Chapter 157 Excretion Spot ( Z & U)

10K 1.5K 21
                                    

C-157 Excretion spot.
အခန္း ၁၅၇ -  အညစ္အေၾကးစြန္႕ေသာ ေနရာ
လြန္ခဲ႕ေသာႏွစ္ေပါင္း တစ္ေသာင္းက ေသြးပ်က္ဖြယ္အျဖစ္အပ်က္ျပီးေနာက္ ေမွာ္၀င္သားရဲမ်ား၏ စြမ္အားၾကီးမားလာမႈက က်င့္ၾကံသူမ်ားက သူတို႕ကို ဆတ္ဆတ္ေဆာ့ေဆာ့ႏွင့္ အစုလိုက္အျပံဳလိုက္ ထပ္မံ သတ္ျဖတ္ျခင္း မွ ကာကြယ္သြားသည္။
ထို႕ေၾကာင့္လဲ က်င့္ၾကံသူမ်ားက ေမွာ္၀င္သားရဲမ်ား၏ အင္အားကို အလြန္အမင္းလုိခ်င္တပ္မက္ျခင္းျဖစ္သည္။ မည္သို႕ပင္ ဆိုေစကာမူ အလြန္နည္းပါးေသာ က်င့္ၾကံသူမ်ားကမူ သန္မာေသာေမွာ္၀င္သားရဲမ်ားႏွင့္ ဆက္ႏြယ္ႏို္င္သည္။ ေမွာ္၀င္သားရဲ၏ အဆင့္က ျမင့္ေလေလ သူတို႕ ခ်ဳပ္ဆိုေသာ ဆက္ႏြယ္မႈက အားေကာင္းေလေလ ျဖစ္သည္။ သူတို႕က က်င့္ၾကံသူမ်ား၏ အလြယ္တကူ အမဲလုိက္ႏို္င္ျပီး သတ္ျဖတ္ျခင္း ခံရေသာ ပစ္မွတ္မဟုတ္ေတာ့ေခ်။
ေမွာ္၀င္သားရဲမ်ား၏ အရွင္သခင္ေပၚေပါက္လာျခင္းသည္ သဘာ၀ကြင္းဆက္ ကို အက်ိဳးသက္ေရာက္မႈ မရွိေပ။ ဒီကမၻာၾကီးမွာ အျမဲ ျဖစ္ပ်က္ေနသလိုပဲ အားနည္းသူက အသားျဖစ္ကာ အားၾကီးသူက စားမည္ျဖစ္သည္။
ေမွာ္၀င္သားရဲမ်ား၏ အရွင္သခင္က သူတုိ႕ကို သန္မာေစေသာ စြမ္းရည္ကိုသာ ေပးစြမး္ကာ က်င့္ၾကံသူမ်ားႏွင့္ ေမွာ္၀င္သားရဲမ်ားက ရန္လိုမႈမ်ားကို မေျပာင္းပစ္ေပ။ ထို႕ေၾကာင့္ သတ္ျဖတ္မႈမ်ားက ေတာ့ ဆက္ရွိေနသည္။ သို႕ေသာ္ လြန္ခဲ႕ေသာ ႏွစ္တစ္ေသာင္းကလုိမ်ိဳး တစ္ဖက္သတ္ကိစၥမ်ိဳးေတာ့ ထပ္မရွိေတာ့။
သို႕ေသာ္ ထိုအခ်ိန္မွစကာ ေမွာ္၀င္သားရဲမ်ား၏ အရွင္သခင္ ေပ်ာက္ကြယ္သြားသည္။ လြန္ခဲ့ေသာ ႏွစ္ငါးေထာင္က ထပ္ေပၚလာကာ အဲဒိထဲက ထပ္မေပၚလာေတာ့။ အခ်ိဳ႕သူေတြ ေျပာၾကသည္က ေမွာ္၀င္သားရဲမ်ား၏ အရွင္သခင္က Long Xiao တိုက္မၾကီးကို စြန္႕ခြာသြားျပီဟု ဆိုသည္။ အခ်ိဳ႕သူေတြကေတာ့ သူက ႏွစ္ႏွစ္ျခိဳက္ျခဳိက္ အိပ္ေပ်ာ္ေနသည္ဟု ဆုိသည္။ အျခားသူမ်ားက သူက Long Xiao တိုက္မၾကီး၏ တစ္ေနရာတြင္……….
