Chapter 121 Greatest Fortune ( Z & U)

10.5K 1.7K 17
                                    

Zawgyi
C-121Greatest fortune.

အခန်း ၁၂၁ ကြီးမြတ်ကောင်းမွန်ဆုံးသော ကံကြမ္မာ
သူ့ရဲ့ ကောင်းကောင်းမွန်မွန်စိတ်ထားနဲ့ စိတ်ပါလက်ပါ တောင်းပန်တာကြောင့် အကိုYang နဲ့ အဖွဲ့သားတွေ သူတို့ဘာမှ ထပ်ပြောစရာမလိုတော့ဘူးလို့ ခံစားသွားကြသည်။ ပြီးနောက် သူရဲ့ ကျောထောက်နောက်ခံလဲ တော်ရုံ သာမာန်လူမှ မဟုတ်ပဲ။ သူတို့ကျေနပ်လိုက်ဖို့ပဲ ရှိတယ်လေ။ သူတို့ ပိုဂရုစိုက်ရန် စကားနည်းနည်းထပ်ပြောပြီး ထွက်ခွာသွားကြသည်။
သူတို့ကို ပြန်ပို့ပြီးသည်နှင့် You XiaoMo စိတ်သက်သာရာ ရသွားကာ သက်ပြင်းချလိုက်သည်။ သူရဲ့ ပထမဆုံး လေ့ကျင့်မှုမှာတင် ဒီလောက်လူအများကြီးရဲ့ အာရုံစိုက်စရာ ဖြစ်သွားမယ်မှန်း သူမထင်ထားချေ။ နောက်ဆိုလျှင် သူပိုပြီး သတိထားရမည့် ဟန်ရှိသည်။ တစ်ကြိမ်ထဲက သံသယ၀င်စရာ မဖြစ်စေနိုင်ပေမည့် အကယ်လို့သာ သူဒီအတိုင်း ဆက်ဖြစ်နေမည် ဆိုလျှင် ပြဿနာဖြစ်နိုင်သည်။
TianXin ဂိုဏ်းရဲ့ အဂ္ဂိရတ်နည်းပညာကို လေ့ကျင့်လျှင် ဘယ်လိုဖြစ်နိုင်မလဲ သူမသိပေမယ့် ဒီ ကျင့်စဉ်နှစ်ခုရဲ့ ကွာခြားချက်က အလွန်ကို ကြီးမားသည်။ ရလာဒ်ကလဲ အရမ်းကို ကွာခြားမည်ဖြစ်သည်။ ထို့ကြောင့် ဒီနေ့လို အဖြစ်အပျက်က နောက်ထပ် ထပ်မဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။
သို့သော် သူက ဂိုဏ်းသားများရဲ့ စပ်စုနိုင်မှုကို သူလျော့တွက်ခဲ့ခြင်းဖြစ်သည်။ သိပ်မကြာခင်ပဲ သူ့ရဲ့လေ့ကျင်းခြင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိဥာဏ်စွမ်းအားကို ပြင်းပြင်းထန်ထန် လှုပ်ရှားစေခဲ့ခြင်းက မြေကမ္ဘာတောင်ထွတ်တစ်ခုလုံးကို ပျံနှံသွားစေသည်။
လူတိုင်းက ဒီကိစ္စကိုသာပြောနေကြပုံရသည်။ လူတွေ စုမိသည်နှင့် အတင်းစကားတွေ စတော့သည်။
လူအတော်များများက You XiaoMoကို Fang ChenLe နှင့် Fu ZiLin တို့နှင့် စတင်နှိုင်းယှဉ်ကြသည်။ သူတို့က ဒီ ပညာရပ်ကို လေ့ကျင့် ချိန်တွင် သူတို့တို့က သေချာပေါက်ကို ဒီလိုဆန်းပြားတဲ့ဖြစ်ရပ်များကို မဖြစ်စေခဲ့ဘူးလေ။ လေ့ကျင့်နေစဉ်မှာ ကောင်းကင်နှင့် မြေကြီ့းရဲ့ စိတ်ဝိဥာဏ်စွမ်းအားတို့ကို လှုပ်ရှားစေခြင်း က ကြီးမြတ်ကောင်းမွန်ဆုံးသော ကံကြမ္မာ ဖြစ်သည်ဟု သူတို့ဆိုကြသည်။
