Chapter 119 Fox Spirit ( Z & U)

10.8K 1.7K 4
                                    

ZAWGYI
Chapter 119 - Fox spirit.

အခန်း ၁၁၉ မြေခွေးမ(မြေခွေးဝိဥာဏ်  )
နောက်တစ်နေ့တွင် Ling Xiao သည် စိတ်ကောက်ပြီး စကားမပြောသော You XiaoMo ကို သူ့ပခုံးပေါ်တင်ကာ TianXin ဂိုဏ်းသို့ ပြန်လေသည်။
တစ်နေကုန် တစ်ချက်မှမနားပဲ တစ်လမ်းလုံးဖြစ်ပြီးနောက် You XiaoMo TianXin ဂိုဏ်းရဲ့ တောင်ခြေက တောင်ပူစာလေးရောက်မှပဲ အောက်ရောက်တော့သည်။ သူ့ ဗိုက့်ထဲက အဆင်မပြေမှုကြောင့် ဆူညံနေသည် သို့သော် တစ်နေကုန် သူဘာမှမစားထားတာကြောင့် သူ့မှာ အန်ထုတ်စရာလဲ ဘာမှ မရှိနေ။
'အက…..´ You XiaoMo သူ့ကို မေးရန် ပါးစပ် ဖွင့်ပြီး ပြင်လိုက်သည်။
Ling Xiao က ရုတ်တရက် သူ့ကို တိတ်တိတ်နေရန်အချက်ပြပြီး သူ့မျက်ခုံးတွေလဲ အနည်းငယ် မြင့်တက်ကာ ပြဿနာအချို့ကို တွေ့ရှိသွားပုံရသည်။
You XiaoMo ပျော်မနေပေမယ့်လဲ သူဘာမှတော့ ထပ်မပြောတော့။ သူ အရပ်မျက်နှာအားလုံးကို လိုက်ကြည့်သည်။ အာ…TianXin ဂိုဏ်းရဲ့ တောင်ခြေက တောင်ပူစာလေးမှာတော့ သာမာန်ထက် ထူးဆန်းတာ ဘာမှ မရှိနေပုံရသည် သို့သော် ဒါက သူသတိမထားမိသေးတာပဲ ဖြစ်နိုင်သည်။ သတိထားတဲ့ပုံစံနှင့် မေးလိုက်သည် 'ကိုကြီးLing မှားနေတာ ရှိလို့လား´
Ling Xiao ရဲ့ ပင့်တက်သွားသော မျက်ခုံးများက အခုတော့ ပြန်ပြေကျသွားသည်။ သူ့စကားသံကြားပြီးတော့ ရယ်ကာ ခေါင်းညိမ့်ပြလျက် 'တစ်ယောက်ယောက် လာနေတယ်´
သူဘာမှ မမေးရခင်မှာပဲ သူ့စကားက မှန်သည်ဆိုတာ လက်ခံစေသည့်အလားပင် လူရိပ်နှစ်ခု ရုတ်တရက်ကြီး တောင်ထိပ်မှာ ပေါ်ပေါက်လာသည်။ တစ်ယောက်နောက်က တစ်ယောက် လိုက်ပါလာလျက် သူ့တို့ဆီကို ဦးတည်လာကာ သူတို့အရှေ့ကို အချိန်မဆိုင်းပဲ ရောက်လာသည်။ ငယ်ရွယ်သော တစ်ယောက်က Ling Xiao ကို တစ်ချက်ကြည့်ပြီးနောက် လုံးဝကို ပေါ့ပါးသွားသည်။ ခြေလှမ်းအနည်းငယ် အမြန်လျှောက်ပြီး Ling Xiao အနားရောက်လာကာ စိတ်လှုပ်ရှားစွာနဲ့ 'ကိုကြီး နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့´