မည္သို႕ပင္ ဆိုေစကာမူ ေမွာ္၀င္သားရဲမ်ားအတြက္ ေမွာ္၀င္သားရဲအရွင္သခင္သည္ သူတို႕၏ ကယ္တင္ရွင္ ၊ သူတို႕၏ အရွင္သခင္ အျဖစ္ ေမွာ္၀င္သားရဲမ်ားၾကားတြင္ ဒ႑ာရီတစ္ခုအသြင္ ရွိသည္။
You XiaoMo က လြန္ခဲ႕ေသာ ႏွစ္တစ္ေသာင္းက က်င့္ၾကံသူမ်ားႏွင့္ ေမွာ္၀င္သားရဲမ်ားၾကားက ဒီလုိသမိုင္းေၾကာင္းမ်ိဳးကို ေလ့လာျပီးေနာက္ ၾကက္ေသေသေနသည္။
TianXin ဂုိဏ္းမွာ ေမွာ္၀င္သားရဲမ်ားႏွင့္ ဆက္ႏြယ္တာမ်ိဳး မျမင္ရတာ အံ့ၾသစရာ မရွိပါဘူး။ သာမန္ ေမွာ္၀င္သားရဲသာ ဆုိလွ်င္ သိုင္းသမားမ်ားေကာ ေမွာ္ဆရာမ်ားက သူတို႕၏ ကန္႕သတ္ထားေသာ ေနရာကို ဘယ္လုိလုပ္ လြင့္ပစ္ႏုိ္င္မလဲ။ အဆင့္ျမင့္အဆင့္ ေမွာ္၀င္သားရဲမ်ားက သူတုိ႕နား ကပ္ႏို္င္ဖို႕ေတာင္ မလြယ္ကူေပ။ ဟိုဟာ ဒီဟာ ေခ်းမ်ားျပီး ေရြးခ်ယ္ဖို႕ထား ေမွာ္၀င္သားရဲမ်ားႏွင့္ တကယ္တမ္း ဆက္ႏြယ္ႏုိ္င္သူဆိုသည္က အလြန္ကို နည္းပါးလွသည္။
နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္အတြက္ကေတာ့ ေမွာ္၀င္သားရဲ အရွင္သခင္ ထုတ္လႊင့္ထားေသာ ျခိမ္းေျခာက္မႈမ်ားကို ခံစားႏိုင္ေသးသည္။ ေမွာ္၀င္သားရဲအရွင္သခင္ ေပၚမလာတာ ႏွစ္ေထာင္ခ်ီရွိေနျပီျဖစ္သည္။ သူက Long Xiao တိုက္မၾကီးက ထြက္ခြာသြားျပီလား ဆိုတာ က ဘယ္သူ သိႏို္င္မွာလဲ။ ဒီေတာ့ ျခိမ္းေျခာက္မႈ၇ေတာ့ အရင္ကထက္ေတာ့ ေလ်ာ့နည္းေနျပီျဖစ္သည္။
သို႕ေသာ္ ထုိဂိုဏ္မ်ားက နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ ကို မဆန္႕က်င္တာလည္း အျခားအေၾကာင္းမ်ားရွိသည္။
နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္မွာ ႏွစ္ပါတ္လည္လံုး မီးခိုးေရာင္ အဆိပ္ေငြ႕မ်ား လြမ္းျခံဳထားသည္။ ထို အဆိပ္ေငြ႕မ်ားသည္ မိုးထိေအာင္ဆိုးယုတ္လွေသာ စပါးအံုးေျမြမ်ား အညစ္အေၾကးမ်ားျဖစ္သည္။ ထိုအရာက အာကာသအဆင့္ ႏွင့္ ေအာက္က က်င့္ၾကံသူမ်ား၏ အကာအကြယ္မ်ားကို အသာေလး ခ်ိဳးျဖတ္ႏုိ္င္သည္။
