Chapter 158 Exchange and transfer ( Z & U)

9.6K 1.4K 12
                                    

C-158 Exchange and transfer.
အခန္း ၁၅၈  အလဲအလွယ္ႏွင့္  ေျပာင္းေရႊ႕ျခင္း
You XiaoMo ေခါင္းေလးလွည့္ၾကည့္ေတာ့ Tang Fan ႏွင့္ Luo ChengYuan တို႕ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္အျပင္ဘက္ကို အတူတကြ ထြက္လာတာကို ျမင္လိုက္သည္။
သူတို႕ ထြက္လာသည္ႏွင့္ ၾကည့္ေနသူမ်ားက သူတို႕နားကို ခ်က္ခ်င္း၀ိုင္းအံုလာၾကကာ အခ်ိဳ႕ကေတာ့ အေ၀းကေန လည္တဆန္႕ဆန္႕ႏွင့္ အကာအကြယ္အေပါက္က တည္ျငိမ္သြားျပီလားဆိုတာ သိခ်င္ေနၾကသည္။ သုခဘံုနယ္ေျမႏွင့္ ပတ္သတ္သမွ်အကုန္လံုးကို လူတိုင္းက စိတ္၀င္စားၾကသည္။
စကားေျပာသူကေတာ့ Tang Fan ျဖစ္သည္။ သူက လူတိုင္း ျငိမ္သက္သြားေစရန္ ဟန္ျပလုိက္သည္။
Luo ChengYuan ကေတာ့ သူ႕မ်က္ႏွာက သဘာ၀မက်စြာပဲ ေဖ်ာ့ေတာ့လို႕ေနသည္။ အထဲမွာ ကိစၥနည္းနည္းၾကံဳလာလို႕ ပဲလား အရင္ထဲက ဒါဏ္ရာ ရထားလို႕ပဲလားေတာ့ မေသခ်ာလွေခ်။ ေဘးမွာ ရပ္ေနေသာ Luo ShuHe က သူ႕ကိုကူညီရန္ အနားကို အျမန္သြားလုိက္သည္။ သုိ႕ေသာ္ လူတိုင္း၏ အာရံုက Tang Fan ဆီမွာ ျဖစ္သျဖင့္ လူအနည္းငယ္သာ သူတို႕ရဲ႕လႈပ္ရွားမႈမ်ားကို သတိျပဳမိၾကသည္။
Tang Fan ကေတာ့ Luo ChengYuan ၏ ေနာက္ေက်ာကို ေလးနက္ေသာအမူအယာနဲ႕ တစ္ေစ႕တစ္ေစာင္း ျဖတ္ခနဲ ၾကည့္လုိသည္။ အျခားသူေတြကေတာ့ မသိေပမယ့္ သူကေတာ့ ေန႕အခ်ိန္လို ထင္ထင္ရွားရွားၾကီး သိသည္။ သုိ႕ေသာ္ ဒီအခ်ိန္က သူ႕လက္ထဲက ကတ္ကို ခံုေပၚတင္ရမည့္ အခ်ိန္မွန္ မဟုတ္ေသးေပ။
“အားလံုးပဲ တိတ္ေပးပ္။ အကာအကြယ္ကေတာ့ တည္ျငိမ္သြားျပီး ဒါေပမယ့္ တစ္ၾကိမ္ကုိ လူဆယ္ေယာက္ပဲ ကူးေျပာင္း လို႕ရမယ္။ အခု ကိုယ့္ရဲ႕အသက္ကယ္ ေက်ာက္တံုးကို ကိုယ္ထုတ္ျပီးေတာ့ က်ဳပ္နဲ႕ ဂုိဏ္းခ်ဳပ္Luo တို႕ေနာက္ကေန နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ထဲ လုိက္ခဲ့ၾက။ အနီးအနားမွာ ျပႆနာ မရွာၾကဖို႕ သတိေပးခ်င္တယ္ မဟုတ္ရင္ ကိုယ့္လုပ္တဲ့အက်ိဳးဆက္ ကို္ယ္ပဲ ခံစားရလိမ့္မယ္ ”
သူေျပာလိုက္သည္ႏွင့္ အင္အားစုအခ်ိဳ႕က အဖြဲ႕ေလးေတြ စတင္ဖြဲ႕စည္းေနကာ ဆယ္ေယာက္ကို အသက္ကယ္ေက်ာက္ တံုးတစ္တံုး ႏွင့္ ျဖစ္သည္။
အသက္ကယ္ေက်ာက္တံုးဆိုတာက အျဖဴေရာင္ သလင္းေက်ာက္ႏွင့္ ျပဳလုပ္ထားေသာ ေက်ာက္တံုးအမ်ိဳးအစားတစ္ခုျဖစ္ သည္။ ထို ေက်ာက္တံုးအမ်ိဳးအစားမွာ ေက်ာက္တံုး၏ အရြယ္အစားကို လုိက္ျပီး အကာအကြယ္အ၀န္းတစ္ခုကို ဖြဲ႕စည္းႏိုင္သည္။ အဆိပ္ေငြ႕မ်ားကို တြန္းလွန္ရတာ သံုးႏိုင္သည္။ ရွားပါးေသာ အရာမဟုတ္ေသာ္လည္း တစ္ခါသာ အသံုးျပဳႏိုင္ကာ လက္သီးဆုပ္အရြယ္သာ ရွိေလ့ရွိသျဖင့္ နာရီ၀က္ေလာက္သာ ခံႏိုင္သည္။ အဲဒါေၾကာင့္မို႕လို႕ ေသခ်ာေပါက္ ေစ်း မေပါေပ။
You XiaoMo မွာ အသက္ကယ္ေက်ာက္တံုး မရွိ သို႕ေသာ္ Ling Xiao တြင္ ရွိသည္။
Ling Xiao က ဟိုးအေစာပုိင္းထဲက ေမးျမန္းထားျပီးျဖစ္ေသာ္လည္း သူ႕ရဲ႕ အသက္ကယ္ေက်ာက္တံုးက Tang Fan ေပးထားတာ ျဖစ္သည္။ အေစာပုိင္းကာလ ထဲက ေပးထားတာ ျဖစ္သည္။
ေျမကမၻာေတာင္ထြက္က လူေတြက ရွစ္ေယာက္သာ ရွိသည္။ အကယ္လို႕ သူတို႕သာ You XioaMo ႏွင့္Ling Xiao ကို ထပ္ထည့္လုိက္လွ်င္ ေကာင္းသြားမွာ ျဖစ္သည္။ သို႕ေသာ္ Kong Wen က You XiaoMo ကို လွမ္းမေခၚေပ။ အဲဒိအစား Fang ChenLeႏွင့္ အျခားသူေတြကို ေခၚကာ သူနဲ႕အတူ အသက္ကယ္ေက်ာက္တံုးကို ယူျပီး Tang Fanတို႕ အဖြဲ႕ေနာက္ ကို လိုက္ကာ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ထဲ ၀င္သြားသည္။
You XiaoMoကလည္း Kong Wen သူကို ထည့္သြင္းစဥ္းစားဖို႕ မေမွွ်ာ္လင့္ထား။
သူတို႕ ထြက္သြားသည္ႏွင့္ Ling Xiao က သူ႕ပခံုးကို ၀င္တိုက္ကာ ေက်နပ္ပီတိျပံဳးႏွင့္
“ညီငယ္ေလး သြားၾကတာေပါ့.”
