Chapter 151 Jiang Liu advances ( Z & U)

9.5K 1.5K 17
                                    

C-151 Jiang Liu advances.

အခန်း ၁၅၁ Jiang Liu အဆင့်တက်မှု
အဆုံးမှာ You XiaoMo၏ ဆေးလုံးဖော်စပ်မှုနှုန်းတစ်ရာရာခိုင်နှုန်း ပြည့်က အနီးတစ်ဝိုက်ကို မပျံနှံသွားချေ။ အဆိုပါလူများကို ကြီးမားသော အံ့သြမှုပေးခဲ့ပေမယ့် သူတို့အများစုက မယုံကြည်ပေ။ သူတို့ထင်တာက You XiaoMoက ဒီတစ်ကြိမ်မှာ ကံကောင်းသွားသည်ဟုပင်။ ပြီးတော့ အဆင့်နိမ့်မှော်ဆေးလုံးဖော်စပ်ခြင်း၏ အောင်မြင်မှုနှုန်းက အဆင့်မြင့်နှင့် အလယ်အလတ်အဆင့်မှော်ဆေးလုံးများဖော်စပ်ခြင်းထက် မြင့်သည်။ ဒီတော့ ဒီလိုကိစ္စဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့ထဲက အများစုကလည်း You XiaoMoကို မနာလိုဖြစ်နေသေးသည်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ထဲက ဘယ်သူကမှ အဲလိုကံကောင်းခြင်းမျိုး မရဘူးသောကြောင့် သူတို့ဘာသာတစ်ကိုယ်ကောင်းဆန်စွာ ဆုံးဖြတ်လိုက်ကြသည်။
သို့သသော် သူတို့၏ တစ်ကိုယ်ကောင်းဆန်လိုက်တဲ့အချက်ကပဲ You XiaoMo ဆန္ဒရှိတာနှင့် ကွက်တိဖြစ်နေတာကိုတော့ သူတို့မသိပေ။ သူက အတကယ့်ကို အနီးအနားကို မပျံ့နှံစေချင်တာဖြစ်သည်
အခြားတစ်ဖက်မှာတော့ Zhao DaZhou ကို You XiaoMo ဆွဲခေါ်ပြီးတော့ သူက မှော်ဆေးပင်ကိစ္စတွေကို ပြောပြလိုက်သည်။ သူ့အဖေကို ဒုက္ခရောက်စေခါနီး နဲနဲလေးပဲ လိုတော့တာကို ကြားပြီးနောက် Zhao DaZhou ထိတ်လန့်ပြီး ထခုန်ကာ သူနောက်ထပ် ပါးစပ်မဖွာတော့ဘူးဆိုကြောင်းကို ချက်ချက် ကတိပေးတော့သည်
အထိတ်တလန့်အရာကို သိရှိပြီးနောက် အခြားကိစ္စတစ်ခုကို သူသတိရသွားသည်
Zhao DaZhou က You XiaoMo ကို မနှစ်သက်သလိုကြည့်ပြီးတော့ 'ညီလေးခုနစ် ငါဟိုကိစ္စကြားပြီးပြီး။ မင်းကို အရင်ထဲက ပြောပြီးပြီနော်။ အဲဒိအခါတုန်းက ငါမင်းကို ကူဖို့လက်ခံမယ်ဆိုရင် ဒီလိုအရယ်ခံရမှာမဟုတ်ဘူး။ အခုတော့ ငါတောင် မကူနိုင်တော့ဘူး။ ဆရာက လူငါးယောက် ရွေးပြီးသွားပြီ။´
သူဘာတွေပြောနေလည်းဆိုတာကို နောက်ဆုံးပိုင်းရောက်မှပဲ You XiaoMo သဘောပေါက်တော့သည်။
ဒီမနက်သူထွက်လာတုန်းက သူ့ဘေးခန်းက အစ်ကိုYang က Zhao DaZhou မနေ့က မနက်က ဘာရှာတာကို ပြောတာ မှတ်မိသွားသည်။ သို့သော်အဲဒိတုန်းက သူက အခန်းထဲမှာ တံခါးပိတ် မှော်ဆေးလုံးဖော်နေသောကြောင့် သူ့ကို လာရှာတာ သူမသိလိုက်ဘူး
ကြည့်ရတာ အစ်ကိုငါးက သူ့ကို လာရှာတာ ဒီကိစ္စကြောင့်ဖြစ်လိမ့်မည်။ ဒီလိုမကျေအနပ် အပြောခံရတာမျိုးကိုလဲ သူနားထောင်နေကြလိုဖြစ်နေပြီ အခုဆို သူ့ကို ဘယ်လိုပြန်ပြောရမလဲတောင် သူသိနေပြီ။
You XiaoMoက မထူးခြားဟန်နှင့် ပခုံးလေးတွန့်ပြလိုက်သည် 'အစ်ကိုငါး။ ဒီကိစ္စကို ကျွန်တော် အခြားတစ်နည်းတွေ့ထားပြီးပြီ။ အစ်ကို ကျွန်တော့်အတွက် မစိုးရိမ်တော့နဲ´
ဒီစကားကို ကြားတာနှင့် Zhao DaZhou မျက်မှောင်ကြုပ်သွားသည်။ 'ညီလေးခုနစ်။ မင်းပြောတဲ့နည်းလမ်းဆိုတာ စစ်သည်တော်အပိုင်းက ထူးချွန်တဲ့ Lin Xiao နဲ့တော့ မပတ်သတ်ဘူးမလား?
