Chapter 148 Changes in the dimension(Z & U)

9.7K 1.5K 11
                                    

C-148 Changes in the dimension.
Zawgyi

အခန်း ၁၄၈ နယ်မြေထဲက ပြောင်းလဲမှုများ
နောက်ပိုင်းနေ့ရက်တွေကတော့ ညိမ့်ညောင်းသာယာတဲ့ရေလှိုင်းများနှင့်  နူးညံတဲ့လေပြေများနှင့် သာဖြတ်ကျော်သွားသည်။
Tang YunQiကသာ ထိုစကားများကို ပြောခဲ့တာ You XiaoMoက သူကကို ထပ်ကို မမြင်တော့ပေ။ သူ Ling Xiaoဆီကို သွားရှာသည့်အကြာင့်မျိုးလဲ ဘာသံမှ မကြားရ။ သို့သော် သူလည်းပဲ Ling Xiao ကို အဲဒိထဲက ထပ်မတွေ့တာဖြစ်သည်။
နောက်တော့ သူ့ကို Tang Fan က ကိစ္စတစ်ခုခိုင်းလိုက်လို့ အရိပ်တောင် မမြင်ရလောက်အောင် အလုပ်များနေတယ်လို့ ကြားလိုက်ရသည်။ အဲဒါ သူဘယ်လိုတောင် အလုပ်များနေတာ ထင်ရှားလှသည်။ You XiaoMo ကတော့ Tang YunQi   ဒါမှမဟုတ် Xiao Long က Tang Fanဆီမှာ သွားပြီး တိုင်တန်းလိုက်တာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီးသားဖြစ်သည်။ ဒီတော့ Ling Xiao သူ့ကိုထပ်လာမရှာရန်အတွက် Tang Fan က သူ့ကို ထိုအလုပ်ကိစ္စများစွာကို ပေးခဲ့သည်။
သို့သော် ဒါတွေအားလုံးက နောက်မှဖြစ်ခဲ့ခြင်းများဖြစ်သည်။
မြေကမ္ဘာတောင်ထွတ်ကို ပြန်ရောက်တော့ You XiaoMo က Zhao DaZhouကို အရင်သွားရှာကာ အခန်းထဲမပြန်ခင် နာရီဝက်လောက် သွားစကားပြောလိုက်သေးသည်။
ရက်အနည်းငယ်လောက်အနားမှာ မရှိတာနဲ့ တစ်ခန်းလုံးက ဖုန်ပါးပါးလေးဖုံးလွှမ်းနေသည်။ You XiaoMo က အင်တုံတစ်ခုကို ကောက်ယူကာ အပြင်မှာ ရေတစ်အင်တုံသွားဆွဲလိုက်သည်။ အဲဒိရေက သူ့စားပွဲ ထိုင်ခုံ နှင့် ဗီဒိုများ သန့်ရှင်းရန်သာ လောက်သည်။ ရေတွေ အပြင်မှာ သွားသွန်ပြီး ပြန်လာတော့ သူ့နယ်မြေထဲကို ၀င်လိုက်သည်။
သူ သစ်သားတဲတံခါးလေးကို ဖွင့်လိုက်တာနဲ့ အဖြူရောင်သဏ္ဍာန်တစ်ခုက သူ့ဆီပစ်ဝင်လာသည်။
You XiaoMo ကခေါင်းငုံပြီး တစ်ချက်ကြည့်လိုက်သည်။ PiQiu လေးက မကျေနပ်ဟန်လေးနဲ့ မျက်လုံးရဲရဲလေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တီးတိုးမာန်ဖီသံလေးနဲ့ သူ့ကို အပြစ်ရှိတယ်လိုက ခံစားရအောင်လုပ်နေသည်။
You XiaoMo က အရူးအလုပ်မခံရဖို့ဆုံးဖြတ်ထားကာ နှုတ်ခမ်းလေးတွေတွန့်ကွေးသွားသည်။ သူ့ကိုသာ အပြင်ထွက်ခွင့်ပေးလိုက်ရင် သေချာပေါက် သူ့မှော်ဆေးပင်စိုက်ခင်းထဲမှာ လျှောက်ပြီးတက်နင်းနေဦးမှာ။ သူက သေချာပေါက် တစ်ခါဖြစ်ခဲ့ဘူးသော အရာကိုနောက်တစ်ခါ ဖြစ်ခွင့်မပေးနိုင်ပါ။
သူ့သခင်က ဘာမှမတုန့်ပြန်တာတွေ့တော့ PiQiu လေးက သူ့ကို သွားဖြဲပြပြန်သည်။