သူ႕လက္တစ္ဖက္က အသက္ကယ္ေက်ာက္တံုးကို ကုိင္ထားေသးသည္။
သူ႕လက္ထဲက အသက္ကယ္ေက်ာက္တံုးက မေသးေပ။ အနည္းဆံုး တစ္နာရီေလာက္ ခံသည္။ အဲဒိအခ်ိန္တုန္းက Tang Fan သူ႕အတြက္ ေသခ်ာ ေရြးေပးထားတာ ျဖစ္သည္။ အကယ္လုိ႕ Tang Fan သာ ဒီလုိေတြ ျဖစ္သြားမယ္ဆိုတာ သိလွ်င္ သူ႕ကို ဒီေလာက္ၾကီးေသာ အသက္ကယ္ေက်ာက္တံုးေပးလိမ့္မွာ မဟုတ္ေပ။
အဲဒါကို လူသားက အဆိုတင္သြင္းျပီး နတ္ဘုရားက ပယ္ခ်သည္ဟု ဆိုရမည္။
လူႏွစ္ေယာက္တည္းက ဒီေလာက္ ၾကီးမားေသာ အသက္ကယ္ေက်ာက္တံုးကို အသံုးျပဳတာက အလြန္ ျဖဳန္းတီးရာ က်သည္။ ျပီးေတာ့ အဲဒါက လူေတာ္မ်ားမ်ား၏ အာရံုကိုလည္း ဆြဲေဆာင္ေနေသးသည္။
အဲဒိမွာ သီးျခားရပ္တည္ေသာ က်င့္ၾကံသူဆယ္ေယာက္ရွိသည္ သို႕ေသာ္ သူတို႕သံုးေနေသာအသက္ကယ္ ေက်ာက္တံုးမွာ Ling Xiao လက္ထဲကရဲ႕ တစ္၀က္ေလာက္သာ ရွိသည္။ နာရီ၀က္ေတာင္ မခံႏုိ္င္ေပ။ ျပီးေတာ့ သူတို႕က အစကေန အဆံုးအထိ အားစိုက္ထုတ္မႈ အမ်ားၾကီး မထဲ့ထားသျဖင့္ ေနာက္ဆံုးအသုတ္မွ ၀င္ရဖုိ႕မ်ားသည္။
တိုက္ဆိုင္စြာပင္ သူတို႕က Ling Xiao ႏွင့္ You XiaoMo တို႕ေဘးမွာ ေလွ်ာက္လာၾကသည္။ သူတို႕က ႏွစ္ေယာက္တည္း ႏွင့္ ေက်ာက္တံုးတစ္တံုးတည္း သံုးတာေတြ႕ေတာ့ မနာလို ၀န္တိုမႈေတြ အဆံုးမရွိ ျဖစ္သြားၾကသည္။
You XiaoMo က အနီးအနားကို ေ၀႔၀ိုက္ၾကီးေတာ့ သူတို႕ ျဖစ္ေနတာကို ျမင္လုိက္သည္။ ေယာက္်ားရင့္မာၾကီး ဆယ္ေယာက္ က ေက်ာက္တံုးတစ္တံုးနားမွာ ျပံဳ႕တိုးေနကာ သူတို႕ထဲက အခ်ိဳ႕က သူ႕ကို မေက်မခ်မ္းႏွင့္ ၾကည့္ေနေသး တာမို႕ ရုတ္တရက္ၾကီး ရွက္သြားေလသည္။
Ling Xiao က ဒီျမင္ကြင္းကို ျမင္လုိက္သည္ႏွင့္ ႏႈတ္ခမ္းစြန္းေတြ ေကြးတက္ကာ လြတ္လပ္ေသာက်င့္ၾကံသူအဖြဲ႕က အသက္ကယ္ေက်ာက္တံုးကိုင္ထားသူကို “ သုခဘံုနယ္ေျမအထဲက အေျခအေန အေၾကာင္းေျပာျပမယ္ဆိုရင္ အသက္ကယ္ေက်ာက္တံုးခ်င္းလဲေပးလို႕ရတယ္ ဘယ္လုိလဲ?”
သူေျပာလို႕ ျပီးတာနဲ႕ အဆုိပါ လူက သူဒီလုိစကား ေျပာလာတာကုိ အံအားသင့္သြားပံုႏွင့္ အျခားသူေတြႏွင့္ အၾကည့္ေတြ ဖလွယ္လိုက္သည္။
You XiaoMo ကလည္း အလြန္အံအားသင့္သြားကာ ေခါင္းကိုေမာ့ျပီးေတာ့ေတာင္ Ling Xiao ကို အံ့ၾသတၾကီး ၾကည့္လိုက္သည္။ သူ႕ေဘးက လူက သူ႕ကို ေခါင္းငံုၾကည့္ကာ မ်က္စိတစ္ဖက္ မွိတ္ျပလုိက္သည္။
အေၾကာင္းျပခ်က္မရွိ ဆီေလ်ာ္မႈမရွိပဲ ေစတနာထားတာသည္ ဖံုးကြယ္ထားေသာ လႈပ္ရွားမႈ ရွိလို႕ပဲလုိ႕ ဆိုေပမယ့္ Ling Xiao က အတိအလင္း ရွင္းျပလုိက္သည္။ သူတို႕ ဒီကုိလာလုိလွ်င္ သူတုိ႕ သတင္းအခ်က္အလက္ ေပးရမွာ ျဖစ္သည္။ ထိုအခ်က္ သူတို႕၏ ရင္ထဲက သံသယကို တစ္၀က္ေလ်ာ့ပါးေစသည္။ ျပီးေတာ့ Ling Xiao က TianXin ဂိုဏ္းက လူတစ္ေယာက္ျဖစ္သည္။ သူကေတာ့ အျခားသူေတြအမ်ားၾကီး ေရွ႕မွာ မလွည့္စားေလာက္ပါဘူး။
ဒီလုိေတြးလုိက္သည္ႏွင့္ ထိုလူက အျခားသူေတြႏွင့္ သေဘာတူညီခ်က္ ယူကာ Ling Xiao ႏွင့္ အသက္ကယ္ ေက်ာက္တံုးခ်င္း လဲလွယ္လုိက္သည္။ အသက္ကယ္ေက်ာက္တံုးကုိ ကိုင္ထားရင္း ထို လြတ္လပ္ေသာ က်င့္ၾကံသူ က အထဲက ၾကီးမားေသာ စြမး္အင္ကို ခံစားလိုုက္ရသည္။ အခုေတာ့ အသက္ကယ္ေက်ာက္တံုးက အင္အား မလံုေလာက္မွာကို သူတို႕ ေတြးပူေနစရာ မလုိေတာ့ေပ။
သူတို႕ထဲက အခ်ိဳ႕က စိတ္၀ိဥာဏ္အဆင့္ျဖစ္ေနေပမယ့္ သူတို႕ေတြက စြမး္အင္ကုန္ဆံုးသြားခ်ိန္တြင္ အဆိပ္မိမွာမွာ မပူပန္ေတာ့ေပ။ အဲဒါက သူတို႕၏ ၾကံခိုင္မႈကို သက္ေရာက္ကာ သူတို႕ေတြ သုခဘံုနယ္ေျမထဲ ၀င္လွ်င္ ပိုျပီး အႏၱရာယ္မ်ားေစသည္။ ထုိ႕ေၾကာင့္ သူတုိ႕က အသက္ကယ္ေက်ာက္တံုး တစ္ပိုင္းတစ္စနဲ႕ သတင္းအခ်က္အလက္အခ်ိဳ႕ကို စိတ္ပါလက္ပါ လဲလွယ္ခ်င္တာျဖစ္သည္။
ထုိ လြတ္လပ္ေသာ က်င့္ၾကံသူက သူ႕မွာ ရွိေသာ အခ်က္အလက္မ်ားကို စဥ္ခ်လုိက္သည္။ အခ်ိဳ႕က အျခားသူေတြဆီက ကိုယ္ပိုင္အေတြ႕အၾကံဳေတြ ျဖစ္သည္ အခ်ိဳ႕ကေတာ့ လုိက္လံေမးျမန္းထားေသာ အခ်က္မ်ားျဖစ္သည္။ အားလံုးကို ေပါင္းလုိက္ျပီးေနာက္ Ling Xiao က အသံုး၀င္ေသာ အခ်က္အေတာ္မ်ားမ်ားကုိ ရလုိက္သည္။