Ling Xiao ပြုံးကာ 'ငါ ဒီမှာ မရှိတာရက်နဲနဲလေးပါ TianXin ဂိုဏ်းမှာ ကိစ္စကြီးဖြစ်သွားသေးလို့လား´
ဒီညီငယ်လေးက ချက်ချင်း ကြက်လေးတွေ ဆန်ကောက်စားသလို ခေါင်းညိမ့်ကာ 'ကျွန်တော် အရေးကြီးတဲ့ကိစ္စ တော့သေချာမသိဘူး ဒါပေမယ့် ဆရာကြီး က ကျွန်တော်တို့ကို အကိုကြီးပြန်ရောက်တာတွေ့တာနဲ့ ချက်ချင်း သူ့ဆီလာဖို့ပြောခိုင်းထားတယ်။´
'ငါနားလည်ပြီ သိအောင်ပြောပေးလို့ ကျေးဇူးပဲနော်´
Ling Xiao ပြုံးကာ ပြောလိုက်သည။ အခု TianXinဂိုဏ်ရဲ့ ထောက်လှမ်းရေးတွေက သူတို့ မထွက်သွားခင်ကထက်ကို ပိုပြီး တင်းကြပ်လာတယ်လို့ သူခံစားလိုက်ရတာဖြစ်သည်။ ကြည့်ရတာ ကိစ္စကြီးတစ်ခုခု ဖြစ်သွားပုံပေါ်သည်။ မဟုတ်ရင် သူတို့က သူ့ကိုအလောတကြီး လာခိုင်းစရာမှ မလိုတာ။
ပြောပြီးတာနှင့် You XiaoMo ဘက်ကို လှည့်ကာ 'ညီလေး သွားရအောင်´
You XiaoMo တခဏတော့ တွေဝေသွားပြီးမှ အမြန်ခေါင်းညိမ့်ကာ သူ့နောက်ကို မီအောင် အမြန်လိုက်ရသည်။
သူတို့နှစ်ယောက် နောက်ကျောတွေ တောင်ပူစာလေးက တစ်ခုတည်းသော လမ်းမှာ ပျောက်ကွယ်သွားချိန်မှာတော့ Ling Xiao ကိုမြင်လိုက်တာနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်သွားသူက သူ့မျက်နှာက အပြုံးကို ဖယ်ပစ်လိုက်တော့သည်။ သူတို့ထွက်သွားတဲ့အရပ်ကို ကြည့်တဲ့ သူ့အကြည့်ထဲမှာ ခါးသီးမှု တစ်စုံတစ်ရာများ ပါဝင်နေသည်။
'အကိုLi. အကိုကြီးက You XiaoMoကို အရမ်းဂရုစိုက်တာ ဘာကြောင့်လို့ထင်လဲ။ သူက ဘာတွေများကောင်းနေလို့လဲ´
အဆိုပါ အကိုLi u သူ Ling Xiao ကို အရင်က စကားတစ်ခါမှ မပြောဖူးပေမယ့် Ling Xiao ကို သူ့ Idol အဖြစ်သတ်မှတ်ထားတာ ဟိုးအရင်ထဲက ဖြစ်သည်။ ထို့အပြင် သူ့ရဲ့funboy အပြုအမူက ပိုပြီးတော့ တောင် ကြီးထွားလာသေးသည်။ သူ့ညီလေး ပြောတာကြားတာနဲ့ သူမျက်မှောင်ကြုပ်သွားသည်။ သူကိုယ်တိုင်တောင် နားမလည်။ ' You XiaoMou က အကိုကြီးကို ဂါထာတွေနဲ့ မန်းမှုတ်ထားလို့ သူ့အပေါ် အကိုကြီးက အရမ်းကြီးကောင်းကောင်းဆက်ဆံ ပေးတာနေမှာပေါ့´
