Chapter 129 Condition ( Z & U)

14.5K 1.7K 15
                                    


C-129 Condition

အခန်း ၁၂၉ အခြေအနေ
တံခါးခေါက်တဲ့သူက အတော် ဇွဲကောင်းသည်။ အခန်းထဲက အရိပ်အယောင်မမြင်ရတောင်မှ တံခါး နှစ်ကြိမ်ခေါက်သည့်အပြင် အော်ခေါ်သေးသည် 'ညီလေး မင်းအထဲမှာ ရှိလား´
အံ့အားသင့်ဖွယ်ရာပင် Fang ChenLeအသံဖြစ်နေသည်။ You XiaoMo သိတာကတော့ သူနဲ့ဒုတိယအကိုက ဒီနှစ်ရက်မှာ မြေကမ္ဘာတောင်ထွတ်တွင် ရှိမနေ။ သူ ဒီနေ့ပြန်လာမယ်ဆိုတာ သူမမျှော်လင့်ထား။ ပြီးတော့ ပြန်ရောက်လာတာ နေပုံလဲ ပုံမနေချေ။
သူလဲ အကိုကြီးကို ကျေးဇူးတင်ဖို့ရှိနေသည်။ အကယ်လို့သာ သူ့ကြောင့်သာ မဟုတ်ဘူးဆိုရင် သူအခွံနွှာခံရကာ Ling Xiao ရဲ့ ဝါးမြိုခြင်းကို ခံရပြီဖြစ်သည်။ ဘာဖြစ်နိုင်မလဲဆိုတာကို တွေးမိသည်နှင့် You XiaoMo အကြောက်တရားနှင့် တာရှည်စွာ သတ်ပုတ်ထားရသလို ခံစားလိုက်ရသည်။ သူ့ကို ဖိနှိပ်ထားတဲ့ Ling Xiao ကို ခြေထောက်တွေနှင့် ကန် လက်တွေနဲ့ ယက်ကန်ယက်ကန်နှင့် ဖယ်ထုတ်လိုက်သည။်
Ling Xiao က ဘယ်လိုလုပ်သူ့ကို ထွက်ပြေးခွင့်ပေးနိုင်မလဲ? သူ့စိတ်ကို ဆွနေတာ အမြင့်ဆုံးရောက်နေတဲ့ အပြင် သူက တ၀က်တပျက်လဲ ၀တ်စားထားသေးတယ်လေ။ အကယ်လို့သာ Fang ChenLe က သူ့ရဲ့ ဒီပုံကိုသာ မြင်သွားကြည့်ပါလား  သူ့အတွက် မကောင်းဖို့ပဲ ရှိသည်။ You XiaoMo လဲသူ့မျက်နှာ အခြားတစ်ယောက်ရှေ့မှာ ဘယ်တော့ မှ မပြရဲအောင် သေချာပေါက် ဖြစ်သွားလိမ့်မည်။ သူLXကလဲ သူ့YXMကို သေချာပေါက် ဒုက္ခဖြစ်စေမယ့် အတွေ့အကြုံကို မရစေချင်ပါ။ ပြီးတော့ဒါက သူ့ကို နောက်တစ်ခါ လှည့်စားပြီးအိပ်ယာပေါ်ရောက်အောင် လုပ်ဖို့ သေချာပေါက် ခက်ခဲသွားလိမ့်မည်။
သူထွက်ပြေးခါနီးလေးမှာတင် Ling Xiao က သူ့ခါးကို အားနဲ့ဖမ်းဆုတ်ကာ လက်တစ်လှည့်နဲ့ပင် သူ့လက်မောင်းကြားထဲ ဆွဲခေါ်လိုက်သည်။
You XiaoMo ကတော့ သူထပ်ပြီး ဆက်လုပ်ချင်နေသေးသည်ဟု တွေးမိကာ အထိတ်တလန့်နှင့် ငိုမိတော့ မလိုတောင် ဖြစ်သွားသည်။ သို့သောါ အပြင်က အကိုကြီးကြားသွားမှာလဲ ပူနေမိပြန်သည်။
Ling Xiao က သူ့ရဲ့ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ခြေတံလက်တံလေးတွေကို ဆုတ်ကိုင်ထားကာ သက်ပြင်းချပြီး ' တော်ပြီလေ ပြဿနာမရှာနဲ့တော့ မင်းထပ်ပြီး ရုန်းနေရင် ဒီမှာတင် အတည် သတ်ပလိုက်မယ်´
ဒီစကားများက အလွန်ပင် ခြိမ်းခြောက်ရာကျသည်။ You XiaoMo ထပ်ပြီး မလှုပ်ရှားရဲတော့။ သူ့ခေါင်းကို မော့ကာ သူ့ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် လုပ်နေပုံက တကယ်လားလို့ မေးနေပုံပင်။