သူလည်း ညီလေးခုနစ်နှင့် Ling Xiao ကြားက ဆက်ဆံရေးကို ကြားဖူးသည်။
ထက်မြက်လိုက်လေ။
သူတန်းသိတာကို You XiaoMo အံ့သြသော်လည်း အံအားသင့်သွားသလားဆိုတော့လဲ မဟုတ်။ ခြုံပြောရရင် သူနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာ TianXinဂိုဏ်းမှာ ဒီလောက်နည်းနည်းလေးရှိတာ။ ပြီးတော့ သူ့ကို ကူညီနိုင်စွမ်းရှိတဲ့သူဆိုတာကလည်း ခြေဖျားလေးထောက်ကြည့်လိုက်ရုံနဲကတင် သိနိုင်သည်။
Zhao DaZhou က သူခန့်မှန်းတာ မှန်မှန်း You XiaoMo ဘာမှ မပြောပဲ ပြုံးနေတည်းက သိသည်။ မျက်မှောင်ပိုမကြုပ်ပဲလဲ မနေနိုင်။ သူ့စကားတွေကို သူ့ဘာသာ ပြန်မထိန်းတဲ့သူဆိုတော့ မပြောပဲ မနေနိုင် 'ညီလေးခုနစ် မင်းမကြားချင်တဲ့စကားနည်းနည်းရှိတယ် ဒါပေမယ့် မင်းရဲ့အစ်ကိုအနေနဲ့ ပြောသင့်တယ်လို့ထင်တယ်´
'ပြောပါ´ You XiaoMo က သူအတည်ပြောနေတာသိတော့ မငြင်းပယ်တော့။
Zhao DaZhou 'ညီလေးခုနစ် မင်းနဲ့ Lin Xiao နဲ့ကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေး ရှိတာ ငါသိတယ်။ ဒါပေမယ့် ငါထင်တာက Lin Xiao က နည်းနည်းတော့ ထူးဆန်းတယ် အရမ်းကြီးနက်နက်နဲနဲအနေနဲကခင်ဖို့မကောင်းတဲ့သူလို့ ခံစားရတယ်´
Lin Xiao လို ထူးချွန်ထက်မြက်ပြီးတော့ စွမ်းဆောင်ရည်ရှိသူက သူ့ညီလေးခုနစ်လို သာမာန်လူကို သဘောကျနိုင်စရာမရှိဘူး လို့ သူအမြဲခံစားရသည်။ ဒီတော့ Lin Xiao ညီလေးခုနစ်အနားကပ်တာ ဖုံးကွယ်ထားတဲ့အရာတစခုခုရှိမှာကို စိုးရိမ်နေသည်။ ပြီးတော့ You XiaoMo ရဲ့ကိုယ်မှာ သူ့ကို ဆွဲဆောင်နိုင်တာ ဘာရှိသလဲဆိုတာလဲ ဘယ်တော့မှ သဘောမပေါက်ဘူးဖြစ်နေသေးသည်။
You XiaoMo က စကားပြောနေရင်းပြုံးကာ' အစ်ကိုငါး စိတ်မပူပါနဲ့ ကျွန်တော့်အတိုင်းအတာ ကျွန်တော်သိပါတယ်´
သူ့ကို Ling Xiao နှင့် ခပ်ဝေးဝေးနေစေချင်တဲ့သူတွေ အများကြီးရှိသည် သို့သော် Zhao DaZhou ကတော့ သူ့ကိုစိတ်ပူလို့ အဝေးမှာနေစေချင်တဲ့ ပထမဆုံးသောသူဖြစ်သည်။ ဒီလိုခံစားချက်က အရမ်းကောင်းသည် သို့သော် ကံမကောင်းစွာနဲ့ သူတို့ကြားက အခြေအနေကို ပြောပြလို့မရတော့ သူ့ကို လှည့်စားထားဖို့သာ ရှိသည်။
Zhao DaZhou၏ မျက်လုံးထဲမှာတော့ ဒီစကားတွေက နည်းနည်းတော့ ၀တ်ကျေတမ်းကျေဆန်သော်လည်း သူက မျှော်လင့်ချက်တော့ ကင်းမဲ့မသွား။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သူ့စကားလောက်နဲ့တော့ ပျက်စီးသွားမယ်လို့တော့ သူမထင်ပေ။
တကယ်တော့ အဲဒိမှာ You XiaoMo ကို မပြောရဲသော အရာတစ်ခုလည်းရှိသေးသည်။
