Chapter 137 Only one can live( Z & U)

10.7K 1.5K 8
                                    

Zawgyi
C-137 Only one can live.
အခန်း ၁၃၇ တစ်ယောက်ထဲပဲ အသက်ရှင်နိုင်မယ်။
သူတို့ပြန်ပေါ်လာချိန်မှာ မြင်ကွင်းက ပြောင်းလဲသွားပြီးသားဖြစ်သည်။
You XiaoMo သူ့မျက်လုံးကို ပွတ်လိုက်ပြီးနောက် သူLing Xiao၏ နယ်မြေထဲရောက်နေမှန်း သိသွားသည်။ ပြာလွင်နေသောကောင်းကင်နဲ့ သူ့ခြေအောက်မှာ စိမ်းမြနေသော မြက်ခင်းရှိသည်။ မြက်တွေက သူ့ဒူးခေါင်းအထိတောင် ရောက်လုနေပြီ။ စိတ်ဝိညာဉ်သိပ်သည်းဆက နယ်မြေထဲမှာ အလွန်အမင်းမြင့်မားသည်။ သူအသက်ရှူလိုက်သမျှက စိတ်ဝိညာဉ်အားတွေ ပြည့်နေတာကို ခံစားနိုင်သည်။ ဒီမှာ စိတ်တန်ခိုးသာ ကျင့်လိုက်ရရင်တော့ တစ်ရက်ထဲနဲ့ လီထောင်ပေါင်းများစွားကို  စွမ်းဆောင်နိုင်မှာပဲ (T/N အချိန်တိုတိုလေးနဲ့ အောင်မြင်မှု အများကြီး ရနိုင်မယ်)
သူ့ကို ဒီကို ဘာလို့ခေါ်လာတာလဲလို့ မေးမလို့ ရှိသေး အရမ်းမဝေးတဲ့ နေရာမှာ လူတွေကိုဘောလုံးတစ်လုံးလို  ရောထွေးပြီး ချည်ထားတာကိုမြင်လိုက်ရသည်။
သူတို့ထဲက တစ်ယောက်က You XiaoMo မြင်ဖူးသလိုရှိသည်။ ကံကောင်းစွာနဲ့ သူတို့က အရမ်းကြီး မကြာသေးပေ။ You XiaoMo  မှတ်မိဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက် တော့ ခဏနေတော့ အဆုံးမှာ အောင်မြင်သွားသည်။
အသက်အကြီးဆုံးတစ်ယောက်က မီးခိုးရောင် ပြောက်ကြားဖြစ်နေသော မုတ်ဆိတ်နှင့်ဖြစ်သည်။ သူ့ကို အထိတ်တလန့်နှင့် ကြည့်နေတာဖြစ်သည်။ ဒါ သူ့ကို HunJiမြို့မှာ မှော်ဆေးပင်မျိုးစေ့တွေ ရောင်းခဲ့တဲ့ မန်နေဂျာမလား?
သူဘာလို့ဒီမှာ ပေါ်လာရတဲ့ အကြောင်းကို ပြန်တွေးမိချိန်မှာတော့ You XiaoMo ရုတ်တရက် အံ့သြစွာနဲ့ သဘောပေါက်သွားသည် ဖြစ်နိုင်လား ကြယ်ခုနစ်ပွင့် လျှို့ဝှက်အမွှေးနံ့သာ အင်းဆက်ကို သုံးပြီး သူတို့နောက်ကို နောက်ယောင်ခံ လိုက်တဲ့သူက မှော်ဆေးလုံးဗဟိုအလုပ်ရုံက မန်နေဂျာဆိုတာကို ?
