Chapter 174 Lucky Luo ShuHe ( Z & U)

9K 1.4K 19
                                    

C- 174 Lucky Luo ShuHe.

အခန်း ၁၇၄ ကံကောင်းသော Luo ShuHe

တိမ်စိမ်းမှော်ဆေးလုံးဆိုသည့်စကားလုံးများ ကြားသည်နှင့် You XiaoMoက လာနေသော သူက Luo ShuHe ဆိုတာ သံသယမရှိတော့ပေ။

သူ့စကားသံ၏လေသံကို ကြားရသည်နှင့် သူတို့က ကံကောင်းပြီးတော့ မိုးကြိုးခြောက်ကြိမ် ကောင်းကင်ငှက် နှင့် ဆက်နွယ်ပြီးပုံရသည်။ ပြီးတော့ သူနဲ့ ဆက်နွယ်လိုက်သူကလည်း Luo ShuHe ပဲဖြစ်လိမ့်မည်။ ကိုယ်ခံပညာရှင်များသည်လည်း မှော်ဝင်သားရဲများနှင့် ဆက်နွယ်နိုင်သည် သို့သော် သူတို့က မှော်ဆရာတစ်ယောက်၏ အကူအညီတော့ လိုအပ်သည်။

“ဂုဏ်ယူပါတယ် အစ်ကိုကြီး ဂုဏ်ယူပါတယ် အစ်ကိုကြီး အခုတော့ ကျွန်တော်တို့က ဂျူနီယာညီမလေးYun နဲ့ အဲဒိကိုးတောင်ပံညီညွတ်ခြင်းမြွှေ နဲ့ဆက်နွယ်ဖို့ပဲ ရှိတယ် ဒီတော့ အဲဒိအဓိပ္ပါယ်က Qing Cheng ဂိုဏ်းက ဧကရာဇ်အဆင့် တိုက်ခိုက်သူ သုံးယောက်တောင် ရှိတော့မယ်ဆိုတာပဲနော် အဲဒိအချိန်ကျရင်သာ နိမ့်ကျတဲ့ TianXinဂိုဏ်းက ကျွန်တော်တို့နဲ့ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး ကျွန်တော်တို့တွေ သူတို့တွေကို အမြစ်ဖြတ်လို့ ရပြီ”

“အာ့…ဒီလိုကိစ္စတွေက အရမ်းစောစောကြီး မပြောသင့်ဘူးလေ။ TianXinဂိုဏ်းကလည်း ငါ့တို့လို ကံကောင်းတာလဲ ဖြစ်နိုင်ပြီးတော့ အဆင့်ကိုးမှော်ဝင်သားရဲနှစ်ကောင်နဲ့ ရုတ်တရက် ဆက်နွယ်လိုက်နိုင်တာမျိုးလဲ ဖြစ်နိုင်တယ်”

Luo ShuHe ရယ်သံထွက်လာသည်။ သူ့စကားတွေထဲတွင် ခပ်ဖျော့ဖျော့ သတိပေးချက် ပါသော်လည်း အဲဒါကို သူဂရုမစိုက်ပဲနှင့် တကယ့်ကို အနည်းငယ်စိတ်လှုပ်ရှားနေကြောင်းလူတိုင်း ကြားနိုင်သည်။ သူ့ရင်ထဲမှာတော့ TianXin ဂိုဏ်းက ဂိုဏ်းသားတွေက သူတို့လိုတော့ ကံကောင်းဖို့ဆိုတာ ဖြစ်နိုင်ဖို့ မတွေးတာပဲ ဖြစ်သည်။

ထို လှောင်ပြောင်စကားဆိုသော ဂျူနီယာညီလေးက “ TianXinဂိုဏ်းက ဘာများကြီးကျယ်နေလို့လဲ ဒီလိုကံကောင်းတာမျိုးက လူတိုင်းရတာမှ မဟုတ်တာ။ ကျွန်တော်မြင်တာတော့ သူတို့တွေ အဆင့်ရှစ်မှော်ဝင်သားရဲတစ်ကောင်နဲ့ ဆက်နွယ်တာတောင် ကံကောင်းနေပြီ”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now