Chapter 102 Rules (Z & U)

12.6K 1.7K 15
                                    

Zawgyi
အခန်း ၁၀၂ - စည်းကမ်းများ
အ၀ါရောင် ဖုန်တထောင်းထောင်းထနေအောင် လမ်းပေါ်က လူပေါင်းများစွာနဲ့ မြင်းပေါင်းများစွာက အ၀ါရောင်ဖုန်လုံးကြီးအဖြစ် ဖြစ်တည်စေသည်။ မြင်းပေါင်းထောင်သောင်းများစွာရဲ့ ကဆုန်ပေါက်ခရီးနှင်မှုက HunJu မြို့အပြင်ဘက် မီတာအနဲငယ်ရာချီတဲ့ အဝေးမှာ ရပ်နားကြရသည်။ တိမ်တွေကို ထိလုအထိ ကြီးမားတဲ့ မြို့တံတိုင်းကြီးက လူတိုင်းကို အဆမတန်ကို သေးငယ်သယောင်ထင်စေသည်။
You XiaoMo ကတော့ ကိုယ့်ဘာသာ အတော်ကိုကံမကောင်းဟု ခံစားရသည်။ နောက်ဆုံးမှာ မြင်းရထားပေါ်ကနေ အောက်ဆင်းလာတဲ့အချိန်နဲ့ မြင်းသမားတစ်ဖွဲ့ သူ့အရှေ့ကနေ ဖြတ်တဲ့အချိန်နဲ့ သွားတိုက်ဆိုင်တဲ့ အခါကျတော့ ဖုန်လုံးကြီးက သူ့မျက်နှာ တစ်ခုလုံးသာမက ပါးစပ်ထဲအထိပါ ၀င်ကုန်သည်။
အား ဖြီ………..
You XiaoMoနှုတ်ခမ်းတစ်စုံလုံး ရှုံတွလျက် အ၀ါရောင်တံတွေးတွေကို ထွေးထုတ်လိုက်သည်။ ကံမကောင်းလိုက်တာနော်။
ဒီလူတွေက အခြားသူတွေအတွက်ကို လုံးဝကို မစဉ်းစားကြ။ ဒီနေရာက HunJiမြို့အပြင်ဘက်ပဲ ရှိသေးသည်။ ဒီမှာ ဘယ်လောက်တောင်များသလဲ ခန့်မှန်းလို့မရအောင် များပြားလှတဲ့သူတွေ တန်းစီပြီး စောင့်ဆိုင်းနေကြသည်။ ဒီလိုရုတ်ရုတ်သဲသဲ ဖြစ်စေတာက သူ့တစ်ယောက်ထဲကို ကွက်ပြီးခံစားရစေတာမဟုတ်ပဲနဲ့ လူအတော်များများလဲ သူ့လိုပဲ မျက်နှာမှာ ဖုန်တွေ ပေကုန်သည်။ ဒေါသ အချောင်းချောင်းထွက်နေကြပေမယ့် အသံတစ်သံတောင် မထွက်လာတာ သူ့ကို အံ့အားသင့်စေသည်။
သူ အံ့အားသင့်နေတုန်း အခြားတစ်ယောက်က သူ့ကို အဖြေလာပြောပြသည်။
“ကောင်လေး မင်းက ခုနက ထွေးထုတ်လိုက်တဲ့ တစ်ယောက်လား”
မြင်းကြီးတစ်ကောင် ကို စီးထားတဲ့ ရှည်ကိုင်းကိုင်း လူတစ်ယောက်က You XiaoMoဘက် ရုတ်တရက် မြင်းကို လှည့်ပြီးရောက်လာသည်။ ပါးစပ်ကိုသုတ်နေတဲ့ You XiaoMo ကို  သူကအပေါ်စီးကနေ ပုရွက်ဆိတ်များ ပိုးဟပ်များကို ကြည့်သလို မာထန်နေတဲ့ မျက်နှာထားနဲ့ ကြည့်ရှုတော့သည်။