အားးး ဒါပေမယ့် ဒါက မဟုတ်ဘူးမလား။ သူက ဘာလို့သူတို့ကို နောက်ယောင်ခံလိုက်ရမှာလဲ? သူမှတ်မိသေးတယ် မှော်ဆေးလုံးဗဟိုအလုပ်ရုံရဲ့ နောက်ကွယ်က အင်အားက HunJiမြို့ သခင် လေ။ HunJiမြို့ကို ဒီလောက်တောင် ကြီးမားပြီး စည်ပင်တဲ့ နေရာဖြစ်အောင် တိုးတက်စေရန် လုပ်နိုင်တဲ့ သခင်  အရမ်းကိုတရားမျှတတဲ့သူလေ။ ဒါပေမယ့် ကြည့်ရတာ သူ့ကို ပြောတဲ့ အမှန်တရားက မဟုတ်ဘူးထင်တယ်။
အဲလိုတွေးလိုက်တာနဲ့ You XiaoMo သူ့သံသယတွေက မှန်သလား သလို သေချာသလား မသေချာသလားဆိုတာ သူ့ခေါင်းထဲမှာ ရုတ်တရက်ရောထွေး ကုန်သည်။
သူ မတွေးနိုင်တော့တဲ့ အခါကျတော့ Ling Xiao ဆီကို မေးခွန်းထုတ်နေတဲ့ အကြည့်ကို ပစ်လွှတ်လိုက်ကာ သူ့အဖြေပေး ဖို့ပဲ မျှော်လင့်ကာ 'အစ်ကိုကြီးLing သူတို့က ဒီမှာ ဘာလုပ်နေတာလဲ?´
'မင်းမြင်တယ်မဟုတ်ဘူးလား? ဘယ်လောက်ပဲ မြင့်မြတ်ပြီး ဖြူစင်တယ်ပြောပြော ချမ်းသာဖို့အတွေးလေး နဲနဲရသွားတာနဲက လူတစ်ယောက်က မကောင်းတာ လုပ်မှာပဲ´
Ling Xiao မန်နေဂျာကို ကြည့်လိုက်ကာ အဓိပ္ပါယ်အပြည့်နဲ့ ပြုံးပြလိုက်သည်။ ကျန်သူတွေကတော့ သူ့အပြုံး ကြောင့် ကြောက်လန့် သွားကာ သူ့မျက်နှာပေါ်မှာ ထိတ်လန့်တုန်လှုပ်ခြင်းက ထင်ထင်ရှားရှားကို ပေါ်လာတော့သည်။
'ဒီတော့ အခု ကျွန်တော်တို့က ဘာလုပ်မှာလဲ?´
ချမ်းသာဖို့အတွေးလေး နဲနဲရသွားတာနဲက လူတစ်ယောက်က မကောင်းတာ လုပ်မှာပဲလို့ ပြောလိုက်တာက You XiaoMo ကို သတိပြန်ဝင်သွားစေသည်။
မှော်ဆေးလုံးဗဟိုအလုပ်ရုံက နောက်ကွယ်က မြို့သခင် ဖြစ်သည်။ သူမှော်ဆေးလုံးဗဟိုအလုပ်ရုံကနေ မှော်ဆေးပင် အများအပြား ၀ယ်ခဲ့သည် ပြီးတော့ မှော်ဝင်သားရဲဥတစ်လုံးလဲ ၀ယ်သေးသည့်အပြင် စိတ်ဝိညာဉ်အရည်မြောက်အမြားလဲ ရောင်းသေးသည် ဒါကြောင့် ဒီလူတွေက နည်းနည်းလေးချမ်းသာဖို့တွေးကာ မကောင်းတဲ့ အတွေးတွေဝင်ပြီး သူတို့ကို သတ်ဖို့ကြံကာ သူတို့ ရတနာတွေကို ယူဖို့စီစဉ်တာပေါ့ အဲလိုတွေးလိုက်တာနဲ့ တုန်လှုပ်သွားမှုကိုတောင် မထိန်းချုပ်နိုင်တော့။ သူက ဒီလိုပစ္စည်းလေးတွေ ၀ယ်ရုံနဲ့ ဒီလောက် အန္တရာယ်များတာနိုင်တာကိုသူမမျှော်လင့်ထားခဲ့။ ကြည့်ရတာ နောက်ကို သူတစ်ခုခု ၀ယ်ချင် ရောင်းချင်တိုင်း Ling Xiao ကို သူနှင့် အတူသွားဖို့ခေါ်ရတော့မယ့် ပုံ ရှိသည်။
'ညီလေး´
Ling Xiao ရုတ်တရက် ထူးဆန်းတဲ့ အပြုံးတစ်ခုကို လှစ်ဟလိုက်သည်။
'မင်းမှော်ဆေးပင်စိုက်ခင်းထဲမှာ ကူပေးမယ့်လူနည်းနည်းလိုနေတာမလား? ကိုယ် သူတို့ကိုရုပ်သေးရုပ်အဖြစ် ပြောင်းလိုက်ရင် ကော …..ဘယ်လိုလဲ?´
