Chapter 144 Evaluation Stone ( z & u)

9.2K 1.5K 21
                                    

C-144 Evaluation stone.
Zawgyi
အခန်း ၁၄၄ အကဲဖြတ်ကျောက်တုံး
သူက ဖြစ်ပျက်သမျှကို ကောင်လေးဆီက ကြားပြီးသားမို့ထင် ထိုအမျိုးသမီးက သူ့မျက်လုံးက မျက်ရည်များကျဆင်းကာ You XiaoMo နှင် Ling Xiao ကို ကျေးဇူးတွေ ထပ်ခါ ထပ်ခါတင်က သူ့ကိုယ်ကလဲ လဲကျတော့မလို ယိမ်းထိုးနေသည်။ စာကြောင်းတိုင်းကလည်း ချောင်းဆိုးသံပေါင်းများစွာ ဝေဆာနေသေးသည်။
သူက ဘိုးဘွားစဉ်ဆက်ရလာသည့်ကျောက်စိမ်းပန်းပုဆယ့်နှစ်ခုမို့ မရောင်းချင်ပေမယ့် ဒါက သူတို့တွေအသက်ရှင်ဖို့အတွက်ဆိုတော့ သူ့မှာရွေးချယ်စရာ အခြားမရှိပေ။
SiFangမြို့လေးက သေးသော်ငြာတည်း ပြိုင်ဆိုင်မှုတွေကတော့ အလွန်တင်းမာဆဲဖြစ်သည်။ သူကရက်အနည်းငယ်လောက် မစားမသောက်ပဲနေနိုင်ပေမ့် သူ့သားလေးကို တော့ သူနှင့် အတူမခံစားစေချင်ပါ။ ဒါ့ကြောင့်လဲ သူက ကျောက်စိမ်းပန်းပု ဆယ့်နှစ်ခုကို ရောင်းဖို့ဖြစ်တာ ဖြစ်သည်။
ဘယ်သူသိမှာလဲ ကျောက်စိမ်း၏တန်ဖိုးက အရမ်းမြင့်တာကြောင့် SiFangမြို့ကို လာသူများက အများအားဖြင့် သိပ်မချမ်းသာကြပေ ဒီတော့ ကျောက်စိမ်းပန်းပု က သူတို့ထုတ်လာတဲ့ တစ်လလောက်ထဲက တစ်ရုပ်တောင် မရောင်းရပေ။ အခုတော့ အမေနှင့် သားက ဖျားနားခြင်းနှင့် ဆာလောင်ခြင်းကြောင့် သေတော့မယ့် အချိန်မှာ တစ်စုံတစ်ယောက်ကလာပြီး အဆုံးမှာတော့ သူတို့ရဲ့ ကျောက်စိမ်းပန်းပုရုပ် ကို လာဝယ်ြပီ်လေ။ ပြီးတော့ ဆယ့်နှစ်ရုပ်လုံးကို တစ်ခါတည်းဝယ်တာ။ ဒီအမေနဲ့သားက သူတို့ဘ၀တစ်လျှောက်လုံးမှာ ဒီလောက် ပိုက်ဆံအများကြီး ဘယ်တော့မှ မမြင်ဖူးပေ။ သူတို့စိတ်မလှုပ်ရှားဖူးပြောရင် လိမ်နေတာပဲ။ အမျိုးသမီး၏ မျက်ရည်များက မိုးလိုရွာကျနေတာ အချိန်အတော်ကြာလေပြီ။
အမျိုးသမီး အငိုပြီးတာကို ခက်ခဲကြမ်းတမ်းစွာ စောင့်အပြီးမှာတော့ You XiaoMo က အကဲဖြတ်ကျောက်တုံး အကြောင်းနောက်ဆုံးတော့ မေးနိုင်သွားပြီ။
ဈေးဝယ်သူများက အကဲဖြတ်ကျောက်တုံးဝယ်ချင်တာကို ကြားပြီးနောက်မှာ အမျိုးသမီးက သူ့မျက်ရည်များကို လက်ကိုင်ပ၀ါနှင့် သုတ်လိုက်ကာ ခေါင်းမော့ပြီး အံ့သြစွာမေးမြန်းတော့သည် 'မောင်ငယ်လေးနှစ်ယောက်က အကဲဖြတ်ကျောက်တုံးဝယ်ချင်တာလား?´