ဒီေတာ့ သူတုိ႕ ဂိုဏ္သားအေျမာက္အမ်ားကို စေတးႏုိ္င္မွ သာလွ်င္ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ ကို ဆန္႕က်င့္ေသာ  အမႈကို ျပဳႏုိ္င္မည္ ျဖစ္သည္။ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ ၏ ေခါင္းေဆာင္သည္ အဆင့္ကိုး အဆင့္ရွိ မိုးထိေအာင္ ဆိုးယုတ္ေသာ စပါးအံုးေျမြျဖစ္ရာ လူအျဖစ္အလြယ္တကူ ကူးေျပာင္းႏုိ္င္သည့္အျပင္ သူက ထိန္းခ်ဳပ္မႈေအာက္တြင္ စီနီယာ ဗိုလ္ခ်ဳပ္ၾကီးမ်ား ရွစ္ေယာက္ ရွိေသးသည္။ ထို အင္အားအဆင့္သည္ Tian Xin ဂိုဏ္းႏွင့္ အဆင့္တူအျဖစ္ ရပ္တည္ႏုိ္င္ေအာင္ လံုေလာက္ေစသည္။
နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္၏ ေျမမ်က္ႏွာသြင္ျပင္ေကာင္းက်ိဳး လဲ ရွိေသးသည္။ မိုးထိေအာင္ဆိုးယုတ္ေသာ စပါးအံုးေျမြကို မေတြ႕ခင္မွာတင္ က်င့္ၾကံသူ အမ်ားစုက ဒါဏ္ရာရသြားႏိုင္သလုိ ေသလဲ ေသသြားႏို္င္သည္။
You XiaoMo Ling Xiao နားကို တိတ္တိတ္ေလး ကပ္သြားသည္။ သူ႕အစ္ကိုႏွစ္ေယာက္ အခ်င္းခ်င္းစကားေျပာေနေသာ အခ်ိန္ကို အခြင့္ေကာင္းယူကာ Ling Xiao ကုိ တီးတုိးေျပာလိုက္သည္။
“ အစ္ကိုၾကီးLing ေမွာ္၀င္သားရဲ အရွင္သခင္က ဒီေလာက္ စြမ္းတာ သူက သုခဘံုနယ္ေျမရဲ႕ ပိုင္ရွင္ ျဖစ္ႏိုင္တယ္လုိ႕ ထင္လား? ကၽြန္ေတာ္တို႕ ဒီလို သြားလို႕ သူ႕ကို ေဒါသမ်ားထြက္ေစမလား?”
သဘာ၀ရႈခင္းကို စိတ္ေက်နပ္ေသာ အမူအယာႏွင့္ ၾကည့္ရႈေနေသာ Ling Xiao က သူ႕အေျဖကို ေမွ်ာ္လင့္ေနေသာYou XiaoMo ကို သိမ္ေမြ႕ေသာ အၾကည့္ေလးနဲ႕ ၾကည့္လုိက္သည္။ သူ႕ႏႈတ္ခမး္စြန္းကေန နားလည္ရခက္ေသာ အျပံဳးတစ္ခု ထြက္လာကာ “ မျဖစ္ႏုိ္င္ဘူး ”
“ဘာလို႕လဲ?”  You XiaoMo ထပ္ေမးလုိက္သည္။
သူ႕ကို ၾကည့္ေနသည့္ Ling Xiao ၏ မ်က္လံုးမ်ားက ေတာက္ပေနကာ သူ႕ကို ျပံဳးျပီးေတာ့
“ အဲဒိ ေမွာ္၀င္သားရဲ အရွင္သခင္ဆုိတာက Long Xiao တိုက္မၾကီးက က်င့္ၾကံသူအားလံုးကို တကယ္ၾကီး ထိတ္လန္႕ေစတာ။ သူကို ဘယ္သူမွ မယွဥ္ႏို္င္တာ အသိသာၾကီး ဒီေတာ့ သူ႕ကို ထိခိုက္ေစမယ့္ က်င့္ၾကံသူ တစ္ေယာက္မွာ မရွိတာ့ သူက အသက္ရွင္ေနဦးမွာ။ သုခဘံုနယ္ေျမပို္င္ရွင္ကေတာ့ သူက လြန္ခဲ႕ေသာ နွစ္တစ္ေသာင္း ဒါမဟုတ္လဲ ဒိထက္ေစာလိမ့္မယ္ အဲဒိက အင္အားၾကီးသူ တစ္ေယာက္ပဲ။ သူေသတာ ၾကာလွျပီဆိုေတာ့ သူ႕၀ိဥာဏ္ေတာင္ ဒီမွာ ရွိေတာ့မွာ မဟုတ္ဘူး။ ဘယ္လို႕လုပ္သူ ျဖစ္ႏို္င္မွာလဲ?”