'အသက်ချမ်းသာပေးပါ အရှင်ကြီး ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး အသက်လေးတော့ ချမ်းသာပေးပါ အရှင်ကြီး´
You XiaoMo တစ်ခုခုပြောတာတောင် မစောင့်နိုင်ပဲ ထိုလူများက သူ့မရပ်မနားအသနားခံကြတော့သည်။ မန်နေဂျာသာလျှင် ခဏ မိန်းမောနေပြီးမှ ထိုသူ့တို့ အရှေ့ကို ရုတ်တရက် တွားလာသည်။ သူ့ရဲ့သနားစရာသွင်ပြင်က သူတို့ မှော်ဆေးလုံးဗဟိုအလုပ်ရုံမှာ တွေ့ခဲ့တဲ့တောက်ပြောင်နေတဲ့ပုံနှင့် လားလားမျှမဆိုင်ပေ။
'သခင်ကြီး သခင်ကြီး ကျွန်တော်…….. ကျွန်တော့ကို ဘာလုပ်ခိုင်းလုပ်ခိုင်းလုပ်ပါ့မယ်။ ကျေးဇူပြုပြီးတော့ ရုပ်သေးရုပ်အဖြစ်သာ မပြောင်းပါနဲ့ဗျာ´
သူပုံက သူ့အသက်ရှင်ဖို့ကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံပေါက်သည်။
'ဘာခိုင်းခိုင်းလုပ်ပေးမှာလား?´
Ling Xiaoက သူ့ကိုပေါ်စီးကနေ ငုံကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
'ဒါပေါ့ အရှင်ကြီး ပြောသမျှ ရေနွေးတည်ပြီး မီးမှာ မွှေးပေးမှပါ ´ (ရေကန်အသင့် ကြာအသင့် နဲ့ တူတယ် ထင်တယ်)
မန်နေဂျာက တောင်းပန်ပြီးရင်း တောင်းပန်နေကာ Ling Xiao သူ့ကို တကယ်ကြီး ရုပ်သေးအဖြစ်ပြောင်းဖြစ်မှာကို စိုးရိမ်နေသည်။
လူတစ်ယောက်က ရုပ်သေးအဖြစ်ပြောင်းလိုက်တာနဲက သူ့မှာ ဘာမတွေးမှ မရှိ ဘ၀မရှိ ၀ိညာဉ်ပါ မရှိဖြစ်သွားသည်ဟု ဆိုကြသည်။ သူ့ကို ခိုင်းသမျှကိုသာ လုပ်ကိုင်ပေးတော့သည်။ အရေးအကြီးဆုံးကတော့ ၀ိညာဉ်က ကောင်းကင်နှင့် မြေကြီးမှ ထာဝရပျောက်ကွယ်သွားကာ ပြန်လည်မွေးဖွားဖို့အခွင့် အရေး မရှိတော့ပေ။ သေတာထက်ဆိုးသော အရာ ဖြစ်သည်။
Ling Xiao က သနားသည့်အရိပ်အယောင်ကို ပြတာ မြင်တာနဲ့ အခြားသူတွေကပါ တွားသွားပြီး အသနားခံကာ သူတို့ကိုယ်တိုင် စိတ်ဆန္ဒနှင့် လုပ်ပေးပါမည့်အကြောင်း ပြသလာသည်။
Ling Xiao က ရုတ်တရက် အကြပ်အတည်းပုံဖမ်းလိုက်ကာ ' ဒါပေမယ့် ငါ လူတစ်ယောက်ပဲ လိုတာ။ အခုက ငါးယောက်တောင် ဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ?
စကားတစ်ခွန်းထဲနှင့် တင် မျက်နှာငါးခုလုံးက ပြောင်းလဲသွားတော့သည်။ သူတို့အချင်းချင်း သတ်ချင်ဖြတ်ချင်စိတ်တွေ ဖုံးကွယ်ကာ သတိအပြည့်နှင့် ကြည့်ကြကုန်သည်။ Ling Xiao က အတည်ပြောတာ ဟုတ်လားမဟုတ်သလားဆိုတာ ကိုတောင် သူတို့ ဂရုမစိုက်တော့ပေ။ ဒါက သူတို့ရရှိတဲ့ ပထမဆုံးနှင့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now