You XiaoMo က ဘာမှမတွေ့သလိုဟန်ဆောင်နေကာ ကြမ်းပြင်ပေါ်ကို ပြန်ချပေးလိုက်သည်။ ပြီးတော့မှ သူ့မှော်အိတ်ထဲက အံ့ဖွယ်သိုးသား တစ်တုံးကို ထုတ်ယူလိုက်သည်။ အသားက သန့်ရှင်းဖို့ လိုသေးတာကြောင့် သစ်သားတဲလေးထဲမှာ သွေးနံ့ခပ်ဖျော့ဖျော့က ချက်ချင်းဖုံးလွှမ်းသွားသည်။
You XiaoMo က အဲဒါကို စိတ်ထဲမထားပဲနဲ့ အသားကို သစ်သားအင်တုံထဲကို ထည့်လိုက်သည်။ ပြီးတော့ အဲဒါကို ရိုးရှင်းပြီး သဘာဝအတိုင်းပဲထားထားတဲ့ မီးဖိုချောင်လေးထဲကို ယူသွားတော့သည်။
သူ့အနောက်မှာတော့ သူအသားစကို ထုတ်လိုက်တည်းက PiQiuရဲ့မျက်လုံးများက အသားမှာပဲအကြည့်တွေကျောက်ချထားက အခြားကိုပင် လုံးဝမကြည့်တော့ပေ။ အဲဒိအကြည့်က သားကောင်ကိုမြင်သွားသည့်အ ကြည့်မျိုးဖြစ်သည်။ ရိုင်းစိုင်းတဲ့ဟန်နှင့် ကျားတစ်ကောင်၏ စူးရှတောက်ပသော အကြည့်ဖြစ်သည်။ သူက ငယ်သေးပေမယ့်လည်း သူကသားကောင်နှင့် တွေ့ချိန်မှာတော့ ပင်ကိုစရိုက်ကိုက သန်မာလှတာ ရှင်းလင်းလှသည်။
You XiaoMo အဝေးကို လျှောက်သွားတာမြင်တော့ PiQiuလေးက အမြန်နောက်က လိုက်လာသည်။
You XiaoMo သစ်သားတဲလေးကို ဆောက်တဲ့အချိန်တုန်းက သူချက်ပြုတ်ချင်မှာကို တွေးမိပြီးတော့ မီးဖိုချောင်အတွက်နေရာလေးရည်ရွယ်ပြီး ထားခဲ့သည်။ မီးဖိုချောင်က သေးပေမယ့် အိုး ပန်းကန်လုံး ယောက်ချို စည်ပိုင်းပြတ် ထင်း ဆန် ဆီ ပဲငံပြာရည် ရှာလကာရည် လက်ဖက်ရည် စသည့်ဖြင့် ဘာမှမကျန်ရအောင် အပြည့်အစုံထည့်ထားခဲ့သည်။
နယ်မြေထဲမှာက ရိုးရိုးရေမရှိတာကြောင့် You XiaoMo က မှော်ရေကို သာအလွယ်သုံးကာ အသားများဆေးလိုက်သည်။ ဆေးပြီးတော့ စဥ့်နီတုံးပေါ်ထင်လိုက်သည်။ သူက PiQiu ဟင်းချက်ဖို့ အလျင်မလိုပေ။ သူက မှော်အိတ်ထဲက အချို့ပစ္စည်းများကို ထပ်ထုတ်လိုက်သည်။ အဲဒါတွေအားလုံးက သူနောက်ဆုံးအခေါက် တောင်အောက်ဆင်းတုန်းက ၀ယ်ခဲ့တာတွေဖြစ်သည်။ ဆေးပင်တွေ အသားချောင်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များ စတာတွေ ဖြစ်သည်။
တစ်ခုပြီးတစ်ခု နေရာတစ်ကျထားပြီးတော့ You XiaoMo က အသားခုတ်တဲ့ဓါးကြီးကို မကာ အံ့ဖွယ်သိုးသားကို အညီအမျှ ရှစ်တုံးတုံးလိုက်သည်။ ပြီးတော့ သူပြင်ဆင်ထားတဲ့အိုးထဲကို တစ်တုံးပြီးတစ်တုံးထဲ့လိုက်သည်။ မိနစ်အနည်းငယ်လောက် ဆူပွက်စေပြီးတော့ ယောက်ချိုနှင့် တစ်ချက်မွှေလိုက်သည် ပြီးတော့မှ သူပြင်ဆင်ထာတဲ့ ဟင်းခတ်အမွှေးအကြိုင်များကို အိုးထဲကို ထဲကာ မှော်ရေနည်းနည်းလဲ ထဲ့လိုက်သေးသည်။ အဖုံးကို ပိတ်ပြီး မီးတောက်ကို ထပ်မြှင့်ဖို့ပြင်ဆင်လိုက်သည်။