You XiaoMo က နႈတ္မ္းအနည္းငယ္ ေထာ္သြားေပမယ့္ Ling Xiao ေျပာတာ မွန္တယ္လို႕ ခံစားရသည္။ သူဘယ္လိုပဲ ၾကည့္ၾကည့္ ေမွာ္၀င္သားရဲအရွင္သခင္ဆိုတာက ရုတ္တရက္ ေပၚလာတာ။ Long Xiaoတိုက္မၾကီးက လူမဟုတ္တာ ျဖစ္ဖို႕မ်ားသည္။ ျပီးေတာ့ အခ်ိန္အားျဖင့္ လဲ မကိုက္ညီေပ။
“ညီငယ္ေလး နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ရဲ႕ တည္ရွိမႈက မင္းစိတ္ကူးထားတာထက္ကို ပိုျပီးရႈပ္ေထြးတယ္”
Ling Xiao က သူကနားကို ရုတ္တရက္ကိုင္းကာ သူ႕နားနားမွာ  ထိုစကားကိုေျပာတာျဖစ္သည္။
You XiaoMo ေခါင္းေမာ့လုိက္ေတာ့ သူ႕မ်က္ႏွာေပၚက က်န္ေနေသာ အျပံဳးတစ္စြန္းတစ္စကို မိလိုသည္။ ထိုအျပံဳက အရင္က ျပံဳးေသာ သာမာန္အျပံဳးနဲ႕ မတူေပ။ အထင္အျမင္ေသးျပီး ပမာမထားေသာ အျပံဳးတစ္ခုသာ ျဖစ္သည္။ သူ႕ မ်က္လံုးထဲမွာ မႊားေကာင္မ်ားကို ျမင္လိုက္ရေသာ အၾကည့္မ်ိဳးျဖစ္သည္။ ရုတ္တရက္ၾကီးကို  You XiaoMo စဥ္းစားရ ၾကပ္သြားသည္။
အမွန္ေတာ့ အဖြဲ႕သံုးခု က မလႈပ္ရွားရျခင္းက အင္အားညီမွ်ေျခ ေၾကာင့္ ျဖစ္သည္။ TianXinဂိုဏ္း Qing Cheng ဂိုဏ္း နွင့္    XingLuoအဖြဲ႕သည္ Long Xiaoတိုက္မၾကီး၏ ေတာင္ပုိင္းတြင္ အင္အားညီမွ်မႈျဖင့္ ဖြဲ႕စည္းထားသည္။ သူတို႕ထဲမွာ အင္အားတစ္ခုခုက လြတ္သြားပါက က်န္ ႏွစ္ဖြဲ႕က တစ္ဖြဲ႕ႏွင့္ တစ္ဖြဲ႕လုေတာ့မည္ ျဖစ္သည္။
TianXinဂိုဏ္းႏွင့္ Qing Chenဂိုဏ္းက နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ ကို စိတ္၀င္စားသည္ဆိုပါဆို႕။ သူတို႕က မိုးထိဆုိးယုတ္ေသာ စပါးအံုးေျမြကို တိုက္ရန္ ႏွစ္ဖက္ေပါင္းလိုက္မည္။ သို႕ေသာ္ လူတိုင္းသိသလိုပဲ အဆင့္ျမင့္ မိုးထဆိုးယုတ္သာ စပါးအံုးေျမြ၏ ကာကြယ္ႏုိ္င္မႈမွာ အလြန္ျမင့္မားသည္။ မင္းသာ သတ္ခ်င္လွ်င္ ၾကီးမားေသာ အခ ေတာ့ ေပးရလိမ့္မည္။ ဒီနည္းနွင့္ သူတို႕က ေသခ်ာေပါက္ ထိခိုက္ဒါဏ္ရာ ရမွာ ျဖစ္သည္။ အင္ပါယာအဆင့္ တုိက္ခိုက္သူ၏ ျခိမ္းေျခာက္မႈ မပါလွ်င္ အင္အားမွ်ေခ်မွာ က်ိဳးပ်က္သြားမွာ ျဖစ္သည္။ XingLuo အဖြဲ႕က သူတို႕ကို တုိက္ခိုက္မႈ ျပဳဖို႕ မ်ားသည္။