သူက You XiaoMo နှင့် Ling Xiao ကို သိမ်းကြုံပြီးငေးကြည့်ပြီးမှ အဆုံးမှာ You XiaoMo ဆီကျရောက်သွားကာ 'မှော်ဆရာလား?´
You XiaoMo က နှုတ်ခမ်းစူသွားသည်။ ဒီလောက်တောင်သိသာလား? အား…. ကောင်းပါတယ်။ သိုင်းသမားနှင့် ယှဉ်ရင်တော့သူက အားနည်းတဲ့မှော်ဆရာနှင့် ပိုတူလှသည်။ သို့သော် ဒီအမျိုးသမီး၏ အမြင်က အရမ်းထက်တာပဲ။ ပြီတော့ သူက ဒီလောက်တောင် နေမကောင်းထားတာကို။
ဟုတ်ကြောင်းမှန်ကြောင်းအဖြေရပြီးနောက်မှာတော့ အမျိုးသမီးက ချက်ချင်း သူတို့ကို နောက်ဖက်ခြံဝင်းဆီကို ဦးဆောင်သွားသည်။
အကဲဖြတ်ကျောက်တုံးများက ဆိုင်အတွင်းမှာ ပြသလေ့ မရှိပေ။ အဲဒါက အခြားသူတွေမြင်လို့ မရလို့ မဟုတ်ပေမယ့် အဲဒိ အကဲဖြတ်ကျောက်တုံးတစ်တုံးစီက တစ်မီတာခွဲလောက်ထိရှည်ကာ အလေးချိန်က ပေါင်နှစ်ရာလောက်ရှိသည်။ အရမ်းလေးသည်။ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသားများသာ ရွေ့နိုင်သည်။
You XiaoMo က အမျိုးသမီးနောက်ကနေ အနောက်ဖက်ခြံဝင်းထဲ လိုက်သွားသည်။ သူက နို့အဖြူရောင်သလင်းကျောက် တစ်ခုကို ခြံဝင်းထဲမှာ တွေ့သည်။ ဒါက အကဲဖြတ်ကျောက်တုံးဖြစ်ဖို့များသည်။ အဲလိုထင်စရာကလဲ တစ်ဝင်းလုံးမှာမှ တစ်ခုတည်းသာ ရှိသည်။
မှော်ဆရာအများစုက ပင်မဂိုဏ်းများကမဟုတ်လျှင် နေရာမှာပဲ စစ်တတ်ကြသည်။ ဘာ့ကြောင့်လဲဆိုတော့ ပင်မဂိုဏ်းများမှာ လူအများကြီးရှိတာမို့ သူတို့တွေက အကဲဖြတ်ကျောက်တုံးကို ၀ယ်လေ့ရှိကြသည်။ You XiaoMoကို တစ်ကိုယ်ရေမှော်ဆရာများကတော့ အကဲဖြတ်ကျောက်တုံးဝယ်ဖို့အတွက် သူဘယ်ကမှ အဲလောက်မတုံးကြပေ။ သို့သော် သူကမတူဘူးလေ သူက အကဲဖြတ်တာ တစ်ခုလုပ်ပြီးသား ဒီတော့ သူက သူများရှေ့မှာ ထပ်မလုပ်ချင်ပေ။
အမျိုးသမီးကလည်း သူ့ကို ဘာလို့အကဲဖြတ်တာ နေရာမှာပဲ မလုပ်ချင်တာလဲ မမေး။ သူကYou XiaoMo ကို အကဲဖြတ်ကျောက်တုံး ဒီအတိုင်းပေးချင်တာ သို့သော်  You XiaoMoက ၀ယ်မယ်ပဲပြောကာ မဟုတ်လျှင် သူအခြားနေရာမှာ သွားဝယ်မယ်ပြောတော့သည်။ အမျိုးသမီးက သူ့စိတ်ကို မပြောင်းနိုင်တာမို့ ဈေးအနိမ့်နှင့်သာ ပေးနိုင်တာမို့ သူ့ကို ရွှေပြားငါးဆယ်နှင့်သာ ရောင်းတော့သည်။