ခေတ်သစ် ဂတ်စ်မီးဖိုကို သုံးနေကျလူအနေနဲ့ You XiaoMo က ရှေးကျတဲ့ထင်းမီးဖိုသုံးရတာ အထာမကျဘူးဖြစ်နေသည်။ အားကောင်းတဲ့မီးတောက်ရဖို့အတွက် အတော်ကြီးအားစိုက်လိုက်ရကာ အတော်ထိန်းသိမ်းရသည်။
သူအရင်က အံ့ဖွယ်သိုးသားကို တစ်ခါမှ မချက်ဖူးပေမယ့် သူက အမဲသားတို့ဘာတို့နဲ့တူတယ်လို့သူခံစားမိလိုက်သည်။ အရသာအပြည့်နဲ့ နူးညံ့သွားအောင်လုပ်ဖို့အတွက် အချိန်အတော်ကြာ ချက်ဖို့လိုအပ်တာကြောင့် သူစောင့်ကြည့်နေမှဖြစ်မည်။ တော်တော် ဒုက္ခများတာပဲ။
You XiaoMoက အခြားဟင်းလျာများလဲ ချက်တတ်သည်။ သူက အချိန်အတိုင်းအတာတစ်ခုအထိ သူ့ဘာသာနေလာတာဖြစ်တဲ့အတွက် သူမချက်နိုင်ဘူးဆိုတာ မရှိသလောက်ပင်။ သို့သော် PiQiu လေးက အသားစားသတ္တ၀ါဖြစ်သည်။ သူဘယ်လောက်ပဲ လှအောင်ချက်ချက် သားရည်ယိုလာမှာမဟုတ်တော့ ရိုးရိုးရှင်းရှင်း အသားနှပ်လေးပဲ လုပ်လိုက်သည်။
သို့သော် သူ့ရဲ့မသိနားမှုရဲ့အရသာကို သူအမြန်သိရှိသွားသည်
သူထင်တာက အံ့ဖွယ်သိုးသားဟင်းက အမဲသားဟင်းချက်သလောက်ပဲ ကြာမယ်လို့သူထင်လိုက်တာဖြစ်သည်။ နှစ်နာရီခွဲကြာသွားသည် အသားအတိုင်းပဲဖြစ်နေသေးသည်။ သူက အံ့ဖွယ်သိုးကို အဆင့်ရှစ်မှော်ဝင်သားရဲလို့ မမှတ်ယူထားပေ။ အဆင့်ရှစ်မှော်ဝင်သားရဲ၏အသားက အမဲသားနှင့် နှိုင်းယှဉ်၍ရသည့်အရာမဟုတ်။ အသားကတော့ နှိုင်းမရအောင်အရသာရှိပေမယ့် သူက စိတ်စွမ်းအင်းအားများပြည့်နေတာကြောင့် သာမာန်မီးဖြင့် ချက်၍မရ…….
ဆောင့်စောင့်ထိုင်ပြီးတော့ ပုံစံပေါင်းစုံထိုင်လှည့်ပြီးနောက် အဲဒါကို သဘောပေါက်နားလည်ရန်အတွက် You XiaoMo အချိန်အကြာကြီးယူလိုက်ရသည်။
ဒီတော့ တစ်နာရီအကြာ သူအိုးအဖုံးဖွင့်လိုက်တော့ အထဲကအသားက သူလွန်ခဲ့တဲ့ တစ်နာရီက ထည့်ခဲ့တဲ့အတိုင်းပဲ မြင်ရသည်။ လုံးဝကို စကားလုံးမဲ့သွားသည်။ ရေက ဆူနေပြီ အမွှေးနံ့သာတွေနဲ့အခတ်တွေက လဲ ရောနှောနေပြီ သို့သော် အရေးအကြီးဆုံးက အသားမှာ ပြောင်းလဲမှုတစ်ခုတောင် မရှိ။
ထိုးနှက်ချက်ကြီးတစ်ချက်ခံစားရအပြီးမှာတော့ You XiaoMo ကမီးတောက်ကို အရင်သတ်ကာ သူဘယ်နားမှာ မှားသွားလဲဆိုတာ တဖြည်းဖြည်းတွေးနေသည်။
ခက်ခက်ခဲခဲနဲ့စဉ်းစားပြီးမှ အဲဒါက အသားရဲ့အရည်အသွေးနဲ့ဆိုင်တာကို သိသွားသည်။ သူက သာမာန်မီးပဲရှိတာဆိုးလိုက်တာ။
ဒီအချိန်မှာတော့ သူ့အိုးကို အောက်ချလိုက်ဖို့ပဲ ရှိတော့သည်။ အိုးကို ကတိုက်ကရိုက်ကိုင်ထားရင်းနဲ့မှ အိုးကနေ မျက်လုံးမခွာပဲ အပေါ်အတင်းတက်ရန်အကောင်းဆုံးကြိုးစားနေတဲ့ PiQiuလေးကို ငုံကြည့်လိုက်သည်။ မျက်လုံးတွေကလည်း တောက်ပနေကာ သူ့လက်ထဲက အသားကိုပဲ အာရုံထားသည်။
