Chapter 139 Man in a blue shirt ( Z & U)

10.5K 1.5K 2
                                    

C-139 Man in a blue shirt.
Zawgyi
အခန်း ၁၃၉ အကျီ င်္အပြာနှင့်လူ
Qign Qiu တောင်တန်းသည်QingChengဂိုဏ်အခြေစိုက်သောနေရာဖြစ်သည်။ QingQiuတောင်တန်းတစ်ကြောလုံးကို QingChenဂိုဏ်းက ပိုင်သည်။
QingChenဂိုဏ်း၏ ဂိုဏ်းချုပ် Luo ChengYuan သည် အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ သူက စီးပွားရေးလဲ အလွန်တော်သည်။ သူက QingQiuတောင်တန်းကြီးကို  ဖွင့်ထားကာ သွားလာသူများအတွက် မြို့ငယ်များ မြို့ကြီးများတည်ထောင်ထားသည်။ အခြားသော အဖွဲ့များနှင့် ကုန်သည်များကို လည်း ဆိုင်များဖွင့်လှစ်စေကာ သတ်မှတ်ထားသော ငှားရမ်းခများ ပေးဆောင်နေသရွေ့ စီးပွားရေးလုပ်ခွင့်ပေးသည်။
ထို မြို့ အကြီးအငယ်များသည် အလွန်လျင်မြန်စွာ ဖွံဖြိုးတိုးတက်သည်။ အဲဒိမှာ နာမည်အကြီးဆုံးက Qing မြို့ကြီး ဖြစ်သည်။
Qing မြို့ကြီး၏နာမည်က HunJiမြို့ကြီးထက် လူသိပိုများသည်။ လူအ၀င်အထွက်က HunJiမြို့ထက် နည်းပေမယ့် လူအရေအတွက်ကတော့ များလေ့ရှိသည်။ ပြီးတော့ HunJiမြို့ကြီးတွင် မတွေ့နိုင်သော ရတနာများကို Qing မြို့ကြီးတွင် တွေ့နိုင်သည်။
ဒီအကြိမ်တော့ Ling Xiao ရသည့် သတင်းမှာ Qingမြို့အကြောင်းဖြစ်သည်။ သုံးရက်အတွင်း PiQiuလေး၏ စားနပ်ရိက္ခာဖြစ်သော အံ့ဖွယ်သိုးသားက Qingမြို့တွင် ပေါ်လိမ့်မည်။ ပြီးတော့ အဲဒါက သိုးတစ်ကောင်တည်းမဟုတ် အများအပြားလဲ ပါသည်။
အံ့ဖွယ်သိုးက စိတ်တန်ခိုးရှိသူတွေကိုတောင် အရမ်း ဆွဲဆောင်နိုင်သည်။ ဒီတော့ အချိန်ကျလာရင် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လိမ့်မည်။
အဲဒိသတင်းရတာနဲ့ You XiaoMoက ပြင်ဆင်မှုတွေ စတင်တော့သည်။
Ling Xiaoရသည့် သတင်းအရဆိုလျှင် အံ့ဖွယ်သိုးက လေလံပွဲမှာ ရောင်းမှာဖြစ်သည်။ ဒီတော့ သူ ရွှေပြားတွေ လုံလောက်ဖို့ လိုသည်။
PiQiuလေးရဲ့ကြီးထွားမှု မြန်ဆန်စေရန် You XiaoMo က ဒီတစ်ကြိမ်မှာ လုံလောက်တဲ့ မတည်ငွေထဲ့ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ရဲ့ မှော်အိတ်ထဲမှာ ကျန်သည့် ရွှေပြားတွေ သုံးဖို့ ဆုံးဖြတ်လိုက်သည။ ပြီးတော့ သူ့မှာ မှော်ဆေးပင်မျိုးစေ့တွေ အလုံအလောက်ရှိနေပြီ။ ဒီတစ်ကြိမ်မှာ သူဘာမှ ထပ်ဝယ်ဖို့ မရှိ။ သို့သော် သူက ရွှေပြားမလောက်မှာ တွေးပူနေသေးတာမို့ နောက်တစ်ကြိမ် သူတောင်အောက်ဆင်းလျှင် မှော်ဆေးလုံတွေ နည်းနည်း ပိုရောင်းဖို့လဲ ဆုံးဖြတ်ထားသေးသည်။