ထို့ကြောင့်ပဲ သူတို့တွေက You XiaoMo က တစ်ခုခုဖြစ်နိုင်မလားလို့ လေးလေးနက်နက်ဆွေးနွေးနေကြတာဖြစ်သည်။ သေချာအောင် ပြောရရင် အကြီးဆုံးအကိုနှင့် ဒုတိယအကိုတို့မလုပ်နိုင်သော အရာကိုများ သူဘယ်လို လုပ်လိုက်သလဲ ဆိုတာဖြစ်သည်။
You XiaoMo က ကံကောင်းသွားတာလို့ပဲ တွေးနေကြတဲ့ လူများပဲ ရှိမနေချေ။
ရလာဒ်အနေနဲ့ကတော့ နေ့ခင်းတော်တော်ကျော်လောက်မှာ Kong Wen ရဲ့ ဆင့်ခေါ်ခြင်းကို You XiaoMo ခံရလေသည်။
ပထမတော့ သူက သူ့ကိစ္စက ဒီလောက်ပျံနှံနေမယ်လို့ မသိထားပေ။ KongWen ပြောမှသာ သူသိတော့သည်။ ကြည့်ရတာ ဒီမနက်အဖြစ်အပျက်က ခုန်ကျော်ပြီး တော့တောင် ဒီလောက် ပျံနှံ့သွားပုံပေါ်သည်။
သို့သော် သူက အထိတ်တလန့်ဖြစ်မသွား။ ဒီမနက် အဖြစ်အပျက်နောက်ပိုင်း သူ့အကိုတွေကို ဖြေရှင်းချက်ပေးရန် သူပြင်ဆင်ထားပြီး ဖြစ်သည်။ သူပထမဆုံးဖြေရှင်းချက်ပေးရမည့်သူက သူ့ဆရာ ဖြစ်သွားမယ်မှန်းသာ သူမမျှော်လင့်ထားခြင်းဖြစ်သည်။
ဒီ ဆင်ခြေလဲ တကယ်တော့ တုံးအချင်ယောင် ဆောင်ခြင်းသာဖြစ်သည်။
Kong Wen ဘယ်လောက်မေးမေး သူက နလပိန်းတုန်းပုံစံသာ ဆောင်ထားသည်။ ရလာဒ်ကတော့ သူ့မေးခွန်းကနေ အဓိပ္ပါယ်ရှိတာ ဘာမှ ထွက်မလာတော့ချေ။
Kong Wen ပုံစံက သူအရာအားလုံးကို သေချာမသိပုံပေါ်သည် ထို့ကြောင့် သူက ဒီလိုကိစ္စမျိုးဖြစ်တယ်ဆိုတာ ကံကောင်းတယ်ဆိုတာမျိုးလောက်သာ သူတေးမှတ်ထားလိုက်သည်။ လေ့ကျင့်နေတုန်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိဥာဏ်စွမ်းအားတွေကို လှုပ်ခါစေသည်က လူတချို့သာ ကံကောင်းပြီးဖြစ်နိုင်သည်။ ဒီလို ကြီးမြတ်ကောင်းမွန်တဲ့ ကံကြမ္မာက သူဘယ်တော့မှ မထင်ထားသည့် တပည့်ဆီမှာ အမှန်တကယ်ကို ဖြစ်ပျက်ခဲ့သည် ကိုသာ သူမမျှော်လင့်ထားခြင်းဖြစ်သည်။
သူတစ်ခုခု ပြောဖို့နောက်ကျလွန်းသွားတာက အရမ်းဆိုးသည်။ Kong Wen ကံတရားရဲ့ အလှည့်အပြောင်းကို ဟုသာ မှတ်ယူလိုက်သည်။
Kong Wen ဆီက ထွက်လာပြီးနောက် You XiaoMo အခြားဘယ်ကိုမှ မသွားတော့ပဲ သူ့အခန်းဆီသို့သာ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
