Chapter 131 Tragic Life Story (Z & U)
10.8K 1.6K 25
Zawgyi
C-131Tragic 'life story'
'ဘယ်လိုလုပ် သိမလဲ´
'အမ်…..´
'ဟမ်?´
'ညီလေး?´
'……ဟင့်အင်း´
Unicode
C-131Tragic 'life story'
အခန်း ၁၃၁ ၀မ်းနည်းဖွယ် ဘ၀ပုံပြင်
ဒါကို ကြားလိုက်ရတာနဲ့ You XiaoMo၏ ပထမဆုံးတုန့်ပြန်ချက်ကတော့ သက်ပြင်းအကျယ်ကြီး ချလိုက်တာဖြစ်သည်။ သူခိုး ခိုးခံရတဲ့ကိစ္စက တကယ်ကြီး ဒီလောက် ရှုပ်ထွေးတဲ့ရလဒ် ဖြစ်ပေါ်စေတာကတော့ မထင်ထားတာဖြစ်သည်။
အချိန်တွေကြာနေပေမယ့်လဲ You XiaoMo ရဲ့ အဲဒိPu Chanအပေါ်ရှိတဲ့အမြင်ကတော့ သူLing Xiao နှင့် ပထမဆုံးအကြိမ်တွေ့တဲ့အချိန်တည်းက သူက Ling Xiao ကို ပထမဆုံးရန်မူတဲ့သူဖြစ်သည်။ ပြီးတော့ သူက အရမ်းကို ရန်မူသည်။ သို့သော် သူ WuShuangတောင်မှာ ရှိတုန်းကတော့ ဦးလေးPu Chan နှင့် ဂိုဏ်းချုပ်ကြီးရဲ့ ဆက်ဆံရေးက ညီအစ်ကိုလိုမျိုးနီးကပ်မှုရှိသည်ဟု ကြားဖူးသည်။
'ညီလေး အရာတိုင်းကတော့အပေါ်ယံမြင်ရသလိုတော့ ဘယ်ဟုတ်မလဲ´
တစ်ချက်ကြည်ယုံနှင့် သူဘာတွေးနေလဲဆိုတာ Ling Xiao ပြောနိုင်ကာ ရယ်လောင်စွာရယ်တော့သည်။
'သူတို့ကြားက အမုန်းက ဘယ်လောက်တောင် နက်ရှိုင်းအောင် နေရာယူထားလဲ မသိဘူးနော်?´
You XiaoMo စပ်စပ်စုစု နှင့် မေးလိုက်သည်။ Ling Xiao ရဲ့ပုံက အရာအားလုံးကို သိသည်လို့ သူခံစားရတာမို့ သူမမေးပဲ မနေနိုင်။
'ဘယ်လိုလုပ် သိမလဲ´
Ling Xiao စိတ်မ၀င်စားဟန်နှင့် ခုတင်တိုင်ကို ဖြည်းဖြည်းလေး မှီချလိုက်သည။ သူ့မျက်ဝန်းတွေက မှေးဆင်းနေသည်မို့ နွမ်းလျှဟန်ပေါ်နေသည်။ သူတစ်ခုမှ မသိပေ။ ပြီးတော့ Tang Fan နဲ့ Pu Chanကြားက မကျေပွဲတွေကိုလဲ စိတ်မ၀င်စားသည်မို့ စုံစမ်းဖို့လဲ စိတ်ထဲမရှိ။
အခုက သစ္စာဖောက်ပြဿနာကို ဖြေရှင်းပြီးပေမယ့် အခိုးခံရသည့် မှော်ဆေးလုံးဖော်စပ်ပုံကတော့ ချက်ချင်းပြန်မရနိုင်သေး။