You XiaoMo ကြောင်သွားသည်။ ဒါဘာအဓိပ္ပါယ်လဲဟ၊ ကိုယ့်ပါးစပ်ထဲက ဖုန်တောင် ထွေးခွင့် မရှိဘူးတော့ သူ့ကို လာမပြောနဲ့။ ဒါပေမယ့် လူတစ်ယောက်ရဲ့ တံတွေးထွေးသံကတောင် မိုးခြုံးသံလောက် ကျယ်ကျယ် ကြားရအောင်ကို တိတ်နေတာကတော့ အတော့်ကို အံ့အားသင့်စေသည်။
ဘေးက ၀ိုင်းကြည့်နေတဲ့သူတွေရဲ့ သနားစာနာစရာကောင်းသလိုအမူအယာတွေကကော၊ ဒါပေမယ့် ဘယ်သူကမှ သူ့ကို လာမကူညီကြ။ အနားမှာ လက်ပိုက်ပြီး ပျော်ရွှင်စွာနဲ့ ဒီမြင်ကွင်းကို ကြည့်နေတဲ့သူအချို့ပင် ရှိသည်။ You XiaoMo သူ့ဦးနှောက်ကို ဆွဲဆန့်ပြီး မေးလိုက်သည်။ “ ဒီက ဘာလိုလို့လဲလို့ မေးလို့ရမလား ခင်ဗျာ”
ရှည်ကိုးကိုင်းနဲ့ လူက ပြုံးစစနဲ့“ကောင်လေး မင့်မှာ သတ္တိရှိတယ်လို့တော့ မဆိုချင်ဘူး၊ ငါလို ကြီးမြတ်တဲ့ သူရဲ့အရှေ့မှာ သတ္တိက အလကားပဲ လက်သီးပဲ အသုံးဝင်တာ”
သတ္တိ? You XiaoMo ကတော့ သူ့ဘာသာသူ ကတော့ သတ္တိမရှိဘူးပဲ ခံစားရသည်။
နေ့တစ်ဝက်တောင် သူစောင့်ပြီး ဘာကို ဆိုလိုတာဆိုတာ သူမကြားလိုက်ရတဲကအချိန်မှာ သူစပြီး စိတ်မရှည်တော့၊ သူ့တစ်ကိုယ်လုံး နေ့တစ်ဝက်လောက် လူးလိမ့်နေပြီးနောက် အခုထိ နေရတာ အဆင်မပြေဖြစ်နေသည်။ ဒီကအကိုကြီး က ဘာကို လိုချင်တာလဲ သူမေးတော့သည်။
သူ့မျက်နှာပေါ်က စိတ်မရှည်မှုကို မြင်သည်နှင့် ပိန်ကိုင်းကိုင်းလူရဲ့ မျက်နှာက အေးစက်သွားကာ သူ့နောက်ကြောက လခြမ်းပုံး ဓါးရှည်ကို ဆွဲထုတ်လိုက်တော့သည်။ ကြောင်နေတဲ့ You XiaoMoကို ဖြတ်ခုတ်တော့မလောက်ကို ဝေ့ရမ်းရင်းနဲ့ ပြောလေသည်။ “ ကောင်လေး ဒါ မင်းရဲ့ HunJiမြို့ကို လာတာ ပထမအကြိမ်မလား အခု မင်းကို  ဒီက စည်းကမ်းတွေထဲက တစ်ခုသင်ပေးလိုက်မယ်။ ဒီမှာ မင်းကိုယ်မင်း တစ်စုံတစ်ယောက်လို့ မထင်နဲ့ ငါ့မျက်လုံးထဲမှာ မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်တောင်မရှိဘူး”
You XiaoMo ကတော့ ဒီလူ စကားပြောနေတာကနေ သူ့ကို ရုတ်တရက်တိုက်ခိုက်တာကို လုံးဝကို နားမလည်သေး။ အ..ဒါက သူအာခံတဲ့စကားမပြောရသေးလို့တောင် ဆိုနိုင်သည်။
