Chapter 88

10.3K 1.7K 11
                                    

C-88 Wishing the heavens would open.

အခန်း ၈၈

ဆရာနှင့် ထိုလူတစ်စုက သူ့ကို စိတ်ဓါတ်ကျအောင် လုပ်လိုက်သော်လည်း You XiaoMo ကတော့ မြန်မြန်ဆန်ဆန် မေ့ပျောက်သွားသည်။

သူ့ကိုယ်ပိုင်အခန်းလေးထဲ ပြန်ရောက်သွားသည်နှင့် သူက အရမ်း အလုပ်များသွားပြန်သည်။

အခြားသူများက ညဘက် သူ့ကို လာနှောင့်ယှက်ခဲသောကြောင့် You XiaoMo က နောက်တစ်နေ့ မနက် မိုးလင်းသည်အထိ စိတ်အေးလက်အေး နယ်မြေထဲတွင်သာ နေလေသည်။ ထို တိုတောင်းလှသော နာရီပိုင်းအတွင်းမှာ အရာအားလုံးကို အစီစဉ်တကျ ဖြစ်အောင် စိတ်အားထက်သန်စွာ ပြုလုပ်ပြီး တစ်ချိန်တည်းမှာပဲ နောက်တစ်ကြိမ် သူတောင်အောက် သွားချိန်တွင် ဝယ်ရန် လိုအပ်သော အရာများကို လက်ကျန်စစ်ဆေးရသည်။

အရေးအကြီးဆုံးကတော့ သူက ရေကန်လေးဘေးတွင် တဲလေး တစ်လုံး သူ့ဘာသာသူ ဆောက်ဖို့ ဆုံးဖြတ်လိုက်သည်။ အဲဒါကိုပါ ထဲ့သွင်းစဉ်းစားရင်တော့ သူဝယ်ရမည့် အရာတွေက အလွန်များပြားလွန်းလှသည်။ သူ့ကုန်ကျ စရိတ် တွေကတော့ ပေါင်းလိုက်လျှင် များလိမ့်မည်။ သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုအရဆိုလျှင် လုံလောက်ဖို့ရာက အဝေးကြီး ဖြစ်နေသည်။ ဒီတော့ သူက လေလံပွဲနှင့် ပတ်သတ်သော ကိစ္စကိုတော့ အချိန်နည်းနည်း ရွေ့ဖို့ လိုအပ်နေပြီ။

နယ်မြေမှာ နေရသည်က သူ့ကို အိမ်မှာ နေရသည့် ခံစားချက်မျိုး ပေးစွမ်းသည်။ ဒီမှာ ဆိုလျှင် သူ လုပ်ချင်တာကို ဘာကြီးပဲ ဖြစ်ဖြစ် ကြောက်လန့်နေစရာ မလိုပဲ ပွင့်ပွင့်လင်းလင်း လုပ်နိုင်သည်။ အခြားသူတွေ တွေ့သွားမှာ ပူစရာ မလို။ စိတ်ပူပန် သောက ရောက်ဖို့ မလို။ ပေါင်းပင်တွေကို စိုက်ပျိုးမြေအဖြစ် အများကြီး ချဲ့ထွင်ရန် ပြီးတော့ မှော်ဆေးပင်တွေကို နေ့တိုင်း မှော်ရေတွေ လောင်းနေရာတင် သူ ရင်တွေ နာလှနေရပေမယ့်လဲ ဒီလို နေထိုင်မှု အမျိုးအစားက အရမ်း နေလို့ ကောင်းသည်ဟု သူခံစားရသည်။

ကြံစည်နေဖို့ မလို။ အခြားသူတွေကို သတိထားနေဖို့ မလို။ နေ့စဉ်နေ့တိုင်း သူသုံးလို့ ရသော မှော်ဆေးပင်တွေက အလကား။ ဒါ အရမ်းမိုက်လှသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now