Tian Xin ဂိုဏ်းက Luo ChengYuan ကို စွပ်စွဲဖို့ Pu Chan ကို ဆွဲမထုတ်နိုင်။ ပထမအချက်ကတော့ သူတို့ရဲ့ အရှုပ်ထုတ်ကို လူအများရှေ့မှာ ဖြည်မပြချင်။ ဒုတိယ ကတော့ Luo ChengYan က ကောက်ကျစ်သောမြေခွေးအိုကြီးဖြစ်တာမို့ ၀န်ခံမှာမဟုတ်။ သူက စကားပွဲကို သူတို့ဘက်တောင် ပြန်လှည့်ကာ သူတို့ကိုတောင် Qing Chengဂိုဏ်းကိုထောင်ဖမ်းဖို့ ပြပွဲလုပ်တယ်ဆိုပြီး စွပ်စွဲဦးမှာဖြစ်သည်။ ပြီးတော့လဲ TianXin ဂိုဏ်းက သူတို့မှာ မှော်ဆေးလုံးဖော်စပ်နည်း ရှိတာကို အများသိအောင် မပြုလုပ်ထားတာမို့ သူတို့အတွက် ဆိုးကျိုးသာ ရှိသည်။
သို့သော် မှော်ဆေးလုံးဖော်စပ်နည်း ပြန်ရမှဖြစ်မည်။ မဟုတ်ပါက အကယ်လို့သာ QingCheng ဂိုဏ်းကသာအဆိုပါ မှော်ဆေးလုံးဖော်စပ်နည်းက အဆင့်ကိုးမှော်ဆေးလုံးကို ဖော်နိုင်သွားပါက TianXin ဂိုဏ်းက QingChengဂိုဏ်း၏ ခြေနင်းတုံး နှင့် အနင်းခံ ဒုက္ခသည် ဖြစ်သွားလိမ့်မည်။
ကံကောင်းစွာနှင့် အဆင့်ကိုးဆေးလုံးအတွက် လိုအပ်သော မှော်ဆေးပင်များရှာရတာက မလွယ်ကူလှပေ။ QingChengဂိုဏ်းမှာမှော်ဆေးလုံးဖော်စပ်နည်း ရှိခဲ့ရင်တောင် သူတို့ချက်ချင်း ဆေးလုံးတစ်လုံးတောင် မဖော်နိုင်။ သို့သော် သုခဘုံနယ်မြေမှာ ပွင့်တော့မည်ဖြစ်ပြီး အထဲမှာကလဲ မရေမတွက်နိ်ိုင်အောင် မှော်ဆေးပင် အများအပြားရှိသည်။ Qing Chenဂိုဏ်းကလဲ ကျိန်းသေပေါက် အထဲကို သွားကြည့်ဖို့နှင့် ရှာဖွေဖို့ လူလွှတ်မှာ ဖြစ်သည်။
ထို့ကြောင့် Tang Fan နှင့် အကြီးအကဲများက ယခုသွားရမည့် သုခဘုံနယ်မြေခရီးစဉ်ကို ခုတုံးလုပ်ပြီး သူတို့တွေ အဆင့်ကိုးမှော်ဆေးပင်တွေ ရရှိဖို့အခွင့်အရေးကို ဖြတ်ချဖို့ ကြိုးစားကာ QingCheng ဂိုဏ်းကို လေပြင်းကြီးတစ်ခု ပို့လွှတ်ဖို့ဆုံးဖြတ်လိုက်ကြသည်။
သုခဘုံနယ်မြေထဲဝင်ခွင့်ပြုတဲ့လူတွေကို ၀င်လိုသူတွေရဲ့ခွန်အားနှင့် ပါတ်သတ်ပြီး ကန့်သတ်ထားတာမို့ Tang Fan က လိုသေးသည့် အချိန်သုံးလကို အခွင့်ကောင်းယူပြီး Ling Xiao နှင့် Zhou Peng ကို သူတို့ခွန်အားတိုးအောင် မြန်နိုင်သမျှမြန်အောင် လုပ်ခိုင်းဖို့ ဆုံးဖြတ်ထားသည်။ အချိန်ကျလျှင် သူက သူတို့ကို တာဝန်ပေးမည်ဖြစ်သည်။
'အစ်ကိုကြီးLing အဲဒိတာဝန်ဆိုတာက QingChengဂိုဏ်းသားတွေကို သတ်ဖို့တော့ မဟုတ်ပါဘူးနော်´
