Chapter 165 Silencing Witnesses ( Z & U)

9.1K 1.4K 70
                                    

C-165 Silencing Witnesses

အခန်း ၁၆၅ မျက်မြင်သက်သေများအား နှုတ်ပိတ်ခြင်း

ဒီအခန်းမှာ သွေးရဲရဲ သံရဲရဲ နဲ့ မနှစ်မြို့စရာကောင်းတာတွေ ပါလာပါလိမ့်နော်

အဲဒါကို ကြားလိုက်တာနဲ့ ကျန်တဲ့စကားတွေကို ထုတ်ဖော်ပြီး မပြောရင်တောင် လူတိုင်းက နားလည်ပြီးဖြစ်သည်။

သူပြောတဲ့ မကောင်း… ဆိုတဲ့ စကားက ဘာကို ရည်ညွှန်းနိုင်မှာလဲ? မကောင်းဆိုးဝါးများသာ မဟုတ်လျှင်ကော ဘာရှိဦးမှာလဲ? ပြီးတော့ တလောလေးကတင် TianXinဂိုဏ်းနဲ့ အခြား အရေးပါသော အင်အားစုတွေက မကောင်းဆိုးဝါးတွေနဲ့ မီးနဲ့ရေလို ဖြစ်နေတာ။ XingLuoအဖွဲ့က လူတွေရဲ့ ပုံပန်းတွေက လည်း အနည်းငယ် ထူးဆန်းနေသည်။

အလစ်ဝင်တိုက်တဲက JiLe တာဝါက ဂိုဏ်းသားက XingLuoအဖွဲ့ရဲ့ သူလျှို ဖြစ်လိမ့်မည်။

သူက Mu Sheng စကားမပြီးခင် ခေါင်းဖြတ်လိုက်တာကလည်း Mu Sheng က ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်လောင်လောင် ပြောနေလို့ ဖြစ်လိမ့်မည်။ ထို့ကြောင့် အနားက လူတွေ ရှိမှာ စိုးရိမ်သွားတာ ဖြစ်သည်။ သူတို့သာ နားစွန်နားဖျားကြားပြီးတော့ Qing Cheng ဂိုဏ်းနှင့် TianXin ဂိုဏ်းက လူတွေကို သတင်းပို့လိုက်လျှင်  XingLuoအဖွဲ့ က အလွန်ခက်ခဲသော အနေအထားရောက်သွားမှာ ဖြစ်သည်။

ထို့ကြောင့် XingLuo ရဲ့ အစီအစဉ်တွေ အောင်မြင်စေဖို့အတွက် XiaoYao အဖွဲ့နှင့် JiLeတာဝါက ဂိုဏ်းသားများက သေကို သေရလိမ့်မည်။

XiaoYaoအဖွဲ့က နောက်ဆုံးကျန်သော ဂိုဏ်သား မြေပေါ်ကို လဲကျသွားချိန်မှာ အနားပတ်ဝန်းကျင်က သွေးချောင်းစီးနေပြီဖြစ်သည်။ အလောင်းတစ်လောင်းချင်းစီကတောင် မှတ်မိဖို့ မဖြစ်နိုင်တော့ပေ။

အဲဒိအချိန်မှာပဲ အနက်ရောင်ဝတ်ရုံ များဝတ်ဆင်ထားသူ လူငါးယောက်က ထိုအလောင်းများဘေးမှ ပေါ်လာသည်။

ဝတ်ရုံအနက်များ ၀တ်ဆင်ထားသူများက အလွန်အရပ်ရှည်ကြသည်။ နှစ်မီတာကျော် သုံးမီတာ နီးပါး ရှည်သည်။ ထိုးထိုးထောင်ထောင် ဖြစ်နေသော ကြယ်ဆယ့်တစ်ဆိုသူကတောင် ထိုလူများနှင့် ယှဉ်လျှင် အလွန် ပုကာ သေးသွား သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now