Chapter 104 A Stupid Pig Part 2 (Z & U)

10.4K 1.7K 13
                                    

A stupid pig.

Zawgyi

အခန်း ၁၀၄ ၀က်ငတုံး အပိုင်း၂

အဖိုးကြီးက သတိလက်လွတ် Ling Xiaoကို ငေးကြည့်နေသည်။  သူ့ပုံစံက နူးညံ့ပြီး ကြော့ရှင်းလှသည်။ သူလေ့လာရသလောက် ကတော့ လူငယ်လေးက အဆင့်နိမ့်မှော်ဆရာ တစ်ယောက်သာ ဖြစ်သည်။ အဆင့် နှစ်တောင် ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ဒါပေမယ့် သူနဲ့အတူရှိနေသူရဲ့ ခွန်အားကို တော့ သူမပြောပြနိုင်ပါ။ သူလို အဆင့်လေးအဆင့် မှော်ဆရာတောင် မလေ့လာနိုင်အောင်ဖြစ်သည်မို့ အဆိုပါ ပုဂ္ဂိုလ်သည် လအဆင့်ထက်တော့ နိမ့်မည်မဟုတ်။ ဒီလို အင်အားကြီး ပုဂ္ဂိုလ်က အဆင့်နိမ့်မှော်ဆရာ တစ်ယောက်ကို သူ့အရှေ့မှာ မထောမနန်း ပြုမူနေတာကို တကယ့်ကို ခွင့်ပြုထားတာကို ကြည့်ခြင်းဖြင့် ထိုနှစ်ယောက် ၏ ဆက်ဆံရေးက အတော်ကို ထူးခြားသည်ဟု ဆိုနိုင်သည်။
ထိုနှစ်ယောက်ကို ပြန်ပို့ပြီးသည်နှင့် အဖိုးကြီးမှာ အစောကအစေခံဝန်ထမ်းကို လှမ်းခေါ်လိုက်သည်။ သူ့ကို နောက်ထပ် နာရီအနည်းငယ်အတွင်း မည်သူမျှ အနှောင့် အယှက် မပေးရန် စေခိုင်းပြီးတာနဲ့ လျှို့ဝှက်အခန်းထဲဝင် တံခါးကို သေချာ သော့ခတ်လိုက်သည်။
စိတ်ဝိဥာဉ်အရည်မှာကောင်းသော အရာဖြစ်သည်။ နှစ်စက်ထဲ ဖြစ်နေရင်တောင်မှ ဒီအခွင့်အရေးကို အခြားသူကို ပေးရန်စိတ်ကူးရှိမနေချေ။ သိုင်းပညာရှင်တို့ရဲ့ စိတ်ဝိဥာဉ်ကို ပြန်လည်အားဖြည့်ရန်သာ အသုံးဝင်သည်မဟုတ် အခြားသော အသုံးဝင်ပုံလဲ ရှိသေးသည်။ အဲဒါကတော့ မှော်ဆေးလုံး ဖော်စပ်နေချိန်မှာ အောင်မြင်မှုအခွင့်အလန်းကိုတိုးစေသည်သာမကပဲ ဆေးလုံးရဲ့ အရည်အသွေးကိုလဲ တိုးတက်စေသည်။ အဆင့်မြင့်မှော် ဆေးလုံးများတွင် ပိုသိသာစေသည်။ အဆင့်မြင့် ဆေးလုံးတွေမှာ ဆုံးရှုံးနိုင်ချေ မြင့်မားတာကြောင့် မှော်ဆရာအတော်များများက မဖော်စပ်နိုင်။ ဒါပေမယ့် စိတ်ဝိဥာဉ်အရည်ကို သုံးလိုက်ရင်တော့ ခြားနားသွားနိုင်သည်။ ဆေးဖော်စပ်နေချိန်မှာ အစက်လေး တစ်စက်လောက် ချလိုက်တာနဲက ဆေးရဲ့ အောင်မြင်နှုန်းက တစ်ဆယ်ရာခိုင်နှုန်းအထိ တိုးသွားနိုင်သည်။ ဒီလို အောင်မြင်နိုင်ချေက မှော်ဆရာတိုင်းကို ဆွဲဆောင်နိုင်သည်။
