Chapter 77

12.5K 1.9K 17
                                    

C-77 Confrontation.

ထိုညတွင် You XiaoMo က Ling Xiao ကို မစောင့်ပဲ ဒီအတိုင်း အိပ်နှင့် နေသည်။ တစ်နေကုန် သွားလာလှုပ်ရှား ပြီးနောက် ခေါင်းနှင့် ခေါင်းအုံး ထိလိုက်သည်နှင့် အရှူးရှူးမည်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည်။ Ling Xiao ပြန်ရောက်လာချိန်တောင် မသိတော့ပေ။

နောက်တစ်နေ့ နေ့အလင်းတောင် မရောက်ခင် တံခါးကို လာထုသံနှင့် အတူ ရင်းနှီးကျွမ်းဝင်နေသောအသံ ကြောင့် You XiaoMo နိုးသွားသည်။ အသံက ဆူလွန်းသောကြောင့် သူ့နားထဲတောင် တဝုန်းဝုန်း လာမြည်ဟီးနေသည်။ မျက်လုံးများ မှိတ်ထားရင်း သူ့လက်တစ်ဖက်ကို သုံးကာ နားကို ပိတ်ကာ ဆက်အိပ်လိုက်သည်။

Ling Xiao က မျက်လုံးများ ဖွင့်ကာ ခေါင်းနဲနဲ ငုံကြည့်လိုက်တော့ သူ့ရင်ဘတ်ကို ခေါင်းအုံးအဖြစ်သုံးထားသော နူးညံ့ညံ့ခေါင်းမည်းမည်းလေး ကို တစ်စွန်းတစ်စ မြင်ရသည်။

ခေါင်းပိုင်ရှင်ကတော့ ယခင်ညက ကဲ့သို့ပင် ခြေလက် ရှစ်ဖက် ပါသော ရေဘဝဲကဲ့သို့ သူ့ကိုယ်လုံးကို ရစ်ပတ်ထားသည်။ အပြင်ဘက်က မောင်းသံလို တံခါးထုရိုက်သံများနှင့်တောင် သူက ဝက်သေကောင် တစ်ကောင်လို အိပ်နေသေးသည်။ Ling Xiao က ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ မှောင်နေသေးတာ မြင်သည်။ သူလဲ မနေ့က ညက အိပ်တာ နောက်ကျသဖြင့် အရမ်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ အံ့သြစရာ မရှိချေ။

Ling Xiao က You XiaoMo ကို ဘေးသို့ ဂရုတစိုက် ရွေ့လိုက်သည်။ အိပ်ယာက ထပြီးတော့ စောင်ကို သူ့ကိုယ်ပေါ် ပတ်ပေးလိုက်သည်။ နွေးထွေးဇိမ်ကျသော အနွေးဓါတ်အရင်းအမြစ်ကြီး ပျောက်သွားတာမို့ You XiaoMo ကိုယ်က မသိမသာ တုန်တက်သွားကာ သူ့မျက်နှာ တစ်ဝက်လောက်က စောင်ထဲကို မြုပ်ဝင်သွားသည်။ ပေါ်နေသော တစ်ဝက်ကလည်း နီရဲနေတာမို့ အလွန်အကျူးကို မျက်စိဖမ်းစရာ ဖြစ်နေသည်။ Ling Xiao က သူ့ကို မဆိတ်ပဲ မနေနိုင်။ နူးညံ့ပြီး ချောမွေ့နေသော ခံစားချက်က သူ့ကို ထွက်မသွားနိုင်အောင် လုပ်နေသည်။

သူ့နားက အိပ်ယာအစွန်းအနားများကို ဖိပေးပြီးတော့ Ling Xiao က အကျီ င်္တစ်စုံ ဝတ်ကာ တံခါးဖွင့်ရန် သွားသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now