You XiaoMo က အဲလို ျဖစ္မည္ဟု မေမွ်ာ္လင့္ထားေပ။ သူ႕ကိုယ္သူ Ling Xiao ကို ေလးစားျခင္းေတြနဲ႕ ၀ပ္ဆင္းသြားသည္ဟု ခံစားရသည္။ Ling Xiao ၾကည့္ေသာ သူ႕အၾကည့္ေတြက ကို ၾကည္ညိဳေလးစားျခင္းေတြနဲ႕ ေတာက္ပေနသည္။
အလြန္ လ်င္ျမန္စြာပဲ သူတုိ႕က အကာအကြယ္ က်ိဳးေပါက္ေသာ ေနရာကို ေရာက္လာသည္။
အဲဒါက ေမွာင္မိုက္ေနသာ လွ်ိဳေျမာင္တစ္ခုတည္းတြင္ တည္ရွိသည္။ ထို လွ်ိဳေျမာင္မွာ အႏၱရယ္အေငြ႕အသက္မ်ား သိပ္သည္းစြာ ျပည့္ႏွက္ေနသည္။ နိမ့္က်ေသာ က်င့္ၾကံသူမ်ားအေနနဲ႕ မတုန္လႈပ္ပဲ မေနေပ။ မိုးထိေအာင္ ဆိုးယုတ္ေသာ စပါးအံုးေျမြမ်ားစြာ၏ ပံုရိပ္က သူတို႕၏ သတိရွိစြာ ႏိုးၾကားေနေသာ စိတ္၀ိဥာဏ္အားအင္မ်ားက သစ္ေတာထဲမွာ ၀ိုင္းပတ္ေနတာကို ျမင္ႏို္င္သည္။ အဲဒိကုိ ျမင္တာနဲက အခ်ဳိ႕လူမ်ားမွာ ရင္ထဲကေနကို ေမႊေနသလုိ ခံစားရသည္။ အဲဒါက အဆင့္ကိုးေမွာ္၀င္သားရဲလုိ႕ ေခၚသည္။ ဘယ္ေလာက္ပဲ ေသြးေဆာင္ေနပါေစ ဘယ္သူမွ သြားမဖမ္းရဲေပ။
အကာအကြယ္က လွ်ိဳေျမာက္အ၀င္၀၏ အေပၚတြင္ ရွိသည္။ ေသးငယ္ေသာ ေရႊ႕ေျပာင္းေရးပံုစံကို သလင္းေက်ာက္မ်ားအသံုးျပဳကာ ေအာက္တြင္ ေဖာ္ထားသည္။ ထို ေရႊ႕ေျပာငး္ေရးပံုစံငယ္မွာ Tang Fan ႏွင့္ Luo ChengYuan တို႕ ေပါင္းျပီး ခ်ထားတာျဖစ္သည္။ လူအေယာက္ ငါးဆယ္ဆန္႕ေသာ ေရႊ႕ေျပာင္းေရး ပံုစံကို ခ်ခင္းရန္ အခ်ိန္မလံုေလာက္သျဖင့္ သူတို႕က အလြယ္တကူ ပံုစံေသးေလးတစ္ခုသာ ခင္းက်င္းထားတာျဖစ္သည္။
အတြင္းတြင္ ေရႊ႕ေျပာင္းျခင္း ဖြဲ႕စည္းပံုမ်ားကိုေရးဆြဲထားျပီး လူဆယ္ေယာက္သာ ထိန္းထားႏုိင္ေသာ ဧရိယာျဖစ္သည္။ လက္သီးဆုပ္အရြယ္ စြမ္းအင္ေက်ာက္တံုးငါးတံုး ကို ပံုစံပတ္လည္တြင္ ထားရမည့္ ေနရာမ်ားတြင္ ထား ထားသည္။
Tang Fan က ေရႊ႕ေျပာင္းေရးပံုစံေရွ႕တြင္ မတ္တပ္ရပ္ေနသည္။ အနားကို လွည့္ပတ္ၾကည့္ကာ ေလးနက္ေသာ ေလသံႏွင့္ လူတိုင္းကို ဆိုသည္
“ ေရႊ႕ေျပာင္းျခင္း မစတင္ခင္မွာ ရွင္းရွင္းလင္းလင္း ေျပာထားခ်င္တာ ရွိတယ္။ သုခဘံုနယ္ေျမရဲ႕ အကာအကြယ္က အလြန္ဆံုး တစ္လသာ ပြင့္တာ ျဖစ္တယ္။ တစ္လၾကာရင္ သူ႕ဘာသာ သူ ပိတ္သြားမွာ။ အထဲမွာ အျမဲတမ္း မေနခ်င္ဘူးဆိုရင္ တစ္လအတြင္းမွာ ေရႊ႕ေျပာင္းေရးေနရာ ကို ေရာက္ေအာင္ျပန္လာရမယ္။ ကဲ အခု က်ဳပ္တို႕ စျပီး ပို႕ေဆာင္ေတာ့မယ္”
Tang Fan က မေျပာလွ်င္ေတာင္ လူတိုင္းက သိျပီးသားျဖစ္သည္။ ဒါက လုပ္ရိုးလုပ္စဥ္ကိစၥတစ္ခုသာ ျဖစ္ျပီး ဘာမွ မပိုေပ။
ၾကိဳးပမ္းအားထုတ္ထားရတာက Tang Fan ႏွင့္ Luo ChengYuan ျဖစ္တာေၾကာင့္ အရင္ ကူးေျပာင္းပို႕ေဆာင္ခံရတာ ကလည္း ထို ဂုိဏ္းႏွစ္ခုမွ ဂိုဏ္းသားမ်ားသာ ျဖစ္ၾကသည္။ ပထမ အသုတ္အေနနဲ႕ TianXinဂိုဏ္းႏွင့္ QingChengဂိုဏ္းက ငါးေယာက္စီ ျဖစ္သည္။
လူတို္င္းထင္တာက Tang Fan က Ling Xiao ကို ပထမဆံုး ပို႕လိမ့္မည္ဟု ထင္ေပမယ္ သူက ေခၚလိုက္ေတာ့Xiao Long ၏ တပည့္ Lei Ju ႏွင့္ အျခားႏွစ္ေယာက္ကုိ Tang YunQi ႏွင့္ အျခားေမွာ္ဆရာ တစ္ေယာက္တြဲကာ ေခၚလုိက္သည္။ ေမွာ္ဆရာမ်ားတြင္ တိုက္ခို္က္ျခင္းစြမ္းရည္ မရွိသျဖင့္ သူတို႕ေတြက သိုင္းသမားမ်ားႏွင့္ တြဲကို သြားရမွာ ျဖစ္သည္။
လိမၼာပါးနပ္ေသာ လူအနည္းငယ္က ထုိ ျမင္ကြင္းကို ျမင္ေတာ့ သူ႕တို႕ မ်က္လံုးထဲမွာ အံၾသေသာ အရိပ္အေယာင္ေတြ ျဖတ္ခနဲ ေပၚလာကာ တစ္ခုခုကို သေဘာေပါက္သြားသလို ရွိၾကသည္။
Qing Cheng ဂိုဏ္းဘက္ကေတာ့ အံ့ၾသစရာ မရွိ Luo ShuHeက ဦးေဆာင္ေလသည္။ သူႏွင့္အတူ ေမွာ္ဆရာငယ္ေလး ႏွစ္ေယာက္ပါ ပါသည္။ သူကအဖြဲ႕ထဲတြင္ ပါ၀င္ရန္အတြက္က သူတို႕ေတြက ပါရမီ ရွိတဲ႕ ေမွာ္ဆရာေတြပဲ ျဖစ္လိမ့္မည္။