အဲဒိဟာအပြင် Ling Xiao က HunJiမြို့မှာ ဘာတွေဖြစ်တယ်ဆိုတာပါ ပြောပြသေးသည်။
သူ့လက်ထဲမှာသုခဘုံနယ်မြေ မြေပုံလဲ ရနေပြီ။ ဒါပေမယ့် အဲဒါက မန်နေဂျာ ပြောသလိုပဲ အဲဒါက မပြည့်စုံသေးတဲ့ မြေပုံသာဖြစ်သည်။ ကံကောင်းစွာနဲ့ ကြယ်ခုနစ်ပွင့်မှော်ဆေးပင်ရှိသည့်နေရာကို အမှတ်အသားပြုထားသည်။
TangHun ကတော့ You XiaoMo က သူဘာဖြစ်သွားလဲဆိုတာ ခန့်မှန်းစရာပင် အလို။ Ling Xiao ရဲ့စရိုက်နဲ့ဆိုလျှင် အဆိုပါလူက သေမှာကျိန်းသေသည်။ Tang Hun သေပြီးနောက်မှာ မန်နေဂျာက သူ့နေရာကို လျောလျောရှုရှု ယူနိုင်သည်။ သူ့ခွန်အားက အရှုပ်တွေကို သိမ်းသွင်းဖို့ မလုံလောက်ပေမယ့် သူ့နောက်မှာ Ling Xiao ရှိနေရင်တော့ လုံလောက်သည်။ ဒီတော့ သူ HunJiမြို့ကို စီမံခန့်ခွဲခွင့် ပေးခြင်းသည် အဲဒိလူက အချိန်ကို လိုက်ကာ လုပ်နိုင်စွမ်းရှိပြီး တော်လို့ဖြစ်သည်။
အဲဒါပြီးတော့ Ling Xiao က HunJiမြို့မှာ ပြန်မလာခင် နှစ်ရက်နေခဲ့သည်။ အကြောင်းပြချက်ကတော့ Tang Hun သေပေမယ့် ဆိုးရွားတဲ့ကိစ္စလေးတွေ ဖြစ်ပျက်ခဲ့သည်။ အချို့လူတွေက သူ မန်နေဂျာကို နေရာပေးခြင်းနဲ့ ပတ်သတ်ပြီး  သူ့ကို ဆန့်ကျင်ဖို့အတွက် စုစည်းကြသည်။ ဒီတော့ Ling Xiao က အဲဒိမှာနေပြိး သူတို့ကို နာခံတတ်အောင် ဆုံးမခဲ့သည်။ သူက သူတို့ အားလုံး လက်အောက်ခံဖြစ်သွားပြီး ပုန်ကန်ဖို့အတွေးတောင် မရှိလောက်တော့ ပြန်လာခဲ့သည်။
သို့သောါ သူပြန်လာချိန်မှာ အံဖွယ်သိုးသား ပေါ်လာဖို့အတွက်က အချိန်တစ်ရက်ပဲ ကျန်တော့သည်။
Ling Xiao က သူ့ကို ခေါ်ဖို့ မြေကမ္ဘာတောင်ထွတ်ကို တန်းမလာပေ။ အဲဒိအစား သူတို့ HePing မြို့လေးက အနားယူအိမ် မှာ တွေ့ဖို့ သဘောတူထားသည်။
Fang ChenLe က YunShuiတောင်ထွတ်ကို သွားတာကြောင့် You XiaoMo က Zhao DaZhou ကိုသာ မသွားခင်ပြောခဲ့သည်။ သူက အကြောင်းပြချက်လဲ ပြင်ပြီးသားဖြစ်သည်။ အဲဒါကတော့ သူတောင်အောက်ကို ဆင်းပြီးတော့ မှော်ဆေးလုံးတွေ ရောင်းပြီးတော့ မှော်ဆေးပင်တွေ ၀ယ်ဖို့ ဖြစ်သည်။ Zhao DaZhou ကတော့ ဘာကိုမှ သံသယ မ၀င်ပေ You XiaoMo ကို သူ ဆရာ့ကို သတင်းပေးလိုက်မည် ဆိုတာသာ ပြောသည်။ You XiaoMoက သူ့ကို ကျေးဇူးတင်ကာ တောင်အောက်ကို ဦးတည်လိုက်သည်။