You XiaoMoက ခဏတော့ တိတ်နေပြီးတော့ အိုးအဖုံးကိုဖွင့် အသားကို ဆယ်ထုတ်လိုက်သည်။ ပါးကန်ကို အောက်ကို ချလိုက်တဲ့ ခဏမှာ PiQiuလေးက အူကာ အမြန်အပြေးရောက်ကာ သူကခေါင်းကို ပန်းကန်မှာပဲ ကပ်လိုက်တော့ကာ အသားစိမ်းတွေကို သားရေတမြားမြားကျကာ စားတော့သည်။
PiQiuလေးမွေးတာ တစ်လတောင်မပြည့်သေးပေမယ့် သူ့သွားတွေက ပုံမှန်ထက်သာလွန်အောင်ကို ထက်မြက်လှကာ အံ့ဖွယ်သိုးသားကို ဆွဲကိုက်ပြီးတော့စားနေသည်။ အလွန်လျင်မြန်စွာပဲ အသားတုံးအကြီးကြီးတွေ ပြောင်စင်အောင်လုပ်ပလိုက်တော့သည်။
You XiaoMo ကတစ်ချက်ပဲ ကြည့်ပြိး ထပ်လှည့်မကြည့်တော့ပေ။ အစားအစာကို ချက်ပြုတ်ပြီးစားလာတာ ဆယ်နှစ်ကျော်နေပြီဖြစ်တဲ့လူတစ်ယောက်အနေနဲ့ အသားစိမ်းစားနေတာကို သူလက်မခံနိုင်။ အဲဒါကြောင့်လဲ သူဂျပန်စာ ဆရှိမိ မကြိုက်တာဖြစ်သည်။ အဲဒိအရာကို သူ့မိသားစု လူတိုင်းကြိုက်သည်။ သူတစ်ယောက်တည်းသာ မကြိုက်။ အဲဒါအတွက်လဲသူအမြဲအံ့သြရသည်။
PiQiu လေးကို ထပ်ပြီး ဂရုစိုက်မနေတော့ပဲ You XiaoMo စိုက်ခင်းက မှော်ဆေးပင်ရာဂဏန်းအနည်းလောက် ရိတ်သိမ်းလိုက်သည်။ သူ မှော်ဆေးလုံးမဖော်တာ ရက်အနည်းငယ်ရှိနေပြီ။ အမြန်အဆင့်တက်အောင်လို့ သူက ပုံမှန်လေ့ကျင့်မှဖြစ်မည်။ အဲဒါမတိုင်ခင် နယ်မြေထဲမှာ ထိုင်ကာ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ်ကို လေ့ကျင့်ရင်းနဲ့ တရားထိုင်လိုက်သည်။ တစ်နာရီကျော်ကြာမှသာလျှင် နယ်မြေကနေ ပြန်ထွက်လာခဲ့တော့သည်။
You XiaoMo အပြင်ထွက် လမ်းလေးဘာလေးလျှောက်သည်။ မြေကမ္ဘာတောင်ထွတ်ရဲ့အခြေအနေကတော့ အရင်က အတိုင်းပဲ။ အထဲပြန်မ၀င်မှာ သူ့အစ်ကိုကြီးအကြောင်းမေးမြန်းရသေးသည်။ သူမျှော်လင့်ထားသလိုပဲ သူက Yun Shuiတောင်ထွတ်မှာ ပဲ ရှိနေသေးသည်။ သူ့အစ်ကိုကြီးနဲ့ မတွေ့နိုင်မှတော့ You XiaoMo အခန်းထဲ ပြန်ဖို့ပဲ ရှိသည်။
စားပွဲပေါ်မှာ မှော်ဆေးပင်တွေ ရာဂဏန်းအချို့လောက် စီထားပြီးနောက် You XiaoMo အဆင့် သုံးမှော်ဆေးလုံးတွေ စဖော်တော့သည်။ အဆင့်သုံးမှော်ဆေးလုံးစဖော်တုန်းက ပျက်ခဲ့ပြီးတဲ့နောက်ပိုင်း You XiaoMoက သူ့ရဲ့ပျက်စီးမှုနှုန်းကို ခမ်းနားကြီးကျယ်လှလောက်အောင် အရင်ကတိုင်းပဲ သုညမှာပဲ ရှိနေအောင် ထိန်းထားဖို့ဆုံးဖြတ်ထားပြီးဖြစ်သည်။
အဲဒိအချိန်တုန်းက သူ့ရဲ့ ပင်ကိုပါရမီအမှန်ကို မသိသေးပေ။ သူက သူရဲ့အောင်မြင်မှုတွေက သူ့ရဲ့ကြိုးစားမှုကြောင့်လို့ပဲ တွေးထားခဲ့တာဖြစ်သည်။ အခု သူသိသွားပြီဆိုတော့ သူ့ရဲ့ ဆုံးရှုံးပျက်စီးမှုနှုန်းကို သုညမှာပဲ ထိန်းသိမ်းထားသင့်သည်ဟု ခံစားရသည်။
