Chapter 390 Departure

7.5K 1.4K 53
                                    

Chapter 390: Departure

အခန်း ၃၉၀ ထွက်ခွာခြင်း

လှည်းက နှစ်နာရီလောက် သွားပြီးနောက်ဆုံးတော့ ကြီးမားသော စံအိမ်အရှေ့ရောက်သွားသည်။

ခြံကြီးဝင်းကြီးက ထီးထီးကြီး ရှိနေတာ ဖြစ်သည်။ အနားမှာ အခြားသော အဆောက်အဦးများလဲ မရှိပဲ ကျယ်ပြန့်သော် ကွင်းပြင်ကြီးထဲ ဆောက်ထားတာ ဖြစ်သည်။ ထီးထီးကြီး ဖြစ်နေသလို ဘေးပတ်ဝန်းကျင်ကလည်း သီးသန့် ဆန်လှသည်။ အတွင်းမှာတော့ ကျွမ်းကျင်အစောင့်များက အထပ်ထပ် ရှိနေသည်။ ဒါက You XiaoMo နှင့် Ling Xiao တို့ ရှာနေသော နယ်မြေရွှေ့ပြောင်းရေးရှိရာ နေရာ ဖြစ်သည်။

You XiaoMo က လှည်းသမားကို စိတ်ဝိဥာဏ်ကျောက်တုံး တစ်တုံး ပေးလိုက်သည်။ လှည်းသမားမှာ ထွက်သွားတော့ အလွန် စိတ်တွေ လှုပ်ရှားနေသည်။ မသိလျှင် အချိန်မရွေး ပြန်အယူခံရမည့် ပုံနှင့် လှည်းမှာ  ထွက်သွားတာများ ခါရမ်းနေသည်မှာ သာမာန် မျက်လုံးနှင့် တင် မြင်ရသည်။

Ling Xiao က အိမ်ကြီးရခိုင်ကို နှစ်ကြိမ်လောက် သေချာ စိုက်ကြည့်သည်။ အပြင်မှာ အစောင့်များ အထပ်ထပ် ရှိသည့်တိုင်အောင် အတွင်းတွင်လည်း အစောင့်ပေါင်း အထပ်ထပ်ရှိနေသည်။ DuanMuမျိုးနွယ်စုက နှစ်ဖက်ကြား ကြားဝင်ထားလို့သာ မဟုတ်လျှင် သူတို့က အတင်းအကြပ်တောင် လုပ်ရလောက်သည်။

“နယ်မြေကူးပြောင်းရေးဆိပ်ကမ်းက တကယ်အထဲမှာ ရှိတာလား” You XiaoMo က လည်ပင်းဆန့်ကာ စံအိမ်ထဲ မျှော်ကြည့်လိုက်သည်။ အိမ်တစ်ဆောင်လိုမျိုးပဲ ဖြစ်နေကာ အထဲမှာ နယ်မြေကူးပြောင်းရေးစက်ဝန်း ရှိနေသည့် ပုံ မပေါ်ပေ။

“ခြံဝန်းကြီးထဲကတော့ စွမ်းအင် နည်းနည်းယိုထွက်နေတဲ့ အရိပ်အယောင်တွေရှိတယ်။ အထဲမှာ နယ်မြေကူးပြောင်းရေး ဆိပ်ကမ်း သေချာပေါက် ရှိတယ်။ လာလေ သွားကြည့်ရအောင် ” Ling Xiao က ပြောကာ အဲဒိကို ဦးတည် သွားလိုက်သည်။

သူတို့ အထဲကို မ၀င်နိုင်ခင် အထဲက အစောင့်များထဲက တစ်ယောက်က ရုတ်တရက် ရှေ့ထွက်လာကာ “ရပ်၊ ဒါက XiaErမျိုးနွယ်စု ပိုင်နက်။ အနားကပ်မလာနဲ့။ မဟုတ်လို့ အင်အားသုံး ရရင် အပြစ်မတင်နဲ့”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now