တောင်အောက်ကို ဆင်းပြီးတာနဲ့ သူHePing မြို့လေးကို တိုက်ရိုက်ဦးတည်လိုက်သည်။ သူကစောနေသေးတာမို့ Ling Xiao ကို နားနေအိမ်ထဲမှာ မတွေ့ပေ။ မထင်ထားစွာနှင့်ပဲ နားနေအိမ်က မန်နေဂျာက သူ့ကို မှတ်မိပြီး သူက TianXinဂိုဏ်းက ဂိုဏ်းသားဖြစ်တာသိတာကြောင့် သူ့ကို စိတ်အားထက်သန်စွာ ကြိုဆိုပြီး အထဲ နေရန် ဖိတ်ခေါ်လေသည်။
ပင်မခန်းမထဲမှာ စားသောက်နေကြသူတွေ အများကြီး ရှိသည်။ ထို့ကြောင့် နည်းနည်းလဲ ဆူညံနေသည်။ သို့သော်  မန်နေဂျာက သူ့အတွက် အခန်းဖွင့်ပေးမည့်ဆိုတာကို You XiaoMo ခွင့်မပြုလိုက်ပေ။ Ling Xiao ရောက်လာရင် သူ့ကို မမြင်မာစိုးတာကြောင့် သူက အခန်းမယူခြင်းဖြစ်သည်။ ပြီးတော့ အခန်းယူတာ ငွေကုန်သည်လေ။ အတော်လေးလောဘကြီးပြီး အတော်လေး ကတ်စေးနဲသည့် You XiaoMo က ဒီငွေတွေကို အကုန်အကျမခံချင်ပါ။
သုခဘုံနယ်မြေအကြောင်းက ဆွေးနွေးဖို့ရာ အကြီးမားဆုံးသော ခေါင်းစဉ်ဖြစ်တာကြောင့် တစ်ယောက်ယောက် ဘယ်သွားသွား အဲဒိက လူတွေက အဲဒိအကြောင်းပဲ ပြောနေကြတာဖြစ်သည်။
သို့သော် You XiaoMoက သုခဘုံနယ်မြေအကြောင်းကို Ling Xiao ဆီက အကုန် ကြားပြီးပြီ ဖြစ်တာကြောင့် သူတို့တွေရဲ့ ဆွေးနွေးမှုတွေကို စိတ်မ၀င်စားတော့ပေ။
ရေနွေးကြမ်း ဆယ်ခွက်လောက် သောက်အပြီးမှာတော့ အိမ်သာကို ဘယ်ကသွားရမှန်းမသိလို့ You XiaoMo တွန့်ဆုတ်နေတုန်း လူအချို့ စကားများကြတာမို့ စားပွဲနှစ်လုံး ၀ရုံးသုံးကားဖြစ်သွားသည်။ ခေါင်းလှည့်ပြီး ကြည့်လိုက်တဲ့ ခဏမှာ အနက်ရောင် အရိပ်တစ်ခုက ပျံဝင်လာသည်။ အဲဒါကြီးက သူ့ဆီတည့်တည့် ၀င်လာသလိုဖြစ်သည်။
You XiaoMo ကြောင်သွားသည်။ ဘေးကရပ်ကြည့်နေတဲ့သူကို ပါစေတော့မှာလား?
နောက်တော့ တစ်ယောက်ယောက်က သူ့လက်ကို ဆွဲလိုက်သလို ခံစားရတာ သူ့ကို ဘေးတစ်ဖက် ရောက်သွားစေသည်။
ပျံဝင်လာတဲ့ အနက်ရောင်သဏ္ဍာန်က စားပွဲခုံကို တန်းကျသွားသည်။ နွားသိုးတစ်ကောင်လို တောင့်တင်းသန်မာတဲ့ ကိုယ်တစ်ခုက ချက်ချင်းကို စားပွဲခုံတစ်ခုလုံးကို တစ်စစီဖြစ်သွားစေသည်။ ဒီလိုရလဒ်ဖြစ်အောင် အားဘယ်လောက်တောင် ပါသလဲ?
