Chapter 98

9.8K 1.5K 65
                                    

C-98 Inner demons of the void.

“ကျမ်းသစ္စာ ကျိန်တာကသာ မသုံးမကျရင် ဆရာက ဘာလို့ ကျိန်ခိုင်းရမှာလဲ”

Kong Wen က နက်နဲလှသော အသံနှင့် ပြောလိုက်သည်။ သူက ကျမ်းသစ္စာကျိန်ဆို ခြင်းနှင့် ပတ်သတ်သော လျှို့ဝှက်ဆန်းကျယ်သည့် အရာနှင့် ပတ်သတ်သော အခြေခံအချက်များကို ရှင်းပြလိုက်သည်။ အကျဉ်းချုပ်လျှင်တော့ ကျမ်းသစ္စာကျိန်ဆိုခြင်းက စစ်ဆေးရေးဂိတ်လို အရံအတားပဲ ဖြစ်သည်။ ကျမ်းသစ္စာကို ဖောက်ဖျတ်လျှင် သူက ကိုယ်ခံပညာရှင် ဒါမှမဟုတ် မှော်ဆရာပဲ ဖြစ်ဖြစ် ကျမ်းသစ္စာက သူ့နောက်ကို ထာဝရ လိုက်နေကာ အတွင်းစိတ်က မိစ္ဆာလိုပင်။ အဲဒါက သူ အဲဒါကို အနိုင်တိုက်နိုင်မှသာ ပျောက်သွားမှာ ဖြစ်ကာ မဟုတ်ပါက ကိုယ် ကိုတိုင်သာ ပျောက်သွားလိမ့်မည်။

မှော်ဆရာ ဆိုပါက အဲဒိနောက်ပိုင်းမှာ သူ့ရဲ့ အဆင့်တူမှာပဲ ရာနှုန်းပြည့် ရှိနေမှာ ဖြစ်သည်။ ကိုယ်ခံပညာရှင် ဆိုလျှင်တော့ ပိုပြီး ဆိုးသွားနိုင်သည်။ ကျင့်နေတုန်း ချိုးဖောက်လိုက်ပါက ကျမ်းသစ္စာက သူ့နား လေလို ရောက်လာမှာပင်။ အနည်းဆုံးတော့ ဒဏ်ရာတွေ များကြီး ရသွားတာပဲ ရှိမည်။ အဆိုးဆုံးကတော့ ထို အခြေအနေ မှာတင် တစ်သွားစေမည့် ဖုန်းကွယ်နေသော အန္တရာယ်တစ်ခု အနေနှင့် ကျန်ရစ်မှာ ဖြစ်သည်။ ဒါ့ကြောင့်ပဲ ကိုယ်ခံပညာရှင် နှင့် မှော်ဆရာ များစွာက ကျမ်းသစ္စာကို ခပ်ပေါ့ပေါ့ မကျိန်ဆိုတာ ဖြစ်သည်။ 

You XiaoMo က ချွေးစေးတွေ ပြန်လာသည်အထိ နားထောင်လိုက်ရသည်။ ကံကောင်းစွာနှင့် သူက နောက်ဆုံးအချိန် ဗဟိုဌာနချုပ်မှာတုန်းက ကျမ်းသစ္စာမချိုးဖောက်မိလို့။ မဟုတ်ပါက သူ့အရိုးထိ ရောက်သည် အထိကို ဖြစ်သွားလိမ့်မည်။ အဲဒိနောက် သူက အဆင့်တက်ရန် မျှော်လင့်ချက်တောင် မရှိလောက်တော့။ 

TianXinဂိုဏ်းကို သစ္စာခံဖို့ကျတော့လည်း You XiaoMo က TianXin ဂိုဏ်းနှင့် သိပ်အစေးမကပ်ဟု ခံစားရသည်။ ပြီးတော့ သူက TianXin ဂိုဏ်းက အဂ္ဂရိတ်ကျမ်းမှ မလိုအပ်တာ။ အသုံးမကျတဲ့ အဂ္ဂရိတ်ကျမ်း တစ်ခု အတွက်နှင့် သူ့ကိုသူ TianXin ဂိုဏ်း၏ ထိန်းချုပ်တာ ခံရဖို့ကတော့ မလုံလောက်ဘူး မဟုတ်ဘူးလား။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now