အင္အားသံုးခု ထဲက တစ္ခုက လႈပ္ရွားဖို႕ တြန္႕ဆုတ္ေနသေရြ႕ အျခားႏွစ္ဖြဲ႕ကလည္း ေသခ်ာေပါက္ လႈပ္ရွားမည္ မဟုတ္။ အဆီတ၀င္း၀င္းႏွင့္ အသားကိုသာ မ်က္လံုးၾကီး ျပဴးျပီး ၾကည့္ေနႏို္င္ေတာ့ နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ က သူတို႕ လႈပ္ရွားမႈ တစ္ခုေတာင္ မလုပ္ႏုိ္င္ေသးခင္မွာ တစ္စ တစ္စနဲ႕ အဆီေတြ တက္တက္လာသည္။
“အစ္ကိုၾကီးLing ေမွာ္၀င္သားရဲ အရွင္သခင္က ဒီမွာ ရွိေသးတယ္လုိ႕ ထင္လား?”
ဒီအဖြဲ႕ၾကီးမ်ား ၾကားထဲက ဆက္ဆံေရးမွာ အလြန္ကို ရႈပ္ေထြးလွသည္။ You XiaoMo က အဲဒါကို နားလည္ရန္ စိတ္မ၀င္ စားေပ။ သူစိတ္၀င္စားတာက ေမွာ္၀င္သားရဲ အရွင္သခင္ကို ျဖစ္သည္။
Ling Xiao က ေခါင္းငံုျပီး သူ႕ကို ၾကည့္လိုက္ကာ ေပါ့ေပါ့ပါးပါး ျပံဳး ကာ ဆိုသည္။ “ဒါေပါ့ သူရွိေသးတာေပါ့”
You XiaoMo ရဲ႕ မ်က္လံုးအိမ္ေလးက ကလယ္ကလယ္ျဖစ္ကာ ၀မ္းေျမာက္ ၀မ္းသာနဲ႕   “ဒါဆို သူအခုဘယ္မွာလဲ ဆိုတာ သိလား?”
“သူက…..အ..”
Ling Xiao သူ႕ေမးေစ႕ကို ပြတ္ျပီးေတာ့ သူ႕ရဲ႕ ေတာက္ပေနတဲ႕ မ်က္လံုးေတြကို ဖ်တ္ခနဲၾကည့္ကာ ရုတ္တရက္ေမးလုိက္သည္။ “ဘာလုိ႕ေမးတာလဲ?”  
“ကၽြန္ေတာ္….ကၽြန္ေတာ္က ဒီအတိုင္းပဲ ေမးလိုက္တာ”
You XiaoMo အသံမထြက္ပဲ ရယ္ကာ သူတကယ္ပဲ သူေျပာလုိက္သလို ေမးရံုသာ ေမးသလုိ လုပ္လိုက္သည္။
သာမန္လူသာဆို ထပ္ေမးမွာ မဟုတ္ေပ သို႕ေသာ္ Ling Xiao က သာမာန္ လူမဟုတ္။ ထပ္ေျပာရရင္ ထိုလူက သူ႕ေရွ႕က လူျဖစ္ကာ သူထပ္မေမးဘူးဆိုတာ မျဖစ္ႏို္င္ေပ။ သူ႕ေခါင္းကို ဆတ္ခနဲ ရိုက္ကာ ျပံဳးစစ နဲ႕ ေမးလုိက္သည္။
“ အမွန္အတိုင္းေျပာ”
You XiaoMo ပါးစပ္တြန္႕ခနဲျဖစ္သြားသည္။ ဒီလူကေတာ့ တကယ္မုန္းဖို႕ေကာင္းတယ္ အျမဲတမ္း အခ်ိန္တိုင္း သူ႕ကို ျမင္သာေအာင္ လုပ္သည္။
You XiaoMo စကားလံုးေတြ စီကာ “ အမွန္က အဲဒိလူ အရမ္းအံၾသဖို႕ေကာင္းတယ္ဆိုေတာ့ ကၽြန္ေတာ္ ထင္လုိက္တာက သူ ေစာင့္ ေရွာက္တဲ႕ ရတနာက လည္း အရမ္းထူးကဲတဲ႕အရာ တစ္ခုျဖစ္မွာပဲ။ ဒီေတာ့ ကၽြန္ေတာ္တို႕ သူ႕ေနရာသာ သိရင္ အဆင့္တစ္ဆယ္အဆင့္ နဲ႕ သူ႕ထပ္ျမင့္တဲ႕ ေမွာ္ေဆးပင္ေတြ မ်ား ရွာလို႕ ရႏို္င္တယ္ေလ။ ဘာေျပာခ်င္လဲ?”