You XiaoMo က မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားနှင့် ထိုမြင်ကွင်းကို ကြည့်နေသည်။ မေမေရေ! အဲဒါသာ သူ့ပေါ်ကျလာရင် သူ့အရိုးတွေ ကျိုးကျေကုန်မယ်ဆိုတဲ့ အဓိပ္ပါယ်မလား?  သူရုတ်တရက်ကြီး အရမ်းကို ကံကောင်းတယ်လို့ခံစားမိကာ သူ့ကံကောင်းစေတဲ့ကြယ်လေးကို သူဘာမှ မထိခိုက်တဲ့အတွက် ကျေးဇူးတင်လိုက်သည။
သူ့ကို ကယ်လိုက်တာက Ling Xiao ဆိုတာ တွေးမိတာနဲ့ You XiaoMo ခေါင်းလေးလှည့်ပြီး ဆိုလိုက်သည် 'အစ်ကိုကြီး Ling …….´
ထိုလူ၏မျက်နှာမြင်တာနဲ့ သူ့အသံရပ်သွားသည်။ ဒီလူက Ling Xiao မှ မဟုတ်တာ။ ပြီးတော့ သူ့ရုပ်က Ling Xiao နှင့် အလှမ်းကွာလှသည် သူ့မျက်နှာက ၀က်ခြံတွေ ဖုံးနေသည်…..
'ညီလေး မင်း လူမှားသွားတယ်။ ကျုပ်ရဲ့မျိုးရိုးနာမည်ကလဲ Lin ပေမယ့် ကျုပ်မှာ ဒီလို ကောင်းမွန်တဲ့ညီလေးရှိတာတော့ မမှတ်မိဘူး။ ဒီလူစုကြောင့် မင်းကို ထိခိုက်မိမှာတွေ့တာနဲ့ လှုပ်ရှားလိုက်မိတာ ။ မင်းကို တစ်နည်းနည်းနဲ့ အမှားပြုမိရင် တောင်းပန်ပါတယ်!´
You XiaoMoက သူ့ကို မှားယွင်းမိတာ သိတာနဲ့ အကျီ င်္အပြာဝတ်လူက ၀မ်းမနည်းသွားပေ။ အဲဒိအစား သူ့စကားတွေက ဟာသဉာဏ် ရှိကာ ရယ်ရွှင်ဖွယ် ကောင်းလှသည်။  သူ့ရဲ့ လိမ္မာ ယဉ်ကျေးတဲ့ အပြုအမူက တကယ်တော့ You XiaoMoကို အနည်းငယ် ရှက်ရွံ့သွားစေသည်။
'ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့် အစ်ကိုကြီး ရောက်ပြီလို့ ထင်လိုက်လို့ပါ´
You XiaoMo က ချက်ချင်း အရူးလေးလိုရယ်ကာ တောင်းပန်လိုက်သည်။
ထိုအကျီ င်္အပြာဝတ်လူ ၏ မျက်လုံးထဲမှာ ဖျတ်ခနဲ လက်သွားသည်။ ပြုံးရင်းနှင့် ' နာသွားတာ မရှိဘူးမလား။ ကျုပ်မှာသာ ဒီလိုကြည့်ကောင်းတဲ့ညီငယ်လေးရှိရင် ကျုပ်ရက်ပေါင်းများစွားပြုံးမိလိမ့်မယ်။ ဟုတ်တာပဲ ညီလေး မင်းအစ်ကိုကြီး မရောက်သေးဘူးမလား?´
'အင်း အာ…. ပြဿနာ ရှိလို့လား?´ You XiaoMo မေးလိုက်သည်။
'ပြဿနာ မရှိပါဘူး။ အဲဒိဖြစ်နေမှတော့ ဒီမှာလဲ ခုံအလွတ်တွေမရှိတော့ ညီလေးသာ စိတ်မရှိဘူးဆိုရင် ကျုပ်တို့ တစ်စားပွဲတည်း မျှလို့ရတယ်။ ပြီးတော့ ကျုပ်ကလဲ တစ်ယောက်ထဲဆိုတော့လေ။ ဘယ်လိုလဲ?´
