Chapter 154 Set Out ( Z & U)

10K 1.5K 19
                                    

C-154 Set out.

အခန်း ၁၅၄ ထွက်ခွာခြင်း
မြေကမ္ဘာတောင်ထွတ်မှ သတ်မှတ်နေရာ ငါးနေရာသာ ရရှိသော်လည်း မြေကမ္ဘာတောင်ထွတ်မှလူတိုင်း အမြင့်ဆုံးကနေ အောက်ဆုံးအထိ လူတိုင်းအရမ်းပျော်ရွှင်နေသည်။
You XiaoMoက ရွေးချယ်ထားသော လူငါးယောက်ကို မနေ့ကမှ အစ်ကိုYang ဆီက ကြားခဲ့ရသည်။ အစ်ကိုကြီး နှင့် ဒုတိယအစ်ကိုတို့ကို ရွေးချယ်ထားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ဒိတော့ သုံးနေရာသာ ကျန်တော့သည်။ အဲဒိထဲက နှစ်နေရာမှာ မြေကမ္ဘာတောင်ထွတ်မှ အခြားအကြီးအကဲ တစ်ယောက်၏ တပည့်များဖြစ်သည်။ နောက်ဆုံးကျန်သော နေရာအတွက် အရွေးချယ်ခံရသူမှာ You XiaoMo လုံးဝ မထင်ထားသူဖြစ်သည်။ ထိုသူက ဆဋ္ဌမမြောက်အစ်ကို Mao Can ဖြစ်သည်။
နောက်တော့ အနီးအနားကို မေးမြန်းပြီးချိန်တွင် ဘာ့ကြောင့်လဲ ဆိုသည်ကို သူသိရှိသွားသည်။
ပထမတော့ မျှတသည်ဟု ထင်စေရန် Kong Wen က အကြီးအကဲတစ်ယောက်ကို တစ်နေရာသာ ပေးသည်။ အကယ်လို့ သူက သူတို့ထဲက တစ်ယောက်ယောက်ကို တစ်နေရာ ပိုပေးပါက အခြားတစ်ယောက်က မပျော်ရွှင်ပဲနေလိမ့်မည်။ ထို့ကြောင့် Kong Wen က အဆိုပါ နေရာကို အလွယ်တကူ Zhao Zhen ကို ပေးလိုက်သည်။
Zhao Zhen က ဆေးဝိဇ္ဇာခန်းမ၏ ကြီးကြပ်သူဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ။ မြေကမ္ဘာတောင်ထွတ်တွင် သူ၏ အထောက်အပံမှာ အတော်လေး အရေးပါသည်။ သူ့ကို တစ်နေရာ ပေးခြင်းသည် မှန်ကန်ရန်သာ ဖြစ်သည်။ အဲဒိကို ကြားပြီးနောက် အကြီးအကဲ နှစ်ယောက်က ရေးကြီးခွင်ကျယ် မလုပ်တော့။
သို့သော် အဆိုပါ ဆုံးဖြတ်ချက်ကို Kong Wen ကသာ မတိုင်ခင်တစ်ရက်က ပြုလုပ်ခြင်းဖြစ်သည်။ Zhao DaZhou သည်လည်းပဲ မနေ့ကမှ သိရှိရလေသည်။
Zhao DaZhou မသိရှိကြောင်း You XiaoMo ဘာ့ကြောင့်သိရသလဲဆိုတာကတော့ မနေ့ကညကမှ Zhao DaZhou ကသူ့ကို လာရှာခဲ့သည်။ သူ့အဖေ တစ်နေရာ ရကြောင်းသိပြီးနောက် သူပထမဆုံး တွေးမိသည်မှာ သူ့ကို သာဖြစ်သည်။ အဆိုပါ နေရာကို သူကို ပေးရန် သူ့အဖေကို ပြောပြနိုင်သည့်အကြောင်း အရိပ်အချေ ပြခဲ့သေးသည်။
အဲဒါနှင့် စပ်လျဉ်းပြီးတော့ You XiaoMo ငိုရမလား ရယ်ရမလား မသိတော့ချေ။ Zhao DaZhou နေရာတစ်နေရာ ပေးဖို့ ဘာ့ကြောင့် အရမ်းစိတ်အားထက်သန်နေမှန်း သူတစ်ကယ် လုံးဝ နားမလည်ပေ။ သို့သော် သူတကယ့်ကို လက်ခံ၍မရပေ။ Ling Xiao က သူကအတွက် တစ်နေရာ သေချာသည်ဟု ပြောထားတာကို ထည့်မတွက်လျှင်တောင် အကယ်လို့ သူ့ကို ဦးလေးZhao က နေရာပေးလိုက်လျှင်တောင် Kong Wen က ခုန်ပေါက်ပြီး ငြင်းဆိုမှာဖြစ်သည်။ သူ့ကို ပါဝင်စေ၍ မဖြစ်ချေ။
You XiaoMo မမေးပဲ မနေနိုင်ချေ။
“အစ်ကို ငါး ။ ဘာလို့ ကျွန်တော့်ကို နေရာပေးဖို့ တိုက်တွန်းနေတာလဲ?”
Zhao DaZhou တစ်ခဏ တော့ ပြန်ပြီးတွန့်ဆုတ်သွားသည်။ ဘာသတိပေးချက်မှ မရှိပါပဲ သူ့မျက်နှာနီသွားသည်။ အချိန် ကာလတစ်ခုလောက် ကြာသွားမှ ပလုံးပထွေး နှင့် တီးတိုးစွာ ပြောသည်။
“ ပြောနေကြတဲ့ စကားတစ်ခု ရှိတယ်မလား တစ်ဦးတစ်ယောက်ရဲ့ မြေသြဇာကောင်းတဲ့ ရေတွေကို အခြားတစ်ယောက်ရဲ့ လယ်ကွင်းတွေထဲကို မစီးဆင်းစေနဲ့ ဆိုတာ? (ကိုယ်တွေနဲ့ဆိုရင် အကျိုးလိုလို့ ညောင်ရေသွန်းတယ်လို့ ပြောလို့ရမယ် ထင်တယ်) ဒီဟာက….. တကယ်တော့ င့ါမှာလဲ ငါ့အကြောင်းပြချက်ရှိပါတယ်”

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now