အဲဒိအရာက ဆရာနှင့် သက်ဆိုင်သည်။ သူကအဖေကြောင့် သူက ဟိုနေရာငါးခုက အချိန်အတော်ကြာတည်းက ဆုံးဖြတ်ထားပြီးသားဆိုတာ သိသည်။ လွန်ခဲ့တဲ့လတည်းက ဆရာကသူ့ကို တစ်နေရာပေးရန် ဘယ်တုန်းကမှ စီစဉ်ထားခြင်းမရှိပေ။ အစတည်းက သူ့(YXM)ကို အဆင့်သုံးမှော်ဆရာဖြစ်နိုင်မယ်ကို မမျှော်လင့်ထားပေ။
Zhao DaZhou က ဒီကိစ္စအပေါ်မှာ ဆရာက ရိုးသားဖြောင့်မတ်ခြင်းမရှိလို့ ခံစားရသည်။ ညီလေးခုနစ်က သူ့တောင်းဆိုချက်ကို တကယ်ကြီး မမှီရင်တောင် သူဒီလိုမျိုး မလုပ်သင့်ပေ။ ဘာပဲဖြစ်ဖြစ် သူက သူ့တပည့်ဖြစ်နေတုန်း။ ဆရာက သူ့တပည့်တိုင်းကို သာတူညီမျှဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်မှန်း သူသိပေမယ့် အရမ်းကြီးတော့ ဘက်မလိုက်သင့်ပေ။
စကားစမြီအကြာကြီးပြောပြီးတော့မှ You XiaoMo ပြန်သွားသည်။ သူအပြန်လမ်းမှာ စာကြည့်တိုက်ဝင်ပြီး စာအုပ်အနည်းငယ်ပြန်အပ်ကာ ထပ်ငှားပြီး သူ့အခန်းကို ပြန်သွားသည်။
အဲဒိနောက်ရက်အနည်းငယ်လည်း You XiaoMo၏ နေ့စဉ်ဘ၀က လေပြေလေးတွေတိုက်ခိုက်ပြီး သာယာသော လှိုင်းကြက်ခွတ်များနှင့်သာ ဖြတ်သန်းသွားသည်။ နေ့တိုင်း မှော်ဆေးပင်တွေ ဂရုစိုက်တာ နဲ့ မှော်ဆေးလုံးဖော်တာအပြင် သူ့အခန်းနီးချင်း အစ်ကိုYangဆီကနေ အတင်းအဖျင်းလေးတွေ နားထောင်တာပဲရှိသည်။ သူအတွက်တော့ အခုချိန်မှာ အတင်းအဖျင်းတွေနားထောင်တာက သူ့ရဲ့ငြီးငွေ့ဖွယ်ကောင်းတဲ့ ကျင့်ကြံရေးဘ၀ကြီး၏ တစ်ခုတည်းသော ကုသနည်းသာဖြစ်နေတော့သည်။
စကားပုံတွေပြောသလိုပေါ့ ဘယ်သူမှ ရန်သူများတာ အစဉ်အမြဲမရှိတဲ့။
အစတုန်းကတော့ ဘေးအခန်းက အစ်ကိုYang ကလည်း သူ့အပေါ်မှာ အနည်းငယ် မလိုမုန်းထားရှိသည်။ သို့သော် အတူနေတာကြာလာတော့ သူတို့ဆက်ဆံရေးကို နောက်ဆုံးမှာတော့ အတော်အတန်လျော့ချနိုင်ခဲ့သည်။ ဒီရက်တွေမှာ အစ်ကိုYangက သူ့ဘာသာသူ စိတ်လိုလက်ရနှင့် သူ့ကို အတင်းအဖျင်းများလာပြောတာတောင် ရှိသည်။
သူ့ကျေးဇူးကြောင့်ပဲ You XiaoMo နောက်ဆုံးပေါ် သတင်းအတော်များများကို သိလိုက်နိုင်သည်။ မဟုတ်လျှင် သူ့ရဲ့ လူရာမ၀င်တဲ့ အပြုအမူနဲ့က သတင်းတွေ သူ့ဆီရောက်ချိန်မှာ အချိန်အတန်ကြာက သတင်းတွေ ဖြစ်နေပြီ။
You XioaMo က အစဉ်သဖြင့် နားထောင်သူတစ်ယောက်သာဖြစ်သည်။ အစ်ကိုYang ကလည်း အဲဒိအပေါ်မှာ စိတ်ကျေနပ်မှု အမြဲရရှိသည်။ အချိန်တွေကြာလာတော့ အစ်ကိုYang က အတင်းသတင်းတွေရတိုင်း ဟိုဘက်သွားပြောရန် သွေးဆောင်ခံရကာ အဆုံးမှာတော့ သူ့ကို သွားပြောတာပဲ ဖြစ်သည်။
ဒီနေ့လိုမျိုး………..