အပြာရောင်အကျီ င်္နှင့် လူက သူ့လက်တွေကို ကတိုက်ကရိုက်လဲ ရမ်းလိုက်သေးကာ သူ့မှာ အခြားရည်ရွယ်ချက်ရှိနေတာကို သံသယရှိမှာလဲ စိုးရိမ်သေးသည်။ ဒီတော့ သူက မိတ်ဖြစ်ဆွေဖြစ်ဟန်နှင့် ဖိတ်ခေါ်လိုက်သည်။
You XiaoMoကလည်း သူပြောတာ ကျိုးကြောင်းဆီလျော်နေသဖြင့် မငြင်းဆန်ပေ။ သူဖြေဖို့ ပါးစပ်ဟလိုက်တဲ့ အချိန်မှာ တံခါးကနေ လူတစ်ယောက် လှမ်းဝင်လာသည်။ ထိုလူက အလွန်တန်ဖိုးကြီးစွာ ၀တ်ဆင်ထားကာ ထူးခြားသောအသွင်နှင့် ရုပ်ရည်ကလဲ ချောမောလှသည်။ ဒီလိုလူမျိုးက သူတို့ ဘယ်သွားသွား တောက်ပနေလိမ့်မည်။ အရေးအကြီးဆုံးကတော့ ထိုသူ ထုတ်လွှတ်နေသော အားများအရ ထိုသူက သန်မာသော တိုက်ခိုက်သူတစ်ယောက်ဆိုတာ ရှင်းလင်းလှသည်။
လူတိုင်းက ထိုမြင့်မြတ်ဟန်ရှိသောလူက ဘယ်သူလဲဆိုတာ ခန့်မှန်းနေတုန်း You XiaoMoက ရုတ်တရက် မတ်တပ်ရပ်ကာ သူ့ကိုဝှေ့ယမ်းလက်ပြကာ စိတ်လှုပ်ရှားစွာနဲ့ 'အစ်ကိုကြီးLing ကျွန်တော် ဒီမှာ´
သူ့ရှေ့က အကျီ င်္အပြာဝတ်လူရဲ့မျက်နှာက သူ့စကားများကြောင့် သူ့လက်ထဲကဘဲက ပျံထွက်သွားသည့်ခံစားချက်ကြောင့် စိုးရိမ်ပူပန်ကာ ဒေါသထွက်သွားဟန် တစ်ချက်ကို သူသတိမထားမိချေ။
Ling Xiao က လျှောက်လှမ်းလာကာ သူ့မျက်လုံးတွေက တစ်စစီဖြစ်နေတဲ့ ခုံပေါ်ကနေ You XiaoMo နှင့် အကျီ င်္အပြာဝတ်လူ ဆီကို ရောက်သွားသည်။ သူက တစ်ခုမှ မပြောပဲ နောက်ဆုံးမှာ သူ့အကြည့်က ပြဇာတ်ခင်းနေသော အကျီ င်္အပြာဝတ်လူ ဆီသို့ ရောက်သွားသည်။
အကျီ င်္အပြာဝတ်လူက သူ့အကြည့်အောက်မှာ မသက်မသာဖြစ်သွားသည်။ ဒီလူက သူ့ကို ဖောက်ထွင်းပြီး အတွင်းရော အပြင်ရော မြင်နိုင်တယ်လို့ ခံစားရသ်။ သူ့ ရင်ထဲမှာ အေးစက်မှုတွေ ခံစားလာရတာတောင် မထိန်းနိုင်ပေ။ ဒီလူ၏ အားက သူ့ထက် အတော်ကို မြင့်သည်။ ကြည့်ရတာ ဒီတစ်ဝက်ကျက်ပြီးသား ဘဲက ပျံထွက်သွားတော့မယ်ထင်တယ်။
အဲဒိလိုတွေးလိုက်တာနဲ့ ထိုအကျီ င်္အပြာဝတ်လူက နူးညံ့သော အပြုံးလေး သူ့မျက်နှာပေါ်တင်ပြီး You XiaoMoကို 'ညီလေး မင်းအစ်ကိုကြီးလဲ ရောက်ပြီဆိုတော့ နှစ်ယောက်စလုံးကို မနှောင့်ယှက်တော့ပါဘူး လုပ်စရာတစ်ခုရှိတာလဲ သတိရလို့လေ ကျုပ်အရင်သွားလိုက်ပါဦးမယ် နှုတ်ဆက်ပါတယ်´
အမ် … You XiaoMo အာမေဋိတ်သံထွက်သွားသည်။ သူက Ling Xiao နဲ့မိတ်ဆက်ပေးမလို့ဟာကို။ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့အသက်ကို ကယ်တဲ့သူဖြစ်သည်။ သူရုတ်တရက် တစ်ခုသတိရသွားတာကြောင့် အမြန်ခေါ်လိုက်သည်။ 'ဟိုအစ်ကိုကြီး နာမည်ဘယ်လိုခေါ်လဲ?´