သူအခုဒီလို ခံစားနေရပေမယ့် You XiaoMo စိတ်ထဲမှာ စိတ်ပိုင်းဆိုင်ရာ ၀န်ထုတ်ဝန်ပိုးရှိနေဆဲပင်။
သူ့ရဲ့ထင်ရှားတဲ့အရည်အချင်းကို သိပြီးနောက်မှာ အကောင်းဆုံးလုပ်ဖို့တွေးကာ သူ့ကိုယ်သူ ထပ်ပြီးကျရှုံးဖို့ခွင့်မပြုတော့ပေ။ သို့သော် အဲလိုတွေးလိုက်တာနဲ့ သူ့နှလုံးသားလေးက ရှုပ်ထွေးကာ ကျရှုံးဖို့လွယ်ကူနေသည်။
ဆေးကြိုအိုးထဲက မှော်ဆေးပင်တွေက ရောစပ်တဲ့အဆင့်မှာ ပျက်တာ နှစ်ကြိမ်ရှိသွားတော့ You XiaoMo တအံ့တသြလွန်းလို့ မှင်သက်သွားသည်။
ဘာအဓိပ္ပါယ်ကြီးတုန်း။ ဘာလို့သူ့ပါရမီအကြောင်းသိပြီးမှာ သူ့ရဲ့ဆေးလုံးဖော်စပ်ခြင်းကျရှုံးခြင်းနှုန်းက မြင့်တက်လာတာလဲ
You XiaoMo အားအကုန်သုံးပြီး သူ့ဆံပင်သူပြန်ဆွဲတော့သည်။ ဘာကြောင့် သူဆက်ပြီးကျရှုံးနေမှန်း သူသိသည်။ အရေးအကြီးဆုံးအကြောင်းပြချက်ကတော့ သူကအရမ်း သွေးထိုးလှုံဆော်နေလို့ဖြစ်သည်။ သူအောင်ကို အောင်မြင်ရမယ်လို့ သူဆက်ပြီးတွေးနေသည်။ အဲဒါကြောင့် သူထပ်ပြီးတော့ အာရုံမစူးစိုက်နိုင်တော့။ ဒီလိုဖြစ်မယ်မှန်းသာသိရင် သူ့ပင်ကိုယ်ပါရမီအကြောင်းသိအောင် ဘယ်တော့မှ မလုပ်ပါဘူး။
အချိန်အတန်ကြာ ရုံးကန်ပြီးနောက်မှာ You XiaoMo ဆက်ပြီး မှော်ဆေးလုံးမဖော်ဖို့ဆုံးဖြတ်လိုက်သည်။ အဲဒိအစား သူ့နယ်မြေထဲဝင်ပြီးတော့ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ်သာ သွားကျင့်နေတော့သည်။
သူ့ရင်ထဲမှာ တည်ငြိမ်နေဖို့လိုသည်။ မဟုတ်ပါက သူ့ပင်ကိုပါရမီဘယ်လောက်ပဲကောင်းကောင်း သူ့ကြောင့်ပျက်စီးသွားလိမ့်မည်။
မျက်လုံးမှိတ်ပြီးတာနဲ့ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ်ကို စပြီးအသက်သွင်းလိုက်သည်။ သူ့ကိုယ်ရဲ့ချွေးပေါက်တွေက ပိုပြီးကျယ်လာသလိုထင်ရသည်။ နယ်မြေထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက သူ့ခန္တာကိုယ်ထဲကို ချွေးပေါက်များထဲမှာ အတင်းတိုးဝင်ကာ သူ့မျက်ခုံးနှစ်ခုကြားက နေရာလပ်လေးကို စုစည်းကသည်။ သူ့ဝိညာဉ်က နောက်ထပ် စိတ်ဝိညာဉ်စွမ်းအင်တွေအတွက် နေရာမရှိလောက်တော့ဘူးထင်ရလောက်အောင် ကျယ်ပြန့်သွားဟန်ပေါ်သည်။
အဲဒိအချိန်မှာပဲ You XiaoMoရဲ့ခန္တာကိုယ်က ရုတ်တရက် တသိမ့်သိမ့်တုန်သွားသည်။ ပြီးတော့ အကန့်အသတ်မရှိတဲ့ ၀ိညာဉ်ခွန်အားတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားနေရာလွတ်မှ ရေကြီးသလိုမျိုး တည်ငြိမ်နေတဲ့ကန်ရေပြင်ကို လှိုင်းတွေထစေသလို ပန်းထွက်လာသည်။ သူ့ကို ဗဟိုပြုကာ အဆုံးမရှိအောင် ဖြန့်ကျက်သွားသည်…….