Qingမြို့က ဆိုင်တွေမှာ အကဲဖြတ်ကျောက်တုံးကို ရွှေပြားတစ်ရာစီနှင့် ရောင်းသည်။ ပြီးတော့ သူတို့ကျောက်တုံးက ဒီကဟာထက် ပိုသေးသည်။ အမျိုးသမီး၏ ရောင်းဈေး ရွှေပြားငါးဆယ်က တကယ်တော့ အရမ်းကို ဈေးသက်သာသည်။
ဒီတစ်ကြိမ်တော့ You XiaoMo က ထပ်ပြီးတော့ မငြင်းဆိုတော့။ သူက သူတို့ကို ရွှေပြားငါးဆယ်ထပ်ထုတ်ပေးကာ Ling Xiaoနှင့်အတူ SiFang မြို့ ကထွက်ခွာသွားတော့သည်။
သူတို့နှစ်ဦးမသိလိုက်တာကတော့ ငါးရက်ကြာတဲ့အခါ လူအချို့က SiFangမြို့လေးကို လာရောက်မေးမြန်းကြသည်။ အဆိုပါလူများက တိုက်ဆိုက်စွာနဲ့အမျိုးသမီး၏ဆိုင်ကို ၀င်မေးကြသည်။ သို့သော် အမျိုးသမီးက ဘာမှမသိသူ တစ်ယောက်မဟုတ်ပေ။ သူက ထိုသူများလာမေးတာက မကောင်းတဲ့ ရည်ရွယ်ချက်မှန်းသိတာနဲ့ သူဘာမှမသိသလို အသာလေးဟန်ဆောင်လိုက်သည်။ ထိုလူများပြန်သွားတာကို စောင့်ပြီးတော့ သူ့သားကို သူတို့အကြောင်းဘာမှ မပြောဖို့ ပြောဆိုလိုက်သည်။
သို့သော် အဲဒါတွေက နောက်ပိုင်းကအကြောင်းကိစ္စများဖြစ်သည်။ အဲဒိအချိန်မှာ You XiaoMo နှင့် Ling Xiao က SiFangမြို့လေးက ထွက်သွားပြီးဖြစ်သည်။ သူတို့တွေ တစ်ယောက်မှအနားမှာ မရှိသည့် အချိန်ရောက်တော့မှ Ling Xiao နှင့် အတူ သူ့နယ်မြေထဲ ၀င်လိုက်သည်။ သူက အကဲဖြတ်ကျောက်တုံးကို သူ့နယ်မြေထဲကို တန်းထည့်လိုက်တာ ဖြစ်သည်။
အကဲဖြတ်ကျောက်တုံးက သစ်သားတဲလေးထား တားတဲ့ ခြံဝင်းထဲမှာ ထားထားတာဖြစ်သည်။ You XiaoMo က အဲဒါရဲ့ အရှေ့မှာ ရပ်နေပြီးတော့ Ling Xiaoကို ခိုးပြီးဖျတ်ခနဲကြည့်လိုက်သည်။ တုန့်ဆိုင်းမှုအနည်းငယ်ပြုအပြီးမှာတော့ သူမေးတော့သည် 'အာ…… အစ်ကိုကြီး တကယ်ကြီး စမ်းသပ်ကြည့်ရမှာလား?´
Ling Xiao က သူ့ကို အပြုံးချိုချိုလေးပေးပြီးတော့ အမေးလေးနှင့် ပြန်ဖြေသည် 'အဲတော့ ဘာပြောချင်တာလဲ?´
ကျွန်တော်ပြောတာက……ဒါက၀ယ်ပြီးသားလို့။ မစမ်းသပ်တာက ရွှေပြားငါးဆယ်ကို ဘာမှမလုပ်ပဲနဲ့လွှင့်ပစ်လိုက်တာနှင့် တူသည်။ ဒီလို ဖြုန်းတီးတတ်တဲ့ အပြုအမူက You XiaoMo အတွက်တော့ နှိုင်းယှဉ်လို့မရအောင်ကို သေချာပေါက် ရှက်စရာ အပြုအမူဖြစ်သည်။ ဒီတော့ စိတ်အားငယ်စွာနဲ့ပဲ Ling Xiaoကို သဘောတူဖို့ကလွဲပြီး သူ့မှာ ကျန်တာမရှိ။
'ဒီတော့ ကျွန်တော်က နောက်ထပ် ဘာလုပ်ရမှာလဲ?´
