Chapter 227 To Win Over the Heart ( Z & U )

13.4K 1.5K 55
                                    

Chapter 227 To win over the heart

အခန်း ၁၉၈ စိတ်နှလုံးကို အနိုင်ရရှိခြင်း

လူများ မေ့လျော့ရန် မရည်ရွယ်သော်လည်း မေ့လျော့နေကြလောက်သော အကြောင်းအရာ တစ်ခုရှိသည်။ အဲဒါကတော့ ၀ိဥာဏ်အရောင် စစ်ဆေးမှု ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အခြားသော အဖွဲ့အစည်းများက ဂိုဏ်းသားအသစ်များ လက်ခံချိန်တွင် စမ်းသပ်ကျောက်တုံးကို သုံးကာ ထို ဂိုဏ်းသား၏ ပါရမီလုပ်နိုင်စွမ်းကို တိုင်းတာရန်အတွက် ၀ိဥာဏ်အရောင်ကို စစ်ဆေးကြသည်။ သို့သော် Dao Xin အကယ်ဒမီ ကတော့ ချွင်းချက်တစ်ခု ဖြစ်သည်။

အကယ်ဒမီ၏ ပထမဆုံးလိုအပ်ချက်မှာ အသက်နှစ်ဆယ့်ငါး မတိုင်ခင် အဆင့်လေး မှော်ဆရာ တစ်ယောက် ဖြစ်ရန် ဖြစ်ကာ ဒီအသက်အရွယ်တွင် ဒီလို အောင်မြင်မှုရရှိရန်အတွက် ၀ိဥာဏ်စွမ်းအားက မြင့်မားမှ ဖြစ်မည်ဆိုတာ ယုံမှားဖွယ် မရှိပေ ။ ပြီးတော့ ဒီမှာက အရည်အချင်း နိမ့်ကျသော်ငြား အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သူ အချို့လဲ ရှိသည်။ ထို့ကြောင့် Dao Xin အကယ်ဒမီက ကျောင်းသားများ၏ ၀ိဥာဏ်အရောင်ကို ဘယ်သောအခါမှ မစစ်ဆေးခြင်း ဖြစ်သည်။

ကြီးမြတ်လှသော မှော်ဆရာ တစ်ယောက်ဖြစ်ရန် ပကတိအရည်အချင်း အပြင် ၀ိဥာဏ်စွမ်းအား ထိန်းချုပ်နိုင်စွမ်းနှင့် စိတ်အားထက်သန်မှုလည်း လိုအပ်သည်။ ပကတိအရည်အချင်းမှာ အခြေခံအုတ်မြစ် တစ်ခုသာ ဖြစ်ပြီး အခြားအရာများနှင့် စပ်ဆက်မှု မရှိပါက အရေးကြီးမှု တစ်စုံတစ်ရာ ရရှိမှာ မဟုတ်ပေ။

ဝင်ရောက် လျှောက်ထားသူများ များပြားလွန်းသောကြောင့် အကြီးအကဲ Guan Yong က တစ်ဦးချင်းစီကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် အချိန်မရှိပေ။

သို့သော်လည်း အလွန် အထင်ကြီးလေးစားဖွယ် ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြမ်းပြင်က ရုတ်တရက် တုန်ဟီးကာ ကြမ်းပြင်မှ မြောက်မြားစွာသော ခုံမြင့်များ ပေါ်လာသည်။ ခုံမြင့်တစ်ခုစီမှာ တစ်ခုနှင့် တစ်ခု တစ်မီတာ ကွာပေးကာ အခု လေးဆယ်မှ ငါးဆယ်အထိ ရှိသည်။ အကြီးအကဲGuan Yongက သူတို့အရှေ့မှာ မတ်တပ်ရပ်ကာ လူအုပ်ကြီးကို ကြည့်ပြီး “ယနေ့ အကဲဖြတ်မှုမှာ နှစ်ပိုင်းရှိလိမ့်မယ် လူတိုင်းလဲ ကြားပြီးသားလို့ ယုံကြည်ပါတယ်။ စစ်ဆေးမှုရဲ့ ပထမအပိုင်းက ဆေးပင်ပေါင်းခံခြင်းပဲ လူတိုငးသိကြတဲ့ အတိုင်းပဲ ဒါက မှော်ဆေးလုံး ဖော်စပ်ဖို့အတွက် အခြေခံ အကျဆုံး အပိုင်းပဲ ဖြစ်တယ်။ အဲဒါက ဆေးလုံးရဲ့ အရည်အသွေးကို အများကြီး သက်ရောက်မှု ရှိစေတယ်။ ဒါတင်မကသေးဘူး မင်းတို့ရဲ့ ၀ိဥာဏ်ကို ထိန်းချုပ်တဲ့ စွမ်းရည်ကို ပါ သိရှိနိုင်သေးတယ်။ ငါတို့ မှော်ဆရာအစည်းအရုံးက လူတိုင်းကို အဆင့်နိမ့် အဆင့်လေးဆေးပင်တစ်ပင် ပေးမယ် ပြီးတော့ အခြေခံစံနှုန်းအဖြစ် ပေါင်းခံခြင်းကို လေးကြိမ် သတ်မှတ်ထားတယ်။ အဲဒိအထက် နည်းရင် အလိုလျောက် အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်ပြီးတော့ နောက်တစ်ပိုင်းကို ပါဝင်ခွင့် မပြုဘူး။ အများဆုံး ပေါင်းခံခြင်း ပြုနိုင်တဲ့သူကတော့ ဒီစစ်ဆေးမှုရဲ့ အနိုင်ရသူပဲ”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now