နယ်မြေတစ်ခုလုံးဖုံးလွှမ်းသွားသည်အထိဆက်တိုက်ဖြစ်ပေါ်နေကာ ရုတ်တရက်ကြီး အစကတည်ငြိမ်နေသည့် မှော်ရေကန်ရဲ့အလယ်မှာ ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်သွားသည်။ အလယ်ဗဟိုက ဆူပွက်လာသလိုထင်ရကာ အချိန်မရွေး ထိုးထွက်လာတော့မလို ရေကန်ရဲ့အောက်ခြေကနေ အရာတစ်ခုခု ထွက်ပေါ်လာချင်သလိုလိုဖြစ်နေသည်။ တစ်ခဏအကြာမှာ လက်သီးသဏ္ဍာန် ကန်အလယ်မှာဖြစ်ပေါ်လာကာ ပန်းကန်လုံးတစ်ခုနှင့် ဆင်တူလှသည်။ မိုးပြာရောင်ပုလဲတစ်လုံးက အလယ်ကောင်က မြောင်းသေးသေးလေးအတွင်းမှာ လဲလျောင်းနေသည်။
တစ်စက္ကန့်ကြာတော့ ထို မိုးပြာရောင်ပုလဲက အားအချို့ရဲ့ထိခိုက်ခြင်းခံရသလို မြောင်းအတွင်းကနေ ပျံထွက်လာကာ အလင်းတန်းတစ်ခု အဖြစ်ချက်ချင်း ခွဲထွက်ကာ You XiaoMo၏မျက်ခုံနှစ်ခုကြားက နေရာလွတ်ကို ပစ်လွတ်နေသည်……..
ပုလဲလုံးပျောက်သွားချိန်မှာ You XiaoMoရဲ့မျက်ခုံးကြား နေရာလွတ်မှာ မပြတ်သားမပီပြင်တဲ့ချိတ်စည်းတစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။ အဆိုပါ ချိတ်စည်းက အကြိမ်အနည်းငယ် တဖြတ်ဖြတ်လတ်နေပြီးမှ ပျောက်ကွယ်သွားသည်။
တစ်နာရီကျော်ကြာတော့ You XiaoMo မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးထဲမှာ တက်လိုက်ကျလိုက်ခံစားချက် တစ်စုံတစ်ရာလည်း မရှိနေတော့။ အနည်းဆုံးတော့ တည်ငြိမ်သွားဟန်ပေါ်သည်။ သူ့ကိုယ်သူ မသေချာပေမယ့် သူ့ဝိညာဉ်စွမ်းအင်လည်း တိုးလာတယ်လို့ ခံစားမိသည်။ ညာဖက်လက်ကို ဆန့်ထုတ်ကြည့်တော့ ရုတ်တရက် သူ့အနီးအနား ပါတ်ဝန်းကျင်နှင့် အရမ်းသဟဇာတဖြစ်သွားတယ်လို့ခံစားရကာ နယ်မြေထဲက သစ်ပင်တွေ နဲ့ မြက်ပင်တစ်ပင်ချင်း စီရဲ့အရွက်များကအစအာရုံခံစားမိနေသလိုဖြစ်နေသည်။