သူသွားတာလာတာကနေ ပြန်ရောက်ချိန်မှာ You XiaoMo က အစ်ကိုYang သူ့ကိုစောင့်နေတာနှင့်ကြုံကာ သူ့အခန်းပြန်ဖို့ အခွင့်မရပေ။ အစ်ကိုYang ကလည်း တမင်သက်သက် သူ့ကို အပြင်မှာ စောင့်နေသည် ထင်သည်။
'အစ်ကိုYang ဒီနေ့ သတင်းကောင်းများရထားလို့လား?´
You XiaoMo က သူ့ကို အနီးအနားက အဆောင်ဇရပ်တစ်ခုကို ဆွဲခေါ်သွားသည့် Yang Yi ကို ကြည့်လိုက်သည်။ အဲဒိ အဆောင်ဇရပ်လေးထဲမှာ ထိုင်နေကြတဲ့ ဂိုဏ်းသားအနည်းငယ်လည်းရှိသည်။ သူတို့တွေအားလုံးက သူနှင့် တစ်နေရာတည်းမှာ နေသော ဂိုဏ်းသားများသာဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့တွေက ရင်းနှီးသောအနေအထားဟု ဆိုနိုင်သည်။
သူတို့လာတာတွေ့တာနှင့် ဂိုဏ်းသားအနည်းငယ်က သူတို့လဲ Yang Yi၏ သတင်းစကားကို စောင့်နေကြဟန်နှင့် သူတို့ကို စိတ်အားထက်သန်စွာနဲ့လှမ်းခေါ်တော့သည်။ သူတို့အားလုံးထဲမှာ သတင်းအရဆုံးက အစ်ကိုYang ဖြစ်သည်။
Yang Yi က အခြားညီအစ်ကိုတစ်ယောက် သူ့အတွက် ငှဲ့ပေးထားသော လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်ကာ စိတ်ပြေနပြေ တစ်ငုံသောက်လိုက်သည်။
You XiaoMo ဘေးမှာ အခြားသူတွေအကုန်လုံးက သူ့ကို မျက်လုံးလေးအပြူးသားနဲ့ ငေးကြည့်နေကြည်။ အချိန်တိုင်းမှာ လှုပ်ရှားမှုတွေ အတူတူပင်။
လူတိုင်း လုံလောက်တဲ့အခြေအနေထိ စိတ်လှုပ်ရှားနေပြီလို့ Yang Yiခံစားမိချိန်မှ သူ့ရေနွေးခွက်ကို စိတ်ကျေနပ်ဟန်နှင့် ချလိုက်ကာ စကားစပြောသည် 'ဒီနေ့ ငါ သတင်းအကြီးကြီးတစ်ခုရလာတယ်။ မင်းတို့အားလုံး သုခဘုံနယ်မြေက ပွင့်တော့မှာ သိတယ်မလား။ ငါတို့ TianXin ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုဆိုတော့ နေရာအတော်များများရထားတယ်လေ။ အဓိကကျတဲ့မှော်ဆရာအဖွဲ့သုံးခုလုံးလဲ နေရာတွေရတယ်……..´
အဓိကကျတဲ့တောင်ထွတ်တွေက နေရာတွေအကြောင်းပြောရင် ဂိုဏ်သားအချို့၏ခေါင်းထဲမှာမကျေနပ်မှုများ ပြန်ပေါ်လာပြန်သည် ဘာ့ကြောင့်လဲဆိုတော့ ကောင်းကင်တောင်ထွတ်က မြေကမ္ဘာတောင်ထွတ်ထက် နှစ်နေရာ ပိုရသည်လေ။ သို့သော် အဲဒါကလည်း ကောင်းကင်တောင်ထွတ်က ဂိုဏ်းသားများ၏ အင်အားက မြေကမ္ဘာတောင်ထွတ်ထက် ပိုမြင့်သည်မို့ မျှော်လင့်ထားပြီးသားဖြစ်သည်။ သူတို့က အခြားသူတွေထက်လဲ ဥစ္စဓန ကြွယ်ဝမှုပိုရှိကြသည်။ သူတို့က တက်လမ်းရှိတဲ့ တပည့်ဂိုဏ်းသားတွေကို မြေတောင်မြောက်ပေးနိုင်အောင် ကြီးမားတဲ့ အရင်းအမြစ်တွေရှိသည်။
