Chapter 192 Bottlenec ( Z & U)

10.8K 1.5K 131
                                    

Chapter 192 – Bottlenec

အခန်း ၁၉၂ တစ်ဆို့နေသော နေရာ 

အဟားဟားနှင့် ရယ်သံနောက်တွင်  ပတ်ဝန်းကျင်ကြီးက ချက်ချင်းကို တိတ်ကျသွားသည်။

ငါးစက္ကန့်အကြာတွင် တစ်စုံတစ်ယောက်က လန့်ဖြန့်ကာ မြေပြင်ကနေ ထခုန်ပြီးတော့ ဒေါသတကြီး အော်ဟစ်ကာ  အသံလွှင့်ကျောက်တုံးကို လွှင့်ပစ်လိုက်သည် “ရယ်နေလိုက် အစ်ကို့ညီမပဲ ရယ်နေလိုက် အားလုံးက ငါ့ကို လိမ်ထားတာပေါ့ အရုပ်တစ်ရုပ်လို တစ်ပါတ်ပြီးတစ်ပါတ် လှည့်ပတ်နေကြတာပေါ့”

You XiaoMo က သေလောက်အောင်ကို ဒေါသတွေ ထွက်နေကာ သူအချိန်တွေ အားလုံးကို Ling Xiao အတွက် စိတ်ပူကာ နည်းလမ်းတွေ လျှောက်ရှာနေပြီး အချိန်တွေ အလဟသတ်ဖြစ်ကုန်တာကို တွေးမိတော့သည်။ အဆုံးမှာတော့ လုံးလုံးလျားလျား အရှုးလုပ်ခံရသော သူကလွဲလျှင် ဒီဟာတွေတစ်စုလိုက်ကြီးက အချင်းချင်းကြံရာပါတွေ ဖြစ်နေကြသည်။ အသုံးမကျသော အရှုပ်ထုပ်တစ်သိုက်ပဲ။

Ling Xiao ၏အသံ ထွက်နေသော အသံလွှင့်ကျောက်တုံးကနေ ရယ်သံတိုးတိုးလေး ထွက်နေကာ “ညီလေးXiaoကလည်း စိတ်မဆိုးပါနဲ့။ ကိုယ်မင်းကို မပြောတာလဲ အကြောင်းပြချက်တစ်ခုရှိတယ် ဒါပေမယ့် မင်း ကိုယ့်ကို စိတ်ပူနေတာ မြင်တော့လဲ တကယ် ပျော်သွားတယ်”

 Ling Xiao ဒီလို ပြောလိုက်သည့် ခဏတွင်ပဲ SheQiuတို့ အဖွဲ့က နားလည်လိုက်ကာ အမြန်လူစုခွဲလိုက်ကြသည် အပြစ်ကင်းစင်ပြီး ဘာမှ မသိသော PiQiu လေးောင်မှ သူ့ခြေထောက်များက မြန်ဆန်နေသည် သို့သော်လည်း သူက အစောက လွင့်ပစ်ခံထားရသော အသံလွှင့်ကျောက်တုံးကို တော့ သွားကောက်ပေးလိုက်သေးသည်။

You XiaoMo က PiQiu ကို ဘယ်သူက ငါ့ကိစ္စတွေ ၀င်ရှုပ်ခိုင်းလို့လဲ ဆိုသော အကြည့်မျိုး ကြည့်လိုက်သေးသည်။

PiQiu က မျက်လုံးကန်းချင်ယောင်ဆောင်ကာ ဘာမှမမြင်ဘူးဆိုသည့်ပုံနှင့် အဝေးကို ပြေးထွက်သွားတော့သည်။

You XiaoMo က ပြင်းပြင်းထန်ထန်ပဲ “အကြောင်းပြချက်ကောင်းကောင်းတော့ ရှိမှဖြစ်မယ်နော် ကျွန်တော့ကို စိတ်ပြေစေဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဒါမှမဟုတ်လျှင်တော့ …… ကျွန်တော်အစ်ကိုစားဖို့ မှော်ဆေးလုံးတွေ ထပ်မဖော်ပေးတော့ဘူး”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now