'အဲဒိ You XiaoMo ကျွန်တော့ အမြင်မှာတော့ သူက မြေခွေးမ ၀င်စားတာနေမှာ´ ညီငယ်လေး ဒေါပွသံ ထွက်လာသည်။
ညီလေးZhao မင်းဒီကိစ္စတွေကို ထုတ်မပြောရင်ကောင်းမယ် အခြားသူတွေမကြားစေနဲ့´ အကိုLi သူ့ကို သတိပေးလိုက်သည်။
'ကျွန်တော်သိပါပြီ အကိုLi´ ညီလေးZhao စိတ်မပါလက်မပါနှင့် အဖြေပြန်ပေးလိုက်သည်။
သဘာဝကျစွာပင် You XiaoMo ကတော့ Ling Xiaoကြောင့် သူသာမန်လူအဖြစ်ကနေ မြေခွေးဝိဥာဏ်ဖြစ်သွားသည်ကို ထင်တောင်မထားခဲ့ပါ။ Fanboy တွေဆိုတာ အကြောက်ဖို့ကောင်းသည်။ သူတို့ Idol သိက္ခာကျမခံနိုင်သောကြောင့် အခြားတစ်ယောက်ကိုသာ ညစ်ညမ်းတဲ့ရေတွေ ပက်ပစ်လိုက်တော့သည်။
Ling Xiao က သူ့ကို မြေကမ္ဘာတောင်ထိပ်အထိ လိုက်မပို့တော့။ သူတို့နှစ်ဦး လမ်းဆုံမှာတင် လမ်းခွဲလိုက်ကြသည်။ ဒါက TianXin ဂိုဏ်းရဲ့ပိုင်နက်ဖြစ်တာကြောင့် You XiaoMo အနိုင်ကျင့်ခံရမှာမျိုးတွေကို သူစိတ်မပူတော့။ ပြီးတော့ သူ့က Kong Wen ၏ တပည့်ရင်းလဲ ဖြစ်သေးသည်။ အကယ်လို့ ဘုန်းကြီးကြောင့် မဟုတ်ရင်တောင် မင်းကတော့ ဗုဒ္ဓ ကြောင့်တော့ လုပ်မှာပဲ ဖြစ်သည်။ (ဘုန်းကြီးမကြိုက်မှာဆိုးလို့မလုပ်ရင်တောင် ဘုရားကိုကြောက်လို့ မလုပ်ဘူးလို့ ပြောချင်တာပါ)
ရက်အနည်းငယ်လောက် အဝေးလျှောက်သွားပြီးနောက်တော့ You XiaoMo ချက်ချင်းမြေကမ္ဘာတောင်ထိပ်က သူ့အခန်းကို ချက်ချင်းပြန်မသွားတော့။ အဲဒိအစား သူ Fang ChenLe ကို သွားရှာပေမယ့် အခွင့်ကောင်းတော့ မဟုတ်ခဲ့ပါ။ အခြားတပည့်တွေဆီကနေ အကြီးဆုံးအကိုနဲ့ ဒုတိယအကိုက Yun Shui တောင်ထွတ်မှာပဲ ဦးလေးYe နဲ့အတူရှိနေကာ ရက်အနည်းငယ်ကြာမှ ပြန်လာတတ်တာကိုသိသွားသည်။
ထို့နောက်တော့ သူKong Wenကို သွားတွေ့လိုက်သည်။ သူက အမည်ခံ တပည့် အဖြစ်ရှိနေသေးသည်မို့ အခြားသူတွေက သူ့ကို အကြီးအကဲတွေကို မလေးစားတတ်ဘူးလို့ပြောမှာစိုးရိမ်ကာ သူ့ဆရာကို သူပြန်ရောက်တာကို သွားပြီး နှုတ်ဆက်စကားပြောတယ်ဆိုတာက သဘာဝကျသည်။
