Chapter 108 Auction 1 (Z&U)

10.5K 1.7K 9
                                    

C-108 Auction (I)

Zawgyi

အခန်း ၁၀၈ - လေလံပွဲ -၁
ကြယ်ခုနစ်လုံးလေလံအိမ်ကိုသွားတဲ့လမ်းမှာ့ You XiaoMo အစားအစာတွေ အများကြီးထပ်ဝယ်သေးသည်။
အဖြည်းဖြည်းချင်းသွားလာပြီး လေလံပွဲစခါနီးမှပဲ လေလံအိမ်ကို ရောက်တော့သည်။ သူတို့တွေ လေလံအိမ် ၀င်ပေါက်နား ရောက်တဲ့အခါ မနေ့က လူသိပ်မရှိတဲ့ ၀င်ပေါက်က အခုတော့ ရုတ်တရက်ကြီးကို လုံးဝကို ပိတ်ဆို့နေသည်။ အသံတွေကလဲ ဆူညံလို့ အရမ်းကို အသက်ဝင်နေသည်။
အဲဒိမြင်ကွင်းကို ကြည့်ပြီး You XiaoMo ပါးစပ်အဟောင်းသား။ သူ့လို့အဲဒိမှာသာ သူညပ်သွားရင် သူ့လိုပိန်သေးသေး ခန္တာကိုယ်က ပြားချပ်တောင် သွားမလားပဲ။ အဲဒိမှာ ရှိနေတဲ့ သူတွေအများစုကလဲ သန်မာ ထွားကြိုင်းတဲ့ သူတွေချည်းပဲမို့ အဖြေကလဲ သိသာလှပါတယ်။
"အကိုကြီးLing ကျွန်တော်တို့ ဘယ်လိုဝင်ကြမလဲ"
Ling Xiao ကိုမေးရင်းနဲ့ You XiaoMo သတွေးတောင်မြိုချမိသွားသည်။ Ling Xiao သူ့ဘက်ကို လက်ဖြန့်ပြီး "ဟိုကတ်ပေး"
You XiaoMo ရုတ်တရက်ကြောင်သွားပြီးမှ အနက်ရောင်ကတ်လေးကို အမြန်လှမ်းပေးလိုက်သည် သူဘာလုပ်မလဲဆိုတာ သိချင်နေပြီလေ။
Ling Xiao ကတ်ယူပြီးတာနဲ့ နောက်ထပ် ၀င်ပေါက်တစ်ခုကို လျှောက်သွားသည်။ အဲဒိမှာက လူအတော်နည်းသည်။ အဲဒိမှာလဲ သန်မာပြီး ခွန်အားကြီးတဲ့ လူလေးယောက် စောင့်နေကြသည်။ သူတို့ကိုယ်ကတဆင့် လအဆင့် သန်မာမှုကို ခံစားရသည်။ အဲဒိလူလေးယောက်က Ling Xiao နှင့် You XiaoMoကို ၀င်ခွင့်ပေးကြသည်။
အဲဒါကို မြင်လိုက်တဲ့အချို့သူတွေက သူတို့ဘက်ကို လှည့်လာပြီး အနောက်ကနေ လိုက်ဝင်ဟန်ပြင်ကြသည်။ လူသန်ကြီးလေးယောက်က ကျန်တဲ့သူတွေကို အလျင်အမြန်တားရသည်။ အဆိုပါ သူတွေကတော့ နှုတ်ခေါင်းကိုသာ မသာမယာပွတ်ပြီး လူအုပ်ကြီးထံကို ပြန်သွားကြပြန်သည်။
စင်္ကြန်က အလင်းရောင်ဖျော့ပြီး ဒုတိယအထပ်ကို တက်သွားဟန် နဲ့ မတ်လှသည်။