အရင္ဦးဆံုး သြားေသာသူမ်ားက ဟိုမွာ ေစာင့္ေနမလား ရတနာေတြ သြားရွာ မလား ေရြးႏိုင္သည္။ သုိ႕ေသာ္  ဂိုဏ္းတူေသာ သူမ်ားကေတာ့ ပထမသြားသူေတြက အံံံံ့ၾသဖြယ္ရာ ရတနာမ်ားကို အရင္ ရွာေတြ႕ႏုိ္င္တာေၾကာင့္ အရင္သြားႏွင့္တာကို ေရြးေလ့ရွိသည္။ အဲဒါက အလြန္ေကာင္းေသာ အခြင့္အေရးျဖစ္ကာ ပထမဆံုး ကူးေျပာင္းျခင္းခံရသူ က ျဖံဳေလာက္ေအာင္ သန္မာသူမ်ားျဖစ္ေလ႕ရွိသည္။
Lei Ju၏ ခြန္အားက လက္ခံႏုိ္င္ေခ်ရွိေသာ္လည္း Ling Xiao ႏွင့္ ယွဥ္လွ်င္ေတာ့ အနည္းငယ္ နိမ့္က်ေနေသးသည္။ လူအမ်ားစုကလည္း Ling Xiao ျဖစ္မယ္ပဲ ထင္ထားတာ ျဖစ္သည္။
Tang YunQiကလည္း ထိုနည္းအတိုိင္း ေတြးထားတာ ျဖစ္သည္။ သူ႕အေဖက တစ္ကယ္ၾကီး အစ္ကိုXiao ကို မေခၚတာကို ၾကားေသာ အခါမွာေတာ့ သူ(မ)ရဲ႕ လွပတဲ့ မ်က္လံုးေလးက ျပဴးထြက္လာေတာ့သည္။ သူ႕အေဖက လက္မခံမွာကိုလဲ သိေနေတာ့ အံကို ၾကိတ္ကာ အဆံုးထိ ဘာမွ မေျပာပဲသာ ေနလုိက္ေတာ့သည္။
Lei Juက ေရြ႕ေျပာင္းေရးပံုစံငယ္ထဲမွာ ရပ္ေနရင္း ကေန Ling Xiao ကို ၀င့္ၾကြားစြာၾကည့္လို္က္သည္။ သူ႕မ်က္လံုးေတြက မခံခ်င္ေအာင္ စေနသည့္ဟန္ အျပည့္ျဖစ္သည္။
မည္သို႕ပင္ဆိုေစကာမူ Ling Xiao ကေတာ့ သူတုိ႕ကို ၾကည့္မေနေပ။ သူ႕ေခါင္းကို တိမ္းကာ လြတ္လပ္ေသာ က်င့္ၾကံသူအခ်ိဳ႕ႏွင့္ စကားေကာင္းေနသည္။ သူ႕ပထမအဖြဲ႕ထဲမွာ မပါလို႕လဲ စိတ္ပ်က္သြားပံု နည္းနညး္ေလးေတာင္ မျပပဲ သူ႕ကို ဘယ္ေတာ့ပို႕ပို႕ ကိစၥမရွိေပၚ ေပၚေနသည္။
Lei Ju ေဒါသပံုေတြ ထကာ သူကမ်က္လံုးထဲမွာ ေပါက္ကြဲေတာ့ မလုိုျဖစ္ေနသည္။ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ တစ္ေန႕ေန႕ေတာ့ သူကသာ TianXin ဂိုဏ္းမွာ အထူးခြ်န္ဆံုး ဂိုဏ္းသားတစ္ေယာက္ျဖစ္ေၾကာင္းကို ျပရင္းနဲ႕ Lin Xiao ကို သူအ၇ွက္ခြဲမယ္လို႕ကို  သူ႕ႏွလံုးသားထဲကေနကို က်န္ဆိုေနသည္။
Tang Fan ႏွင့္ Luo ChengYuan က ေရႊ႕ေျပာင္းေရးပံုစံကို အသက္သြင္းလုိက္သည္။ အလြန္လ်င္ျမန္စြာပဲ Lei Ju ၊ Luo ShuHe ႏွင့္ က်န္တဲ႕သူေတြ ကို ပို႕ျပီး ျဖစ္သြားသည္။
ဒုတိယအသုတ္မွာေတာ့ Ling Xiao ၏ အလွည့္ က်ေရာက္လာျပီျဖစ္သည္။ Tang Fan က Ling Xiao၏ နာမည္ေခၚခ်ိန္မွာ သိပ္မေကာင္းလွတာ ေပၚလြင္လွသည္။ ျပီးေတာ့ သူက You XiaoMo ၏ နာမည္ကို မေခၚေပ။
Ling Xiao ကေတာ့ မအံ့ၾသပါ။ သူက သူနဲ႕အတူ You XiaoMo ကိုပါ ဆြဲေခၚသြားသည္။
“ဆရာ ညီငယ္ေလးကို ကၽြန္ေတာ္နဲ႕အတူ ေခၚခြင့္ေပးပါ။ ျပီးေတာ့ ကၽြန္ေတာ္ကသူ႕ကို ေခၚလာတဲ့သူဆိုေတာ့ ဦးေလးKong ကလည္း သူ႕ရဲ႕ လံုျခံဳေရးက ကၽြန္ေတာ့တာ၀န္လို႕ ေျပာထားလို႕”
Ling Xiao က Tang Fan က ေရွ႕မွာ မတ္တပ္ရပ္ရင္း အားရပါးရျပံဳးကာ Tang Fan သေဘာမတူမွာကုိ နည္းနည္းေလးေတာင္ မပူပန္သည့္အလား ေျပာလုိက္သည္ ။
Tang Fan က မ်က္လံုးေလး အနည္းငယ္ေမွးကာ ဘာမွန္းကုိ မေျပာႏို္င္ေသာ အၾကည့္နဲ႕ သူတို႕ကို ၾကည့္လိုက္သည္။ သူက ေပါ့ေပါ့ပါးပါးပဲ  “ မင္းရဲ႕ ဦးေလးKongရဲ႕စကားက အဲလုိဆိုေတာ့ လဲ သြားေပါ့”
“ေက်းဇူးတင္ပါတယ္ ဆရာ”
Ling Xiao က သူ႕ရဲ႕ သေဘာမေတြ႕တဲ႕အမူအယာကို ေမ့သြားဟန္ေပၚသည္။ သူက ေခါင္းညိမ့္ကာ အေျဖေပးျပီးေတာ့ You XaioMo ကို သူနဲ႕အတူ ေရႊ႕ေျပာင္းေရးပံုစံထဲကို ေခၚသြားလုိက္သည္။
ေရႊ႕ေျပာင္းေနစဥ္မွာ You XiaoMoက Kong Wen ရဲ႕ မည္းေမွာင္ေနေသာ အမူအယာကို လွမ္းျမင္လုိက္သည္။
Ling Xiao၏ ဆင္ေျခေပးျခင္းလဲ ခံလုိက္ရေတာ့ ဒီဆရာက ပိုျပီးေတာင္ မၾကည္မသာ ျဖစ္ေတာ့မွာေပါ့။
သို႕ေသာ္ သူသာ အဲလို မေျပာလွ်င္လည္း Tang Fan က အသာတၾကည့္ ခြင့္ေပးမွာ မဟုတ္ေပ။ သူက ေဒါသထြက္ျပီးေတာင္ အထဲ၀င္ဖို႕ ဟန္႕တားေလလိမ့္ဦးမည္။ ဒီလုိ အရာမ်ိဳးက အရင္က မျဖစ္ဖူးတာလဲ မဟုတ္ေပ။ သူ အစ္ကိုYang Yi ေျပာတာ ၾကားဖူးသည္။ ဟိုးအရင္တုန္းက ျဖစ္ပ်က္ခဲ့ဖူးတာျဖစ္သည္။
အျဖဴေရာင္ အလင္းတန္းက ျဖတ္ခနဲ ထြက္လာကာ ေရႊ႕ေျပာင္းခံရေသာ လူမ်ား ခ်က္ခ်င္း ေပ်ာက္သြားသည္။ သူတုိ႕ေခါင္းေပၚက အကာအကြယ္က တစ္ၾကိမ္ ထပ္မံ လႈပ္ရွားသြားသည္။
Unicode
C-158 Exchange and transfer.