လမ်းမှာ သူအခြားတပည့်များနှင့် ဆုံသည် ယောက်ျားကော မိန်းကလေးတွေကော။ အမျိုးသမီးများက အဆင်ပြေသေးသည်။ သို့သော် သူတို့ရဲ့ အကြည့်တွေက သိချင်စိတ်နဲ့ မေးခွန်းများနှင့် ပြည့်နှက်နေသည်။ အပြင်ဖက်ကတော့ သူတို့ပုံက နူးညံ့ သိမ်မွေ့ ဣနြေ္ဒရှိသော အပျိုလေးများ ပုံပေါ်နေသော်လဲ တကယ်တော့ သူတို့က အဲသလိုမဟုတ်။
You XiaoMo ဒီ မြေကမ္ဘာတောင်ထွတ်ရဲ့ တပည့်အဖြစ်ရောက်ပြီး ဆယ်ရက်လောက်ထဲက သူသဘောပေါက်ပြီးသားဖြစ်သည်။
အမျိုးသား တပည့်များထက် အမျိုးသမီးတပည့်များက ပိုပြီးနည်းသည်။ ဒါက စစ်သည် နှင့် မှော်ဆရာဌာနများ အတူတူ ဖြစ်သည်။ ဆယ်ယောက်မှာ နှစ်ယောက်သာ ရှိတတ်သည်။ တစ်ခါတစ်လေ တစ်ယောက်လောက်သာ ရှိသည်။ ဒါက TianXin ဂိုဏ်းမှာ ယန်ဓါတ်တွေများပြီး ယင်ဓါတ်တွေ နည်းပါးခြင်းကြောင့်ဖြစ်သည်။
ယင် နဲ့ ယန် ဓါတ်တွေ မညီမျှမှုကြောင့် အမျိုးသမီးတပည့်များကို နောက်ပိုင်းတွင် အများအပြား ရှာဖွေကြသည်။ အဓိက ကတော့ အမျိုးသား ဂိုဏ်သားတွေက အားနည်းတဲ့ အမျိုးသမီးဂိုဏ်းသာများကို ပိုပြီး အလေးပေးကာ နေရာပေးကြသည်။ ထို့ကြောင့် အနည်းငယ်သော အမျိုးသမီး ဂိုဏ်းသား များမှာ အခုချိန်တွင် ရှက်ခြင်းများ ရှားပါးကာ အလိုလိုက်ခံရသောကြောင့် ဆိုးတတ်နေကြပြီ ဖြစ်သည်။
You XiaoMo အရင်က မျက်မြင်ကြုံဖူးသည်။ လှပတဲ့ ညီမလေး တစ်ယောက်ကို အကိုအများအပြားက ဖူးဖူးမှုတ်နေတာမျိုး။
သူ့ကို တုန်လှုပ်စေတာကတော့ ညီမလေးများက သူတို့ကို မပိတ်ပင်သည့်အပြင် ဘေးကနေ မီးတောက်ထဲကို ဆီထည့်လိုက်ကြသေးသည်။ အဲဒိမှာတင် အစိမ်းအနီအနက် အဖြူ ကွဲပြားမှုမရှိတော့ပဲ ထိုးပွဲ ရိုက်ပွဲ တွေဖြစ်ကုန်တော့သည်။ ရိုက်ပွဲပြီးတာနဲ့ သူတို့ကတော့ကိုယ့်ကိုကိုယ် မှန်တယ် ထင်နေကာ သူတို့ရဲ့ အလိုလိုက်ခြင်းတွေနဲ့ ခေါင်းမာတတ်တဲ့ စရိုက် အပြည့်အ၀ကို ဖော်ပြတတ်ကြသည်။
ဒီလိုစရိုက်မျိုးက သူက ကြုံလှီနေတဲ့ မှော်ဆရာတောင် အစာအိမ်ထဲ ထည့်လိမ့်မည်မဟုတ်။ ထို့ကြောင့် သူ့တို့ရဲ့ နူးညံ့ သိမ်မွေ့ပြီး ရှက်တတ်တဲ့ ပုံပန်းကို မြင်ရတာက သူ့သွားများကြိမ်းလာသလို ခံစားရသည်။ သူတို့တွေရဲ့ ပုံရိပ်အစစ်အမှန်ကို မသိသူတွေက သူတို့ တစ်ယောက်စီက ခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျားပျိုမလေးများ ဆိုတာကို ထင်ထားကြမှာ မဟုတ်ဘူး။