Ling Xiao ရဲ့ အနောက်ကနေ နီးနီးလေး You XaioMo ကပ်လိုက်သွားသည်။ နောက်ဆုံးတစ်ကြိမ်ကွေ့ပြီးချိန်မှာတော့ စင်္ကြန်လမ်းကျဉ်းလေးက ရုတ်တရက် ကျယ်သွားသည်။ တုနှိုင်းမရအောင် ကြီးမားကျယ်ပြန့်လှတဲ့ လေလံအိမ်က သူ့အရှေ့မှာ ပေါ်ထွန်းလာသည်။ သူ့စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားတာတောင်မှ ဒါကို သူ့မျက်လုံးနဲ့ မြင်ရချိန်မှာ တုန်လှုပ်သွားသေးသည်။
အောက်ထပ်မှာ တောက်ပပြီး ဇိမ်ရှိမယ့် အဖြူရောင်ကျောက်ထိုင်ခုံတွေအများကြီးကို နီးနီးကပ်ကပ်ချထားသည်။ လေလံစင်မြင့်ကြီး ကိုတော့ အဖြူရောင် သလင်းကျောက်ဖြင့်ပြုထားသည်။ ရှင်းလင်းတောက်ပကာတဖိတ်ဖိတ်လက်တေ နေတာကပင် စိတ်ကူးယဉ်ဆန်လှသည်။
You XiaoMo ရဲ့ ပထမဆုံး ထင်မြင်ချက်ကတော့ ကိန်းကြီးခမ်းကြီး နိုင်သည်ဟု ထင်သည်။ မြင်ကွင်းကို ကြည့်ပြီး အံ့သြလို့ မဆုံးခင်မှာပဲ လှပတဲ့ ဧည့်ကြို မိန်းကလေးတစ်ဦး သူတို့ နားလျှောက်လာပြီး ရိုကျိုးစွာနဲ့ 'ဒီက ဆရာနှစ်ဦးက ဘယ်ခုံနံပါတ်ကလဲ ဆိုတာ သိခွင့်ရှိမလား'
Ling Xiao မိန်းကလေးကို သူ့လက်ထဲက အနက်ရောင်ကတ်ပြားကို ပြလိုကသည်။ ဧည့်ကြိုက ချက်ချင်း ခေါင်းညိမ့်ပြီး သူတို့ရဲ့ ကျယ်ဝန်းပြီး ဇိမ်ကျတဲ့ ထိုင်ခုံများဆီသို့ ခေါ်ဆောင်လာသည်။ ဒုတိယအဆင့် ဂုဏ်ထူးဆောင် ဧည့်သည် ထိုင်ခုံတွေကို အပြာရောင်သလင်းကျောက်များနဲ့ ထုဆစ်ထားတာဖြစ်သည်။ အပေါ်ကနေမှ ထူပြီးအိနေတဲ့ ကတ္တီပါကို အုပ်ထားတာဖြစ်သည်။ ထိုင်ခုံတွေက လေလံစင်မြင့်နဲ့ ပိုနီးသည်။ မြင်ကွင်းတစ်ခုလုံးနီးပါးကို တောင်အလွယ်တကူမြင်နိုင်၏
You XiaoMo ရဲရဲတင်းတင်းကို ခုံတစ်ခုံမှာ ၀င်ထိုင်ပြီး အပေါ်စီးကနေ လျှောက်ကြည့်နေတော့သည်။
ဂုဏ်ထူးဆောင်ဧည့်သည်များရဲ့ ထိုင်ခုံတွေကို လေလံအိမ်ရဲ့ ဒုတိယအထပ်မှာ ထားတာဖြစ်သည်။ဂုဏ်ထူးဆောင်ဧည့်သည်ကတ်ရဲ့ အဆင့်မြင့်လေလေ လေလံစင်မြင့်နဲ့ နီးလေလေ ဖြစ်သည်။ နောက်ထပ်ရှိတာက ဘာမှ ကာရံထားခြင်းမရှိတာမို့ ဂုဏ်ထူးဆောင်ဧည့်သည်တွေကိ ထိုင်နေတဲ့ သူတိုင်းက မြင်နိုင်သည်။