သူရုတ်တရက် သူကမှော်ဆေးပင်စိုက်ခင်းထဲမ အချို့က ရင့်မှည့်နေတာကို သွားသတိရသည်။ ရိတ်သိမ်းရမည့်အချိန်ရောက်နေပြီ။ သို့သော် တစ်ခုချင်းစီးကို လိုက်တူးနေရမှာကို တွေးမိတော့ နည်းနည်းတော့ စိတ်ပျက်သွားသည်။ ဒီအဆင့်က အချိန်အရမ်းကုန်တာပဲ။ အကယ်လို့ မှော်ဆေးပင်တွေက မြေပေါ်ကနေ သူကဘာသာသူထလာပြီး သူတို့ဘာသာ စင်ပေါ်တက်သွားရင် အကောင်းဆုံးဖြစ်သည်။
သူ့စိတ်ထဲမှာတွေးလိုက်တဲ့ခဏမှာ မှော်ဆေးပင်တစ်ပင်က သူ့မျက်စိရှေ့မှာတင် လွင့်မြောသွားသည်။ You XiaoMo ခဏတန့်သွားကာ သူတစ်ခုခုကိုမြင်လိုက်တာဖြစ်မယ်ဆိုပြီး ထားလိုက်သည်။ သို့သော် ~မြောက်အပင် သူ့မျက်စိရှေ့ကနေ လေထဲမြောပြီးဖြတ်သွားတော့ အဆုံးမှာအံ့အားသင့်သွားသည်။
သူအရာဝတ္ထုတွေမြင်နေသည်ဆိုရင်တောင်မှာ တူညီတဲ့အရာတစ်ခုကို ~အကြိမ်မြောက်တွေ့နေတာတော့ မဖြစ်နိုင်ဘူးလေ
ဆယ့်ငါးမိနစ်လောက် မိန်းမောတွေဝေပြီးနောက်တော့ အဆုံးမှာတော့ You XiaoMo မတ်တပ်ရပ်ကာ မှော်ဆေးပင်စိုက်ခင်းစီကို ပြေးတော့သည် သေချာပေါက်ပဲ ရင့်မှည့်နေတဲ့ မှော်ဆေးပင်တွေရှိရမည့် မှော်ဆေးပင်စိုက်ခင်းမှာ ပြောင်အကွက်တွေပဲရှိတော့သည်။ မြေသားများကလည်း  ထွန်ယက်ထားသလို လျော့ယဲယဲ ဖွာလန်ထွက်နေသေးသည်
ဒါ……… ဘာတွေ အတိအကျဖြစ်သွားခဲ့တာလဲ?
တစ်နာရီလောက်ကျင့်ကြံနေတာကနေ နိုးလာပြီးတော့ ဒီမှာ ဘာတွေဖြစ်သွားရတာလဲ? အံ့သြထူးဆန်းဖို့ကောင်းလွန်းသည်
You XiaoMoသေချာတာ တစ်ခုတော့ရှိသည်။ ဒီ လုပ်နိုင်စွမ်းအသစ်က အရင်ကဒီမှာ မရှိဘူး။ ဒီတော့ ဖြစ်နိုင်ချေအများဆုံးက သူစောက ကျင့်ကြံနေတုန်း သူသတိမထားမိတာတစ်ခုခုဖြစ်သွားပြီးတော့ ဒီလိုကိစ္စတွေဖြစ်လာတာပင်
လုံးဝမမျှော်လင့်တာကြီးဖြစ်ပေမယ့် ဒီလိုအရည်အချင်းကြီးက အရမ်းမိုက်တယ်ဆိုတာ သူမငြင်းနိုင်ပေ
ဒီလိုစွမ်းရည်နှင့် ဆိုလျှင် You XiaoMo အပင်စိုက်ဖို့ မှော်ဆေးပင်တွေကို ရေလောင်းဖို့ စိုးရိမ်စရာမလိုတော့ပေ။ သူကလုပ်ချင်စိတ်လေးထားလိုက်တာနဲ့နယ်မြေက သူ့ဘာသာသူဆက်လုပ်သွားလိမ့်မည် သူက မှော်ဝင်သားရဲတွေထပ်ဝယ်ချင်နေတာ အခုတော့ မလိုတော့ဘူးထင်တယ်
ဟုတ်သားပဲ PiQiuလေးကော ဘာဖြစ်သွားလဲ?