You XiaoMo တာဝန်ဆိုတာ ကြားတာနဲ့ သူ့မျက်နှာအမူအယာက နဲနဲပြောင်းသွားတာကို မရပ်တန့်နိုင်။ သူကတော့ ဒါက ဖြစ်နိုင်ချေအများဆုံးလို့ ခံစားရသည်။
Ling Xiao ကတော့ ထူးမခြားနားဆိုတော့သည် 'အာ့လဲပါတာပေ့ါ။ အရေးအကြီးဆုံးရည်ရွယ်ချက်ကတော့ သူတို့ကို အဲဒိမှော်ဆေးလုံးဖော်စပ်နည်းက အရေးကြီးတဲ့မှော်ဆေးပင်အချို့ စုစုစည်းစည်းနဲ့ မရသွားအောင်ပေါ့´
You XiaoMo မျက်ခုံးတွေ ပင့်သွားကာ 'အကိုပြောတာက သုခဘုံနယ်မြေထဲကို ကျွန်တော်တို့ ၀င်သွားတာနဲ့ သူတို့ကို တစ်ချိန်လုံးလိုက်နေရမယ် ဆိုချင်တာလား?´
သူ့စကားကြားတာနဲ့ Ling Xiao အသံထွက်ပြီး မရယ်ပဲ မနေနိုင်ဖြစ်သွားသည်။ သူ့ကို စချင်စိတ်နဲ့ ကြည့်ပြီး မေးလိုက်သည် ' ညီလေး မင်းက ငါ Tang Fan ပြောသလို လုပ်မယ်လို့ တကယ်ကြီးထင်နေတာတော့ မဟုတ်ပါဘူးနော်?´
'အမ်…..´
Ling Xiaoက TianXinဂိုဏ်းသားတစ်ယောက်မဟုတ်တာကို သူတကယ်ကြီးမေ့သွားတာဖြစ်သည်။ ဒီလူက အယောင်ဆောင်တစ်ယောက်ပဲဟာ 'ဒါပေမယ့် အကိုက သူအမိန့်အတိုင်းမလုပ်ရင် သူနောက်ကျရင် မသိနိုင်ဘူးလား?´
Tang Fan က အရမ်းလိမ္မာပါးနပ်တဲ့သူဆိုတော့ သူက သေချာပေါက်ကို ကာကွယ်ရေး အတိုင်းအတာများ ထားရှိမည်ဟု သူခံစားမိသည်။ သူတို့ထဲက ယုံကြည်ရတဲ့သူကို ကပ်ခိုင်းကာ သုခဘုံနယ်မြေထဲမှာ ဖြစ်သမျှကို အစီရင်ခံမည်သူကို ထားမှာဖြစ်သည်။
'အဆင့်ကိုးမှော်ဆေးပင်ဆိုတာ ရှာရတာသိပ်လွယ်တယ်များထင်နေတာလား? သုခဘုံနယ်မြေထဲမှာ သူတို့လိုချင်တဲ့ မှော်ဆေးပင် ရှာနိုင်မနိုင် မပြောသေးနဲ့ဦး မှော်ဆေးပင်ကို စောင့်တဲ့ မှော်ဝင်သားရဲကို ရင်ဆိုင်ရတာတောင် မလွယ်ဘူး။´
Ling Xiaou သူ့ရဲ့ ခက်ခဲတဲ့ အနေအထားကို အနည်းငယ်တောင် စိုးရိမ်ခြင်းမရှိပဲ နွမ်းလျလျ ပြောလေသည်။
You XiaoMo အဲဒိအကြောင်းတော အနည်းငယ် စဉ်းစားမိသွားသည်။ အဆင့်ကိုး မှော်ဆေးပင်ကို စောင့်ကြပ်မှတော့ အဆင့်ကိုး မှော်ဝင်သားရဲပဲ ဖြစ်ရမည်။ ဧကရာဇ်အဆင့်တိုက်ခိုက်သူနှင့် အဆင့်တူသည်။ ဘယ်လိုပဲ ကြည့်ကြည့် QingChengဂိုဏ်းချုပ်ကြီး ကိုယ်တိုင်သာလုပ်တာမဟုတ်လျှင် မဖြစ်နိုင်သောတာဝန်ဖြစ်သည်။ သို့သော် ခွန်အားအဆင့် ကန့်သတ်ချက်ရှိသည်မို့ Luo ChengYang က သုခဘုံနယ်မြေထဲကို ၀င်နိုင်ဖို့လမ်းပင် မရှိပေ။
