယ်သိုးသားရောင်းမယ့် လေလံပွဲအကြောင်းစုံစမ်းခိုင်းလို့ရတယ်´ဟု Ling Xiao က ပြောသည်။
အံဖွယ်သိုး၏ တစ်ကိုယ်လုံးက အဖိုးတန်တာကြောင့် သိုင်းသမားအများအပြားက အဖွဲ့ဖွဲ့ကာ ပျက်စီးခြင်းတောအုပ်ထဲကို အံဖွယ်သိုးကို အမဲလိုက်ရန် ၀င်တတ်ကြသည်။ အနည်းငယ်စုံစမ်းလိုက်တာနဲ့ ဘယ်မှာရနိုင်မလဲဆိုတာ သိနိုင်သည်။
Ling Xiao က သူ့စကားကို တည်သောသူဖြစ်သည်။ ငါးရက်အကြာတွင် တောင်အောက်ဆင်းသွားတော့သည်။
သို့သော် သူတို့ရဲ့လှုပ်ရှားမှုတွေက အခြားသူများ၏စောင့်ကြည့်မှုအောက်ကိုရောက်နေတာကြောင့် အာရုံစိုက်မှုမခံရစေရန်အတွက် You XiaoMoကို အတူခေါ်မသွားပေ။
ရက်အနည်းငယ်အကြာတွင် သူကသတင်းကောင်းပါသော စကားကို ပို့လွှတ်လိုက်သည်။
Unicode
C-138 Miraculous sheep.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now