You XiaoMo က အကြိမ်ပေါင်းများစွား သတွေးမြိုချအပြီးမှာတော့ ရုတ်တရက်ကြီး ရှက်ရွံ့လာတော့သည်။
သူက အရင်က အခြားသူတွေ စစ်ဆေးမှုခံတာကို တစ်ခါမှ မမြင်ဖူးတာကြောင့် သူက အဆင့် အသေးစိတ်မသိပေ။ သို့သော်…….. သူကမေးပြီးမှ နောင်တရသွားရင် အဘယ့်ကြောင့်ဆိုသော် အရင်သူ က စစ်ဆေးမှုခံယူပြီးသားမို့ ဒီလိုဂရုမစိုက်ပဲ လွတ်ခနဲ မေးမိတာ သူ့ကို ပေါ်လွင်စေသည်။
Ling Xiao က သူ့ရဲ့ စိတ်ဒုက္ခရောက်နေတဲ့ အမူအယာကို ကြည့်လိုက်သည်။ သူ့ နှုတ်ခမ်းတွေက စချင်ဟန်နှင့် ကွေးတက်သွားကာ ပီတိပြုံးလေးနှင့် ပြောလေသည် 'မင်းရဲ့လက်ကို အပေါ်တင် ပြီးတော့ မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို အကဲဖြတ်ကျောက်တုံးထဲကို ထုတ်လွှင့်လိုက်။ အဲဒါ လုပ်ရမှာပဲ´
You XiaoMo ရဲ့လက်တွေ တုန်ယင်နေကာ အကဲဖြတ်ကျောက်တုံးပေါ်ကို တင်လိုက်သည်။ အကဲဖြတ်ကျောက်တုံးကနေ ပေါက်ကွဲထွက်လာတဲ့ ရေခဲလိုအအေးအထိအတွေ့ကို ခံစားလိုက်ရသည်။ Ling Xiao သူ့ကို ပြောသလိုမလုပ်ခင်မှာ အလိုလို ကြက်သီးတွေက ထလာသေးသည်။ သူ့ဝိညာဉ်စွမ်းအင်ကို အတန်းလိုက်လေး ထုတ်ယူပြီးတော့အကဲဖြတ် ကျောက်တုံးထဲကို ထုတ်လွှတ်လိုက်သည်။
ချက်ချင်းကို နို့ဖြူရောင် အကဲဖြတ်ကျောက်တုံးက ရုတ်တရက် တောက်ပတဲ့ အလင်းတန်းကြီး တရှိန်ထိုးထုတ်လွှတ်တော့သည်။
You XiaoMo မျက်လုံးတွေက မမြင်ရတော့တာကြောင် သူချက်ချင်းမျက်စိမှိတ်လိုက်ကာ အလင်းတန်းဖျော့လာတော့မှပဲ သူမျက်လုံးပြန်ဖွင့်လိုက်သည်။ သူက အကဲဖြတ်ကျောက်တုံးရဲ့အပေါ်က တဖျတ်ဖျတ်လက်နေတာကို ကြည့်ပြီးတော့ သူ့မျက်လုံးတွေက ထပ်ပြီးပြူးစရာ မရှိတော့အောင် ကျယ်သွားတော့သည်။ အဲဒါ ဘာအဓိပ္ပါယ်ကြီးလဲ?
အကဲဖြတ်ကျောက်တုံးပေါ်မှာက အလွန်သိမ်မွေ့နူးညံ့သော အရောင်ထွက်နေသည်။ သူက ဒီအရောင် ဘယ်တုန်းကမှ မမြင်ဖူးပေ။ အဲဒါက ပန်းရောင်မဟုတ်။ ပြီးတော့ အ၀ါလဲ မဟုတ်သေး။ အစိမ်းလဲ မဟုတ်ကာ အပြာလဲ သေချာပေါက် မဟုတ်။ အဲဒါကို အလွန်သိမ်မွေးနူးညံ့တဲ့ အရောင်လို့ပဲ ပြောပြလို့ ရလိမ့်မည်။
You XiaoMoက သူ့ရဲ့ကိုယ်ပိုင်ဝိညာဉ်အရည်အချင်းကို ဘယ်လိုသတ်မှတ်ရမလဲ မသိ။ မူလYou XiaoMo၏ ၀ိညာဉ်အရောင်မှာ အစိမ်းရောင်ဖြစ်ကာ သာမာန် မွေးရာပါပါရမီထက်ပင် နိမ့်သေးသည်။ ဒီတော့ သူကဘာလဲ?
