Chapter 393 Retreat In Defeat

7.4K 1.3K 30
                                    

Chapter 393: Retreat In Defeat

အခန်း ၃၉၃ ရှုံးနိမ့်ခြင်းကြောင့် ဆုတ်ခွာခြင်း

တည်းခိုခန်းကြီး တစ်ခုလုံးမှာ ပိုမိုပြင်းထန်သောဖိအားများဖြင့် အားကောင်းသောမုန်တိုင်း နှင့် တူနေသည်။ ဖိအားနှစ်ခု ၏ တိုက်ပွဲ က သေးငယ်သော တည်းခိုခန်းလေးအတွင်းတွင် အချင်းချင်း တိုက်ခိုက်ကြသည်။ အချို့သောသူများမှာ အလွန် တုန်လှုပ်ခြောက်ခြားကာ ထိုင်ခုံကနေ လဲကျပြီး သူတို့ ဖင်တွေနှင့် ကြမ်းပြင်မိတ်ဆက်ကုန်သည်။ လူတိုင်း၏ မျက်နှာမှာလဲ မင်သက်နေသော အမူအယာများသာ ရှိနေသည်။ ဖိအားနှစ်ခု၏ လမ်းကြောင်းတွင် ရှိသော Hu KangNing ကတော့ ပထမဆုံး တိုက်ခိုက်ခံရသူ ဖြစ်သည်။

ဒီလို အရှိန်အ၀ါနှင့် ရင်ဆိုင်ရသောအခါ အင်ပါယာအဆင့် အင်အားကြီးသူမှာ သမုဒ္ဒရာလေပြင်းများကြားက လှေငယ်လေး တစ်စင်း ခရီးသွားနေသလိုပဲ ဖြစ်နေသည်။ လက်တုန့်ပြန်ရန် အခွင့်အရေးမရှိပဲ ကြီးမားသော သက်ရောက်မှုကြောင့် တည်းခိုခန်းအပြင် ကို လွှင့်စဉ်ထွက်သွားသည်။ သူ့၏ အတ္တဘော ခန္ဓာကြီးမှာ အခြားတစ်ဖက်က ကျောက်သားနံရံ နှင့် ရိုက်မိပြီး အ၀တ်စုတ်တစ်ခု လို ထိမှန်က တစ်လှိမ့်လှိမ့်နှင့် ကျသွားရာ မြေပြင်ရောက်မှသာ ရပ်သွားသည်။ အဲဒိအချိန်တွင် ထိုသူမှာ အသက်ရှူတာတောင် အားနည်းနေလှပြီ။

တည်းခိုခန်းထဲမှာတော့ အပ်ကျသံမကြားအောင်တောင် တိတ်ဆိတ်သွားသည်။ နောက် စက္ကန့်အနည်းငယ်အကြာ တွင် ပြင်းထန်သော အသက်ရှူသွင်းသံ တစ်ချက်ကို တည်းခိုခန်း အနှံက ကြားလိုက် ရပြီး အဲဒိနောက်မှာတော့ နောက်ထပ် နောက်ထပ် အသက်ရှူသံတွေ လိုက်လာသည်။ လူချောလေးနှင့် လူငယ်လေးကို ကြည့်ကြသော လူတိုင်း၏ အကြည့်တွင် ချက်ချင်းဆိုသလို ပိုမို ကြောက်ရွံ့လာဟန် ပြလာကာ သူတို့ကို လေးစားမှုပါ ပြလာကြသည်။ ဘယ်သူက တိုက်ခိုက်လိုက်မှန်းတော့ သူတို့တွေ မသိပေမယ့် သူတို့နှစ်ယောက်ထဲမှ တစ်ယောက် တိုက်လိုက်တာတော့ သေချာလှကာ အတော်များများကတော့ လူချောလေး လုပ်လိုက်သည်ဟု ယူဆကြသည်။

လူတိုင်းက အထိတ်တလန့် အခြေအနေနှင့် တုန်လှုပ်နေတုန်းမှာ ကျယ်လောင်သော အသံတစ်ခုက သူတို့အာရုံကို ရုတ်တရက် ဖမ်းစားသွားသည်။ ထိုအသံ ထွက်ပေါ်လာရာကတော့ ဘေးဘက်မှ ဖြစ်သဖြင့် လူတိုင်းက လှည့်ကြည့် လိုက်ကြ သည်။ အံအားသင့်စရာ မရှိသည်ကတော့ အိုးမည်း မည်းမှောင်နေသော အမူအယာနှင့် Hu Yin ကို မြင်လိုက်ရသည်။ သူ့ညာဘက်လက်က တင်းနေအောင် လက်သီးဆုပ်ကာ စားပွဲပေါ်ကို သူ ထုလိုက်ဟန်ပေါ်သည်။ ရှင်းနေသည်မှာ ထိုအသံကို လုပ်လိုက်သူမှာ သူပဲ ဖြစ်သည်။ အဆိပ်ပြင်းသော မြွေတစ်ကောင်က သူ့သားကောင်ကို စိုက်ကြည့်နေသလိုမျိုး လူချောလေးနှင့် လူငယ်လေးကို အေးစက်စက် ကြည့်နေသည်။ နောက် စက္ကန့်မရွေးမှာပင် သူတို့ အရိုးများကို ချေဖျတ်ပြီး တစ်ကိုယ်လုံးကို မြိုချတော့ မလိုပင်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now