အခန်း ၁၅၈  အလဲအလှယ်နှင့်  ပြောင်းရွှေ့ခြင်း
You XiaoMo ခေါင်းလေးလှည့်ကြည့်တော့ Tang Fan နှင့် Luo ChengYuan တို့ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အပြင်ဘက်ကို အတူတကွ ထွက်လာတာကို မြင်လိုက်သည်။
သူတို့ ထွက်လာသည်နှင့် ကြည့်နေသူများက သူတို့နားကို ချက်ချင်းဝိုင်းအုံလာကြကာ အချို့ကတော့ အဝေးကနေ လည်တဆန့်ဆန့်နှင့် အကာအကွယ်အပေါက်က တည်ငြိမ်သွားပြီလားဆိုတာ သိချင်နေကြသည်။ သုခဘုံနယ်မြေနှင့် ပတ်သတ်သမျှအကုန်လုံးကို လူတိုင်းက စိတ်ဝင်စားကြသည်။
စကားပြောသူကတော့ Tang Fan ဖြစ်သည်။ သူက လူတိုင်း ငြိမ်သက်သွားစေရန် ဟန်ပြလိုက်သည်။
Luo ChengYuan ကတော့ သူ့မျက်နှာက သဘာဝမကျစွာပဲ ဖျော့တော့လို့နေသည်။ အထဲမှာ ကိစ္စနည်းနည်းကြုံလာလို့ ပဲလား အရင်ထဲက ဒါဏ်ရာ ရထားလို့ပဲလားတော့ မသေချာလှချေ။ ဘေးမှာ ရပ်နေသော Luo ShuHe က သူ့ကိုကူညီရန် အနားကို အမြန်သွားလိုက်သည်။ သို့သော် လူတိုင်း၏ အာရုံက Tang Fan ဆီမှာ ဖြစ်သဖြင့် လူအနည်းငယ်သာ သူတို့ရဲ့လှုပ်ရှားမှုများကို သတိပြုမိကြသည်။
Tang Fan ကတော့ Luo ChengYuan ၏ နောက်ကျောကို လေးနက်သောအမူအယာနဲ့ တစ်စေ့တစ်စောင်း ဖြတ်ခနဲ ကြည့်လိုသည်။ အခြားသူတွေကတော့ မသိပေမယ့် သူကတော့ နေ့အချိန်လို ထင်ထင်ရှားရှားကြီး သိသည်။ သို့သော် ဒီအချိန်က သူ့လက်ထဲက ကတ်ကို ခုံပေါ်တင်ရမည့် အချိန်မှန် မဟုတ်သေးပေ။
“အားလုံးပဲ တိတ်ပေးပ်။ အကာအကွယ်ကတော့ တည်ငြိမ်သွားပြီး ဒါပေမယ့် တစ်ကြိမ်ကို လူဆယ်ယောက်ပဲ ကူးပြောင်း လို့ရမယ်။ အခု ကိုယ့်ရဲ့အသက်ကယ် ကျောက်တုံးကို ကိုယ်ထုတ်ပြီးတော့ ကျုပ်နဲ့ ဂိုဏ်းချုပ်Luo တို့နောက်ကနေ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ထဲ လိုက်ခဲ့ကြ။ အနီးအနားမှာ ပြဿနာ မရှာကြဖို့ သတိပေးချင်တယ် မဟုတ်ရင် ကိုယ့်လုပ်တဲ့အကျိုးဆက် ကိုယ်ပဲ ခံစားရလိမ့်မယ် ”
သူပြောလိုက်သည်နှင့် အင်အားစုအချို့က အဖွဲ့လေးတွေ စတင်ဖွဲ့စည်းနေကာ ဆယ်ယောက်ကို အသက်ကယ်ကျောက် တုံးတစ်တုံး နှင့် ဖြစ်သည်။
အသက်ကယ်ကျောက်တုံးဆိုတာက အဖြူရောင် သလင်းကျောက်နှင့် ပြုလုပ်ထားသော ကျောက်တုံးအမျိုးအစားတစ်ခုဖြစ် သည်။ ထို ကျောက်တုံးအမျိုးအစားမှာ ကျောက်တုံး၏ အရွယ်အစားကို လိုက်ပြီး အကာအကွယ်အ၀န်းတစ်ခုကို ဖွဲ့စည်းနိုင်သည်။ အဆိပ်ငွေ့များကို တွန်းလှန်ရတာ သုံးနိုင်သည်။ ရှားပါးသော အရာမဟုတ်သော်လည်း တစ်ခါသာ အသုံးပြုနိုင်ကာ လက်သီးဆုပ်အရွယ်သာ ရှိလေ့ရှိသဖြင့် နာရီဝက်လောက်သာ ခံနိုင်သည်။ အဲဒါကြောင့်မို့လို့ သေချာပေါက် ဈေး မပေါပေ။
You XiaoMo မှာ အသက်ကယ်ကျောက်တုံး မရှိ သို့သော် Ling Xiao တွင် ရှိသည်။
Ling Xiao က ဟိုးအစောပိုင်းထဲက မေးမြန်းထားပြီးဖြစ်သော်လည်း သူ့ရဲ့ အသက်ကယ်ကျောက်တုံးက Tang Fan ပေးထားတာ ဖြစ်သည်။ အစောပိုင်းကာလ ထဲက ပေးထားတာ ဖြစ်သည်။
မြေကမ္ဘာတောင်ထွက်က လူတွေက ရှစ်ယောက်သာ ရှိသည်။ အကယ်လို့ သူတို့သာ You XioaMo နှင့်Ling Xiao ကို ထပ်ထည့်လိုက်လျှင် ကောင်းသွားမှာ ဖြစ်သည်။ သို့သော် Kong Wen က You XiaoMo ကို လှမ်းမခေါ်ပေ။ အဲဒိအစား Fang ChenLeနှင့် အခြားသူတွေကို ခေါ်ကာ သူနဲ့အတူ အသက်ကယ်ကျောက်တုံးကို ယူပြီး Tang Fanတို့ အဖွဲ့နောက် ကို လိုက်ကာ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ထဲ ၀င်သွားသည်။
You XiaoMoကလည်း Kong Wen သူကို ထည့်သွင်းစဉ်းစားဖို့ မမျှော်လင့်ထား။
သူတို့ ထွက်သွားသည်နှင့် Ling Xiao က သူ့ပခုံးကို ၀င်တိုက်ကာ ကျေနပ်ပီတိပြုံးနှင့်
“ညီငယ်လေး သွားကြတာပေါ့.”