ဒါပေမယ့် လခြမ်းပုံဓါးသွားက You XiaoMo ရဲ့ ကိုယ်ပေါ် ကျဖို့တောင်အခွင့်အရေးမရလိုက်ပါ။ သူ့နောက်က အဖြူရောင်ကျောက်စိမ်းသားလို သွယ်လျတဲ့လက်တစ်ချောင်းက ရထားလုံးရဲ့ ပြတင်းပေါက်ကနေ ထွက်လာပြီး လခြမ်းပုံဓါးသွားကို လွယ်လွယ်လေး တားဆီးလိုက်သည်။ ပိန်ကိုင်းကိုင်းလူ ဘယ်လောက်ပဲ အားသုံးသုံး ဓါးသွားကတော့ နဲနဲလေးတောင် အောက်ကျမလာ။
ပိန်ကိုင်းကိုင်းလူရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားသည်။ မကောင်းတဲ့ အရိပ်ယောင်တစ်ခု သူ့မျက်လုံးထဲ လက်သွားပြီး ခပ်ကျယ်ကျယ် အော်ဟစ်လိုက်သည်။
“ဘယ်သူကများ ကျုပ်တို့ မြေခွေးအစွယ်အဖွဲ့ကို အာခံရဲတာလဲ? အသက်ရှင်ရတာများ ပင်ပန်းနေပြီလား ? မင်းလုပ်ရဲရင် ထွက်လာခဲ့လေ”
“ကောင်လေး ငါ့မှာလဲ မင်းအတွက် စည်းကမ်းတစ်ခုရှိတယ် ငါလိုကြီးမြတ်တဲ့ သူရဲ့ အရှေ့မှာ ဘယ်တော့မှ ငါ့လူကို ထိဖို့ မကြိုးစားနဲ့”
လေအလွင့်မှာ ရထားလုံးက လိုက်ကာစတွေ လူးလွန့်ကုန်သည်။ နွေးထွေးတဲ့ လေသံနဲ့ ပျင်းရိပျင်းတွင်းစကားသံက ရထားလုံးအထဲမှ လွင့်ပျံ့လာသည်။ လေသံက တစ်နည်းနည်းနဲ့  ညှိ့ယူဖမ်းစားနိုင်သည့်အစွမ်းရှိသည့်အပြင် နွမ်းလျလျနှင့် အလျင်လိုခြင်းလဲ မရှိ နားထဲမှာ နားဝင်ချိုလှသည်။ ဒါပေမယ့် စကားလုံးတွေကတော့ ပိန်ကိုင်းကိုင်းနှင့်လူကို  ခပ်တင်းတင်း အဖက်မလုပ်သည့် ဟန်အပြည့်ဖြစ်နေသည်။
သိပ်မကြာခင်မှာပဲ ငွေရောင်ဘရိုကိတ် ဘွတ်ဖိနပ်တစ်စုံက ရထားလုံး လိုက်ကာအောက်မှာ သူ့ဘာသာ ထွက်ပေါ်လာသည်။ အဲဒိနောက်မှာ ကျစ်လစ်တဲ့ ကိုယ်ဟန်နဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ပေါ်ထွက်လာသည်။ ရွှေရောင် ပိုးစနဲ့ အလှဆင်ထားတဲ့ နှင်းဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားတဲ့သူ့ဟန်က လေအလွင့်မှာ တဖျတ်ဖျတ်လူးနေသည်။ ဓါးကိုင်းပုံမျက်ခုံး* နဲ့ တောက်ပနေတဲ့ မျက်လုံးများ ကြော့ရှင်းပြီး ဟန်အမူအယာ အပြည့်ပုံစံက လူတိုင်းရဲ့အာရုံကို ဖမ်းစားသွားသည်.