Ling Xiao က You XiaoMo ၏ နက်နက်နဲနဲတွေးတောနေသော မျက်နှာကို ငေးကြည့်နေရာမှ တစ်ခုခုကို ရုတ်တရက်တွေးမိသွားသည် 'ညီလေး မင်းလဲ မှော်ဆရာပဲ။မင်းကော အဲဒိ မှော်ဆေးလုံးဖော် စပ်နည်းစိတ်မ၀င်စား ဘူးလား?´
You XiaoMo လန့်ပြီးထခုန်မိသည်။ သူ့စကားကြားတာနဲ့ သူဘာလုပ်ဖို့ ကြံနေသလဲကို သူသိသည် အဘယ့်ကြောင့် ဆိုသော်သူအခုကျင့်နေသော ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ် တုန်းကလဲ သူက ပြောလိုက်ယုံပဲ ရှိသေးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပေါ်ထွက်လာတာဖြစ်သည်။
'အကို QingCheng ဂိုဏ်းကနေ သွားခိုးဖို့တော့ မတွေးပါဘူးနော်? မလုပ်နဲ့နော် မလုပ်နဲ့နော်´ You XiaoMo သူ့ ခေါင်းကို ထပ်ခါထပ်ခါ ခါလိုက်သည်။
'ဘာလိုမရတာလဲ?´ Ling Xiao မျက်လုံးများမှေးပြီး သူ့ကို မေးခွန်းပြန်မေးလိုက်သည်။
'ကျွန်တော်က အခုမှ အဆင့်သုံးမှော်ဆရာလေ အဝေးကြီးလိုသေးတယ်။ ပြီးတော့ ကျွန်တော့ မွေးရာပါ ပါရမီက သာမာန်ထက်တောင် နိမ့်သေးတယ်ဆိုတော့ နောင်တစ်ချိန် အဲဒိအဆင့်ထိ မရောက်နိုင်ဘူးလေ။ ပြီးတော့ အဲဒိ Luo ChengYuan က ဧကရာဇ်အဆင့်တိုက်ခိုက်သူလေ။ အကယ်လို့ပေါ်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ? မရဘူး အန္တရာယ်များလွန်းတယ်´
You XiaoMo က Ling Xiaoရဲ့ ခွန်အားက စိတ်ဝိညာဉ်အဆင့် သို့မဟုတ် အလွန်ဆုံး ဧကရာဇ်အဆင့်ဟု ယုံကြည်သည်။ အကယ်လို့သာ သူသာ Luo ChengYuan နှင့် ရင်ဆိုင်ရလျှင် သူ့ရဲ့ နိုင် နိုင်ချေက အရမ်းနည်းသည်။ ဒီလောက်စွန့်စားရမည်ဆိုလျှင် သူဘယ်နည်းနှင့်မျှ သဘောတူမှာမဟုတ်ချေ။
Ling Xiao၏နှုတ်ခမ်း မှာ ခပ်ပါးပါး အပြုံးလေးတစ်ခုပေါ်လာသည်။ သူ့စကားတွေက သူ့စွမ်းရည်ကို လျော့တွက်တွက်လို့ ထင်ရပေမယ့်သူ့ကို ပူပန်လို့ပြောနေတာမှန်း ပြောနိုင်သည်။ သို့သော် သူ့ရှေ့မှာ သူ့ကိုယ်သူ နှိမ့်ချပြီး ပြောတာကို ကြားရတော့လည်း မျက်မှောင်မကြုပ်ပဲ မနေနိုင်။
သာမန်ထပ်တောင်နိမ့်တယ့် မွေးရာပါ ပါရမီ?