အဲဒိအပြုအမူလေးမြင်လိုက်တာနှင့် Ling Xiao နှလုံးသားလေး လှုပ်ခါသွားသည်။ သူခေါင်းလေးငုံပြီး သူ့နှုတ်ခမ်းလေးများကို တစ်ခါလောက် မနမ်းပဲ မနေနိုင်လောက်အောင်ဖြစ်သွားသည်။ You XiaoMo လည်ဆံမွှေးများ  ထောင်လာချိန်မှာ Ling Xiao သူ့ကို ထူပေးကာ ဘောလုံးလိုပဲ လုံးထွေးခံလိုက်ရသော သူ့အ၀တ်အစားများကို ပြန့်ပြူးသွားအောင် ကူညီပေးသည်။ သူ့ဆံပင်များကိုရောပေါ့။
သူနဲ့ အပျော်ကိစ္စများကို ဆက်မလုပ်တော့မှာကို သေချာမှပဲ You XiaoMo သက်ပြင်းကြီးချနိုင်သွားသည်။ သူ့ကို ကူပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေတာကိုလဲ အသာတကြည် ခွင့်ပြုပေးလိုက်သည်။
တခဏအကြာမှာတော့ You XiaoMo ကလန့်ကာနောက်မှ ထွက်သွားသည်။ Ling Xiao ကတော့ သူကိုယ်ယောင်မပြေပဲ နေလိုက်သည်။ သူမပြချင်လို့ မပြတာတော့ မဟုတ် You XiaoMo က ခွင့်မပြုသောကြောင့်ဖြစ်သည်။
နေကလဲ ၀င်ပြီးသွားပြီ အကယ်လို့သာ အကိုကြီးက ဒီအချိန်ကြီး သူ့အခန်းထဲမှာ အခြားလူတစ်ယောက်ရှိနေတာကို သိသွားခဲ့ရင် အကိုကြီးရဲ့ စိတ်ကူးတွေက ရိုင်းဆိုင်းသွားမှာကို သူစိုးရိမ်လှသည်။ အကယ်လဲ အဲလိုဖြစ်နေတာပေမယ့် မသိစိတ်ထဲကနေတော့ အခြားသူတွေကို Ling Xiao နှင့် သူ့၏ ဆက်ဆံရေးက ဒီအတိုင်းအတာထိရောက်နေတာကို ပေးမသိစေချင်ပေ။
Fang ChenLe က You XiaoMo အခန်းထဲမှာ ရှိနေသည်ကို ဘေးနားက လူတွေကို မေးပြီးဖြစ်လို့ သိနေပြီးဖြစ်သည်။ သို့သော် သူအကြာကြီးတံခါးခေါက်အပြီးမှာ ဘယ်သူမှ တံခါးဖွင့်မပေးပဲ ရှိနေသည်။ သူကတော့ အထဲမှာ တစ်ခုခု ဖြစ်နေပြီလို့ ထင်လိုက်ကာ တံခါးတွန်းဖွင့်ပြီး အထဲကို ၀င်ဖို့ လုပ်နေတုန်း *ကျွီ * ခနဲ နေခါ တံခါးပွင့်သွားတော့သည်။
Fang ChenLe လက်မြှောက်ကာ တံခါးထပ်ခေါက်ဖို့ လုပ်နေတာကို You XiaoMo မြင်လိုက်သည်။ သူ ရှက်ရယ် ရယ်လိုက်ကာ 'အကိုကြီး ဒီမှာ ဘာလို့ရှိနေတာလဲ တစ်ခုခု ဖြစ်လို့လား?´
Fang ChenLe က သူ့ရဲ့ ရှက်ကို့ရှက်ကန်းအမူအယာကိုကြည့်ပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။ အခန်းအတွင်းကို တစ်ချက်ကြည့်လိုက်တော့လဲ ဘာမှမတွေ့သည့်နောက်မနေနိုင်ပဲ 'ညီလေး မင်းဘာလို့တံခါးဖွင့်ဖို့ အချိန်အရမ်းကြာနေတာလဲ? ငါမင်းကို အနှောင့်အယှက် ပေးမိသလား?´