'အစ်ကိုကြီးLing ဘာအရောင်ဖြစ်မလဲ?´
You XiaoMo က ဘာမှန်းမသိတဲ့ အခါကျတော့ သူက Ling Xiao ကို မေးခွန်းပဲ ပြန်ထုတ်လိုက်တော့သည်။ သိုကသေါာ သူ  Ling Xiaoကိုကြည့်လိုက်တော့ ထိုလူရဲ့ ပုံမှန်ပြုံးစစ မျက်နှာထား ပျောက်ကွယ်ကာ လုံးဝကို ခံစားချက်ကင်းမဲ့နေသလိုကြီးဖြစ်နေသည်။ သူ့ရင်ထဲမှာလဲ ရွစိရွစိဖြစ်နေတာ ခံစားလို့က မရ။ ဒါ တစ်ခုခု မှားနေတာတော့ မဟုတ်ပါဘူးနော့်….
သူဘာမှ မဖြေတာကို မြင်တော့ You XiaoMo က သူ့ကို မ၀ံ့မရဲလေး ခေါ်လိုက်သည်။ ပြီးတော့ သူ့လက်ကို လဲ သူ့မျက်နှာရှေ့သွားပြီး ဝေ့ယမ်းကာ 'အစ်ကိုကြီးLing ဘာဖြစ်တာလဲ?´
Ling Xiao က သဘာဝကျကျပဲ ပြန်လှုပ်ရှားလာကာ သူ့လက်နှစ်ဖက်ကို သူ့ရင်ဘတ်မှာ ခေါက်ချိုးထားလိုက်သည်။ (ရင်ဘတ်မှာ လက်လေးဟန်ပါပါ ပိုက်ထားတာ) သူက ဖတ်မရတဲ့ မျက်နှာထားနဲ့ သူ့ကိုကြည့်ပြီးတော့ 'နိမ့်တာရယ် အလယ်အလတ်ရယ် အမြင့်ရယ် အပြင် နောက်ထပ် အဆင့်တစ်ခု မှော်ဆရာတွေမှာ ရှိတာ သိလား?´
You XiaoMo သူ့ရင်ထဲမှာ တိတ်တဆိတ် လက်ခလည်ထောင်ပြလိုက်သည်။ ဘယ်လိုနှုန်းနဲ့ဆိုလဲ သူက အခုအဆင့် သုံး မှော်ဆရာဖြစ်သည်။ အကယ်လို့ဒါတောင်သူမသိဘူးဆိုရင် သူက ဒီနှစ်ဝက်လောက်ကို အကျိုးမရှိပဲနေခဲ့တာဖြစ်လိမ့်မည်။
'အဆင့်နိမ့် အလယ်အလတ် မြင့်တာ အပြင်ကို ထိပ်တန်းအဆင့်မြင့်မှော်ဆရာ အတန်းအစားတစ်ခုရှိတယ် ကန့်သတ်သာလွန်အဆင့် မှော်ဆရာ။ ဒါပေမယ့် ဒီအမျိုးအစားမှော်ဆရာက အရင်က မပေါ်ဖူးဘူး။ ကျွန်တော်ကြားတာကတော့ အရမ်းကို ထိတ်လန့အံသြဖွယ်ကောင်းတဲ့မှော်ဆရာ QiuRan ကတောင် ကန့်သတ်သာလွန်အဆင့်မှော်ဆရာလို့ မှတ်ယူလို့မရဘူးတဲ့´
QiuRanကနေနဲ့ကတော့  You XiaoMo က သူဘယ်လောက်ထိတ်လန့်အံ့သြဖွယ်ကောင်းတယ်ဆိုတာပဲ ကြားဖူးတာဖြစ်သည်။ သို့သော် သူအခုကျင့်နေတဲ့ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ်က သူ့ဆီက ဆိုတာကို လုံးဝ မသိပေ။ ဒါပေမယ့် သူဘယ်လောက်ပဲ ထိတ်လန့်အံ့သြစရာကောင်းတယ်ဆိုဆို သူက ကန့်သတ်သာလွန်အဆင့်မှော်ဆရာ၏ အနိမ့်ဆုံးတုန့်ပြန်ချက်ကိုတောင် မထိနိုင်သေးပေ။