Ling Xiao က သူဒီေမွာ္ဆရာေလးကို ေလ်ာ့တြက္မိတာပဲလုိ႕ ခံစားရလုိက္ရသည္။ သူက သူ႕ပစၥည္းေတြကိုေတာင္ တကယ္ၾကီးကို လိုခ်င္ေနေသးသည္။ သို႕ေသာ္….. သူ႕ကို အထက္ေအာက္ ၾကည့္ရႈျပီးေနာက္ေတာ့ ဒါက တကယ့္ကို ရတနာတစ္ခုျဖစ္သည္။ အာ.. ဒီတစ္ခ်က္ေတာ့ သူအမ်ားၾကီးကို သေဘာတူ လက္ခံသည္။
“အစ္ကိုၾကီး Ling ကၽြန္ေတာ့ အၾကံ ဘယ္လုိ သေဘာရလဲ?”
သူဘာမွ မေျပာတာကို ျမင္ေတာ့ You XiaoMo စိတ္လႈပ္ရွားစြာ နဲ႕ ေမးလုိက္သည္။ သူ႕အေျဖကို သိဖို႕ေတာင္ မေစာင့္ႏုိ္င္ ေတာ့ဘူး။
“ဒါေပ့ါ အၾကံေကာင္းပဲ”
Ling Xiao ျပံဳးျပီး ေခါင္းညိမ့္ျပလုိက္သည္။
တကယ္ေတာ့ အဆင့္ျမင့္ ေမွာ္ေဆးပင္ေတြ ရွိသည့္ ေနရာတြင္ ေသခ်ာေပါက္ ေမွာ္၀င္သားရဲမ်ား ရွိလိမ့္မည္။ သို႕ေသာ္ ေမွာ္၀င္သားရဲမ်ား ရွိသည့္ေနရာတိုင္းတြင္ ေမွာ္ေဆးပင္မ်ား ရွိဖို႕ မလိုေပ။ You XiaoMo က ဒီအခ်က္ကို ေမ႕သြားတာ ရွင္းလင္းလွသည္။ Ling Xiao က သူေတြးတာကို ေထာက္ခံတာကို ၾကားရေတာ့ သူက ေပ်ာ္ရႊင္ကာ သူ႕ကုိယ္သူ တကယ္ေတာ္တယ္ လို႕ တိတ္တဆိတ္ထင္သြားသည္။
သူ လံုး၀ေပ်ာ္ရႊင္သြားတာကို ျမင္ေတာ့ Ling Xiao ၏ မ်က္လံုးေတြထဲမွာ ေဆာ့ကစားခ်င္ေသာ အရိပ္အေယာင္ ျဖတ္ခနဲ ေပၚလာကာ ထပ္ေျပာလိုက္သည္။
“ညီငယ္ေလး၊ ျပန္စဥ္းစားၾကည့္ေတာ့ မငး္ရဲ႕ အၾကံက ေကာင္းတယ္ေပမယ့္လုိ႕ နည္းနည္းတာ့ မျဖစ္ႏိုင္ဘူးလို႕ ခံစားရတယ္။”
Ling Xiao က လံုး၀ကို အတည္ေျပာေနတာ ျဖစ္သည္။
“စဥ္းစားၾကည့္ေလ။ မင္းက ေမွာ္၀င္သားရဲအရွင္သခင္ ေစာင့္ၾကပ္တဲ့ေနရာ ကို ရွာခ်င္တယ္လို႕ေျပာတယ္ေလ။ ဒါေပမယ့္ အဲဒါက ေသခ်ာေပါက္ ေနရာေတြ အမ်ားၾကီး ရွိေနမွာ။ အကယ္လို႕ အရမ္းမ်ားေနရင္ ကိုယ္တို႕ေတြ ေနရာတုိင္းကို သြားျပီးေတာ့ တစ္ခါစီ သြားရွာမွာလို႕ေတာ့ မေျပာနဲ႕?”