အဲဒိလူရဲ့ နှုတ်ခမ်းက နွေးထွေးတဲ့ အပြုံးကို ဆင်ယင်ထားပုံက ပိန်ကိုင်းကိုင်းလူရဲ့ လခြမ်းပုံ ဓါးသွားကို အံ့တုနေပုံနဲ့ မတူပဲနဲ့ မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရပုံသာ ထင်ရစေသည်။
Ling Xiao ကို မြင်လိုက်တာနဲ့ သူ့ကျောဖက်ထဲကို တုန်တုန်ယင်ယင်နဲ့ You XiaoMoတစ်ယောက် ၀င်ပုန်းတော့သည်။
သူနဲ့အရမ်းနီးနေတဲ့ ဓါးကို ကြည့်တာနဲ့ ကြက်သီးတွေထလာပြန်သည်။ တကယ့်ကို အန္တရာယ်များတာပဲ။ အကယ်လို့ Ling Xiao သာ မလှုပ်ရှားခဲ့ဘူးဆိုရင် အခုချိန်ဆို သူနှစ်ပိုင်းပြတ်နေလောက်ပြီ။
တကယ်ကိုအန္တရယ်ထဲ သူရောက်နေသလိုကို ခံစားရသည်။ ဒီလောကကြီးက တကယ့်ကို ကြောက်စရာကောင်းလှသည်။ လူတစ်ယောက်ကို ချက်ချင်းသတ်ပစ်နိုင်သည်။ သူ ကမ္ဘာကြီးကိုသာ ပြန်သွားချင်သည်။
ပိန်ကိုင်းကိုင်းလူ စကားပြန်ပြောတာတောင် မစောင့်ပဲနဲ့ Ling Xiao လခြမ်းပုံဓါးကို လက်နဲ့အသာ ပုတ်ထုတ်လိုက်သည်။
သူတောက်ထဲ့လိုက်တာကတော့ အားမပြင်းပေမယ့် ပိန်ကိုင်းကိုင်းလူကတော့ သီးမခံနိုင်တော့ပုံပေါ်သည်။ နောက်ဆုံးတော့ မြင်းပေါ်ပြန်တက်ပြီး ထွက်သွားသည်။ အားပြင်းပြင်းတစ်ချက်ကြောင့် လူတစ်ကိုယ်လုံး မြင်းပေါ်ကနေ ၀ုန်းခနဲ့ ပြုတ်ကျကာ ဖုန်လုံးတစ်လုံးတက်လာလေသည်။
အွတ် အွတ်
ပိန်ကိုင်းကိုင်းလူတစ်ယောက် ချောင်းအသားကုန်ဆိုးကာ သူ့ခြေထောက်ပေါ် မတ်တက်ပြန်ရပ်နိုင်ဖို့ အတော်ကို ကြိုးစားနေသည်။ နံရိုးနဲနဲလဲ ကျိုးသွားသလိုခံစားနေရသည်။ သူ Lin Xiao ကို နောက်တစ်ကြိမ် ထပ်ကြည့်တဲ့ အခါကျတော့ သူ့မျက်လုံးက ကြောက်ရွံ့မှု အချို့ကို ဖော်ပြနေသည် “မင်းသတ္တိရှိရင် မတ်တပ်ရပ်နေလေ ထွက်မပြေးနဲ့မြေခွေးစွယ်အဖွဲ့က မင်းတို့နှစ်ယောက်လုံးကို လွှတ်ပေးမယ် မထင်နဲ့”
Ling Xiao သူ့မျက်လုံးတွေ ပွင့်ကျယ်သွာူးပြီး ခပ်လှမ်းလှမ်းက ဓါးတွေကို အောက်စိုက်ထားပြီး ရန်ဖြစ်ဖို့တောင် တွန့်နေသောမြေခွေးအစွယ်အဖွဲ့ကို လှမ်းကြည့်လိုက်သည်။ Ling Xiao ရဲ့ အလွယ်တကူ အနိုင်ယူမှုကို ကြည့်ပြီး ဘယ်သူမှ မိုက်မိုက်ကန်းကန်း မလုပ်ရဲတာကြောင့်လဲ ဖြစ်နိုင်သည်။ သူကတော့ ကျိတ်ရယ်ရုံသာ တကယ်လဲ ဒါလေးက လူရမ်းကားအဖွဲ့သာ ဖြစ်သည်။ သူတို့ရဲ့ လုပ်နိုင်စွမ်းလေးနဲ့တောင် သူတို့ဆန္ဒရှိသလောက် ပြဿနာရှာနေနိုင်သေးသည်။