သိုသော် အဲဒါက Yang Yi ပြောချင်တဲ့အကြောင်းမဟုတ်ပေ။ အဲဒိအကြောင်းက လျှို့ဝှက်ချက်မဟုတ်။ လွန်ခဲ့သောနှစ်လက ကြေညာချက်မထုတ်လျှင်တောင်မှ လွန်ခဲ့သော နှစ်ငါးဆယ်ကနှင့် အတူတူပဲဆိုတာကို သူတို့ မှန်းဆနိုင်သည်။
Yang Yi ပြောချင်နေတာက တတိယမျိုးဆက်ဖြစ်တဲ့ ငယ်ရွယ်တဲ့မျိုးဆက်သစ်ဂိုဏ်းသားများအကြောင်းဖြစ်သည်။ You XiaoMoလိုမျိုး ဂိုဏ်းထဲဝင်တာလာ ဆယ်နှစ်အောက်သာ ရှိသေးသော သူများအားလုံးကို တတိယမျိုးဆက်ဂိုဏ်းသားများဟု သတ်မှတ်ထားသည်။
'Yang Yi ငါတို့ နေရာခွဲတမ်းအကြောင်းသိတာ ကြာလှပြီလေ။ ဘာ့ကြောင့် အဲဒိအကြောင်းပြောတာလဲ?´ ဂိုဏ်းသားတစ်ယောက် က သူကစကားကို ဖြတ်ပြီးမပြောပဲ မနေနိုင်တော့။
'စိတ်မရှည်မဖြစ်စမ်းပါနဲ့။ ဒါက အမြည်းသဘောပဲ ရှိသေးတာ တကယ့် ဟင်းပွဲမှ မရောက်သေးတာအို့… ဆက်နားထောင်စမ်းပါ ငါဘာပြောချင်တာလဲ သိသွားလိမ့်မယ်´
စိတ်အားထက်သန်တဲ့ အတင်းစကားပြောသူတစ်ယောက်နေနဲ့ ဒါပေါ့ သိချင်စိတ်ပြင်းပြအောင် သူဘယ်လိုမျိုးလုပ်ရမလဲဆိုတာ သိတာပေါ့။ မဟုတ်လျှင် သိမ်သိမ်မွေ့မွေ့လေး ဇာတ်လမ်းတစ်ပုဒ်ပြောပြလိုက်လျှင် အရမ်းပျင်းဖိုကကောင်းသွားလိမ့်မည်။
You XiaoMo က သူတို့ကို ရယ်ချင်စိတ်နဲ့ကြည့်နေသည်။ တကယ်တော့ ဒီအစ်ကိုကလည်း Yang Yi ဇာတ်လမ်းတစ်ခုပြောပြလျှင် ဘယ်လိုဆိုတာသိပြီးသား သို့သော်လည်း အကြိမ်တိုင်း ဖြတ်မပြောရလျှင် မနေနိုင်။ Yang Yi သူ့ကို မျှော်လင့်တကြီးရှိအောင် ဘယ်လိုကောင်းအောင်လုပ်ထားနိုင်သလဲဆိုတာ သိသာစေသည်။
Yang Yi ကဆက်ကာ 'မင်းတို့ လွန်ခဲ့တဲ့နှစ်လက မှော်ဆရာခန်းမမှာ စစ်တဲ့ အကဲဖြတ်မှုကို မှတ်မိသေးတယ်မလား?´
ထိုအစ်ကိုက ချက်ချင်းပဲ 'ဒါပေါ့။ ငါမှတ်မိသေးတယ် ကောင်းကင်တောင်ထွတ်က ဥာဏ်ကြီးရှင်လို့ခေါ်တဲ့ Jiang Liu က ငါ့တို့ညီငယ်လေး You ကို အဓိကအဖွဲ့ကြီးသုံးခုရှေ့မှာ ရှုံးခဲ့တာလေ။ အဲဒိအချိန်တုန်းက ကောင်းကင်တောင်ထွတ် ဂိုဏ်သားတွေမျက်နှာတွေ ဘယ်လိုတွေတောင် မည်းသည်းနေတာကို မသိဘူးလား။ Yang Yi မင်းပြောချင်တာ အဲဒါတော့ မဟုတ်ဘူးမလား?´
You XiaoMo မသိမသာ မျက်မှောင်ကြုပ်သွားသည်။ အဲဒိအကဲဖြတ်မှုပြီးတုန်းက သူ Ling Xiao နဲ့တောင်အောက်ဆင်းသွားခဲ့သည်။ အဲဒိတော့ သူက အဲဒိအကဲဖြတ်မှုနောက်ပိုင် ဘာအကျိုးသက်ရောက်မှုတွေဖြစ်တယ်ဆိုတာ သူမသိပေ။ သူက ပြန်ရောက်တုန်းကလည်း အဲဒိအကြောင်းကို ဘာမှမကြားခဲ့ရတော့ သူဘာမှ စိတ်အနှောင့်အယှက်မဖြစ်ခဲ့။
'မဟုတ်ဘူး မဟုတ်ဘူး´ Yang Yi လက်ချောင်းလေးယမ်းကာ ပီတိတွေဖြာသော အပြုံးလေးပြုံးပြလိုက်သည်။