Kong Wem ကတော့ ဒါက ထူးဆန်းတယ်လို့မခံစားချေ။ သူနဲ့ Ling Xiao တောင်အောက်ဆင်းပြီး ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာလဲ မပေး။ သူ သာမာန်သမရိုးကျ မေးခွန်းအချို့သာ မေးပြီး သူ့ကို ပြန်ခွင့်ပေးလိုက်သည်။
ပြန်ထွက်လာပြီးနောက်မှာတော့ နောက်ဆုံးတော့ You Xiao သက်ပြင်းချနိုင်ပြီဖြစ်သည်။ သူ Kong Wen ကို သွားတွေ့ချိန်တိုင်း သူ့နှလုံးသားထဲမှာ ဖိအားကြီးတစ်ခု ခံစားရသည်။ Ling Xiao က ထိုနေ့က သူအကုန်စီစဉ်ထားတယ်လို့ ပြောတာမို့ သူမမေးခဲ့ခြင်းဖြစ်သည်။ သူ့ကို ဘာမှ မစိုးရိမ်စေချင်တာမို့ဆင်ခြေတစ်ခုပေးခဲ့တာလဲ ဖြစ်တန်သည်။
သူ့အခန်းကို ပြန်ရောက်ပြီးနောက်တော့ You XiaoMO သူမှော်ဆေးလုံးမဖော်တာ ရက်နဲနဲ ကြာပြီဆိုတာကို သတိရသွားသည်။ သူ့လှုပ်ရှားမှုတွေက ယိုယွင်းနေလောက်ပြီလို့ သူတွေးမိသည်။
သို့သော် Hai အချိန်မတိုင်ခင်အထိ (21-23 PM) သူ ခေါင်းကနေ ခြေအဆုံး ကိုယ်လက်သုတ်သင်သည် ပြီးတော့ သူစာအုပ်မဖတ်ခင် ညစာ ကောင်းကောင်းလဲ စားလိုက်သေးသည်။  ဘယ်သူမှ သူ့ကို လာမရှာတော့တာကို သေချာတော့မှ သူ့ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်လုပ်လိုက်သည် တံခါးမကြီးနဲ့ ပြတင်းပေါက်တွေကိုလဲ သေချာတင်းကြပ်နေအောင် ပတ်ပြီးမှ သူ့နယ်မြေထဲ ၀င်လိုက်သည်။
ဒီရက်တွေမှာ သူက Ling Xiao ရဲ့ ဂရုဏာသက်မှုအောက်ကို ရောက်နေခဲ့သည်။ ညတိုင်းသူ့ကို Ling Xiao က ဖက်ပြီး အိပ်သည့်အတွက် ဒီရက်တွေမှာ သူ အထဲသွားပြီးတော့ သူ့မှော်ဆေးပင်တွေ သေသပ်အောင် မလုပ်နိုင်ဖြစ်နေသည်။ အခုတော့ မှော်ဆေးပင် စိုက်ခင်းထဲက ကိုးဆယ်ရာခိုင်နှုန်းက ရင့်မှည်ပြီးဖြစ့်နေကာ လေနဲ့အတူ ယိမ်းနွဲ့နေသည်။
မှော်ဆေးပင်တွေကို ရိတ်သိမ်းခြင်းက သွားနေကျလမ်းမှာ မြင်းရထားပေါ့ပေါ့ပါးပါးမောင်းသလိုမျိုး လုပ်နေကျတောင်ဖြစ်နေပြီဖြစ်သည်။ သူ အကုန်လုံးကို ရိတ်သိမ်းပြီးချိန်မှာ နှစ်နာရီတောင် မပြည့်လိုက်။ သူအစေ့တွေ ထပ်စိုက်လိုက်သည်။ ဒီတစ်ခါတော့ သူ အဆင့်နှစ် နဲ့ အဆင့်သုံးဆေးပင်တွေချည်းပဲ မစိုက်တော့။ အလတ်တန်းစားဆေးပင်တွေ စိုက်ဖို့ ဆယ့်ငါးကွက်လောက် ထားလိုက်သည်။