You XiaoMo က အခြားသူတွေကို စပ်စုနေချိန်မှာပဲ သူတို့ကိုလဲ ပြန်ပြီး လေ့လာနေတဲ့သူတွေရှိပါတယ်။ ဒုတိယအထပ်ရှိ ဂုဏ်ထူးဆောင် ဧည့်သည်ထိုင်ခုံတွေကို ရောက်ရှိနေတဲ့သူအားလုံးက တန်ခိုး ဂုဏ်သိက္ခာ ရှိတဲ့သူတွေချည်းသာ ဖြစ်သည်။ အားနည်းတဲ့ လူလေး တစ်ယောက်က ရုတ်တရက်း အဲဒိမှာ ထွက်ပေါ်လာတာက လူအများကို အံ့အားသင့်စေတာပင်။ ဒါပေမယ့် သူ့အနားမှာ Ling Xiao ထိုင်လိုက်တာ မြင်လိုက်တာနဲ့ အများစုက မအံ့သြကြတော့ချေ။
'သခင်မလေး ဘယ်ကို ကြည့်နေတာလဲ' အကြီးအကဲ Yun အမျိုးသမီးလေးငေးနေတာကို သတိထားမိပြီး ညင်ညင်သာသာ လေးမေးလိုက်သည်။
'အကြီးအကဲYun ကြည့်၊ ဟိုဘက်မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ နှစ်ယောက်က ကြယ်ခုနစ်ပွင့်အဆောက်အဦးမှာ တွေ့ခဲ့တဲ့ သူတွေ မလား ဒီလောက် မြန်မြန်ကြီး ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ကြည့်ရတာ ရေစက်ပါပုံပဲနော့်'
အမျိုးသမီးရဲ့ ချစ်စရာကောင်းပြီး ညှို့ယူတဲ့ မျက်ဝန်းတွေက မယိမ်းမယိုင်ကို သူတို့ဆီမှာ ကပ်ညိနေသည်။ သူတကယ့်ကို သူတို့ကို စိတ်ဝင်စားနေတာရော ဟုတ်ရဲ့လား
အကြီးအကဲYun ခေါင်းခါလိုက်သည်။ ဘာရေစက်လဲ သခင်မလေးက သူလုပ်ချင်တာသာ သူလုပ်တတ်တယ်။ တစ်ခါတစ်လေဆိုရင် ယောက်ျားတွေထက်တောင် ပိုပြီး မကောင်းတဲ့ အရာတွေကို စိတ်ဝင်စားတတ်သေးသည်။ မိန်းမတစ်ယောက်နဲ့တောင် မတူ။
ဒါပေမယ့် အဲဒါကြောင့်လဲ Xiao Yao ဂိုဏ်းကို ဆက်ခံဖို့အတွက် သခင်မလေးက အသင့်တော်ဆုံးလို့ ဂိုဏ်းချုပ်က ခံစားရတာဖြစ်သည်။ Xiao Yao ဂိုဏ်းမှာက ဘယ်သူမဆို လှုပ်ရှားမှုတိုင်းမှာ သင့်တော်သလား မသင့်တော်သလားဆိုတာ အရမ်းကြီးသတိထားနေစရာမလို တာမို့ သခင်မလေးက အကောင်းဆုံးလျာထားခံရသူတာ သံသယဖြစ်စရာတောင်မလို။
Ling Xiao သူ့မျက်ခုံးတွေ အနည်းငယ်မြင့်တက်သွားသည်။ နေပါစေလေ သူ့ကို လာပြီးမဆန့်ကျင်နေသရွေ့။ သူ့ဘေးက You XiaoMoကို သူ့ကြည့်မိသည်။ ဘေးကတစ်ယောက်ကတော့ ဘာကိုမှ မသိ လက်ရန်းကို မီပြီး အောက်က အခြေအနေတွေကို မျက်လုံးတောက်တောက်လေးတစ်စုံနဲ့ စပ်စုနေသည်။