ဒီလိုအခြေအနေမျိုးကို သူအရင်က အများကြီး တွေ့ပြီးသားဖြစ်သည်. ရှေ့ရှောက်ကို TianXinဂိုဏ်းက ဣနြေ္ဒရှင် မမလေးများကို သူလက်လျော့ခဲ့သည်။
သူ့အခန်းကို ပြန်ရောက်သည်နှင့် You XiaoMo အချိန်အတန်ကြာ အနားယူလိုက်သည်။ သူ့ခွန်အား စိတ်ဝိဥာဏ် များက အထွတ်အထိတ်ကိုရောက်ချိန်မှ သူ အဆင့်နိမ့်ကျတဲ့ ဆေးကြိုအိုးကို ထုတ်လိုက်သည်။
ဥာဏ်အလင်းရွှေအိုးကို သူ့နယ်မြေထဲ ထဲ့သိမ်းထားသည်။ အခြားသူများရဲ့ ရှာဖွေသိရှိသွားခြင်းကိုသူ အာမမခံနိုင်သေးသရွေ့ သူအဲဒိအိုးကို ထုတ်မှာ မဟုတ်ပါ။ အခြားသူတွေရဲ့ သံသယပျောက်သွားအောင် သူဘယ်လိုရှင်းပြရမလဲ ဆိုတာသူမသိတာဖြစ်သည်။
ပြီးတော့ ဒီတစ်ကြိမ်မှာ သူ့ ပြတင်းပေါက်တွေနဲ့ အခန်းတံခါးကို သော့ခတ်ဖို့သူထပ်မရဲတော့။ အခန်းနီးချင်း ဂိုဏ်းသားများက သူတစ်ခုခုထပ်လုပ်နေသလားဆိုတဲ့ အတွေးတွေကို တားဆီးဖို့ဖြစ်သည်။ အကယ်လို့ ထပ်အသံထွက်လာရင် သူKong Wen ကို သွားပြီး ထပ်ရှင်းပြရလောက်သည်။
ဒီအကြိမ်တော့ သူဆေးကြိုအိုးကို ကြမ်းပေါ်မှာပဲ ချလိုက်ကာ သူလဲ တင်ပလ္လင်ခွေထိုင်လိုက်ကာ ကြမ်းပေါ်မှာပဲ မှော်ဆေးလုံးဖော်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်လိုက်သည်။
You XiaoMo လွန်ခဲ့တဲ့ လ၀က်က ၀ိဇ္ဇာဆေးပင်ခန်းမကနေ ရထားတဲ့ ဆေးပင်တွေကို သူ့မှော်အိတ်ထဲက ထုတ်လိုက်သည်။ အားလုံးပေါင်း ဆေးပင်ပေါင်း လေးရာ့ငါးဆယ်ဖြစ်သည်။ အကုန်လုံးကို ထုတ်ပြီး တစ်ခုချင်းစီ ဘေးချင်းကပ်ရက် စီလိုက်သည်။
အဆင့်နိမ့်မှော်ဆေးပင်တွေက မကောင်းပေမယ့် လေ့ကျင့်ဖို့တော့ အရမ်းကောင်းသော အရာများဖြစ်သည်။ သူတို့တွေက မစင်ကြယ်မှုများသောကြောင့် ပေါင်းတင်သန့်စင်မှုတွေတွေ အကြိမ်ရေ မနည်းစေပဲ အများအပြားလုပ်နိုင်သည်။ ဒါက သူ့ရဲ့ ပေါင်းတင် သန့်စင်မှု စွမ်းရည် တိုးတက်ဖို့ လေ့ကျင့်ဖို့ ကောင်းသည်။
ပေါင်းတင်သန့်စင်ခြင်းအကြောင်းပြောရမယ်ဆိုလျှင် You XiaoMo တစ်ခု သတိရသွားသည်။ အခုချိန်မှာ သူ့ရဲ့ မှော်ဆေးပင်တွေအပေါ် ပေါင်းတင်ခြင်းက လေးကြိမ်သာ လုပ်နိုင်သည်။ သို့သော် ပြီးခဲ့တဲ့ လအနည်းငယ်က သူမှော်ဆေးပင်ကို ပေါင်းတင်သန့်စင်ခြင်းကို  ငါးကြိမ် မြောက်လုပ်နိုင်အောင် သူလုပ်ခဲ့သည်။ သို့သော် အဲဒိအချိန်က သူ့ဝိဥာဏ်ခွန်အားကို ကုန်ခန်းစေတဲ့ အခြေအနေဖြစ်သွားသည်။ အကယ်လို့ Ling Xiao ကသာ အချိန်မှန်ရောက်မလာခဲ့ရင် ဘယ်လိုကြောက်စရာကိစ္စတွေ ဖြစ်သွားနိုင်လဲဆိုတာ ဘယ်သူမှ မသိနိုင်။