အစေ့တွေ ကြဲပြီးတာနဲ့ ရေရောထားတဲ့မှော်ရေတွေနဲ့ တစ်ကွက်ပြီး တစ်ကွက် ရေလိုက်လောင်းလိုက်သည။ တစ်နာရီကြာပြီးနောက်တော့သူပြီးသွားသည်။ သိပ်မကြာခင် နေရောင်ထွက်လာတော့မည်ဖြစ်သည်။ သူမှော်ရည်တွေ ပါးစပ်အပြည့်တစ်ငုံသောက်လိုက်ပြီး မောပန်းခြင်းတွေကို တိုက်ထုတ်လိုက်သည်။ သူ တစ်သားတဲလေး စမဆောက်ခင် အပြင်တစ်ခေါက်ပြန်ထွက်လိုက်သည်။
အရင်ဘ၀တုန်းက သူ သွားတက်ဖို့ ပြင်ဆင်ထားသည် တက္ကသိုလ်မှာ ဗိသုကာဌာနကြောင့်  အလွန်နာမည်ကြီးသည်။ အဲဒိအချိန်တုန်းက သူက ဗိသုကာဌာနမှာ တက်ဖို့လဲ ရွေးချယ်ခဲ့သည်။ အဆုံးမှာတော့ သူစာသွားမသင်လိုက်ရပေမယ့် သူဗိသုကာပညာကိုတော့ နည်းငယ် နားလည်သွားသည်။ သစ်သားတဲလေး ဆိုတာ အလွန်ကို ရိုးရှင်းလှသည်။ သိပ်မကြာတဲ့က အချိန် အတွင်းမှာပဲ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ တူထုသံ အပြီးမှာ သစ်သားတဲလေးက ပုံရိပ်ပေါ်လာပြီဖြစ်သည်။ သူ HunJi မြို့က ၀ယ်လာတဲ့ သစ်သားစင် နဲ့ စည်တွေကို ထုတ်လိုက်သည်။
သစ်သားစင်တွေကို မှော်ဆေးပင်အဆင့်တွေအလိုက် အသုတ်လိုက် ခွဲလိုက်သည်။ သစ်သားစည်တွေကို သူလိုမယ့်အချိန်သုံးရန် တစ်နေရာတည်းထားလိုက်သည်။ ဒါတွေအကုန်လုံး လုပ်ပြီးချိန်မှာတော့ နေ့တစ်ဝက်ကုန်ဆုံးသွားပြိ ဖြစ်သည်။
You XiaoMo နေရာမှာပဲ ထိုင်ပြီး ခဏတော့ နားလိုက်ပြီးတော့ သစ်သားတဲလေးထဲ လှမ်းဝင်သွားသည်။ သူမှော်အိတ်ထဲက ပစ္စည်းတွေအကုန်ကို သွန်ချလိုက်သည်။ အဆင့်ရှစ်မှော်ဝင်သားရဲဥ၊ လက်နက်တွေ၊ ကျင့်စဉ်တွေ၊ မှော်ဆေးပင်၊ မှော်ဆေးလုံး၊ အစေ့တွေ၊ မှော်ဆေးလုံးဖော်စပ်နည်းများ၊ သားရည်စာမုန့်၊ မှော်သစ်သား စသဖြင့်ပေါ့။ အကုန်လုံးကို သူ့အတန်းအစားအလိုက် သေသပ်စွာ ခွဲခြားလိုက်ပြီး သစ်သားတဲထဲမှာ နေရာချလိုက်သည်။ အခုက စပြီး သူ အလတ်တန်းအဆင့် မှော်ဆေးပင်အဆင့်တွေ မသုံးနိုင်တော့ချေ။ သူက စိုက်ချင်ရင်တောင် သူအများကြီး သုံးလို့မရနိုင်တော့။ ဒါ့ကြောင့် သူကျန်တာတွေကို ဗီဒိုထဲကို ထဲ့သိမ်းလိုက်သည်။