'ငါပြောချင်တာက အဲဒိနောက်မှာ ဖြစ်တာကို ပြောမှာ။ အဲဒိနေ့က ကောင်းကင်တောင်ထွတ်ကဂိုဏ်းသားတွေ ပြန်တော့ ငါသတင်းရတဲ့သူဆီကပြောတာတော့ ကောင်းကင်တောင်ထွတ်က တတိယမျိုးဆက်ဂိုဏ်းသားတွေထဲက ထူးချွန်ဆုံးဖြစ်တဲ့ Jiang Liu က အဲဒိနေ့က စပြီး ညီငယ်လေးYou လိုပဲ သီးသန့်ကျင့်စဉ်တွေ ၀င်လိုက်ထွက်လိုက် လုပ်တယ်တဲ့။ သူ လှုံဆော်မှုနည်းနည်းလဲ ရလိုက်တယ်လို့ ကောလဟာလတွေထွက်တယ်။´
သီးသန့်ကျင့်ကြံခြင်းအကြောင်းပြောတော့ Yang Yi က You XiaoMoကို မေးမြန်းချင်ပုံနဲ့ ဖျတ်ခနဲ ကြည့်လိုက်သည်။
You XiaoMo ကလည်း နည်းနည်းတော့ ကသိကအောင့်ခံစားလိုက်ရသည်။ သူ့အရင်ဘ၀မှာတုန်းက လူမှုဆက်ဆံရေးမှာ အားနည်းပြီးတော့ သူ့တိုက်ခန်းထဲမှာပဲ ပိတ်နေတတ်တာ များသည်။ ဒီတော့ သီးသန့်ကျင့်ကြံတယ်ဆိုတာကို ထူးဆန်းတယ်လို့ သူမထင်ပေ။ သူ့အစ်ကိုတွေရဲ့မျက်လုံးထဲမှာ သူကို့အလုပ်စွဲလမ်းသူလို့ ထင်မြင်နေတာကို သူမမျှော်လင့်ထား။
Yang Yi၏ နောက်ဆုံးစကားကို ကြားတော့ အခြားဂိုဏ်းသားတွေလဲ သူတို့စိတ်ထဲကနေ ရယ်မောကြကုန်သည်။
ဘာကို လှုံဆော်မှု ရတာလဲ? အဲဒိဟာကို သေချာပုံဖော်နေစရာတောင်မလိုဘူး။ အဲဒိအကဲဖြတ်မှုက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာထဲမှာ ကောင်းကင်တောင်ထွတ် နှင့် ယှဉ်ချိန်တွင် မြေကမ္ဘာတောင်ထွတ်အနေနဲ့ ဂုဏ်ယူ အူမြူးခဲ့ရသော တစ်ခုတည်း အကြိမ်ဟု ဆိုနိုင်သည်။ အခုချိန်မှာ ပြန်တွေးကြည့်လျှင်တောင် အဲဒိခံစားချက်က မယုံကြည်နိုငလောက်အောင် ခံစားလို့ကောင်းတာကို ပြောနိုင်သေးသည်။
Yang Yi က ပြုံးကာ ' ကောင်းကင်တောင်ထွတ်ကလည်း သူတို့ပုံရိပ်ပျက်စီးသွားတယ်လို့ခံစားရတယ်ထင်တယ်။ အဲဒိ နောက်ပိုင်း သူတို့ရဲ့ တတိယမျိုးဆက်ဂိုဏ်းသားတွေကို စတင် လေ့ကျင့်တော့တယ်။ တကယ်တော့ သူတို့အာရုံစိုက်တာက Jiang Liuပဲ ဘာ့ကြောင့်ဆိုတော့ Jiang Liu က ကောင်းကင်တောင်ထွတ်က ဆရာရဲ့ တိုက်ရိုက်တပည့်လေ။ သူကို ပိုပြီး သန်မာအားကောင်းလာဖို့ တောင်ထွတ်သခင်က သူမှော်ဆေးပင်အကန့်အသတ်မရှိ ယူခွင့်ရှိတယ်လို့ အမိန့်ချလိုက်တယ်။ ငါတို့လို တစ်နေ့မှ မှော်ဆေးပင် သုံးဆယ်နဲ့ကန့်သတ်ထားတာ မဟုတ်ဘူးနော်´
နောက်ဆုံးအကြောင်းကို ပြောတုန်းမှာ Yang Yi သူ့စကားလုံးတွေထဲမှာ ချဉ်ချဉ်တူးတူးလေသံမပါအောင် မထိန်းထားနိုင်။