လေလံပွဲစဖို့နီးလာတာနဲ့ လူတွေများများလာသည်။ ပထမထပ်ပဲ ဖြစ်ဖြစ် ဒုတိယထပ်ပဲ ဖြစ်ဖြစ်ပါ နေရာအားလုံးက အစေ့ဖြစ်နေလောက်သည်။ လေလံခန်းမ တစ်ခုလုံး စကားသံတွေ ကျယ်ကျယ်လာသည်မှာ သာယာပြီး ပီသတဲ့ မောင်းသံ ရုတ်တရက် ပေါ်မလာခင်အထိ ဖြစ်သည်။ တစ်ချက်ထဲနဲ့ တစ်ခန်းလုံးတိတ်ဆိတ်သွားကာ လူတိုင်းလိုလို လေလံစင်မြင့်ဆီသို့ အကြည့်တွေ ရောက်ကုန်သည်။
အဲဒိအချိန်မှာ မျက်လုံးတွေ ပိတ်လုမတတ် ပြုံးနေသော အဖိုးကြီးတစ်ယောက် က လေလံစင်မြင့်မှာ မတ်တပ်ရပ်လျက်သား။ သူအဲဒိမှာ ဘယ်လောက်ကြာအောင်ရပ်နေပြီလဲ ဆိုတာသဲကွဲအောင်မပြောနိုင် အဖိုးကြီးက ဖော်ရွေပုံပေါ်ပေမယ့်လဲ လအဆင့်ခွန်အားထပ်တော့ နိမ့်ကျမယ်မထင်။ Hunjiမြို့မှာ ထင်ရှားပြီးလူသိများတဲ့ သူက ဒီနေ့ရဲ့ လေလံပွဲရဲ့ ဦးဆောင်သူပေါ့
မောင်းသံကြောင့် အသံတွေ တိတ်သွားတာနဲ့ အဖိုးကြီး က ပြုံးရိပ်သန်းနေတဲ့ မျက်လုံးတစ်စုံနဲ့ အားလုံးကို ခြုံပြီး ကြည့်လိုက်သည်။ လူတိုင်း ကြားနိုင်အောင်လို့ ကျယ်ပြီးပိသတဲ့ အသံနဲ့ ' HunJiမြို့မှ သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ လေလံပွဲကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျုပ်လိုအဖိုးကြီးက မလိုတဲ့ မိန့်ခွန်းတွေ ပြောမနေတော့ပါဘူး အဖိုးကြီးကျုပ် က လေလံပွဲစပြီလို့ ကြေညာလိုက်ပါတယ်'
အဲဒိ စကားတွေ ပြောပြီးတာနဲ့ လှိုက်လှိုက်လှဲလှဲ နဲ့ လက်ခုပ်သံတွေ လေလံအိမ်တစ်ခုလုံးက ထွက်လာတော့သည်။
များသောအားဖြင့် လေလံပွဲ ဦးဆောင်သူတွေက မိန့်ခွန်းအရှည်ကြီးတွေ ပြောတတ်ကြသည်။ လေလံပစ္စည်းတွေကို မြင်ချင်လို့စိတ်မရှည်စွာစောင့်ဆိုင်းနေသူတွေအတွက်ကတော့  အဖွင့်မိန့်ခွန်းအရှည်ကြီးတွေက တကယ့်ကို စိတ်ရှုပ်စရာပါ
ဒီအဖိုးကြီးကတော့ အတော်ကို တော်ပုံရသည်။ အတွေ့အကြုံလဲ များပုံရသည်။ တိုတိုပြောတာကို လူကြိုက်တာ သိပုံရသည်။
စက္ကန့် အနည်းငယ် ကြာပြီးတာနဲ့ ရိုးရိုးရှင်းရှင်း ၀တ်ဆင်ထားတဲ့ အမျိုးသမီးဧည့်ကြိုတစ်ယောက် လေလံစင်မြင့်ပေါ်သို့ တက်လာသည်။ သူ့လက်ထဲက အရာကို ချထားပြီးတာနဲ့ ထွက်ခွာသွားသည်။ အဖိုးကြီးက အနားလျှောက်သွားပြီး အနီရောင် အဖုံးစကို ဖယ်လိုက်တာနဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ သေတ္တာတစ်လုံးထဲက မှော်ဆေးပင် အဖုံပေါင်းများစွာကို မြင်ရသည်။
