Chapter 96

8.9K 1.6K 39
                                    

C-96 Magic pill evaluation.

ထိုစကားလုံးများကို ကြားတော့ လူတိုင်းက သူ့ကို အံသြတကြီး ကြည့်ကြတော့သည်။

သူ့ကိုယ်သူ အရူးလုပ်တာကို ကြည့်ချင်လှသော Tang YunQi ကတော့ မျက်မှောင်ကြီး တင်းတင်းကြုပ် ထားလေသည်။ သူ(မ)က သူ့ရှေ့က ဆေးကြိုအိုးကို မည်းသဲစွာ ကြည့်နေကာ မျက်လုံးကလဲ ဒေါသကြောင့် ဝင်းဝင်းတောက်နေသည်။ သူ(မ)ဘေးက လက်သီးစုတ်ကတော့ တင်းနေအောင် စုပ်ထားရ၍ ရဲရဲတောက် နေကာ သူ(မ) ဘယ်လောက်တောင် အားသုံးထားသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေသည်။

ထိုအကြီးအကဲက မျက်ခုံးများ အနည်းငယ် ပင့်ကာ လျှောက်လာပြီး တည်ငြိမ်စွာ မေးလိုက်သည် "ဘယ်မှာ ပျက်စီးနေတာလဲ"

You XiaoMo က ဆေးကြိုအိုးကို လှည့်ပြလိုက်သည်။ အောက်ခြေတွင် ကြက်ခြေခတ် အက်ကွဲကြောင်းများ ရှိနေသည်။ ပထမတော့ အဲဒါက အက်ကွဲရာ တစ်ခုတည်းပင်။ သို့သော် မှော်ဆေးလုံး ဖော်နေစဉ် သူ့အပြုအမူ တွေကြောင့် အက်ကြောင်းက ဆက်မခံနိုင်တော့ပဲ ကျယ်လာတာ ဖြစ်သည်။

အကြီးအကဲက မျက်မှောင်ကြုပ်ကာ စကားတစ်ခွန်းမှ မပြောပဲ ဆေးကြိုအိုး အသစ်လဲရန် တစ်ယောက်ကို ခိုင်းလိုက်သည်။ ဆေးပင်၏ ပထမအပိုင်းကတော့ ဆေးကြိုအိုးကြောင့် ပျက်စီးသွားရပြီ။ သို့သော် သူက နောက်ထပ် ဆေးအဖုံးအတွက် လက်မလျော့ပေ။

အစောတုန်းက မှော်ဆေးပင်တွေ ဝေပေးသော လူငယ်လေးဆီက ဆေးကြိုအိုး တစ်ခု လက်ခံရရှိပြီးနောက် You XiaoMo က သူ့ရှေ့မှာတင် သေချာစစ်ဆေးလိုက်သည်။ အောက်ခြေတွင် အက်ရာ မရှိဘူး ဆိုတာ သေချာအောင်လုပ်ပြီးမှ You XiaoMo က ပိုပြီး စိတ်သက်သာရာ ရသွားသည်။ သူက ဆေးစဖော်နေပြီ ဆိုမှ တူညီသော အရာကို ထပ်မံ မတွေ့ချင်တော့။ ပြီးတော့ သူ့မှာ တစ်ဖုံစာသာ ပစ္စည်းတွေ ကျန်တော့သည်။ ဒီတစ်ကြိမ်သာ မလုပ်နိုင်ပါက သူက ဒီအကဲဖြတ်မှုကို ကျဆုံးမည့် အဓိပ္ပါယ် ဖြစ်သည်။

လူငယ်က သူ့အမူအယာကို သတိမပြုမိသည့်အလား ခေါင်းငုံ့ထားသည်။ အကြီးဆီသို့ လျှောက်သွား သောအခါ သူ့ခြေလှမ်းတွေက တော်တော်လေး တုန်လှုပ်နေသည်။ သူ့ နဂိုနေရာကို ပြန်ရောက်သွားချိန်တွင် သူ့မျက်လုံးတွေက နီနေသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now