သူ့နယ်မြေက ထွက်လိုက်တဲ့အချိန်မှာ အပြင်က ကောင်းကင်က တောက်ပနေပြီးဖြစ်သည်။
သူ့ပြတင်းပေါက်ပေါ်က နေရဲ့အလင်းရောင်က ရွှေရောင် တောက်ပကာ အခန်းကို လွှမ်းခြုံပြီး အခန်းထဲမှာ အထူးကိုတောက်ပနေတော့သည်။
သူတစ်နေကုန်နီးပါး အလုပ်လုပ်နေခဲ့ပေမယ့် သူမပင်ပန်းခဲ့။ You XiaoMo စာအုပ်စင်ပေါ်က သူဖတ်ပြီးသော စာအုပ်အချို့ကို ထုတ်ပြီး စာကြည့်တိုက်ကို ခြေဦးလှည့်လိုက်သည်။ သူမဖတ်ရသေးတဲ့စာအုပ်တွေနဲ့ လဲလှယ်ပြီးနောက်တော့ ၀ိဇ္ဇာဆေးပင်ခန်းမ ကို ခြေဦးလှည့်လိုက်သည်။
စိတ်လက်ပေါ့ပါးနေတဲ့ You XiaoMo က သူ့နယ်မြေထဲက ထွက်လာတာ ဘယ်လောက်ကြာသွားပြီလဲ မသိသေးခင်မှာပဲ သူစားပွဲပေါ်မှာ တင်ထားတဲ့ မှော်ဝင်သားရဲဥက ရုတ်တရက်ကြီး အလွန်ကြီးမားတဲ့ အဖြူရောင်အလင်းတန်းကြီး ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းက မဆုံးနိုင်အောင် တောက်ပကာ မှော်ဝင်သားရဲဥ အနားက စိတ်ဝိဥာဏ်တွေက လေပွေငယ်အဖြစ် တည်ဖွဲ့သွားသည်။ လေပွေရဲ့ အလယ်ဗဟိုမှာတော့ မှော်ဝင်သားရဲဥ တည်ရှိနေသည်။  လေပွေသဏ္ဍာန် မှော်ဝင်သားရဲဥထဲ စိတ်ဝိဥာဏ်စွမ်းအင် အမြောက်အများ စုတ်ယူခြင်းခံရပြီးနောက် ထပ်မံပြီး တောင့်မခံနိုင်တော့သော အချိန်မှသာ လေပွေပျောက်ကွယ်သွားကာ နဂိုမူလ အခြေအနေသို့ ပြန်ရောက်သွားသည်။
ဝိဇ္ဇာဆေးပင်ခန်းမ
You XiaoMo ဦးလေးZhao ရှိနေကျနေရာကို လျှောက်ဝင်သွားသည်။  မထင်မှတ်ထူပဲ ကောင်တာမှာ ထိုင်နေတဲ့သူက အကိုငါး Zhao DaZhou ဖြစ်နေတာကို တွေ့သွားသည်။ ဒါပေမယ့် သူနဲ့ ဦးလေးZhao တို့ ဆက်ဆံရေးကို တွေးမိပြီးနောက်တော့ မမျှော်လင့်ထားတာကို သတိထားမိသွားသညါ။
You XiaoMo သူ့မှော်အိတ်ထဲက ဆေးပုလင်းအနည်းငယ်ကို ထုတ်ယူလိုက်သည်။ ဒါတွေက သူပြန်ပေးရမယ့် အဆင့်နှစ် မှော်ဆေးလုံး များဖြစ်သည်။ ဦးလေး Zhao ဆီက ရထားသော လ၀က်စာ ကိုယ်တာများဖြစ်သည်။ သူ အကုန်လုံးကိုကြိုပြီး ဖော်ထားတာဖြစ်သဖြင့် အဆင်ပြေတဲ့အချိန်မှာ အပ်နိုင်တာဖြစ်သည်။
