Chapter 199 You Dare to Make a Move on My Man? (Z & U)

9K 1.6K 36
                                    

Chapter 199 – You Dare to Make a Move on My Man?

အခန်း ၁၉၈ ခင်ဗျား ကျုပ်လူကိုများ ထိရဲတယ်ပေါ့

“ကြီးမြတ်သောအကြီးအကဲ…”

Tang Fan က Yuan Mo ဒီလိုမျိုး လူအများကြီးရှေ့တွင် သူ့မျက်နှာဖြတ်ရိုက်သလို လုပ်ရပ်မျိုး လုပ်မည်ဟု မမျှော်လင့်ထားပေ။ သူက Yuan Mo ကို မယုံသလိုသာ ကြည့်ပြီး သူ့မျက်လုံးများကတော့ ဘာမှပြောမနေ။

“မင်း ပါးစပ်ပိတ်” Yuan Mo က သူ့စကားတောင် ဆုံးအောင်ပြောခွင့်မပေးပဲ သူ့ကို ကျယ်လောင်စွာ အော်ဟစ်ပြီး အေးစက်စက်ကြည့်ကာ  “Tang Fan မင်းမရှက်သေးဘူးလား?”

Tang Fan မျက်နှာက ရှက်ပြီး နီသွားသည်။ ဒါက Yuan Mo သူ့ကို ပထမဆုံးအကြိမ်ဆူတာဖြစ်ကာ လူအများရှေ့မှာတင် ဆူတာမကသေပဲ ဒီမှော်ဆရာလေးတစ်ယောက်ကြောင့်လဲ ပါသည်။ သွေးဆာနေသောကြောင့် တုန်လှုပ်သွားသော ဖျတ်ခနဲ အရိပ်အယောင်က မျက်လွှာချလိုက်သော Tang Fanမျက်လုံးများတွင် ရိပ်ခနဲထင်သွားသည်။ 

You XioaMo က ပြန်ဖြေသည် “မဟုတ်ပါဘူး အဲဒါကြောင့် မဟုတ်ဘူး”

YuanMo က နည်းနည်း အံသြသွားကာ “ဒါဆို ဘာကြောင့်လဲ?”

“ဂိုဏ်းချုပ်ကြီးTang က စိတ်ထားသေးသိမ်တဲ့သူတစ်ယောက်။ အခုအတွက်တော့ ကျွန်တော့ကို ကန်ထုတ်တာတို့ သူ့တပည့်ကြီး Lin Xiao ကို ထောင်ဖမ်းတာတို့ လုပ်တာကို ရပ်လိုက်လိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ သူက ထပ်ပြီးတော့ ဘောင်ကျော်ပြီး လုပ်ဦးမှာပဲ” You XiaoMo က ပြန်ပြောသည်။ “ကျွန်တော် Tian Xinဂိုဏ်းကို ရောက်တာ တစ်နှစ်တောင် မပြည့်သေးပါဘူး ကျွန်တော် Tian Xin ဂိုဏ်းကို သံယောဇဉ်ရှိပါတယ်။ ဒါပေမယ့် ဂိုဏ်းချုပ်Tang ရဲ့ကရုဏာတွေကတော့ တကယ့်ကို ဘာမှကိုချီးမွမ်းစကားပြောဖို့တောင် မပြောနိုင်ဘူး”

You XiaoMo က သူ့အကျီ င်္ထဲက အသံလွှင့်ကျောက်တုံးက လင်းနေတာ အတန်ကြာနေပြီ ဆိုတာ သူ သတိမထားမိပေ။

အဲလိုလဲ ပြောပြီးရော Tang Fan ဆီက အော်သံထွက်လာသည် “You XiaoMo မင်းတကယ် သေချင်နေတာပဲ”

Tang Fan ရဲ့ စူးရှသော အကြည့်များအောက်မှာ မျက်နှာပြောင်တိုက်ပြီး  ဒီစကားတွေ ပြောဖို့ You XiaoMo သတ္တိတော်တော်သုံးလိုက်ရတာ ဖြစ်သည်။ တကယ်တော့သူက SheQiu အနောက်မှာသာ ပုန်းနေချင်တာ ဖြစ်သည်။ ထိုမျက်လုံးများက အရမ်းကြောက်ဖို့ကောင်းသည် သို့သော်လည်း အခုချိန်မှာက SheQiu က သူ့ကို ဆုပ်ကိုင်ထားတာ ဖြစ်သည့်အတွက် သူက ထွက်ပြေးလို့ မရပေ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now