လေလံအိမ်က ထွက်လာသည်နှင့် You XiaoMo တစ်ယောက် လမ်းဘေးမှာ ရပ်ကြည့်ပြီး အဝေးကို လှမ်းမျှော်ကြည့်တော့သည်။ သူကတော့ မီးဟုန်းဟုန်းတောက်မြင်းရဲ့ အရိပ်အယောင်တောင် ရှာမတွေ့။
Ling Xiao ကတော့ မီးဟုန်းဟုန်းတောက်မြင်းကို ခေါ်ဖို့စိတ်ပင်မထားပဲ လူစီးကြောင်းအတိုင်း လမ်းလျှောက်ထွက်သွားသည်။ You XiaoMo ခဏတုန့်ဆိုင်းပြီးမှ နောက်ကို အတင်းပြေးလိုက်သည်။ သူနောက်ဆုံးမှပဲ သိတော့သည်။ အခုချိန်က စပြီး သူတို့ ကိုယ့် ခြေနှစ်ချောင်းသာ ကိုယ်အသုံးပြုရတော့မှာ ဖြစ်သည်။ သူဝယ်ချင်သည့် ပစ္စည်းတွေက အတော်များသည်။ မြင်းရထားနဲ့သာ အဆိုပါ ဆိုင်တွေကို လိုက်ရှာရရင် တကယ်ကို လွယ်မှာတော့ မဟုတ်။
သူတို့ရောက်နေသည့် နေရာက HunJi မြို့၏ အစည်ကားဆုံးလမ်းဖြစ်သည်။ ဒီမှာ ရှိနေသည့် လူများက အခြားလမ်းထက် နှစ်ဆ များသည်။ လမ်းတွေက HePingမြို့က လမ်းတွေထပ် နှစ်ဆ သုံးဆ သာအောင်ကျယ်ပြန့်ပေမယ့် လမ်းပေါ်မှာတော့ လူတွေ များနေတုန်းပင်။ ခဏလေး သတိမထားလိုက်သည်နှင့် အကျိုးဆက်က အခြားသူများနှင့် တိုက်မိနိုင်သည်။ လူအများရဲ့ တိုးဝှေ့ခြင်းကြောင့် လူစုကွဲမှာကို စိုးနေသည့်အလား သွက်လက်နေသည့် မျက်လုံးတစ်စုံသည် အရပ်လေးမျက်နှာကို ကြည့်ရှုတော့သည်။ Ling Xiao တစ်ယောက် အနောက်ကို လှည့်မကြည့်ပေမယ့် သူနောက်မှာ ဘာဖြစ်နေသည်ကိုခန့်မှန်းနိုင်သည်။ သူနှုတ်ခမ်းစုံက အပေါ်ကို ကွေးတက်သွားသည်။ သွားနေသည့် လမ်းကြောင်းကို ရပ်လိုက်သည်နှင့် နောက်မှ ထပ်ခြပ်မခွာ ပါလာသူရဲ့ ခေါင်းနဲ့ သူ့ကျောနဲ့ မိတ်ဆက်သွားသည်။ သူလှည့်ကြည့်လိုက်တော့ နှာခေါင်းလေးပွတ်နေသော သနားစရာပုံလေးကို တွေ့သည်။ သူတစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် သူတို့ရှေ့က ရုတ်ရုတ်သဲသဲ အသံထွက်ပေါ်လာသည်။
“ဖယ်စမ်း မသေချင်ရင် ဒီလိုကြီးမြတ်သူအတွက် ချက်ချင်းလမ်းဖယ်လိုက်”
စာနာစိတ်မရှိ ကြမ်းကြုပ်ရက်စက်မည့် မျက်နှာထားနှင့် ခါးမှာ ချွန်ထက်သော ဓါးရှည်တွေ ချိတ်ထားသူ လူတစ်စုက လူအုပ်ကြီးအကြားက ထွက်ပေါ်လာသည်။ ခေါင်းဆောင်က ၀၀ကစ်ကစ်လူတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်ကနေ အားဖျော့ဖျော့လေး ထွက်ပေါ်နေသည့်အတိုင်းဆိုရင် အဲဒိ အသက်လတ်ပိုင်းလူသည် လအဆင့်ဖြစ်နိုင်သည်။
အဲဒိအချိန်မှာတော့ အဆိုပါ လူစုက သူတို့ဘက်ကို လျှောက်လာကြခြင်းဖြစ်သည်။