သူ့ကို မြင်တာနဲ့ Zhao DaZhou မျက်မှောင်ကြုပ်ကာ 'ညီလေးYou မင်းဒီလအတွက်ရတဲ့ မှော်ဆေးပင် ကိုယ်တာကို အကုန်ထုတ်ပြီးသွားပြီလေ။ မင်းမှာ လဲစရာ အမှတ်မရှိရင် မင်းကို မှော်ဆေးပင်တွေ ထပ်ပေးလို့ မရဘူးနော်´
You XiaoMo သူ့လေသံကို စိတ်ထဲ မထားပဲ ပြုံးလိုက်သည်။ မှော်ဆေးလုံးပုလင်းတွေကိုပဲ သူ့ဆီကို ကမ်းပေးလိုက်သည်။ 'အကိုZhao ဒါ ကျွန်တော်ဖော်ထားတဲက မှော်ဆေးလုံးတွေပါ ရေကြည့်လိုက်ပါဦး´
အကယ်လို့သာ အရင်အတိုင်း ဦးလေးZhao ရှိနေတာဆိုရင် You XiaoMo က သူ့ကို မလိမ်ရဲဘူးဆိုတာကို ယုံကြည်ပြီးတော့ သူရေတွက်ကြည့်မှာတောင် မဟုတ်။ ပြီးတော့ သူက အောင်မြင်မှု က ရာခိုင်နှုန်းပြည့်ရှိတာမို့ အကယ်လို့ အနည်းငယ်လျော့နည်းနေတယ်ဆိုတာတောင် ဒါက ဘာမှ မဟုတ်တာဖြစ်သည်။ အခြားတပည့်တွေက ဆေးလုံးတွေကို ပြန်အပ်ချိန်မှာ သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းသာ အပ်နိုင်သည် ။ အချို့ဆိုလျှင် သုံးဆယ်ရာခိုင်နှုန်းအောက်တောင် ရှိတတ်သည်။ ထို့ကြော့င့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တောင် You XiaoMo က အများကြီး ပိုသာနေတာဖြစ်သည်။
ဒါပေမယ့် Zhao Da Zhou ကတော့ Zhao Zhen မဟုတ်။ သူက You XiaoMo ကို မယုံကြည်၍ သူ့ရှေ့မှာတင် စပြီး ရေတွက်လိုက်သည်။ သူရေကြည့်ပြီးချိန်မှာတော့ အဆုံးမှာ မျက်နှာထားက ပြောင်းလဲသွားသည်။
မှော်ဆေးပင် အဖုံကိုးရာက အဆင့်နှစ်မှော်ဆေးလုံး သုံးရာ ထွက်နိုင်သည်။ အကယ်လို့ အောင်မြင်မှုနှုန်းက ရာနှုန်းပြည့်ဆိုပါက သူ တစ်ရာ့ငါးဆယ် ပြန်အပ်ရမည် ဖြစ်သည်။ သူသိသလောက်ဆိုရင် အကြီးဆုံးအကိုနှင့် ဒုတိယအကို တို့သာ ခက်ခက်ခဲခဲ လုပ်နိုင်သည်။ သို့သော် လောလောလတ်လတ်ကမှာ အဆင့်တက်ထားသော မှော်ဆရာ You XiaoMo က တစ်လတောင် မကြည့်သေးချိန်မှာ ရာနှုန်းပြည့်ကြီးကို  အကယ်ကြီး ဒီလိုအောင်မြင်အောင် လုပ်ခဲ့သည်။
အခုတော့ ဆေးလုံးပုလင်းက သူ့လက်ထဲမှာ ဖြစ်ကာ အထဲမှာ ဆေးလုံးတွေက လျော့လဲမလျော့ ပိုလဲမပို ဆေးလုံး တစ်ရာ့ငါးဆယ် တိတိကျကျကို ထဲ့ထားခဲ့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now