'ဒီတော့ မင်းဘာအဆင့် လို့မင်းထင်လဲ?´ Ling Xiao က သူ့ကို မျှော့်လင့်ချက်ကြီး ထားပြီးတော့ မေးလိုက်သည်။
You XiaoMo ပါးစပ်က ဒေါသတကြီးဆတ်ခနဲဖြစ်သွားသည်။ အကယ်လို့ သူသာ သိရင် မင်းကို ဘာလို့မေးနေမှာလဲ? သို့သော်သူကဖြေနေသေးသည် 'ကျွန်တော့်ခန့်မှန်းရရင်တော့အာ… အကဲဖြတ်ကျောက်တုံးအပေါ်က အရောင်က အဆင့်နိမ့် အလယ်အလတ် ဒါမှမဟုတ် အဆင့်မြင့် နဲ့လဲ မတူဘူး´
သူ့ဘာသာသူ ကန့်သတ်သာလွန်အဆင့် မှော်ဆရာလို့ထင်ရအောင်တော့ သူက အတ္တ၀ါဒီသမားတစ်ယောက်မ ဟုတ်တာပေ။
Ling Xiao ရဲမျက်လုံးထဲ ဖျတ်ခနဲလက်ကာ လှုံဆောင်သံနဲ့ 'အကယ်လို့ငါ မင်းကို မင်းရဲ့မွေးရပါ ပါရမီက ကန့်သတ်သာလွန်အဆင့်ဖြစ်နေတယ်လို့ပြောရင် ယုံမှာလား?´
You XiaoMo က စဉ်းတောင် မစဉ်းစားပဲ ခေါင်းခါကာ 'မယုံဘူး´
သူက မထင်မဲ့မြင်အကြည့်တစ်ချက်နဲ့ဖျတ်ခနဲကြည့်လိုက်ပြီးတော့ အတော်ကြာ စဉ်းစားပြီးနောက်မှာ သူက သူ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပဲနှင့် စိတ်အားထက်သန်စွာနဲက 'အကယ်လို အစ်ကိုက ကျွန်တော့ မွေးရာပါ ပါရမီက အဆင့်မြင့်မှော်ဆရာဖြစ်လာတယ်ဆိုရင်တော့ ယုံလောက်ပါ……….အား…နာတယ်´
Ling Xiao သူ့ကို ပေးတဲ့အဖြေကတော့ သူ့နဖူးကို တောက်ထဲ့လိုက်တာပဲ ဖြစ်သည်။ ပြီးတော့ အဲဒါက နာတာ မလုံလောက်သေးဘူးလို့ ခံစားမိပြီးတော့သူ့နဖူးကို မကွယ်နိုင်ခင်လေးတင် ထပ်ပြီး တစ်ခါ တောက်ထဲ့လိုက်သည်။ သူ့နဖူးတောက်ပြီးတော့ ၀မ်းမြောက်ဝမ်းသာသံနဲ့ 'အခုရော ယုံလောက်တယ်ဆိုတာပဲလား?´
You XiaoMo က သူ့နဖူးလေးကို ကိုင်ကာ ခေါင်းရမ်းပြီး မျက်ရည်တွေကလည်းစီးကျလို့ သနားစရာကောင်းအောင် ငိုရှိုက်ကာ 'အဲ့လောက်မဟုတ်ပါဘူး။ အနည်းဆုံးတော့ အတင်းကြီးမလုပ် wu wu…..´
ဒီလူကြီးရဲ့ အပြုအမူတွေက ပိုပိုပြီးတော့ စာနာစိတ်ကင်းလာတယ်။ သူ့ရဲ့နိမ့်ကျတဲ့ IQ ကလဲ Ling Xiao ရဲ့အပြစ်တွေလို့ ပဲ သူခံစားရသည်။
Ling Xiao က ဟွန်ကခနဲ့ တိုးတိုးလေး နှစ်ချက် နှာခေါင်းသံထွက်လာပြီးမှ သူ့ဘက်ကို ဆွဲလိုက်သည်။ သူလက်လေးကိုကိုင်ပြီးတော့ သူ့နဖူးလေးကို ညင်သာစွာပွတ်ပေးရင်းနဲ့ 'ဒီကအကဲဖြတ်ကျောက်တုံးတွေက အဆင့်နိမ့်လို့ပြောလို့ရတယ်။ သူက မင်းရဲ့ ၀ိညာဉ်အဆင့်ကို တိတိကျကျ သတ်မှတ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ် သေချာပြောနိုင်တယ် မင်းရဲ့ဝိညာဉ်ကအရောင်စုံတယ်´