'ဒီအထဲမှာ အဆင့်လေး ဆေးပင် အဖုံ နှစ်ဆယ် အဆင့်ငါးမှော်ဆေးပင်က နှစ်ဆယ့်ငါးဖုံ ရှိပါတယ်။ ဒီလေးဆယ့်ငါးဖုံလုံးက အလယ်အလတ်တန်းရဲ့ ထိပ်ဆုံးအရည်အသွေးရှိတာကိုလဲ အားလုံးမြင်လိမ့်မယ် ထင်ပါတယ်၊ အလယ်အလတ်တန်းအရည်အသွေးလို့ မယူဆပါနဲ့ အလယ်အလတ်တန်းရဲ့ ထိပ်ဆုံးအရည်အသွေးရှိတဲ့ မှော် ဆေးပင်က အဆင့်မြင့်ဆေးလုံးတွေထုတ်လုပ်နိုင်တယ်လို့ ပြောလို့ရတယ် ဆေးလုံးဖော်တာ လေ့လာနေတဲ့ မှော်ဆရာတွေအားလုံးလဲ သိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အကယ်လို့ စိတ်ဝင်စားခဲ့ရင် အိတ်ထဲက ရွှေပြားတွေကို နှမြောပြီးတော့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့နော်'
ပြောပြီးတာနဲ့ အဖိုးကြီးက ထိုင်နေသူတွေ ကြည့်လိုက်သည်။ အဆင့်နိမ့် မှော်ဆေးပင်တွေဆိုရင်တောင် လေလံဆွဲတဲ့သူ တစ်ယောက်မှ မရှိမှာကို သူမပူပါ။ မှော်ဆရာတွေဆိုတာက သူတို့ကို အဆင့်မြင့်ဆေးလုံးတွေ ထုတ်ပေးနိုင်တဲ့ မှော်ဆေးပင်တွေကို ပိုင်ဆိုင်ရဖို့ကို မက်မောလှသလို သူတို့ရဲ့ အိမ်မက်လဲ ဖြစ်သည်။ သူပါးပါးနပ်နပ်လေး ပြုံးပြီးတာနဲ့ 'ကြမ်းခင်းဈေးက တစ်သိန်းငါးသောင်းမို့ စလိုက်ကြရအောင်'
တစ်ယောက် ဈေးပေးသံ ပေါ်မလာခင်အထိ တိတ်ဆိတ်သွားသည်။ ပထမဆုံးတစ်ယောက်ပြီးတာနဲ့ နောက်တစ်သံ နောက်တစ်သံ ........ ဈေးပေးသံတွေများကြီး ပေါ်ထွက်လာသည်။
လေလံပွဲလာတက်တဲ့ မှော်ဆရာတွေက သိုင်းသမားတွေထက် နည်းတာကြောင့် မိနစ်အနည်းငယ်ကြာတာနဲ့ ဆေးပင် လေးဆယ့်ငါးဖုံလုံးကို အဆင့်ငါးမှော်ဆရာတစ်ဦးက သုံးသိန်းတစ်သောင်း နဲ့ နိုင်သွားသည်။
ကြည့်နေရင်းနဲ့ You XiaoMo ပါးစပ်ကြီးပွင့်ဟ လာသည်။ မျက်လုံးပြူး ပါးစပ်အဟောင်းသားနဲ့ လေးဆယ့်ငါး အလယ်အလတ်အဆင့် မှော်ဆေးပင်က ဒီလောက်တောင် ဈေးရတယ် ဟုတ်လား အတော်အမြတ်ကြီးတာပဲ၊