Ling Xiao သတိပေးပြီးနောက်ပိုင်းသူထပ်ပြီး မစွန့်စားရဲတော့။
သို့သော် အဲဒိအချိန်က သူTianXinဂိုဏ်ကို ၀င်ပြီးသိပ်မကြာခင်မှာဖြစ်သည်။ သူ့ရဲ့ ၀ိဥာဏ်ခွန်အားက အများကြီး အလျှံအပယ် မဖြစ်သေးချေ။ ပြီးတော့ အဲဒါက သူကောင်းကင်စိတ်ဝိဥာဏ်ကျမ်းကို မလေ့ကျင့်ခင်ကဖြစ်သေးသည်။ အခုက ကွာခြားသွားပြီ။ သူက အခု အဆင့်နှစ်မှော်ဆရာဖြစ်နေပြီ။ သူ့ဝိဥာဏ်အားကလဲ အဲဒိအချိန်ကထက်ကို ပိုပြီးအားကောင်းလာပြီ။ ဆိုတော့ကာ အခုမလုပ်ရင် သူဘယ်အချိန်သွားလုပ်ရမလဲ။
ဒီလိုတွေးမိသည်နှင့် You XiaoMo နောက်တစ်ကြိမ် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
You XiaoMo ဆေးပင်တွေထဲက သုံးပင်ရွေးထုတ်လိုက်သည်။ ၀ိဥာဏ်ဆေးပင်၊ အဖြူရောင်စိတ်ဝိဥာဏ်ဆေးပင် နဲ့ အမွှေးဖွားကိုက်လန်တို့ ဖြစ်သည်။ အဲဒိ မှော်ဆေးပင် သုံးပင်က ရေခဲမှော်ဆေးလုံး ဖော်ရန် အသုံးပြုနိုင်သည်။ ဒီလိုဆေးလုံးမျိုးက လူတစ်ယောက်ရဲ့ ခွန်အားတိုးတက်ရန် အကူအညီပေးသည်။ အများကြီးတော့မတိုးစေပေမယ့် တစ်ကြိမ်ဆီမှာ အလုံးရေ များနိုင်သည်။
သို့သော် ရေခဲမှော်ဆေးလုံးက မြေကမ္ဘာအဆင့် သိုင်းသမားများကိုသာ အကျိုးထူးစေသည်။ သူတို့မြေကမ္ဘာအဆင့်ကို ကျော်ဖြတ်ပြီးလျှင် ရေခဲမှော်ဆေးလုံးက သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိတော့ပေ။
ဒီလိုဖြစ်ပေမယ့်လဲ Long Xiao တိုက်ကြီးမှာ သိုင်းသမားအရေအတွက် နွားပေါ်က အမွှေးလောက်တောင် များပြားလှသည်။အဆင့်နိမ့် သိုင်းသမားများကိုနေရာတိုင်းမှာ တွေ့နိုင်သောကြောင့် ရေခဲမှော်ဆေးလုံး အတွက် ဈေးကွက်မရှိမှာကို စိတ်ပူနေစရာကို မလိုချေ။
သူ့ဝိဥာဏ်ခွန်အားကို ဆေးကြိုအိုးဆီသို့ ပြောင်းအပြီးမှာ You XiaoMo ဆေးပင်သုံးပင်လုံးကို အထဲ ပစ်ထည့်လိုက်သည်။