'မဟုတ်ဘူး မဟုတ်ဘူး အကိုကြီးက ရောက်လာတာ အချိန်ကောင်းပါပဲ ကျွန်တော်က …. မှော်ဆေးလုံးဖော်တာမှာ အရမ်း နစ်ဝင်နေလို့ ကျွန်တော် မကြားလိုက်တာ။ ဒါပါပဲ ။ ဒါနဲ့ အကိုကြီး တစ်ခုခု လို အပ်လို့လားဟင်´
You XiaoMo ကတိုက်ကရိုက် ရှင်းပြလိုက်သည်။ သူအမှန်ကိုတော့ မပြောရဲပါ။
Fang ChenLe ကလဲ သူရည်ရွယ်ချက်ရှိရှိ နဲ့ ခေါင်းစဉ်ပြောင်းနေတာ မသိလိုက်။ သူဒီကို ဘာ့ကြောင့် ရောက်နေသလဲဆိုတာ ပြန်စဉ်းစားပြီးတော့ ရှင်းရှင်းလေးပြောလိုက်သည် ' မင်းကို ပြောစရာ ရှိလို့။ နာမည်စာရင်းနဲ့ ပတ်သတ်ပြီးတော့လေ ZiLin နဲ့ အကိုကြီးနဲ့က မင်းအတွက်သေချာတဲ့ အခွင့်အရေး ရအောင် လုပ်ပြီးသွားပြီ´
'အခွင့်အရေး´ You XiaoMo အံသြကာ မေးလိုက်သည်။
'ဟုတ်တယ် ဆရာကပြောတယ် မင်းက အခု အဆင့်နှစ်မှော်ဆရာလေ။ အကယ်လို့မင်းသာ အဆင့်သုံးမှော်ဆရာအဖြစ် ဒီနှစ်လအတွင်းလုပ်နိုင်ရင် မင်းကို တစ်နေရာစာပေးမယ် ပြောတယ်´ Fang Chen Le ပြောလိုက်သည်။
အခြေအနေတစ်ရပ်တွဲပြီး ပါနေပေမယ့် ဒီအခြေအနေက မျှတပြီး တရားနည်းလမ်းကျသည်။ ညီလေးသာ အဆင့်သုံးမှော်ဆရာတစ်ယောက် ဖြစ်မလာဘူးဆို ဆရာက သူ့ကို နေရာတစ်နေရာ ပေးပါက ထောက်ပြခံရမည်ဖြစ်သည်။ သို့သော် ဒါက သူတို့ လိုချင်တာဖြစ်သည်။ သူ့ကို အံအားသင့်အောင် လုပ်လိုက်တာကတော့ သုခဘုံနယ်မြေက နောက်သုံးလနေလျှင်ပွင့်မှာ ဖြစ်သည်။ ဒါတောင် ဆရာက ဒီညီလေးက အဆင့်သုံးမှော်ဆရာအဖြစ်ကို နှစ်လတည်းနှင့် ရောက်မြှဖစ်မည်ဟု ပြောသည်။
နှစ်လဆိုတာအရမ်း တိကျလွန်းသည်ဟုဆိုကာ သူဆရာကို ကြိုးစားပြီး ဖြောင်းဖြကြည့်သော်လည်း ဆရာ့ရဲ့ စိတ်က အလွန်ခိုင်မာကာ အဆုံးမှာတော့ သူလဲ ဒီအတိုင်းပဲ ထားလိုက်နိုင်တော့သည်။
သူညီလေးအပေါ်မှာ မတရားသလို ခံစားနေရသည်။ သူနေရာ တစ်ခုရအောင်တေင်းပေးမည်ဟု ကတိပေးခဲ့တာဖြစ်သည်။ အခုတော့ အခြေအနေတစ်ခုက ကပ်ပါလာသည်။ အဆုံးမှာတော့ သူနေရာတစ်နေရာ ရဖို့သာ ဆုံးရှုံးခဲ့လျှင် ညီလေးနှင့် မျက်နှာချင်းဆိုင်ဖို့တောင် ခက်ခဲနိုင်သည်။
You XiaoMo က သူအဆင့်သုံးမှော်ဆရာဖြစ်ပြီးသားကို သတိရကာ အနည်းငယ်တော့ ကြောင်သွားသည်။ သို့သော် အကိုကြီးကိုတော့ အခုပြော၍မရသေးပေ။ သူအဆင့်တက်တာ အရမ်းမြန်နေလျှင် သံသယကို လှုပ်နှိုးသလိုဖြစ်သွားလိမ့်မည်။
အချိန်နှစ်လကန့်သတ်ချက်ကတော့ ဒါက ကိစ္စကြီးမဟုတ်ဟု သူခံစားမိသည်။ အဆင်ပြေပြချောချောမွေ့မွေ့ ဖြစ်မသွားနိုင်ဘူးဆိုတာ သူသိပြီးသားဖြစ်သည်။ အကယ်လို့ ဆရာသာ အသာတကြည်လိုက်ခံလိုက်ရင် ထူးဆန်းသလိုဖြစ်သွားလိမ့်မည်။
