Chapter 228 The Test (Z & U)

8.9K 1.5K 25
                                    

Chapter 228 The Test

အခန်း ၂၂၈ စမ်းသပ်မှု

အကြီးအကဲGuan Yong၏ အသံကို ကြားပြီးနောက် You XiaoMo က စိတ်သက်သာရာ ရကာ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

ဒီတစ်ကြိမ်မှာ သူ့ကိုယ်သူ အရမ်းနှိမ့်ချ မနေရန် မရည်ရွယ်သော်လည်း သူက ဒီမိသားစုကြီး လေးခုက လူများနှင့် ပါဝင် ပတ်သတ်လိုချင်း မရှိပေ။

သူ့ကိုယ်သူ တည်ငြိမ်အေးငြိမ်းသွားအောင် လုပ်ပြီးနောက် You XiaoMo က သူ့အာရုံကို သူ့ခုံပေါ်က အဆင့်နိမ့် ဆေးပင် ပေါ်ထားလိုက်သည်။ ဒီဆေးပင်က အဆင့်လေး ကြေးနီသစ်ရွက်ဆေးပင် ဖြစ်သည်။ ကြေးနီသစ်ရွက်ဆေးပင်က အဆင့်လေး အလယ်အလတ်အဆင့် ဆေးပင် အမျိုးအစားဖြစ်တာကြောင့် သူ့ကို ပေါင်းခံသန့်စင်ရန် ၀ိဥာဏ်စွမ်းအားအများကြီး မလိုပေ။ သို့သော်လည်း အရမ်းကြီးလည်း လွယ်လွန်းသည်တော့ မဟုတ်။ ကြေးနီသစ်ရွက်ဆေးပင်၏ ၀ိသေသလက္ခဏာ က အနည်းငယ် တောင့်တင်းလှသဖြင့် ပေါင်းခံသန့်စင်ရန်အတွက် အနည်းငယ် ခက်ခဲသည်။ သို့သော် သန့်စင်ရန် လွယ်သော ဆေးပင်တစ်ပင်ကို ပေးတာက တစ်စုံတစ်ယောက်၏ အရည်အချင်းအစစ်ကို မစစ်ဆေးနိုင်ပေ။ ထို့ကြောင့် ကြေးနီသစ်ရွက်ဆေးပင်ဖြင့် စစ်ဆေးခြင်းက အနေတော်ပင် ဖြစ်သည်။

You XiaoMo သူ့ဘာသာသူကတော့ ကြေးနီသစ်ရွက်ဆေးပင်ကို စိတ်ဝင်စားလှတယ်တော့ မဟုတ်။ သူ့နယ်မြေထဲမှာ ဒီဆေးပင် ဆေးတစ်ခင်းရှိ ကာ သုံးခဲလှသည်။ သို့သော်လည်း သူက အဲဒါကိုတော့ အကြိမ်အနည်းငယ် ပေါင်းခံသန့်စင်ဖူးသည် ဒီတော့ ဒါက သူ့ရဲ့ အားသာချက် ဖြစ်သွားသည်။

ကြေးနီသစ်ရွက်ဆေးပင်အပြင် အဲဒိ ခုံမြင့်ထက်တွင် ဆေးအိုကြိုး တစ်အိုးရှိသည်။ သူ့အရောင်က အနက်ရောင်ဖြစ်ကာ အလယ်အလတ်အဆင့် ဆေးကြိုအိုး ဖြစ်သည်။ တစ်ချီတည်းတွင် ဆေးအိုးများစွာ ထုတ်သုံးနိုင်သော မှော်ဆရာ အစည်းအရုံး၏ အမည်က ပြယုဒ်သက်သက်သာ မဟုတ်။

You XiaoMo က သူ့စွမ်းအားတွေ အရင် လွှတ်လိုက်သည်။ အဲဒိနောက် ဆေးပင်ကို ဆေးကြိုအိုးထဲ ထည့်လိုက်သည်။ ကြေးနီသစ်ရွက်ဆေးပင် အိုးထဲကျသွားသည်နှင့် သူက သူ့ဝိဥာဏ်စွမ်းအားကို ချက်ချင်း ထိန်းချုပ်ကာ ကြေးနီသစ်ရွက်ဆေးပင်ကို ရစ်ပတ်လွှမ်းခြုံလိုက်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now