သူ့လက်တစ်ဖက်က အသက်ကယ်ကျောက်တုံးကို ကိုင်ထားသေးသည်။
သူ့လက်ထဲက အသက်ကယ်ကျောက်တုံးက မသေးပေ။ အနည်းဆုံး တစ်နာရီလောက် ခံသည်။ အဲဒိအချိန်တုန်းက Tang Fan သူ့အတွက် သေချာ ရွေးပေးထားတာ ဖြစ်သည်။ အကယ်လို့ Tang Fan သာ ဒီလိုတွေ ဖြစ်သွားမယ်ဆိုတာ သိလျှင် သူ့ကို ဒီလောက်ကြီးသော အသက်ကယ်ကျောက်တုံးပေးလိမ့်မှာ မဟုတ်ပေ။
အဲဒါကို လူသားက အဆိုတင်သွင်းပြီး နတ်ဘုရားက ပယ်ချသည်ဟု ဆိုရမည်။
လူနှစ်ယောက်တည်းက ဒီလောက် ကြီးမားသော အသက်ကယ်ကျောက်တုံးကို အသုံးပြုတာက အလွန် ဖြုန်းတီးရာ ကျသည်။ ပြီးတော့ အဲဒါက လူတော်များများ၏ အာရုံကိုလည်း ဆွဲဆောင်နေသေးသည်။
အဲဒိမှာ သီးခြားရပ်တည်သော ကျင့်ကြံသူဆယ်ယောက်ရှိသည် သို့သော် သူတို့သုံးနေသောအသက်ကယ် ကျောက်တုံးမှာ Ling Xiao လက်ထဲကရဲ့ တစ်ဝက်လောက်သာ ရှိသည်။ နာရီဝက်တောင် မခံနိုင်ပေ။ ပြီးတော့ သူတို့က အစကနေ အဆုံးအထိ အားစိုက်ထုတ်မှု အများကြီး မထဲ့ထားသဖြင့် နောက်ဆုံးအသုတ်မှ ၀င်ရဖို့များသည်။
တိုက်ဆိုင်စွာပင် သူတို့က Ling Xiao နှင့် You XiaoMo တို့ဘေးမှာ လျှောက်လာကြသည်။ သူတို့က နှစ်ယောက်တည်း နှင့် ကျောက်တုံးတစ်တုံးတည်း သုံးတာတွေ့တော့ မနာလို ၀န်တိုမှုတွေ အဆုံးမရှိ ဖြစ်သွားကြသည်။
You XiaoMo က အနီးအနားကို ဝေ့၀ိုက်ကြီးတော့ သူတို့ ဖြစ်နေတာကို မြင်လိုက်သည်။ ယောက်ျားရင့်မာကြီး ဆယ်ယောက် က ကျောက်တုံးတစ်တုံးနားမှာ ပြုံ့တိုးနေကာ သူတို့ထဲက အချို့က သူ့ကို မကျေမချမ်းနှင့် ကြည့်နေသေး တာမို့ ရုတ်တရက်ကြီး ရှက်သွားလေသည်။
Ling Xiao က ဒီမြင်ကွင်းကို မြင်လိုက်သည်နှင့် နှုတ်ခမ်းစွန်းတွေ ကွေးတက်ကာ လွတ်လပ်သောကျင့်ကြံသူအဖွဲ့က အသက်ကယ်ကျောက်တုံးကိုင်ထားသူကို “ သုခဘုံနယ်မြေအထဲက အခြေအနေ အကြောင်းပြောပြမယ်ဆိုရင် အသက်ကယ်ကျောက်တုံးချင်းလဲပေးလို့ရတယ် ဘယ်လိုလဲ?”
သူပြောလို့ ပြီးတာနဲ့ အဆိုပါ လူက သူဒီလိုစကား ပြောလာတာကို အံအားသင့်သွားပုံနှင့် အခြားသူတွေနှင့် အကြည့်တွေ ဖလှယ်လိုက်သည်။
You XiaoMo ကလည်း အလွန်အံအားသင့်သွားကာ ခေါင်းကိုမော့ပြီးတော့တောင် Ling Xiao ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူ့ဘေးက လူက သူ့ကို ခေါင်းငုံကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
အကြောင်းပြချက်မရှိ ဆီလျော်မှုမရှိပဲ စေတနာထားတာသည် ဖုံးကွယ်ထားသော လှုပ်ရှားမှု ရှိလို့ပဲလို့ ဆိုပေမယ့် Ling Xiao က အတိအလင်း ရှင်းပြလိုက်သည်။ သူတို့ ဒီကိုလာလိုလျှင် သူတို့ သတင်းအချက်အလက် ပေးရမှာ ဖြစ်သည်။ ထိုအချက် သူတို့၏ ရင်ထဲက သံသယကို တစ်ဝက်လျော့ပါးစေသည်။ ပြီးတော့ Ling Xiao က TianXin ဂိုဏ်းက လူတစ်ယောက်ဖြစ်သည်။ သူကတော့ အခြားသူတွေအများကြီး ရှေ့မှာ မလှည့်စားလောက်ပါဘူး။
ဒီလိုတွေးလိုက်သည်နှင့် ထိုလူက အခြားသူတွေနှင့် သဘောတူညီချက် ယူကာ Ling Xiao နှင့် အသက်ကယ် ကျောက်တုံးချင်း လဲလှယ်လိုက်သည်။ အသက်ကယ်ကျောက်တုံးကို ကိုင်ထားရင်း ထို လွတ်လပ်သော ကျင့်ကြံသူ က အထဲက ကြီးမားသော စွမ်းအင်ကို ခံစားလိုက်ရသည်။ အခုတော့ အသက်ကယ်ကျောက်တုံးက အင်အား မလုံလောက်မှာကို သူတို့ တွေးပူနေစရာ မလိုတော့ပေ။
သူတို့ထဲက အချို့က စိတ်ဝိဥာဏ်အဆင့်ဖြစ်နေပေမယ့် သူတို့တွေက စွမ်းအင်ကုန်ဆုံးသွားချိန်တွင် အဆိပ်မိမှာမှာ မပူပန်တော့ပေ။ အဲဒါက သူတို့၏ ကြံခိုင်မှုကို သက်ရောက်ကာ သူတို့တွေ သုခဘုံနယ်မြေထဲ ၀င်လျှင် ပိုပြီး အန္တရာယ်များစေသည်။ ထို့ကြောင့် သူတို့က အသက်ကယ်ကျောက်တုံး တစ်ပိုင်းတစ်စနဲ့ သတင်းအချက်အလက်အချို့ကို စိတ်ပါလက်ပါ လဲလှယ်ချင်တာဖြစ်သည်။
ထို လွတ်လပ်သော ကျင့်ကြံသူက သူ့မှာ ရှိသော အချက်အလက်များကို စဉ်ချလိုက်သည်။ အချို့က အခြားသူတွေဆီက ကိုယ်ပိုင်အတွေ့အကြုံတွေ ဖြစ်သည် အချို့ကတော့ လိုက်လံမေးမြန်းထားသော အချက်များဖြစ်သည်။ အားလုံးကို ပေါင်းလိုက်ပြီးနောက် Ling Xiao က အသုံးဝင်သော အချက်အတော်များများကို ရလိုက်သည်။