Ling Xiao ရဲ့ နောက်ကနေ You XiaoMo ခေါင်းကလေးထွက်ကြည့်လိုက်သည်။ တစ်ခါကြည့်ရုံနှင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီအသက်လတ်ပိုင်းလူရဲ့ နောက်လိုက်လူအချို့ကို သူမှတ်မိသည်။ အစောလေးကတင် မြို့တံခါးနားမှာ တွေ့ခဲ့သည့် လူတွေဖြစ်သည်။ သူ့ကို တွေ့သွားမှား စိုးသည့်မို့ ခေါင်းကို မြန်မြန် ပြန်ကွယ်လိုက်သည်။
သူမေ့နေသည်က အဆိုပါ လူစုသည် သူ့ထက်ကို Ling Xiao ကို သေချာမှတ်မိနေခြင်းဖြစ်သည်။ ပြောရကြေးဆိုရင် Ling Xiao ၏ သွင်ပြင်သည် လူအများကြားမှာ အရမ်းကိုဆွဲဆောင်မှုရှိသောဟန်ရှိသည်။ အဲဒိ လူတွေက မီတာ တစ်ဆယ်ကျော်ကျော်ထဲက သူတို့ကို လှမ်းမြင်နေကြခြင်းဖြစ်သည်။
“အကြီးအကဲ သူပဲ”
“ဟုတ်တယ် ဒုတိယအကြီးအကဲကို ဒါဏ်ရာရအောင် လုပ်တာ သူပဲ”
လူအများက Ling Xiao ကို အသဲအသန် ညွှန်ပြကြသည်။ သူတို့မှာ ကြောက်ရွံ့ခြင်းတို့ ရှိမနေတော့ပဲ ၀မ်းသာအားရဖြစ်နေကြသည်။ သူတို့အကြည့်မှာ ရန်မူဟန်နှင့် ကောက်ကျစ်မည့်ဟန်တို့ကို မြင်နိုင်သည်။ဝံပုလွေစွယ်အဖွဲ့က လူတွေက ဘယ်သူက ထိရဲတာလဲ? ဒီနေ့တော့ အဲဒိ အကြွှေးတွေကို အဆတစ်ရာ ပြန်ဆပ်ဖို့ပြင်ထားသည်။
အလွန်လျင်မြန်စွာနဲ့ပင် လူနှစ်ဆယ်ကျော်လောက် Ling Xiao အရှေ့ ရောက်လာသည်။ လူလတ်ပိုင်းလူက သုံးမီတာအဝေးမှာ ရပ်တန့်လိုက်သည်။ သူ့လက်ထဲ ပုစိန်ကြီးတစ်လက်ကို ကိုင်ထားရင်းနဲ့ ခြေလှမ်းနဲနဲ တိုးလာသည်။ ရန်မူဟန်တစ်ချက်က မျက်နှာပေါ် ဖျတ်ကနဲ ပြေးသွားပြီး ကောက်ကျစ်တဲ့လေသံထွက်ကာ  “မင်းလား ငါ့ ဒုတိယညီလေးကို ဒါဏ်ရာရအောင်လုပ်တာ”
ဒုတိယညီလေး? You XiaoMo သူ့ခေါင်းတစ်ချက် ထက်လာပြီး အရှေ့က လူကို သေချာ ခြေဆုံးခေါင်းဆုံး သေခြာကြည့်သည်။ သူပလုံးပထွေးနှင့် “ဘယ်မှာမှလဲ အတူပဲနဲ့”
Ling Xiao သူ့ရဲ့ ပလုံးပထွေးသံကို ကြားပြီး ခေါင်းကို တစ်ချက်ငုံ့ပြီး ရယ်မြူးဟန်အကြည့်တွေနဲ့ ကြည့်တော့သည်။
ပြီးမှ လူလတ်ပိုင်းလူကို အကြည့်တစ်ချက်လွှတ်လိုက်ပြီး ပြုံးကာ ပြောတော့သည်
“စိတ်မရှိနဲ့နော်။ ကျွန်တော့် ခင်ဗျားရဲ့ ဒုတိယညီလေးကို မသိဘူး ဒါပေမယ့် အစောလေးကတော့ ၀က်ငတုံးတစ်ကောင်တော့ တွေ့ခဲ့တယ်။  အဲဒါက ခင်ဗျားရဲ့ ဒုတိယညီလေးလို့တော့ မပြောနဲ့နော်”
“ဖူး…..”
You XiaoMo သူ့ရဲ့ ရယ်ချင်တဲ့စိတ်ကို ထိန်းထားလို့မရဘူး။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now