သူ့ရှေ့လူက ရုတ်တရက် လုံးဝကို တိတ်သွားသည်။
Ling Xiao က စောင့်တယ် ထပ်ပြီးတော့ ဘာတုံ့ပြန်ချက်မှ မလာဘူး ဒီတော့ သူက ကိုယ့်တို့ရဲ့မိတ်ဆွေကြီး You XiaoMo ကိုငုံကြည့်တော့ ပါးစပ်အကျယ်ကြီးပွင့်နေကာ ရူးကြောင်ကြောင်နဲ့သတိမေ့နေသလိုဖြစ်နေတာကို မြင်လိုက်ရသည်။ သူ့လက်ကို ဆန့်ထုတ်ပြီးတော့ သူ့ပါးလေးနှစ်ဖက်ကို အကြိမ်အနည်ငယ် ဆွဲရုံကလွဲပြီး လုပ်စရာ မရှိတော့။
You XiaoMi က ရုတ်တရက်ကြီး ထအော်ကာ ခက်ခက်ခဲခဲနဲ့ အာရုံပြန်ဝင်လာသည်။ သူက သူ့မျက်နှာ တစ်ဝက်က တစ်ယောက်ယောက်ရဲ့ လိမ်ဆွဲခြင်းခံနေရတာကို သိသွားတတောင် သူ့မှာ ဒီကိစ္စတွေကို စိတ်အနှောင့်အယှက်ဖြစ်စရာ အားတောင် မရှိတော့ပေ။ သူက Ling Xiao၏လက်ကို အမြန်ဆွဲကာ မျက်လုံးထဲမှာလဲ ပြိုးပြိုးပျက်ပျက်တွေလက်ကာ စိတ်လှုပ်ရှားစွာထစ်ထစ်ငေါ့ငေါ့နဲ့ 'အစ်ကိုကြီးLing အစ်ကိုပြောတာ အမှန်လား? ကျွန်တော့ဝိညာဉ်က …အရောင်စုံ?´
Ling Xiao က ရွှင်မြူးစွာရယ်ကာ ဖြေသည် 'မင်းက ကိုယ်အမြဲမင်းကို လိမ်နေတယ်ထင်တာလား?´
You XiaoMo ကချက်ချင်းခေါင်းညိမ့်ကာ'အင်း´
ဒုတ် ခနဲမြည်အောင် Ling Xiao လက်က သူ့ဖရဲစေ့ခေါင်းကိုထပ် တောက်ထည့်လိုက်သည်။ ခြိမ်းခြောက်တဲ့ အကြည့် နဲ့မျက်လုံးကိုမှေးပြီးတော့ သူက 'ထပ်ပြောလေ´
You XiaoMo က ဘာမှထပ်မပြောတော့ပဲ မိုက်မဲစွာပဲပြုံးပြလိုက်သည်။ ဒီဦးလေးကအများကြီးပျော်နေတာဆိုတော့ သူ့နဲ့ စကားများမနေတော့ပါဘူး။
ခဏကြာပြီးမှ သူရုတ်တရက် သတိပြန်ဝင်ကာ 'အစ်ကိုကြီးLing ဘာပြောလိုက်တာလဲ? ဒီက အကဲဖြတ်ကျောက်တုံးတွေက အဆင့် ဒီကအကဲဖြတ်ကျောက်တုံးတွေက အဆင့်နိမ့်လို့ပြောလို့ရတယ်။ သူက မင်းရဲ့ ၀ိညာဉ်အဆင့်ကို တိတိကျကျ သတ်မှတ်ပေးနိုင်မှာ မဟုတ်ဘူး။ ဆိုတာက ဘာအဓိပ္ပါယ်လဲ။ ကျွန်တော်တို့ ဆံုးုဖြတ်ပြီးသားမဟုတ်ဘူးလား? ´
Unicode
C-144 Evaluation stone.

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now