သူအဲဒိလိုတွေးမိသည်နှင့် You XiaoMo ကျေးဇူးတင်စွာဖြင့် ' အကိုကြီး ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ ။ အကိုကြီးတို့ ယုံကြည်မှုကို စိတ်အနှောင့်အယှက်မဖြစ်စေရပါဘူး ကျေးဇူးတင်ပါတယ်။ ဒုတိယအကို ကိုလဲ ကျေးဇူးတင်ကြောင်းလေး ပြောပေးပါ´
Fang ChenLe ရယ်သံထွက်လာကာ သူ့ခေါင်းကို ပုတ်ကာ ပုတ်ကာမရပ်နိုင်စွာနှင့် "အစ်ကိုတို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ။ညီအကိုတွေပဲလေ။ အစ်ကိုကြီးတွေက ညီလေးကို ကူညီခွင့်ပဲ ရှိတာ။  ဟုတ်ပြီလား ။ နောက်ကျနေပြီဆိုတော့ ပြန်ဖို့ အချိန်ရောက်ပြီ။ မင်းလဲ စောစောနားသင့်တယ် နောက်ကျတဲ့အထိ ဆေးဖော်မနေနဲ့နော် အဲဒါ ကျန်းမာရေးအတွက် မကောင်းဘူး"
" အကောင်းဆုံး ကြိုးစားပါ့မယ် " You XiaoMo အားရပါးရပြုံးပြရင်း ပြန်ဖြေလိုက်သည်။
Fang ChenLe ငိုရမလား ရယ်ရမလားတောင် မသိ။ သူ့ညီလေးက သူ့စကားတွေ နားမထောင်ဘူးဆိုတာ သူသိသည်လေ။ သို့သော် လာမယ့် နေ့ရက်တွေကတော့ တကယ့်ကို့ ဖိအားများလိမ့်မည်။ သူတို့နေရာခြင်းလဲလိုက်မယ်ဆိုရင်တောင် သူသာဆိုလည်းစကားနားထောင်မှာ မဟုတ် ဒီတော့ သူ့ကိုထပ်ပြီးတော့ နားချမနေတော့ပဲနှင့် အားပေးစကားနည်းနည်း ပြောပြီး ပြန်သွားလိုက်သည်။
သူ့ကို နှုတ်ဆက်ပြီးတာနှင့် You XiaoMo သက်ပြင်းကြီးကြီးချလိုက်တော့သည်။
တံခါးပိတ်ပြီး ပြန်လှည့်လာသည်နှင့် သူ့နောက်က ရုတ်တရက်ပေါ်လာတဲ့ Ling Xiaoကြောင့် လန့်ပြီး ထခုန်မိပြန်သည် " ဘာလို့ လူတွေကို လိုက်ခြောက်နေတာလဲ?"
အဲလိုပြောပြီးတာနဲ့ သု့ကို လစ်လျူရှုကာ ဘေးကနေ ဖြတ်လျှောက်တဲ့အချိန်မှာ Ling Xiao က သူ့ခါးကို ဖမ်းကိုင်လိုက်သည် သူ့ရဲ့ အားပါလှတဲ့ လက်မောင်း​က ဖမ်းကိုင်ထားတာမို့ သူ့ ခါးတစ်ခုလုံး ကြေမွသွားတော့လို ခံစားရသည် ။ သူဘာမှ​ပြောဖို​တောင် မစောင့်တော့ပဲ ရုတ်တရက် သု့လက်ကို ဆန့်ထုတ်ပြီး သူ့ဆံပင်တွေကို အကြီးအကျယ်ဖွတော့သည် ။ သူ့ရဲ့ သပ်ယပ်သေသပ် လှတဲ့ ဆံပင်တွေက ကြက်သိုက်ပမာ ပြောင်းလဲသွားသည်။
You XiaoMo အမူအယာက သူအရမ်းဒေါသထွက်နေပေမယ့် ဘာမှကို မပြောရဲပဲ Ling Xiao ဘာလို့ စိတ်တိုသွားလဲဆိုတာတောင် မသိဘူးဖြစ်နေသည် ။ မကြာသေးခင်ကမှ သူ့ဆံပင်တွေ သပ်ယပ်သွားအောင် ကူပေးခဲ့ပြီးတော့ တကယ်ကြီး ဒီလိုပြုမူနေပြန်သည် ။ စာအုပ်၏ စာမျက်နှာများ လှန်တာထက်ကို ပိုမြန်အောင် လှန်နေသည်။ သူနောင်တရသွားတာလား? ​ယောက်ျားတွေလဲ စိတ်ပြောင်းလွယ်တဲ့ သတ္တဝါမှန်း သူပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now