ဂိုဏ်းသားအချို့၏မျက်နှာက အပြုံးတွေအနည်းငယ်ပျောက်ကွယ်သွားကာ သူ့တို့ရဲ့မနာလိုမှုတွေကို မျက်နှာပေါ်မှာ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
မနာလိုမဖြစ်သူမှာ You XiaoMo တစ်ယောက်သာ ရှိသည်။ Jiang Liu လို မွေးရာပါ ပါရမီရှိသူတစ်ယောက်ကို သေချာပေါက် ဒီလို အထူးဂရုစိုက်မှုတွေ ပေးမယ်ဆိုတာ သူသိတာ ကြာလှနေပြီ။ မွေးရာပါ ပါရမီကောင်းတဲ့ ဂိုဏ်းသားတစ်ယောက် ကို မှော်ဆရာအဖွဲ့က မှော်ဆေးပင်တွေနဲ့ပတ်သတ်လျှင် နှမြောတွန့်တိုစရာမလိုပေ။ နောက်ဆုံးအကြောင်းကို အစ်ကိုကြီးနဲ့ အစ်ကိုနှစ်ကို Kong Wen ဆက်ဆံပုံလို့ ပြောနိုင်သည်။
'အစ်ကိုYang, Jiang Liu နဲ့ပတ်သတ်တာ ပြောချင်တာတော့ မဟုတ်ဘူးမလား? သူအဆင့်တက်သွားတာတော့ မဟုတ်ပါဘူးနော်?´
You XiaoMoက Yang Yi၏စကားတွေကို ပြန်စဉ်းစားပြီးတော့ ထင်ကြေးမပေးပဲမနေနိုင်ပေ။ ကောင်းကင်တောင်ထွတ်သခင်ကတောင် Jiang Liu ကို အလွန်အရေးပေးဆက်ဆံသည်။ နှစ်လအတွင်း အဆင့်သုံးမှော်ဆရာ တစ်ယောက်ဖြစ်တယ်ဆိုတာ မဖြစ်နိုင်တာမှ မဟုတ်တာ။
Yang Yi၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက ရှုံ့ရှုံ့တွတွပြုံးပြကာ 'မင်းတစ်ဝက်ပဲမှန်သေးတယ် ဒါပေမယ့် နီးစပ်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ငါကြားတာတော့ Jiang Liu က သိပ်မကြာခင် အဆင့်တက်တော့မှာတဲ့ ကောလဟာလ တွေက ပြောတာတော့ ရက်ကလည်းနီးနေပြီဆိုတော့ သူက တစ်နေရာတောင် ရနိုင်မယ်ပြောကြတယ်´
ဂိုဏ်သားတွေ ပင့်သက်ရှိုက်ကုန်ကြသည်။
အဆင့်သုံးမှော်ဆရာကို နှစ်လကျော်ကျော်လေးမှာဖြစ်တယ်။ ဒီအမြန်နှုန်းက မှော်ဆရာအဖွဲ့က နှစ်ပေါင်း ရာချီနေသော မှတ်တမ်းဟောင်းများကို တောင် ချိုးဖျတ်နိုင်သည်။ အစ်ကိုကြီးနှင့် အစ်ကိုနှစ်တောင် ထူးခြားတယ်လို့ မဆိုနိုင်ဘူး။
အကယ်လို့ Jiang Liu ကသာ တကယ်ကြီးအဆင့်တက်သွားလျှင် ကောင်းကင်တောင်ထွတ်က လက်ပြန်သာသွားမှာ ဖြစ်သည်။ ကောင်းကင်တောင်ထွတ်၏ မုန်းတီးစက်ဆုပ်စရာ ရန်သူအနေနဲ့ မြေကမ္ဘာတောင်ထွတ်က သေချာပေါက် ထပ်ပြီး နောက်တစ်ကြိမ် ခေါင်းပြန်မဖော်နိုင်ခင်အထိ အထင်သေးတဲ့ အကြည့်တွေ ခံရမှာဖြစ်သည်။ Jiang Liu၏ အောင်မြင်မှုက ကောင်းကင်တောင်ထွတ်၏ သူ့လေ့ကျင့်မှုအပေါ်မှာ အထောက်အပံ့ပေးမှုတွေကြောင့်လို့ ခွဲခြားလို့မရနိုင်သလို ငြင်းဆန်လို့လဲ မရပေ။
သတင်းက ပြောပြီးပြီဆိုတော့ လူတိုင်း၏ စိတ်ဝင်စားမှုတွေ ပျောက်ဆုံးသွားကာ သိပ်မကြာခင်မှာ အရပ်လေးမျက်နှာကို ပျံနှံကုန်ကြသည်။