Ling Xiao သူ့ကို အပေါ်အောက် ကြည့်ပြီးတော့ မျက်ခုံးများပင့်တက်သွားသည်။ အခြားသူတွေမှာ  ဘယ်လိုအမြန်နှုန်းရှိသလဲ သူမသိပေမယ့် Lin Xiao၏ မှတ်ဉာဏ်များအရ သူပြောနိုင်တာကတော့ တစ်နှစ်တောင် မရှိသေးပဲ အဆင့်သုံးမှော်ဆရာဖြစ်လာသော သူ့ရဲ့တိုးတက်နှုန်းကို ကြည့်မယ်ဆိုရင် ဒီအမြန်နှုန်းက သေချာပေါက်ကို ကောင်းကင်ဘုံနိယာမများကို ဖီဆန်နေတာပဲဖြစ်သည်။
ဒါ ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ် ကြောင့် ဒီလောက်အများကြီး ဖြစ်လာတာဆိုတာ သူသိပါသည်။ သို့သော် သူ့ရဲ့ မွေးရာပါ ပါရမီက ဒီလောက် ဆိုးတယ်ဆိုရင် ကောင်းကင်ဝိညာဉ်ကျမ်းစာလိပ် ကို ဒီလောက်မြန်မြန် ဘယ်လိုလုပ်နားလည်ပြီး သုံးလအတွင်း ပထမအဆင့်ကို ကျော်ဖြတ်နိုင်မလဲ?
သူ့ရဲ့ အလေးအနက်ပြောနေသော မျက်နှာအမူအယာကိုကြည့်တာနဲ့ သူလိမ်နေတယ်လို့လဲ မပြောနိုင်ချေ။ ပြီးတော့ သူ့ကိုလဲ လိမ်ဖို့မှ မလိုတာ။ မှော်ဆေးလုံးဖော်နှုန်းမှာ မအောင်မြင်နှုန်း သုည ရယ် အဂ္ဂိရတ်နည်းပညာ လေ့ကျင့်ခြင်းစွမ်းရည် ရယ်ကို ကြည့်လိုက်ရင် က သာမာန်ထက်နိမ့်တဲ့ မွေးရပါ ပါရမီ အတန်းအစားထက် လုံးဝကို ကျော်လွန်သည်။
Ling Xiao You XiaoMo၏ မွေးရာပါ ပါရမီနှင့် ပါတ်သတ်ပြီးတော့ အညှီနံ့ တစ်ခုခုရလိုက်သလို ရုတ်တရက် ခံစားမိသည်။ (သံသယ ရှိသွားတာပါ) ဒါပေါ့ သူ့အရှေ့မှာ ရပ်တည်နေတဲ့ You XiaoMo ဆိုတဲ့ အခွံကြီးသက်သက်ကြီးက ၀ိဉာဏ်ပြောင်း သွားခဲ့ခြင်းကိုတော့ သူလုံးဝကို မထင်ထားခဲ့တာဖြစ်သည်။
You XiaoMo ကိုယ်တိုင်တောင် ဒီ တိကျတဲ့တန်ဖိုးသတ်မှတ်ခြင်း ကို သေချာမသိဘူးဖြစ်နေတာ။ အဓိက ကတော့ ဒီလိုထိတ်လန့်စရာအဖြစ်အပျက်များတန်းစီပြီး ဖြစ်ပျက်ခဲ့တဲ့နောက်မှာ သူတောင် အဲဒိအကြောင်းကို အလွယ်တကူမေ့သွားကာ တစ်လျှောက်လုံးသူ့ အရှိန်အ၀ါက အစိမ်းရောင်လို့ ယုံကြည်နေတာဖြစ်သည်။
'ညီလေး အရှိန်အ၀ါသတ်မှတ်ခြင်းလုပ်နေတုန်းမှာ မင်းရဲ့ဝိဉာဏ်က အကယ်ပဲ အစိမ်းရောင်ပြခဲ့တာလား?´ မေးနေတုန်း Ling Xiao သူသေချာကြည့်နေလိုက်သည်။
'ဟမ်?´
You XiaoMo ဖြည်းဖြည်းချင်းနဲ့ သူဘာကို သိချင်တာလဲဆိုတာ နားလည်သွားသည်။ သူဘာပြောလိုက်တာလဲ ဆိုတာ သဘောပေါက်ဖို့အတွက် အချိန်တစ်ခဏလောက် ယူပြီးနောက်မှာတော့ သူ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ကောင်းကင်ဘုံကသာလျှင် သူ့အရှိန်အ၀ါက ဘာအရောင်လဲ သိမှာဖြစ်သည်။ သူကူးပြောင်းတဲ့ အချိန်တုန်းက ၀ိဉာဏ်တန်ဖိုးသတ်မှတ်ခြင်းက ပြီးသွားပြီဖြစ်သည်။ ပြီးတော့ You XiaoMo အစစ်အမှန်က အလွန့်အလွန် ထိခိုက်လွယ်သော နှလုံးသားပိုင်ရှင်ကောင်လေးတစ်ယောက်ဖြစ်ခဲ့သည်။ မဟုတ်လျှင် ဘယ်လိုလုပ် သူ့ခန္ဓာကိုယ်ကို လွှဲယူဖို့ အခွင့်အရေး ရှိပါ့မလဲ?
