Chapter 197 A Big Storm is Coming Only? ( Z & U )

8.6K 1.5K 50
                                    

Chapter 197 – A Big Storm is Coming Only?

အခန်း ၁၉၇ မုန်တိုင်းကြီး တစ်လုံး လာနေတာပဲလား?

Luo Cheng Yuan၏ မျက်လုံးသငယ်အိမ်များက ရုတ်တရက်ချုံကာ မယုံနိုင်အောင်ဖြစ်ပေါ်သွားတဲ့ အံသြမှုကြီးကို ဖုံးကွယ်ကာ အက်တက်တက်အသံကြီးနှင့် ထရယ်ပြီး  “Tian Xinဂိုဏ်းမှာ အင်ပါယာအဆင့်တိုက်ခိုက်သူ သုံးယောက်မြောက်ရှိနေပြီလို့တော့ ကျုပ်ကို မပြောနဲ့”

ထိုစာကြောင်း၏ နောက်တွင် ရင်ပြင်တစ်ခုလုံးက အသံများအားလုံးက တိတ်ဆိတ်သွားကာ သူ့တို့မျက်လုံးများထဲမှာလဲ အလွန်အမင်းထိတ်လန့်ခြင်း အံ့သြခြင်းများနှင့် ပြည့်နှက်နေသည်။ သူတို့က တည်ကြည်သော မျက်နှာအမူအယာသာ ရှိနေသော Tang Fan ကို ကြည့်လိုက်ကြသည်။

တစ်ခဏလောက် တိတ်သွားအပြီးနောက် လူအုပ်ကြီးက ကြောက်လန့်သံများ ချက်ချင်းထွက်ပေါ်လာသည်။

“တတိယ အင်ပါယာအဆင့်တိုက်ခိုက်သူ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“Tian Xinဂိုဏ်းက ဘယ်တုန်းက တတိယတစ်ယောက် ရသွားတာလဲ Tian Xin ဂိုဏ်း အင်ပါယာအဆင့်ကို အသစ်စက်စက် တိုးသွားတာ ရှိတဲ့သတင်း ကျုပ်ဘာလို့များ မကြားမိရတာလဲ”

“စိတ်ဝိဥာဏ်အဆင့် ကိုယ်ခံပညာရှင်က အင်ပါယာအဆင့်ကို ချိုးဖျတ်သွားပြီဆိုရင် ဖြစ်ရပ်အကြီးကြီး ပေါ်ပေါက်လိမ့်မယ်။ Tian Xin ဂိုဏ်းမှာ တတိယတစ်ယောက် ရှိတယ်ဆိုရင် အချက်ပြချက်ကြီးတစ်ခုခုကတော့ ရှိရမှာပေါ့”

“ဒီတစ်ခါတော့ Tian Xinဂိုဏ်းက တောင်ပိုင်းမှာ တစ်ခုတည်းသော ဂိုဏ်းကြီး ဖြစ်တော့မယ်ထင်တယ်”

Luo Cheng Yuan ပြောတာသာ မှန်မယ်ကာ Tian Xinဂိုဏ်းက တကယ့်ပဲ တတိယမြောက် အင်ပါယာအဆင့်တိုက်ခိုက်သူတစ်ယောက် ရှိမယ်ဆိုလျှင် Luo ChengYuan၏ လက်ရှိအဆင့်အရ သူက အင်ပါယာအဆင့် တိုက်ခိုက်သူနှစ်ယောက်ကို တစ်ပြိုင်နက်တည်း မကိုင်တွယ်နိုင်လောက်ပေ။ သူက Tang Fan နှင့် လက်ရည်တူနေလျှင်တောင်မှ နောက်ထပ်တစ်ယောက်သာ ရှိနေမယ်ဆိုလျှင် Tang Fan သူ့ကို အနိုင်တိုက်လိုက်သည်နှင့် ဒီနေ့ ဒီကို ခေါ်လာသောသူများ အားလုံး သေလိမ့်မည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now