“အရူးတွေ”
Ling Xiao တဖက်လူကို လှာင်ပြောင်သလို သရော်ပြုံးလေး ပြုံးပြီးတာနဲ့ You XiaoMo ကို ဆွဲခေါ်ပြီး မြင်းလှည်းထဲ ပြန်ဝင်သွားသည်။ အဲဒိအချိန်မှာပဲ မီးဟုန်းဟုန်းတောက် မြင်းက အကင်းပါးစွာနဲ့ထဟီလေသည်။ သူ့ခွာပေါ်ကို ကြော့မော့စွာ ပြန်ရပ်ပြီးတာနဲ့ စပြီး ကဆုန်ပေါက်ပြေးတော့သည်။ ဒီတစ်ကြိမ်မှာတော့ ခပ်နှေးနှေးလေးပဲ ပြေးတာမို့ လူတွေကတော့ ထူးဆန်းသည်လို့ မထင်ကြတော့။ ဒီ HunJiမြို့ အပြင်မှာက လူတွေ သွားကြ လာကြနဲ့မို့ အရှိန်နဲ့ ကဆုန်ပေါက်သွားဖို့က မသင့်တော်သော်ကြောင့်ဖြစ်သည်။
မြင်းခွာသံတွေက နှိုးဆော်သံတွေအလားထွက်မှသာ လူတိုင်းက မြင်းလှည်းကို ဆွဲလာတာက မီးဟုန်းဟုန်းတောက် မြင်းမှ သတိထားမိကြသည်။ ပုံပြင်ဒဏ္ဍာရီတွေအရဆိုရင် အဲဒိမြင်းတွေက အပြာင်းအလဲမြန်လို့ ကြောက်ဖို့ကောင်းသည်။  ထင်မထားအောင်လဲ ခံနိုင်ရည်ရှိတဲ့ အဖိုးတန်မြင်းဖြစ်သည်။ မီးဟုန်းဟုန်းတောက်မြင်းတွေက MoRiသစ်တောထဲမှာသာ တွေ့နိုင်တာကြောင့်လဲ တွေ့မြင်ရဖို့ ခက်လှသည်။ အမှတ်မထင်ကို ဒီမှာ ပေါ်လာတာက ရုတ်တရက်ကို အုတ်အော် သောင်းနင်းဖြစ်သွားစေပေမယ့် မြင်းပိုင်ရှင်ကတော့ ထွက်ခွာသွားလေပြီ။
HunJi မြို့ဝင်ပေါက်ကို ရောက်တာနဲ့ မြင်းရထားကို  အစောင့်နှစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။
မီးဟုန်းဟုန်းတောက်မြင်းက လှည်းအတွင်းကထွက်လာတဲ့ ဖိအားအနည်းငယ်ကို ခံစားမိတာနဲ့ ဟီသံပေးပြီး မရပ်ချင် ရပ်ချင်နဲ့ ရပ်တန့်သွားသည်။
အစောင့်တွေကတော့ အဲဒိတော့မှပဲ သက်ပြင်းခိုးချနိုင်သည်။ သူတို့က မီးဟုန်းဟုန်းတောက် မြင်းကို မမြင်ဖူး၍လဲ မဟုတ် အရမ်းအပြောင်းအလဲ မြန်တဲ့ စရိုက်ကို လဲ သိသည်။ အကယ်လို့သာ တရကြမ်းဝင်သွားရတောင် သူတို့ရဲ့ ခွန်အားနဲ့ ရပ်တန့်ခိုင်းဖို့တောင် မဖြစ်နိုင်။ သည့်အပြင် မီးဟုန်းဟုန်းတောက် မြင်းကို ယဉ်ပါးအောင် ခိုင်းနိုင်သည့် သူဆိုတာကလဲ သာမာန်လူဖြစ်မှာ မဟုတ်။ သူတို့ကသာ အဲဒိပုဂ္ဂိုလ်ကို သွားပြီး အာခံမိလိုက်ရင် ကောင်းတဲ့ကိစ္စဖြစ်လာမှာတော့ မဟုတ်ချေ။
“အားတော့နာပါတယ် ဒါပေမယ့် HunJi မြို့ထဲကို ၀င်ချင်တဲက လူတိုင်းက ရွှေ နှစ်ပြားစီ ပေးဖို့တော့ လိုအပ်လို့ပါ” အစောင့်တစ်ယောက်က ပြောလိုက်သည်။