သူတွေးလိုက်တဲ့ခဏမှာ ဘောလုံးလေးတစ်လုံးလိုကွေးပြီး ချစ်ဖို့ကောင်းစွာအိပ်ပျော်နေသော မှော်ဝင်သားရဲလေးက ဗိုက်အဖောင်းသားလေးနဲ့သူ့မျက်စိရှေ့မှာပေါ်လာသည်။ PiQiuလေးရဲ့ နှင်းဖြုရောင်ဗိုက်သားလေးက ကျယ်လောင်စွာဟောက်နေသလို အပေါ်ဖက်ကို မျက်နှာချင်းဆိုင်နေသည်
သို့သော် အချိန်ခဏလေးအတွင်းမှာကို You XiaoMo ကPiQiuလေး ပိုပြီးကြီးထွားဖွံ့ဖြိုးလာတာကို တွေ့လိုက်သည်။ အစက သူက လူကြီးတစ်ယောက်ရဲ့ခေါင်းတစ်လုံးစာပဲရှိသည် အခုတော့ လူကြီးနှစ်ယောက်၏ခေါင်းလောက်ဖြစ်နေပြီ။ ပုံသဏ္ဍာန်က သားပေါက်ငယ်လေးကနေ ဖြည်းဖြည်းချင်းပြောင်းလဲလာသည်။ အပြင်ပိုင်းသွင်ပြင်ကတော့ အရွယ်ရောက်တဲ့ သွေးပြာဝံပုလွေတစ်ကောင်ဟန် စတင်ပြောင်းလဲလာပြီ
You XiaoMo အဲဒါကို ပါးစပ်ကြီးအဟောင်းသားနဲ့အတန်ကြာ ကြည့်နေလိုက်သေးသည်။ ထူးဆန်းတဲ့ကိစ္စတော်တော်များများ ဒီနေ့ဖြစ်သွားတာပဲ။
ဘာ့ကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကို သူမသိပေမယ့် အဲဒါတွေက PiQiuလေးစားလိုက်တဲ့ အံ့ဖွယ်သိုးသားနဲ့ဆိုင်မယ်ဆိုတာလဲ သူခန့်မှန်းနိုင်သည်။ Ling Xiao ဒီအဆင့်ရှစ်မှော်ဝင်သားရဲ ရဲ့အသားကို ကြိုက်တာ အံ့သြစရာမရှိပါဘူး။ ကြည့်ရတာ အံ့ဖွယ်သိုးရဲ့အသား က တကယ့်ကို မှော်ဆန်ပုံရသည်။
ဒီနှုန်းနဲ့သာဆိုရင် PiQiuလေးက နေ PiQiuကြီးအဖြစ်ပြောင်းသွားဖို့အချိန်သိပ်မလိုပေ။
စိတ်လှုပ်ရှားမှုတွေ တစ်ပွေ့တစ်ပိုက်ဖြစ်သွားတော့ You XiaoMo ဒီနေ့မှော်ဆေးလုံးဖော်ဖို့ ထပ်မကြိုးစားတော့။ မှော်ဆေးလုံးဖော်ဖို့လဲ စိတ်မရှိပေ။
အံ့ဖွယ်သိုးရဲ့အသားက PiQiuလေးကို အရွယ်ရောက်အောင်လုပ်နိုင်မှတော့ သုခဘုံနယ်မြေပွင့်ဖို့ လိုသေးတဲ့နှစ်လအတွင်းမှာ PiQiu လေးကို PiQiuကြီးဖြစ်အောင် အစာကျွေးဖို့သူဆုံးဖြတ်လိုက်သည် သို့သော် သူ့မှာ လိုအပ်တဲ့မီးအမျိုးအစားမရှိမှတော့ အသားစိမ်းသာ ကျွေးရတော့မည်
ဆုံးဖြတ်ချက်ချပြီးတာနဲ့ နောက်တစ်နေ့ရောက်တော့ မှော်ဆေးလုံးဖော်ဖို့အတွက် စိတ်ခံစားချက်ရအောင် You XiaoMo တည်ငြိမ်အောင်ထိန်းလိုက်သည်
ဒီတစ်ကြိမ်တော့ သူထပ်ပြီးတော့ မကျရှုံးတော့ သူ့စိတ်ခံစားချက်တွေတည်ငြိမ်တာ ဒါမှမဟုတ် သူ့ဝိညာဉ်အင်အား ချိုးဖျတ်နိုင်တာကြောင့်ဖြစ်နိုင်ကာ မှော်ဆေးလုံးဖော်ရတာ အရင်ကထက် ပိုပြီးချောမွေ့သွားသလိုလဲ ခံစားရသည်။
ဒီလိုနည်းနဲ့ နှစ်လဆိုတဲ့ အချိန်ကာလက မျက်စိတစ်မှိတ်အတွင်းမှာကုန်ဆုံးသွားသည်
Kong Wen ရဲ့ ကန့်သတ်ထားတဲ့ နှစ်လဆိုတဲ့အချိန်လဲပြည့်သွားသည်။
C-148 Changes in the dimension.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now