သို့သော်…… ဒီစကားတွေကို Ling Xiao ကို ဘယ်တော့မှ ပြောလို့မှ မရပဲ။ သူ့မှာ ဒီလျှို့ဝှက်ချက်လေးပဲ ကျန်တော့တာ ဖြစ်သည်။ အကယ်လို့သာသူပြောလိုက်ပါက သူ့မှာဘာလျှို့ဝှက်ချက်မှ ရှိတော့မှာ မဟုတ်ပေ။
သူကိုယ်သူ သတိပေးပြီးနောက်မှာတော့ အဆုံးမှာတော့ သူဒီပြဿနာကို စဉ်းစားလိုက်သည်။ အကယ်လို့သာ မှော်ဆရာတစ်ယောက်ရဲ့ မွေးရာပါ အရည်အချင်းက ၀ိဉာဏ်နှင့်သာ စပ်ဆက်နေမယ်ဆိုရင် အတွင်းက မတူညီပဲ ပြောင်းလဲသွားတာဆိုရင် သူမဟုတ်ဘူးလို့ ဆိုလိုတာမလား?
'ညီလေး?´
သူရုတ်တရက်ကြီး ငေးငိုင်သွားတာကို မြင်တာနဲ့ Ling Xiao လက်တစ်ဖက် ဆန့်ထုတ်လိုက်ကာ သူ့မျက်နှာရှေ့မှာ ဝေ့ရမ်းလိုက်သည်။
You XiaoMo * ဟား ဟား * ရယ်ကာ 'ဒါ.. ဒါပေါ့ အ.အစိမ်းရောင်ပါ။ အကယ်လို့ ကျွန်တော့ကို မယုံရင် အဲဒိတုန်းက ကျွန်တော်နဲ့အတူတူ တန်ဖိုးဖြတ်တာ ခံရတဲ့သူတွေ မေးကြည့်လေ´
Ling Xiao သူ့မျက်နှာပေါ်က အပြစ်ရှိတဲ့ အရိပ်ကို ကြည့်ပြီးတော့ ရုတ်တရက် ရယ်ချကာ ချိုချိုသာသာလေး မေးလိုက်သည်။ 'ညီလေး ငါ မင်းစကားတွေ ယုံမယ်လို့ ထင်လို့လား?´
'……ဟင့်အင်း´
You XiaoMo မျက်နှာပေါ်က အပြုံးတုက ချက်ချင်းကြေမွသွားကာ စိတ်ပျက်လက်ပျက်လေသံနှင့် ဆိုလေသည်။ Ling Xiao မျက်နှာသွင်ပြင်နဲ့ သူ့လေသံကို ကြည့်တာနဲ့ သူ့စကားတွေကို သေချာပေါက် မယုံကြည့်တာ သူသိသည်။
Ling Xiao က ပီတိအပြုံးလေးပြုံးကာ သူ့ပခုံးသားကို ညှစ်ပြီး သူ့ခေါင်းလေးကို ညင်ညင်သာသာလေး ပုတ်ကာ ညင်ညင်သာသာလေသံလေးနဲ့ 'ညီလေးက အရမ်းရိုသေတတ်တာပဲ။ အခုက အမှန်ပြောရမယ့် အချိန်လေ။ မင်းကြားဖူးတယ်မလား'၀န်ခံတဲ့သူက သက်ညှာမှုရပြီး ခုခံတဲ့သူက ပြင်းပြင်းထန်ထန် ခံရတယ်တဲ့´ ငါ ရဲ့အထူးနည်းလမ်းတွေ သုံးရအောင်တော့ မလုပ်နဲ့နော်´
အထူးဆိုသော စကားလုံးမှာ လေသံတောင် ဖိပြောလိုက်သေးသည်။
You XiaoMo အတွင်းပိုင်းမှာတော့ ချွေးပျံနေပြီဖြစ်သည်။ သူဒီစကားတွေ ကြားဖူးယုံသာမက ဒီစကားတွေက သူနဲ့ အလွန့်အလွန်ကို အကျွမ်းတ၀င်ရှိသည်။ သူ့အရင်ဘ၀တုန်းက သူ့အစ်ကိုကြီး နှင့် ညီငယ်တို့က ပြောခဲ့သည်။ အခုဘ၀ကျတော့ Ling Xiao ဆီက။ ကမ္ဘာတွေ ပြောင်းခဲ့တာတောင် ဒီကံကြမ္မာက တကယ်ကို မလွတ်မြောက်နိုင်ဘူး။
ဒီတော့ သူ့ရဲ့နောက်ဆုံးလျှို့ဝှက်ချက်က ပေါ်ရတော့မှာလား?