ဒီဟာက HunJi မြို့ရဲ့ ၀င်ငွေရပေါက်ရလမ်းများထဲက တစ်ခုဖြစ်သည်။ အမြဲတမ်း နေထိုင်တဲ့သူတွေက လွဲရင် အပြင်ကနေ လာတဲ့ လူတိုင်းက မြို့ထဲ ၀င်တိုင်း မြို့ဝင်ကြေးပေးဆောင်ရမည် ဖြစ်သည်။ လူများများလာလေ မြို့ဝင်ကြေးပိုရလေ ဖြစ်သည်။ ရွှေနှစ်ပြားက သာမာန် မိသားစု တစ်ခုကို နှစ်လလောက် ဖူလုံစေပေမယ့် လူအများစုကတော့ အဲဒါကို အများကြီးတွေးတောမနေ ။ မြို့ထဲမှာ နေရာတစ်ခုလောက်ရှာပြီး ဆိုင်ခန်းလေးတစ်ခု ခင်းလိုက်ရင် ရွှေနှစ်ပြားဆိုတာ အချိန်အရွေးပြန်ရနိုင်သည်ပင် ။  ဒါကြောင့် လူအများအတွက်ကတော့ ဒီလောက် မြို့ဝင်ကြေးဆိုတာက လက်ခံနိုင်သည့် အတိုင်းအတာထဲ ရှိနေသည်။
အစောင့်စကားပြောတာ ဆုံးတာနဲ့ ရွှေလေးပြားကိုင်ထားတဲ့ သွယ်လျတဲ့ လက်တစ်ချောင်းက ပြတင်းပေါက်က ထွက်လာသည်။
ဟသွားတဲ့ ပြတင်းပေါက် ကနေ အထဲက လူနှစ်ယောက်ရဲ့ ပုံရိပ်ကို အစောင့် တစ်ယောက်က မြင်လိုက်သည်။ မီးဟုန်းဟုန်းတောက်မြင်းကို သုံးတဲ့သူတွေကလဲ ရွှေပြားနဲနဲလောက်တောင် မရှိမယ့် လူတွေမဟုတ်တာမို့လို့ သူအထဲကို စစ်ခွင့်မတောင်းတော့ပဲ ၀င်ခွင့်ပေးလိုက်တော့သည်။
မြင်းလှည်းအတွင်းမှာတော့ You XiaoMo တစ်ယောက် ပျော်ရွှင်စွာပြောဆိုနေသည်။ “ ကံကောင်းတယ် ကျွန်တော် ရွှေပြားတွေ ယူလာလို့ နို့မို့ဆိုရင် ကျွန်တော်တို့တွေ ၀င်ခွင့်တောင် ရမယ် မထင်ဘူး”
Ling Xiao ပြုံးသွားသည်။ အကယ်လို့ သူတို့မှာ ရွှေပြားတွေမပါလဲ ကိစ္စမရှိတာတော့ မပြောဖြစ်တော့။ အခြားသော အဖိုးတန်အရာတွေနဲ့ လဲလှယ်သုံးနိုင်သည်။ သူတို့မှာ ပါလာတာက ရွှေလေးပြားထပ် တန်ဖိုးရှိနေသရွေ့ အစောင့်တွေက အဲဒိပစ္စည်းကို သူတို့အတွက် သိမ်းထားကာ သူတို့ကိုယ်ပိုင် ရွှေပြားတွေနဲ့ လဲလှယ်ယူပြီး ၀င်ခွင့်ပေးမှာပင် ဖြစ်သည်။ အဲဒါကလဲ အဆန်းတကြယ်တော့ မဟုတ်။ HunJi မြို့မှာက အဲလိုလုပ်တာက တားမြစ်ထားတာမရှိသောကြောင့် အစောင့်ရဲ့ ကံကောင်းမှုနဲ့တော့ ဆိုင်သည်။
“အကိုကြီးLing ကျွန်တော်တို့အခု ဘယ်သွားကြမှာလဲ”
You XiaoMo ရွှေပြားတွေပါတဲ့ ပိုက်ဆံအိတ်ကို ကိုင်ထားရင်းနဲ့ ပြတင်းပေါက်လိုက်ကာကို မကာ အပြင်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ ပျားပန်းခတ်မျှ လှုပ်ရှားနေတဲ့ လမ်းတွေက နေရာပေါင်းစုံမှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေတဲကခေါင်းတွေနဲ့ ပြည့်နေသည်။ ဒီလိုအံ့မခန်းမြင်ကွင်းက HePingမြို့ထက်တောင် ပိုပြီး အသက်ဝင်သည်။ သိပ်မကြာခင်မှာပဲ အစောကတင် မြို့အပြင်မှာဖြစ်ခဲ့တာတွေ သူမေ့ကုန်သည်။