You XiaoMo က အဲလို ဖြစ်မည်ဟု မမျှော်လင့်ထားပေ။ သူ့ကိုယ်သူ Ling Xiao ကို လေးစားခြင်းတွေနဲ့ ၀ပ်ဆင်းသွားသည်ဟု ခံစားရသည်။ Ling Xiao ကြည့်သော သူ့အကြည့်တွေက ကို ကြည်ညိုလေးစားခြင်းတွေနဲ့ တောက်ပနေသည်။
အလွန် လျင်မြန်စွာပဲ သူတို့က အကာအကွယ် ကျိုးပေါက်သော နေရာကို ရောက်လာသည်။
အဲဒါက မှောင်မိုက်နေသာ လျှိုမြောင်တစ်ခုတည်းတွင် တည်ရှိသည်။ ထို လျှိုမြောင်မှာ အန္တရယ်အငွေ့အသက်များ သိပ်သည်းစွာ ပြည့်နှက်နေသည်။ နိမ့်ကျသော ကျင့်ကြံသူများအနေနဲ့ မတုန်လှုပ်ပဲ မနေပေ။ မိုးထိအောင် ဆိုးယုတ်သော စပါးအုံးမြွေများစွာ၏ ပုံရိပ်က သူတို့၏ သတိရှိစွာ နိုးကြားနေသော စိတ်ဝိဥာဏ်အားအင်များက သစ်တောထဲမှာ ၀ိုင်းပတ်နေတာကို မြင်နိုင်သည်။ အဲဒိကို မြင်တာနဲက အချို့လူများမှာ ရင်ထဲကနေကို မွှေနေသလို ခံစားရသည်။ အဲဒါက အဆင့်ကိုးမှော်ဝင်သားရဲလို့ ခေါ်သည်။ ဘယ်လောက်ပဲ သွေးဆောင်နေပါစေ ဘယ်သူမှ သွားမဖမ်းရဲပေ။
အကာအကွယ်က လျှိုမြောက်အ၀င်ဝ၏ အပေါ်တွင် ရှိသည်။ သေးငယ်သော ရွှေ့ပြောင်းရေးပုံစံကို သလင်းကျောက်များအသုံးပြုကာ အောက်တွင် ဖော်ထားသည်။ ထို ရွှေ့ပြောင်းရေးပုံစံငယ်မှာ Tang Fan နှင့် Luo ChengYuan တို့ ပေါင်းပြီး ချထားတာဖြစ်သည်။ လူအယောက် ငါးဆယ်ဆန့်သော ရွှေ့ပြောင်းရေး ပုံစံကို ချခင်းရန် အချိန်မလုံလောက်သဖြင့် သူတို့က အလွယ်တကူ ပုံစံသေးလေးတစ်ခုသာ ခင်းကျင်းထားတာဖြစ်သည်။
အတွင်းတွင် ရွှေ့ပြောင်းခြင်း ဖွဲ့စည်းပုံများကိုရေးဆွဲထားပြီး လူဆယ်ယောက်သာ ထိန်းထားနိုင်သော ဧရိယာဖြစ်သည်။ လက်သီးဆုပ်အရွယ် စွမ်းအင်ကျောက်တုံးငါးတုံး ကို ပုံစံပတ်လည်တွင် ထားရမည့် နေရာများတွင် ထား ထားသည်။
Tang Fan က ရွှေ့ပြောင်းရေးပုံစံရှေ့တွင် မတ်တပ်ရပ်နေသည်။ အနားကို လှည့်ပတ်ကြည့်ကာ လေးနက်သော လေသံနှင့် လူတိုင်းကို ဆိုသည်
“ ရွှေ့ပြောင်းခြင်း မစတင်ခင်မှာ ရှင်းရှင်းလင်းလင်း ပြောထားချင်တာ ရှိတယ်။ သုခဘုံနယ်မြေရဲ့ အကာအကွယ်က အလွန်ဆုံး တစ်လသာ ပွင့်တာ ဖြစ်တယ်။ တစ်လကြာရင် သူ့ဘာသာ သူ ပိတ်သွားမှာ။ အထဲမှာ အမြဲတမ်း မနေချင်ဘူးဆိုရင် တစ်လအတွင်းမှာ ရွှေ့ပြောင်းရေးနေရာ ကို ရောက်အောင်ပြန်လာရမယ်။ ကဲ အခု ကျုပ်တို့ စပြီး ပို့ဆောင်တော့မယ်”
Tang Fan က မပြောလျှင်တောင် လူတိုင်းက သိပြီးသားဖြစ်သည်။ ဒါက လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုသာ ဖြစ်ပြီး ဘာမှ မပိုပေ။
ကြိုးပမ်းအားထုတ်ထားရတာက Tang Fan နှင့် Luo ChengYuan ဖြစ်တာကြောင့် အရင် ကူးပြောင်းပို့ဆောင်ခံရတာ ကလည်း ထို ဂိုဏ်းနှစ်ခုမှ ဂိုဏ်းသားများသာ ဖြစ်ကြသည်။ ပထမ အသုတ်အနေနဲ့ TianXinဂိုဏ်းနှင့် QingChengဂိုဏ်းက ငါးယောက်စီ ဖြစ်သည်။
လူတိုင်းထင်တာက Tang Fan က Ling Xiao ကို ပထမဆုံး ပို့လိမ့်မည်ဟု ထင်ပေမယ် သူက ခေါ်လိုက်တော့Xiao Long ၏ တပည့် Lei Ju နှင့် အခြားနှစ်ယောက်ကို Tang YunQi နှင့် အခြားမှော်ဆရာ တစ်ယောက်တွဲကာ ခေါ်လိုက်သည်။ မှော်ဆရာများတွင် တိုက်ခိုက်ခြင်းစွမ်းရည် မရှိသဖြင့် သူတို့တွေက သိုင်းသမားများနှင့် တွဲကို သွားရမှာ ဖြစ်သည်။
လိမ္မာပါးနပ်သော လူအနည်းငယ်က ထို မြင်ကွင်းကို မြင်တော့ သူ့တို့ မျက်လုံးထဲမှာ အံသြသော အရိပ်အယောင်တွေ ဖြတ်ခနဲ ပေါ်လာကာ တစ်ခုခုကို သဘောပေါက်သွားသလို ရှိကြသည်။
Qing Cheng ဂိုဏ်းဘက်ကတော့ အံ့သြစရာ မရှိ Luo ShuHeက ဦးဆောင်လေသည်။ သူနှင့်အတူ မှော်ဆရာငယ်လေး နှစ်ယောက်ပါ ပါသည်။ သူကအဖွဲ့ထဲတွင် ပါဝင်ရန်အတွက်က သူတို့တွေက ပါရမီ ရှိတဲ့ မှော်ဆရာတွေပဲ ဖြစ်လိမ့်မည်။
အရင်ဦးဆုံး သွားသောသူများက ဟိုမှာ စောင့်နေမလား ရတနာတွေ သွားရှာ မလား ရွေးနိုင်သည်။ သို့သော်  ဂိုဏ်းတူသော သူများကတော့ ပထမသွားသူတွေက အံ့သြဖွယ်ရာ ရတနာများကို အရင် ရှာတွေ့နိုင်တာကြောင့် အရင်သွားနှင့်တာကို ရွေးလေ့ရှိသည်။ အဲဒါက အလွန်ကောင်းသော အခွင့်အရေးဖြစ်ကာ ပထမဆုံး ကူးပြောင်းခြင်းခံရသူ က ဖြုံလောက်အောင် သန်မာသူများဖြစ်လေ့ရှိသည်။