လေလံပွဲတွေက သူပိုက်ဆံပိုရဖို့ ဖွင့်နိုင်တဲ့ တံခါးနောက်တစ်ချက်လို့ သူခံစားရသည်။ မှော်ဆေးပင်ကနေတောင် သူဆေးလုံးဖော်စရာမလို ဒီအတိုင်း ပဲ သူ့နယ်မြေထဲမှာ ဆေးပင်တွေစိုက်ပြီး ရောင်းလို့ရတာပဲ။ သူအရင်က တစ်ခါမှ မတွေးစဖူး အိုးနစ်နာလိုက်လေနော်
လေလံပွဲက ခပ်သွက်သွက်လေး သွားသည်။ နာရီဝက် အတွင်းမှာကို အဖိုးတန်ပစ္စည်းအများအပြားထွက်လာသည်။ အဲဒါတွေထဲမှာ မှော်ဆေးပင်တွေ ဆေးလုံးတွေ ချပ်ဝတ်တန်ဆာတွေ လက်နက်တွေ သိုင်းကျမ်းတွေ မှော်သားရဲတွေ စတာတွေ ပါဝင်သည်။ အဆင့်မြင့်ပစ္စည်းတွေ မဟုတ်တာမို့ လေလံဆွဲသူတွေက ပထမထပ်က သူတွေချည်းပဲ ဖြစ်သည်။ ငွေအလုံးအရင်းနည်းတာမို့ ကြွယ်ဝသမျှကို မပြနိုင်သူတွေ
ဂုဏ်ထူးဆောင်ဧည့်သည်ခုံတွေမှာ ထိုင်နေကြတဲ့ ဒုတိယထပ်က သူတွေက တစ်ယောက်မှ လှုပ်ရှားမှုမရှိသေး။ လူတိုင်းက နောက်မှာ ထွက်ပေါ်လာမယ့် တကယ့် အဖိုးတန် ရတနာတွေကို စောင့်နေဟန်ရှိသည်။ အချို့က စိတ်မရှည်စွာ စောင့်နေရမယ့်အစား မျက်စိမှိတ်ပြီး အနားယူနေကြသည်။
You XiaoMo ကတော့ နည်းနည်းလေးတောင် မပျင်း၊ ဒါက ပထမဆုံးလေလံပွဲမို့ စိတ်တောင် လှုပ်ရှားနေသေးသည်။ မြင်ရသမျှကို စိတ်ဝင်စားစွာ ကြည့်နေသည်။
နာရီဝက်အကြာမှာ လေလံစင်မြင့်ကနေ ဒင် ခနဲ အသံထွက်လာသည်။ ဧည့်ကြိုလေးယူလာတာကို အဖိုးကြီးက လှစ်ဟ ပြလိုက်တော့ ဗန်းပေါ်မှာ ကျောက်စိမ်းပုလင်း ငါးပုလင်း မှော်ဆေးလုံးတွေပါတယ်ဆိုတာ ကြည့်ဖို့တောင် မလို။
အာ.. You XiaoMo ဆီက အသံထွက်လာပြီး မျက်လုံးတွေပိုကျယ်ပြီး ရွှန်းဆိုသွားသည်။ သူ Ling Xiao ကို လက်တစ်ဖက်နဲ့ လှမ်းပုတ်ကာ 'ကိုကြီးLing ကြည့်ဦး ကျွန်တော် မှော်ဆေးလုံးဗဟိုအလုပ်ရုံမှာ ရောင်းလိုက်တဲ့ ဆေးလုံးတွေနဲ့ တူတယ် '
'တူတာမဟုတ်ဘူး အဲဒါမင်းဖော်ထားတဲ့ ဆေးတွေ' Ling Xiao သူ့ကို လှည့်ကြည့်ရင်းနဲ့ ရယ်မြူးဟန်နဲ့ ပြောလိုက်သည်
'အာ့ဆို ဘာလို့ လေလံတင်တဲ့အထဲ ပါလာတာလဲ' You XiaoMo နားမလည်ဟန်နဲ့ ခေါင်းခါလိုက်သည်။
Ling Xiao သူသိသလိုလေသံနဲ့ ' မင်းသူများကို ရောင်းပြီးသားလေ သူတို့ဘာလုပ်လုပ်ပေါ့'