သူ့ရဲ့ ကျွမ်းကျင်မှု စွမ်းရည်အောက်မှာ မှော်ဆေးပင် သုံးပင် စလုံးက အစိမ်းရောင် အရည်လုံးသုံးလုံး အဖြစ်ကူး ပြောင်းသွားသည်။ ပြီးနောက် အစိမ်းရောင် အရည်တွေဆီမှ မသန့်စင်မှုတွေကို နည်းနည်းချင်းစီ စတင်ဖယ်ရှားလိုက်သည်။ လေးကြိမ်ပြီးနောက်မှာ အစိမ်းရောင်အရည်က စပြီး သန့်စင်ပြီး သန့်စင်လာသည်။ သို့သော် You XiaoMo က အစိမ်းရောင်အရည်ထဲမှာ မသန့်စင်မှုတွေ ရှိနေသေးတာ ရှာဖွေသိရှိသည်။ အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ငါးကြိမ်မြောက် ပေါင်းတင်သန့်စင်ခြင်းကို လုပ်ရန် စတင်လိုက်သည်။
အချိန်တွေကုန်တာ အရမ်းနှေးကွေးလွန်းသည်။ သူငါးကြိမ်မြောက် သန့်စင်ခြင်းပြီးချိန်မှာ သူတကယ်ကြီးပင်ပန်းတယ်လို့ မခံစားရချေ။ ၀ိဥာဏ်ခွန်အား ကုန်ဆုံးမှုက ဒီလောက်တောင် နည်းသလား။
ငါးကြိမ်ဆိုတာက အရည်အချင်းနဲ့ဆိုင်နေပြီဖြစ်တဲ့ အကြော့ ဖြစ်ပေမယ့် အစိမ်းရောင်အရည်ထဲက မသန့်စင်မှုက နှစ်ရာခိုင်နှုန်း သုံးရာခိုင်နှုန်းလောက်အထိကို မသန့်စင်မှုက လျော့ကျသွားပြီဖြစ်သည်။ အဆင့်နိမ့်ဆေးပင်တွေအတွက်က ဒီရာခိုင်နှုန်းက မယုံကြည့်နိုင်လောက်အောင်ပင် ဖြစ်နေပြီ။ လူအများက သူတို့တစ်သက်လုံး ကြိုးစားရင်းနဲ့ သေမယ်ဆိုရင်တောင် ဒီလိုအဖြစ်ကို ရရှိနိုင်မှာ မဟုတ်ပေ။
You XiaoMoက ခြောက်ကြိမ်အထိ ပေါင်းခံသိမ်းဆည်းခြင်းလုပ်ချင်သော်လည်း သူ့ဝိဥာဏ်အားက ဒီဟာက အတိုင်းအတာတစ်ခုအထိ ရောက်နေပြီလို့ ပြောဆိုနေသည် ။ သူ့အတွက် အတိုင်းအတာအစွန်းကို ရောက်နေပြီမဟုတ်ပဲ မှော်ဆေးပင်အတွက်ဖြစ်သည်။
ကျန်ရှိနေသေးတဲက မသန့်စင်မှု့တွေကို သူဘယ်လောက် ကြိုးစားကြိုးစား သူမလုပ်နိုင်တော့။
ဒါပေမယ့် သူကတော့ စိတ်ပျက်အားလျော့မှုတော့ ခံစားမနေ။ ငါးကြိမ်တောင် လွယ်လွယ်ကူကူ ပေါင်းခံခြင်းပြုနိုင်တာမို့ ဒါက အရမ်းကောင်းတယ်လို့ သူခံစားရပြီးသားဖြစ်သည်။ ထို့ကြောင့် သူ မှော်လေးလုံး စပြီး ရောစပ်ဖို့ လိုက်သည်။
တစ်ခုထဲကိုပဲ အာရုံစွဲကပ်နေတဲ့ You XiaoMo က သူဆေးလုံးစရောနေတဲ့အချိန်မှာ သူ့ပြတင်းအပြင်ဖက်မှာ အရိပ်မည်းကြီး တစ်ခု ရုတ်တရက် ပေါ်လာတာကို သတိမထားမိချေ။ အောက်ခြေမမြင်ရအောင် မည်းနက်နေတဲ့ မျက်ဝန်း တစ်စုံက ပြတင်းပေါက် အဟလေးကနေပြီး အခန်းထဲက အခြေအနေတွေကို အကဲခတ်သည်။ ထိုအရိပ်မည်းက သူ  အောင်မြင်စွား ဆေးလုံး ရောစပ်ပြီး ပီတိအပြုံးလေး ပေါ်လာချိန်မှသာ ပျောက်ကွယ်သွားသည်။
တစ်နေခင်းလုံး You XiaoMo အဆင့် နှစ်မှော်ဆေးလုံး အမျိုးအစားများစွာကို စမ်းသပ်နေသည်။