“အုိး.. ဒါဟုတ္တာပဲ”
You XiaoMo က အခ်က္တစ္ခ်က္ကို ရသြားသလို ခံစားလုိက္ရသည္။
“ ဒီေတာ့ ကုိယ္တိုု႕ စိတ္၀ိဥာဏ္စြမ္းအင္ သိပ္သည္းတဲ႕ ေနရာေတြကို ပဲၾကည့္ရင္ေကာ ဘယ္လိုလဲ။ စိတ္၀ိဥာဏ္စြမ္းအင္ ရွားပါးတဲ႕ေနရာ ေတြက အဆင့္ျမင့္ ေမွာ္ေဆးပင္ေတြ ရွိတဲ႕ေနရာနဲ႕မတူဘူးေလ။ မင္းဘယ္လို ထင္လဲ?”
“အဲလိုသာဆိုရင္ ေမွာ္၀င္သားရဲအရွင္သခင္ ဘယ္ကို ေသခ်ာေပါက္သြားတယ္ဆိုတာ ကိုယ္တကယ္ သိတယ္။ အဲဒိက စိတ္၀ိဥာဏ္စြမ္းအင္က ေသခ်ာေပါက္ သိပ္သည္းတယ္”
Ling Xiao၏ အျပံဳးက သစၥာေဖာက္ကာ သူ႕ကို ေစတနာေတြနဲ႕ သဲလြန္စေတြ ေပးေနသလိုပဲ။
“တကယ္ၾကီး ဘယ္မွာလဲဆိုတာ သိလား?”
You XiaoMo၏ မ်က္လံုးေတြ ခ်က္ခ်င္းလင္းတက္သြားသည္။
“ဒါက……..” Ling Xiao ကေျပာလုိက္သည္။
က်န္ေသာ စကားမ်ားက ေျပာတယ္ဆိုရံုေလး တိုးတုိးသက္သာ ျဖစ္သည္။ You XiaoMo က သူကနားကို ခ်က္ခ်င္းတိုးသြားသည္။
Ling Xiao က ေခါင္းေလး ငံုကာ သူ႕ရဲ႕ နီေနေသာ နားရြက္ေလးကို ျမင္လုိက္သည္။ ျပီးေတာ့ က်ိတ္ရယ္ကာ
“အဲဒါ……သူ႕စည္းပြားေရးကိစၥေတြ သြားလုပ္တဲ့ေနရာ”
You XiaoMo “………….”
သူ႕မ်က္ႏွာေခ်ာေခ်ာေပၚက ရႊင္ျမဴးရိပ္က ခ်က္ခ်င္းကို ၀မ္းခ်ဳပ္သြားသလုိ ေျပာင္းလဲသြားသည္။
ဘာလားေဟ..အား….ဘာ အမႈိက္လဲ။ သူစီးပြားေရး လုပ္တဲ့ေနရာကစိတ္၀ိဥာဏ္အားအမ်ားဆံုး ရွိတဲ့ေနရာ?
You XiaoMo သူအလွည့္စားခံလုိက္ရျပန္ျပီဟု ခံစားလုိက္ရသည္။ မစင္ပံု ကသာ ကမၻာေပၚက ရြံစရာအေကာင္းဆုံး ေနရာ ျဖစ္သည္ဟု သူသိထားသည္။
ေနာက္ဆံုးက်မွသာ သူ႕အၾကံကို Ling Xiao ဘယ္ေတာ့ မွ အယံုအၾကည္မရွိတာ သူသေဘာေပါက္သြားသည္။ သူ႕ကို အစထဲက အဆံုးအထိ ကစားယံုေလးသာ ကစားကာ သူကေတာ့ လံုး၀ ကို က်ဆင္းသြားတာ………..