You XiaoMo တစ်ခုခုပြောချင်နေပုံရပေမယ့် စင်ပေါ်က အဖိုးကြီးရဲ့ ရှင်းပြသံ ထွက်လာသည်။
'ဟွန်း ဟွန်း အားလုံးက အထဲက မှော်ဆေးလုံးတွေအကြောင်းသိချင်နေမယ်ထင်တယ် ဒီအဖိုးကြီးက အကြာကြီး ဆိုင်းငံ့မထားပါဘူး ဒါတွေက အဆင့်နှစ်မှော်ဆေးလုံး ငါးပုလင်းပါ'
သူ အဆင့်နှစ်လို့ပြောလိုက်တာနဲ့ အသံတွေ စီခနဲ တက်လာသည်။ အဖိုးကြီးက အံ့သြဟန်မပြ ဆက်ကာ 'ဘာလို့ အဆင့်နှစ်ဆေးလုံးကို လေလံပွဲကို တင်သလဲဆိုတာ လူတိုင်းအရမ်းသိချင်မယ်လို့ထင်တယ် ဒီ အဆင့်နှစ်မှော်ဆေးလုံးတွေက တကယ်တော့ ထိပ်တန်းအဆင့် ဆေးလုံးတွေပါ နှစ်ရာ့ငါးဆယ် တိတိရှိပါတယ် အရောင်နဲ့ အနံနဲ့တင် ထိပ်တန်းအဆင့်မြင့်ဆိုတာ သိသာပါတယ်'
ပြောပြီးတာနဲ့ မှော်ဆေးလုံးအနည်းငယ်ကို ပုလင်းထဲကနေ ပြသဖို့ ထုတ်လိုက်သည်။ တစ်ချက်ကြည့်သာရုံပြပြီးတာနဲ့ ပုလင်းထဲကို ပြန်ထဲ့လိုက်တာမို့ မချင်မရဲသံတွေ ထွက်လာသည်။
ဒီပမာဏက သေချာပေါက်ကို နည်းတယ်ဆိုမရချေ။ သေချာအောင်ပြောရရင် အရည်အသွေးကလဲ ဒီလောက်တောင် ကောင်းနေသေးသည် ။ ဒီလို အဆင့်နှစ်မှော်ဆေးလုံးတွေ လေလံအိမ်က လေလံတင်ဖို့ လက်ခံတာ မထူးဆန်း။ ဒီလောက်များတဲ့ ဆေးလုံးတွေရဲ့ ကြမ်းခင်းဈေးနဲ့ တွက်ရင်တောင် လေလံအိမ်ရဲ့ သတ်မှတ်ချက်ကို ကျော်နိုင်နေပြီ။
သူ့စကားက အများကြီးကိုတာသွားတာကို ကြည့်ပြီး အဖိုးကြီး စိတ်ကျေနပ်စွာနှင့် ခေါင်းတစ်ညိမ့်ညိမ့်လုပ်နေသည်။ ပြီးတာနဲ့ တစ်ဖက်ကို ဝေ့ရမ်းပြီး 'အကယ်လို့ စိတ်ဝင်စားနေရင် မတွန့်လိုက်နဲ့နော် ဒီအခွင့်အရေးလွတ်သွားရင် နောက်ထပ်ရဖို့ဆိုတာ မလွယ်ဘူး ။ ကဲ ဈေးစခေါ်ပါပြီ။ ကြမ်းခင်းဈေးက တစ်သိန်းသုံးသောင်းပါ'
'တစ်သိန်း လေးသောင်း' သူပြောပြီးတာနဲ့ လူတစ်ယောက်က ချက်ချင်းဈေးမြှင့်လိုက်သည်။
'တစ်သိန်း ငါးသောင်း'
'တစ်သိန်း ခြောက်သောင်း'
ဒုတိယထပ်က ဂုဏ်ထူးဆောင်ဧည့်သည်ခုံမှာတော့ You XiaoMo တစ်ယောက် လက်ရန်းပေါ်ကို မေးပြုတ်ကျတော့မတတ်ဖြစ်နေပြီ။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now