“ပထမဆုံး ငါတို့ လေလံပွဲလုပ်မယ့်နေရာကို သွားပြီးတော့ လေလံပွဲ တက်မယ်ဆိုတာ သွားပြောမယ် ကျန်တာကို တော့ ပြီးမှပဲ ဆွေးနွေးကြတာပေါ့”
Ling Xiao ရထားလုံးထဲမှာ နွမ်းနွမ်းလျှလျှလေး မှီပြီး စိတ်လှုပ်ရှားနေလို့ အနဲငယ် နီနေတဲ့ You XiaoMoရဲ့ မျက်နှာကို ဘေးတိုက်လေး ငေးကြည့်လျက်သားဖြစ်သွားသည်။ သူ့ မျက်လုံးတွေကို ကြိုးစားပြီး ထိန်းချုပ်လိုက်သည်။
လေလံပွဲ လုပ်မယ့် နေရာက ဘယ်မှာလဲ
You XiaoMo သိချင်စိတ်နဲ့ မေးလိုက်သည်။ ဒါပေမယ့် မီးဟုန်းဟုန်းတောက် မြင်း က တကယ်ကို သွားရမယ့် နေရာကို သိပြီး သူ့တို့ကို ခေါ်သွားတာကို လဲ နဲနဲတော့ သံသယ ရှိနေသည်။ မြင်းတွေက လမ်းသိတယ်လို့ သူတစ်ခါမှ မသိခဲ့၊ ဒါပေမယ့် Long Xiao တိုက် တိရိစ္ဆာန်တွေရဲ့ အသိစိတ်ကို တော့ သာမန်လို့ ပြောလို့မရတာတော့ သူသိသည်။
“ဒီလမ်းအဆုံးမှာ” Ling Xiao ပြန်ဖြေသံထွက်လာသည်။
ပုတီးစေ့လိုက်ကာကို ဖယ်မလို့ လုပ်နေတုန်း မြင်းရထားက ရုတ်ခနဲ ရပ်တန့်သွားသည်။ သတိထားမနေတာကြာင့် လူတစ်ကိုယ်လုံး အရှေ့ကို ပျံထွက်တော့မတတ်ဖြစ်နေတုန်း မှာ Ling Xiao ရဲ့ လက်ကြီးကို သူ့ကို လှမ်းဆွဲပြီး ဖေးကူထားသည်။ You XiaoMo ခြေကားယား လက်ကားယားနဲ့ ရင်ခွင်ထဲမှာ ပျာယာခတ်ပြီး ဘာဖြစ်သွားတာလဲဆိုတာ မမေးရသေးခင် Ling Xiao ရဲ့ အသံက သူ့ ခေါင်းပေါ်က ထွက်လာသည် “ငါတို့ လေလံပွဲ နေရာ ရောက်ပြီ”
ပြောပြီးတာနဲက Ling Xiao က သူ့ကို ပွေ့ခေါ်ပြီး မြင်းရထားအပြင်ကို ခုန်ထွက်လိုက်သည်။
လူရှုပ်နေတဲ့ လမ်းအဆုံးရဲ့ အလယ်မှာ ယောက်ျား တစ်ယောက်က အခြားယောက်ျားတစ်ယောက်ကို ပွေ့ပြီး ပေါ်လာသည်။ အပွေ့ခံရတဲ့ လူငယ်လေးက ပိန်ပြီးသေးတယ်လို့ ပြောလို့ရပေမယ့် သူက ယောက်ျားတစ်ယောက်ဆိုတဲ့ အချက်ကို ပြောင်းလို့တော့ မရ
ဘက်ပေါင်းစုံကနေ အံ့သြတကြီးနဲ့ အကြည့်တွေက ကြောင့် You XiaoMo ရှက်ကာ Ling Xiaoရဲ့ လက်ထဲက ချက်ချင်းခုန်ထွက်လိုက်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now