You XiaoMo လည်းပဲ အစ်ကိုတွေကို နှုတ်ဆက်ပြီး သူကအခန်းကို ပြန်ခဲ့တော့သည်။ Jiang Liu အတွက်ကတော့ အကယ်လို့ အစ်ကိုYang က ဒီအချိန်မှာ သတင်းစကားပြောခဲ့ဘူးဆိုလျှင် သူ့အကြောင်း လုံးဝမေ့သွားနိုင်သည်။ Jiang Liu က တကယ် သုခဘုံနယ်မြေသွားလျှင် အဲဒိအချိန်ရောက်လျှင် သူတို့ အချင်းချင်းတွေ့ဆုံနိုင်ချေရှိသည်။
အဲဒိတစ်ရွာတည်းသားအပေါ်မှာ You XiaoMo အနေနဲ့ အလွန်ရှုပ်ထွေးတဲ့ခံစားချက်တွေ ရှိသည်။ 
အစတုန်းက အဲဒိတစ်ရွာတည်းသားအပေါ်မှာ အလွန်ကောင်းမွန်တဲ့ စိတ်ခံစားချက်ရှိခဲ့သည်။ သို့သော် အပြန်အလှန် အကျိုးသက်ရောက်မှုအနည်းငယ်ရှိအပြီးမှာတော့ တောင်ထွတ်မတူတာအပေါ်မှာ မူတည်သည်ကို သူခံစားမိသည်။ သူနဲ့ Jiang Liu က တစ်ရွာတည်းသားပေမယ့် သူတို့ကြားမှာ ဘာမှသိပ်မရှိပေ။ သူတိုက မတူညီတဲ့အ၀န်းအ၀ိုင်းမှာ နေထိုင်တာကြောင့် အနှေးနှင့်အမြန်တော့ သူတို့အနီးအနားက လူတွေနှင့် ပိုပြီးတူညီလာလိမ့်မည်။ စာကြည့်တိုက်က အပိုင်းအပြီးမှာ You XiaoMo က ခက်ခဲသောအခြေအနေတွေ ဖြစ်ပေါ်ခြင်းမှု ရှောင်ရှားရန်အတွက် Jiang Liu အနားမကပ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။
Jiang Liu၏ အဆင့်တက်မှုနှုန်းအနေနဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင် အမြန်နှုန်းနှင့် နှိုင်းယှဉ်ပါက သူကို တိတ်တဆိတ်တော့ ပျော်ရွှင်ကြည်နူးစေသည်။
Jiang Liu က သိပ်မကြာခင်မှာ အဆင့်သုံးမှော်ဆရာတစ်ယောက်ဖြစ်တော့မယ်ဟု ဆိုစေကာမူ သူကအဆင့်သုံးမှော်ဆရာဖြစ်နေတာ လအနည်းငယ်တောင် ကြာနေပြီလေ။ အခု သူအဆင့်လေးမှော်ဆရာတစ်ယောက် ဖြစ်ရန် သူလေ့ကျင့်နေသည်။ သူ့အပေါ်မှာ သူ့ဆရာက အလေးပေးတာနဲ့ ပတ်သတ်လို့ကတော့ သူက နည်းနည်းလေးတောင် မနာလိုမဖြစ်ပေ။ သူ့မှာ Liang Liu၏ ဆရာကောင်းတာထက်တောင် ပိုပြီးကောင်းအောင်ဆက်ဆံပေးမယ့်သူ Ling Xiao ရှိသည်။
သူ့စိတ်ထဲမှာ အဲဒိနာမည်ကြီး ရုတ်တရက်ထွက်ပေါ်လာလို့ You XiaoMo ချက်ချင်းအထိတ်တလန့်နှင့် သူမျက်လုံးတွေမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်သွားသည်။
Ling Xiao ရဲ့ တည်ရှိမှုကို သူပိုပိုပြီးတော့ လက်ခံမိပြီးပြီလို့ ထင်သည်။ ပြီးတော့ တစ်ခုခု ရုတ်တရက်ပေါ်ထွက်လာချိန်တိုင်း တစ်ခုခု သူတွေးမိချိန်တိုင်း အတွေးတိုင်းက သူ့ဆီပဲ ဦးတည်သွားလေ့ရှိသည်။ ကြည့်ရတာ တစ်ယောက်ယောက်ကတော့ သူ့ဘာသာ ပြောင်းလဲနေပြီးသားပဲဟု…………..
Unicode

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now