သူမနက်ကမှ ကောင်းကင်ဝိဥာဏ်ကျမ်းကို လေ့ကျင့်ထားတာကြောင့်ဖြစ်မည်ထင်သည် သူ မှော်ဆေးပင်ပေါင်း ရာပေါင်းများစွာကို ဆေးဖော်ပြီးချိန်မှ မှော်ရေ ကို အနည်းငယ်သာ သောက်ဖို့ လိုခဲ့သည်။ သို့သော် ပေါင်းခံပြီးသန့်စင်ခြင်း အကြိမ်ရေ တိုးလာတာကြောင့် သူ ဆေးလုံးပေါင်းတစ်ရာ့ငါးဆယ် လုံး ပြီးစီးချိန်မှာ နောက်တစ်နေ့ မနက်ပင် ဖြစ်နေပြီ ဖြစ်သည်။
ပင်ပန်းစွာနဲ့ You XiaoMo မှော်ရေတောင် မသောက်တော့။ ဆာလောင်မှုအတွက် မှော်ဆေးလုံးအနည်းငယ် မစားခင်မှာ သူ့ပစ္စည်းတွေကို မြန်မြန်သွက်သွက် လေးသိမ်းဆည်းလိုက်သည်။ ပြီးတာနဲ့ မတ်တပ်ရပ်ပြီးတော့ အိပ်ဖို့ အိပ်ယာထဲ ၀င်လိုက်တော့သည် ။
အိမ်မက်ကမ္ဘာထဲကို ခြေမချခင်မှာ သူ့နောက်ဆုံးအတွေးက ဒီဆေးလုံးတွေ Ling Xiao အတွက် ရက်အနည်းငယ်တောင့်ခံနိုင်ဖို တော့ လောက်မှာပါနော်။ 
ဒီလို အိပ်စက်တာက Shenအချိန်ရောက်ချိန်အထိ (15:00 – 17:00) သုံးနာရီ နီးပါးသာ ခံသည်မို့ သူက နိုးချိန်မှာ နေ့ခင်းသုံးနာရီ သာ ရှိသေးသည်။
ဒါက သူ့အရင်ဘ၀ သူနှစ်ဆယ့်တစ်ရာစုမှာ ကျောင်းသားအဖြစ် နေစဉ်တုန်းကဆိုရင် သူ နေ့တွေ ညတွေ ပြောင်းပြန်ဖြစ်အောင် နေမိလိမ့်မယ်ဆိုတာကို သူသေချာပေါက် တွေးတောင်တွေးမိမှာ မဟုတ်။ သူလို ကျောင်းသားကောင်း တစ်ယောက်ဖြစ်သူက ညဆိုလျှင် ပုံမှန် ဆယ်နာရီဆို အိပ်လေ့ရှိသည်။
အခုတော့ သူတဖြည်းဖြည်းနဲ့ သူ့ရဲ့ လူသားဆန်တဲ့ အမူအကျင့်တွေက ပြောင်းလဲလာတာကို သူခံစားမိသည်။
နာရီဝက် ကြာချိန်ကျတော့ ဆေးပုလင်းပေါင်းများစွာကို ကိုင်ကာ Ling Xiao ကို သွားရှာပြီး ပေးဖို့ သူပြင်ဆင်လိုက်သည်.
ပြန်ရောက်တဲ့ ရက်နှစ်ရက်ပြီးနောက်မှာ Ling Xiao က သူ့ကို လာမရှာသေးပေ။ ဒါ့ကြောင့် သူ့ ဘာသာပဲ သွားရှာပြီး သူဖော်ထားတဲ့ဆေးတွေ ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဒါပေါ့ သေချာပေါက်ကို သူ့ကို လွမ်းလို့ သွားရှာတာဆိုတာကိုတော့ ၀န်ခံမှာ မဟုတ်ဘူးပေါ့….
အကယ်လို့သာ Ling Xiao သာ ဒီအတွေးတွေကိုသိရင် သူ့လှုပ်ရှားမှုအစီအစဉ်တွေ အောင်မြင်တာကို  သူသေချာပေါက်ကို အရမ်းပျော်ရွှင်သွားမှာ ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now