Chapter 95

9.4K 1.6K 12
                                    

C-95 Assessment (II)

ကျောက်သားစင်မြင့်များက မီတာဝက်ကျယ်ပြီးတော့ တစ်မီတာ မြင့်သည်။ ဆေးဝိဇ္ဇာခန်းမ ထဲက ကျောက်သားအခန်းထဲမှာ You XiaoMo မြင်ဖူးသော ကျောက်သားစင်မြင့်များနှင့် ပိုတူသည်။

သို့သော် ဒီကျောက်သားစင်မြင့်များက အနည်းငယ် ပိုမြင့်သည်။ စင်ကိုးခု တက်လာတယ် ဆိုတော့ တစ်ချိန်တည်းမှာ ကိုးယောက် စစ်ဆေးနိုင်သည်။ အဓိကတောင်ထွတ် သုံးခု ပေါင်းလျှင် ခုနစ်ဆယ့်နှစ်ယောက် ရှိသည်တိုတော့ ရှစ်ကြိမ်တိတိ မပိုမလိုပင်။

အဲဒိနောက် ထိုအကြီးတန်း က နံပါတ်တွေ စခေါ်သည်။ အခေါ်ခံရသူတိုင်းက ကျောက်တုံးစင်မြင့် တစ်ခုရှေ့တွင် ရပ်ရသည်။ စင်မြင့် ကိုးခုသာ ရှိသည်မို့ တောင်ထွတ်တိုင်းက သုံးယောက်စီ လာရမှာ ဖြစ်သည်။

ပထမအသုတ်ကို အမြန်ခေါ်သွားသည်။ မြေကမ္ဘာ တောင်ထွတ်က သုံးယောက်က ဘယ်ဘက်အစွန်ဆုံး ကျောက်သားခုံမြင့်များတွင် ရပ်နေကြသည်။ You XiaoMo က အခြားခြောက်ယောက်ကိုတော့ မမှတ်မိပေမယ့် ကောင်းကင်တောင်ထွတ်က လူတွေကိုတော့ ခပ်လွယ်လွယ် မှတ်မိသည်။ သူတို့၏ ခေါင်းများက မာနထောင်လွှားဟန် မော်နေကြလို့ ဖြစ်သည်။

လူငယ်လေး တစ်ယောက်က သဲနာရီတစ်ခု ယူလာကာ လူတိုင်းရှေ့တွင် ထားလိုက်သည်။

သဲနာရီကို ခပ်ဖြူဖြူသဲများ ဖြည့်ထားသည်။ လူငယ်လေးက လှည့်ကာ စားပွဲပေါ်တင်လိုက်သည်။ သဲများက ဖြည်းဖြည်းချင်း စတင်ကျဆင်းလာသည်။ ဒါက တစ်ခါတစ်လေ အချိန်မှတ်ရန် လိုချိန်တွင် TianXin ဂိုဏ်းက သုံးတတ်သောအရာ ဖြစ်သည်။ သဲတွေအကုန် အောက်ကျသွားလျှင် ပထမအသုတ်အတွက် အချိန်ကုန် ပြီဟု ဆိုလိုသည်။

You XiaoMo က အခုကျမှသာ အကဲဖြတ်မှုတွင် အချိန်ကန့်သတ်မှု ရှိကြောင်း သိတော့သည်။ ကံကောင်းစွာ နှင့် သူက တော်တော်လေး ပြင်ဆင်ထားလို့ပင်။ မဟုတ်ပါက သူ့စိတ်က သဲနာရီကြောင့် သက်ရောက်မှု ရှိသွားလိမ့်မည်။ ဂိုဏ်းသားအချို့လဲ သဲနာရီကို စိတ်လှုပ်ရှားစွာ ကြည့်နေတာ မြင်လိုက်ရသည်။

အကဲဖြတ်မှု စတာနှင့် ဂိုဏ်းသားကိုးယောက်က သူတို့အတွက် ခုံမြင့်တွင် ပြင်ပေးထားသော မှော်ဆေးပင်များ ကို စတင် ကောက်ယူကြသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now