Lei Ju၏ ခွန်အားက လက်ခံနိုင်ချေရှိသော်လည်း Ling Xiao နှင့် ယှဉ်လျှင်တော့ အနည်းငယ် နိမ့်ကျနေသေးသည်။ လူအများစုကလည်း Ling Xiao ဖြစ်မယ်ပဲ ထင်ထားတာ ဖြစ်သည်။
Tang YunQiကလည်း ထိုနည်းအတိုင်း တွေးထားတာ ဖြစ်သည်။ သူ့အဖေက တစ်ကယ်ကြီး အစ်ကိုXiao ကို မခေါ်တာကို ကြားသော အခါမှာတော့ သူ(မ)ရဲ့ လှပတဲ့ မျက်လုံးလေးက ပြူးထွက်လာတော့သည်။ သူ့အဖေက လက်မခံမှာကိုလဲ သိနေတော့ အံကို ကြိတ်ကာ အဆုံးထိ ဘာမှ မပြောပဲသာ နေလိုက်တော့သည်။
Lei Juက ရွေ့ပြောင်းရေးပုံစံငယ်ထဲမှာ ရပ်နေရင်း ကနေ Ling Xiao ကို ၀င့်ကြွားစွာကြည့်လိုက်သည်။ သူ့မျက်လုံးတွေက မခံချင်အောင် စနေသည့်ဟန် အပြည့်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ Ling Xiao ကတော့ သူတို့ကို ကြည့်မနေပေ။ သူ့ခေါင်းကို တိမ်းကာ လွတ်လပ်သော ကျင့်ကြံသူအချို့နှင့် စကားကောင်းနေသည်။ သူ့ပထမအဖွဲ့ထဲမှာ မပါလို့လဲ စိတ်ပျက်သွားပုံ နည်းနည်းလေးတောင် မပြပဲ သူ့ကို ဘယ်တော့ပို့ပို့ ကိစ္စမရှိပေါ် ပေါ်နေသည်။
Lei Ju ဒေါသပုံတွေ ထကာ သူကမျက်လုံးထဲမှာ ပေါက်ကွဲတော့ မလိုဖြစ်နေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တစ်နေ့နေ့တော့ သူကသာ TianXin ဂိုဏ်းမှာ အထူးချွန်ဆုံး ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်းကို ပြရင်းနဲ့ Lin Xiao ကို သူအ၇ှက်ခွဲမယ်လို့ကို  သူ့နှလုံးသားထဲကနေကို ကျန်ဆိုနေသည်။
Tang Fan နှင့် Luo ChengYuan က ရွှေ့ပြောင်းရေးပုံစံကို အသက်သွင်းလိုက်သည်။ အလွန်လျင်မြန်စွာပဲ Lei Ju ၊ Luo ShuHe နှင့် ကျန်တဲ့သူတွေ ကို ပို့ပြီး ဖြစ်သွားသည်။
ဒုတိယအသုတ်မှာတော့ Ling Xiao ၏ အလှည့် ကျရောက်လာပြီဖြစ်သည်။ Tang Fan က Ling Xiao၏ နာမည်ခေါ်ချိန်မှာ သိပ်မကောင်းလှတာ ပေါ်လွင်လှသည်။ ပြီးတော့ သူက You XiaoMo ၏ နာမည်ကို မခေါ်ပေ။
Ling Xiao ကတော့ မအံ့သြပါ။ သူက သူနဲ့အတူ You XiaoMo ကိုပါ ဆွဲခေါ်သွားသည်။
“ဆရာ ညီငယ်လေးကို ကျွန်တော်နဲ့အတူ ခေါ်ခွင့်ပေးပါ။ ပြီးတော့ ကျွန်တော်ကသူ့ကို ခေါ်လာတဲ့သူဆိုတော့ ဦးလေးKong ကလည်း သူ့ရဲ့ လုံခြုံရေးက ကျွန်တော့တာဝန်လို့ ပြောထားလို့”
Ling Xiao က Tang Fan က ရှေ့မှာ မတ်တပ်ရပ်ရင်း အားရပါးရပြုံးကာ Tang Fan သဘောမတူမှာကို နည်းနည်းလေးတောင် မပူပန်သည့်အလား ပြောလိုက်သည် ။
Tang Fan က မျက်လုံးလေး အနည်းငယ်မှေးကာ ဘာမှန်းကို မပြောနိုင်သော အကြည့်နဲ့ သူတို့ကို ကြည့်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါးပဲ  “ မင်းရဲ့ ဦးလေးKongရဲ့စကားက အဲလိုဆိုတော့ လဲ သွားပေါ့”
“ကျေးဇူးတင်ပါတယ် ဆရာ”
Ling Xiao က သူ့ရဲ့ သဘောမတွေ့တဲ့အမူအယာကို မေ့သွားဟန်ပေါ်သည်။ သူက ခေါင်းညိမ့်ကာ အဖြေပေးပြီးတော့ You XaioMo ကို သူနဲ့အတူ ရွှေ့ပြောင်းရေးပုံစံထဲကို ခေါ်သွားလိုက်သည်။
ရွှေ့ပြောင်းနေစဉ်မှာ You XiaoMoက Kong Wen ရဲ့ မည်းမှောင်နေသော အမူအယာကို လှမ်းမြင်လိုက်သည်။
Ling Xiao၏ ဆင်ခြေပေးခြင်းလဲ ခံလိုက်ရတော့ ဒီဆရာက ပိုပြီးတောင် မကြည်မသာ ဖြစ်တော့မှာပေါ့။
သို့သော် သူသာ အဲလို မပြောလျှင်လည်း Tang Fan က အသာတကြည့် ခွင့်ပေးမှာ မဟုတ်ပေ။ သူက ဒေါသထွက်ပြီးတောင် အထဲဝင်ဖို့ ဟန့်တားလေလိမ့်ဦးမည်။ ဒီလို အရာမျိုးက အရင်က မဖြစ်ဖူးတာလဲ မဟုတ်ပေ။ သူ အစ်ကိုYang Yi ပြောတာ ကြားဖူးသည်။ ဟိုးအရင်တုန်းက ဖြစ်ပျက်ခဲ့ဖူးတာဖြစ်သည်။
အဖြူရောင် အလင်းတန်းက ဖြတ်ခနဲ ထွက်လာကာ ရွှေ့ပြောင်းခံရသော လူများ ချက်ချင်း ပျောက်သွားသည်။ သူတို့ခေါင်းပေါ်က အကာအကွယ်က တစ်ကြိမ် ထပ်မံ လှုပ်ရှားသွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now