အကျီ င်္အပြာနှင့် လူက တောင့်သွားသည်။ သူလက်တွေကို ကတိုက်က၇ိုက်ဝေ့ယမ်းပြီးတော့ သူ့ခြေတွေကလဲ တံခါးကို ဦးတည်နေတာ နှေးဖို့ဟန်မရှိပေ။ သူက မရိုးသားစွာနှင့် 'ဒါက တစ်ခေါက်လောက်ပဲ တွေ့တာပဲ ညီလေးက စိတ်ထဲ ထားစရာမလိုပါဘူး´
You XiaoMoက တော့ ခံစားချက်နှင့် သက်ပြင်းချကာ 'သူက တုန့်ပြန်မှုတောင် မလိုချင်တဲ့ လူကောင်းတစ်ယောက်ပဲ ´
သူအဲဒိစကားကို ပြောလိုက်တာနဲ့ သူတို့ပြောနေတဲ့စကားတွေကို နားစွင့်နေတဲ့ လူတွေ ပေါက်ကွဲကုန်သည်။ သူတို့တွေကသာ သက်ပြင်းချရတဲ့သူတွေ ဖြစ်သွားသည်။ ဒီလူငယ်လေးက သူ့ကို ရောင်းလိုက်ရင်တောင် ငွေပြန်ရေတွက်ပေးမည့် လူအလေးဆိုတာ သိသာလှသည်။ ဒီကမ္ဘာမှာ စစ်မှန်တဲ့ လူကောင်းဆိုတာ မရှိပေ။ ပြန်လှန်တုန့်ပြန်ခြင်းကို မတောင်းဆိုတဲ့သူဆိုတာ ပိုတောင် မဖြစ်နိုင်သေးသည်။ ကောင်းကင်ကို ဆန့်ကျင်တဲ့ သူတို့လို သိုင်းသမားများတောင် ရွှံ့နွံထဲက မရုံးထွက်နိုင်ပဲ တစ်ကိုယ်လုံးက ပေပွနေသည်။ (T/Nလောဘသားကောင်များဖြစ်ပြီးတော့ မစင်ကြယ်ဘူးလို့ဆိုချင်တယ် ထင်တယ်)
အကြောင်းမရှိပဲ မင်းအပေါ် ကောင်းတဲ့သူ မရှိပေ။ အကယ်လို့ သူတို့က လူအတစ်ယောက် မဟုတ်ဘူးဆိုရင်ပေါ့။ ဒါမှမဟုတ် သူတို့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် ရှိရင်ပေါ့။ ထိုအကျီ င်္အပြာနှင့် လူက ဒုတိယအုပ်စုထဲက ဆိုတာ ရှင်းလင်းလှသည်။
'အင်း အ . သူကလူကောင်းပဲ ´
အဲဒိအချိန်မှာပဲ တိတ်ဆိတ်နေတဲ့ Ling Xiao ကသူ့ကို ရွှန်းရွှန်းဝေကာ ချီးမွမ်းကာ ပြုံးပြတော့သည်။
လူတိုင်းက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူတို့က ဒီလူကတော့ လူငယ်လေးကို အခြားလူရဲ့ မျက်နှာသာပေးတာကို အလွယ်တကူလက်မခံဖို့ သတိပေးလိမ့်မယ်လို့ ထင်တာပင်။ မထင်မှတ်ပဲ ဒီလူကပါ လူငယ်လေးရဲ့ ထင်မြင်ချက်ကို တကယ်ကြီး သဘောတူနေသည်။ သူက အရမ်းထက်မြက်သူလို့ ထင်ရတာသေချာနေတာကို။
တံခါးကို ရောက်နေတဲ့ အကျီ င်္အပြာနှင့် လူက ခြေတစ်လှမ်းမှားကာ ခေါင်းနဲ့ပြုတ်ကျတော့မလိုဖြစ်သွားသည်။ သူ့မျက်နှာကလဲ လုံးဝကို ခြောက်ခြားသွားသည်။ သူက အခြေအနေကို ခန့်မှန်းတာများ မှားသွားတာလား?