ဟင့်အင်းပါ။ နှစ်ဆယ့်တစ်ရာစုရဲ့ လူငယ်မျိုးဆက်တစ်ယောက်အနေနဲ့ စံထားလောက်တဲ့ စရိုက်တစ်ခုကို ဆက်ခံထားခဲ့သည် အဲဒါကတော့…… လိမ်ပြောခြင်းဖြစ်သည်။
မုသားပြောခြင်းအနုပညာ၏ မူရင်းက ဘာလဲ? စကားအမှန် ကိုးခွန်းထဲမှာ အမှားတစ်ခွန်းညှပ်ပြောခြင်းဖြစ်သည်။ ဒါက နှစ်ဆယ့်တစ်ရာစုမှာတော့ လူတိုင်းနီးပါးသိနေတဲ့ ဟောင်းနွမ်းနေတဲ့ လှည့်စားမှုတစ်ခုဖြစ်ပေမယ့် ဒါက လုံးဝကို သိပ္ပံနည်းကျမဟုတ်တဲ့ ကမ္ဘာ မတူညီတဲ့ကမ္ဘာ ဖြစ်တဲ့ Long Xiao တိုက်မကြီးဆိုတာ မေ့ထားလို့မရဘူးလေ။
ဒီတော့ You XiaoMoလံုးဝ ကြေကွဲစရာကောင်းတဲ့ ဘ၀ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးလိုက်သည်။ သူ့ကိုယ်သူ မမွေးခင်က သေဆုံးသွားသောYou XiaoMo၏ အမွှာအစ်ကိုအဖြစ်ပြောင်းလိုက်သည်။ အဆုံးမှာတော့ ခန္ဓာကိုယ် တစ်ခုတည်းကို သူ့အမွှာညီနှင့် မျှဝေသုံးတာနှင့် အဆုံးသတ်သည်။ သူ့ညီက သူ့ဖြစ်တည်မှုကို မသိ သို့သော် သူကတော့ သူ့ညီရဲ့ဖြစ်တည်မှုကို သိသည်။ သူ့ညီက အဓိကပိုင်ရှင်ဖြစ်တာပြီး သူကတော့ ကိုယ့်ကိုကိုယ်ပေါ်ထင်အောင်မပြနိုင်သော အားနည်းသော ပိုင်ရှင်ဖြစ်သည်။ သူ့ညီက သူ့ကို သေလောက်အောင်ကို ကြီးမားတဲ့ ထိုးနှက်ချက်ကြီးတစ်ခု ခံစားလိုက်ရတဲ့အချိန်အထိပေ့ါ။ အဲဒိအချိန်ကျတော့မှပဲ သူက သူ့ညီရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သွားတော့သည်။
ဒါက သူဖန်တီးလိုက်တဲ့ လှပတဲ့ဇာတ်လမ်းလေးဖြစ်သွားသည်။ တကယ်တော့ စကားဆယ်ခွန်းလုံးက အလိမ်အညာတွေသာဖြစ်သည်။
အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now