လူတိုင်းက စိတ်တိုင်းကျ ထင်မြင်ချက်ပေးနေချိန်မှာ အခြားတစ်ဖက်ကYou XiaoMoကလဲ ဝေခွဲမရဖြစ်နေသည်။ သူ့စိတ်ထဲမှာ Ling Xiaoက သူများကို ဘယ်တော့မှ မချီးမွမ်းချေ။ အထူးသဖြင့် သူဒီလို ချိုသာစွာပြုံးနေချိန်မှာပေါ့။ တစ်ခုခုတော့ သေချာပေါက် ဖြစ်တော့မည်။
အမှန်တရားကလဲ သူ့အသိစိတ်က မမှားကြောင်း သက်သေပြသွားသည်။ အကျီ င်္အပြာဝတ်လူက နားနေအိမ်ကနေ မထွက်ခင်ပဲ Ling Xiao က ဆွဲယူကာ သူ့ညီလေးကို ကူညီတဲ့သူမို့ သူကပြန်လည်တုန့်ပြန်ပါမယ် ဟူသော အပြုအမူကို ပြုမူတော့သည်။ ထိုလူကို အဆက်မပြတ်ပဲ ၀ိုင်တွေထည့်ပေးတော့သည်။
သူတို့ နားနေအိမ်က ထွက်လာချိန်မှာ အကျီ င်္ပြာနှင့် လူက ကားယားဖြစ်နေပြီး သူ့တစ်ကိုယ်လုံးလဲ ၀ိုင်နံ့တွေ လွှမ်းခြုံကာ ပါးစပ်က အမြုပ်တွေတောင် ထွက်နေသည်။ သူ့ရဲ့ အသိစိတ်မရှိတာကို မြင်တာနဲ့ အချို့လူတွေက သူ့ရဲ့မှော်အိတ်ကို အခွင့်အရေးယူကာ ယူသွားတော့သည်။
အဲဒိနောက်မှာတော့ ပုံပြင်အသစ်တစ်ခုက အေးချမ်းလှတဲ့ HePingမြို့လေးမှာ ထွက်ပေါ်လာသည်။ ပိုက်ဆံပေးစရာ မရှိတဲ့ လူတစ်ယောက်က နားနေအိမ် မန်နေဂျာရဲ့ဆိုးရွားစွာ ရိုက်နှက်ခြင်းကို ခံရပြီး သူ့အ၀တ်အစားတွေအကုန် ဆွဲချွတ်ခံလိုက်ရသည်။ အဲဒိနောက်တော့ ထိုသူက နားနေအိမ်မှ ကန်ထုတ်ခြင်းခံလိုက်ရသည်။ ထိုလူက HePing မြို့လေးရဲ့ လမ်းတွေပေါ်မှာ လုံးဝကို ကိုယ်လုံးတီးနှင့် တစ်ပါတ် ပါတ်ပြေးရတဲ့အကြောင်း……
အဲဒိအကြောင်းကို You XiaoMo က အချိန်အတန်ကြာမှသာ သိရှိသွားရသည်။ သူသိတဲ့အချိန်မှာလည်း သူက Ling Xiao ၏ ဆုံးမခြင်းကို စကားနဲ့ကော အပြုအမူနှင့်ပါ ခံခဲ့ရပြီးဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now