“ဟား   ဟား  ဟား”
Ling Xiao က သူ႕မ်က္ႏွာက နီရာ လိေမၼာ္ေရာင္ အဲဒိကေနမွ ခရမး္ေရာင္ ျပီးေတာ့ အစိမ္း အဲကေန အျပာ ခရမ္းေရာင္ စသျဖင့္ ေတာက္ေလွ်ာက္ေျပာငး္သြားတာကို ၾကည့္ျပီး အက်ယ္ၾကီး ေအာ္ရယ္တာ မရပ္ေတာ့ ေပ။ သူ႕ရယ္သံက နည္းနည္းေလးေတာင္ မေအာင့္အီးထား။ တစ္ခါၾကားလုိက္ရံုနဲ႕ ရင္ထဲ ႏွလံုးသားထဲကေန လာေသာ ရယ္သံမွန္း သိသာေစသည္။
You XiaoMo ဖ်တ္ခနဲ နီကာ သူ႕ကို တြန္းထည့္လိုက္ေတာ့သည္။ ျပိးေတာ့ သူ႕ညာဘက္ေျခေထာက္ကို ကန္ထည့္လုိက္သည္။
Ling Xiao က နာက်င္မႈမွာ သာယာတတ္သူမဟုတ္ေတာ့ အသာေလးပဲ ညာေျခေျမာက္ကာ ေျခတစ္လွမ္း ဆုတ္လုိက္ေတာ့သည္။
You XiaoMoက သူ႕ောနက္ကို လုိက္ကာ သူ႕ကို ေဒါသတၾကီး လက္ညိဳးညႊန္ရင္းဆိုသည္။
“သတိၱ ရွိရင္ အဲ့မွာ ရပ္ေန မေျပးနဲ႕”
ဒါေပါ့့ Ling Xiao က အဲဒိနားမွာ နာခံျပီးမ်ား ရပ္ေနမလား။ သူ႕ကန္တာ ခံရတာ ဘာမွ မဟုတ္ေပမယ့္ သူ႕ကို အဲလိုေတာ့ အျဖစ္မခံခ်င္ေပ။ ဒီေတာ့ တစ္ေယာက္က ေျပး တစ္ေယာက္ကလုိက္နဲ႕ Fang ChengLe နဲ႕ အျခားသူေတြကို ပတ္ျပီး ေျပးေနၾကသည္။
ဘယ္တုန္းက Ling Xiao က အျခားသူေတြေရွ႕မွာ လြတ္လြတ္လပ္လပ္ ရယ္ဖူးလို႕လဲ? လူတုိင္းက Lin Xiao သည္ ယဥ္ေက်းပ်ဴငွာျပီး သိမ္ေမြ႕ကာရည္မြန္သူ အမ်ိဳးေကာင္သားတစ္ေယာက္ဟု သိၾကသည္။ သူ႕ကို ဒီလုိ ေပ်ာ္ရႊင္စြား ရယ္ေမာတာမ်ိဳး ဘယ္သူမွ မေတြ႕ဖူးေပ။
လူတိုင္းက တစ္ဖက္တည္းကိုသာ ေဇာင္းေပး ၾကည့္ရႈရျခင္းက ထိုLin Xiao က ေသးငယ္ႏုံခ်ာေသာ ေမွာ္ဆရာေလးဆီမွာ  ဆူပူ ၾကိမ္းေမာင္းတာခံေနရတာကို သူကဘာသာသူ သာယာ ၾကည့္ႏူးကာ ေက်နပ္ႏွစ္သိမ့္ေနေသာအမူ အယာကို ျပေနတာကို ျဖစ္သည္။
ထို ျမင္ကြင္းက လူအေတာ္မ်ားမ်ားကို အထိတ္တလန္႕ ျဖစ္ေစသည္။ Lin Xiaoလို လူမ်ိဳးကသူကိုယ္ပုိင္သီးသန္႕ ဆိုရင္ ဒီလုိ လူမ်ိဳးႏွင့္ တူသည္။ သို႕ေသာ္ အထိတ္အလန္႕ အျဖစ္သြားဆံုးေသာ သူေတြကို ေျပာပါဆုိလွ်င္ TianXin ဂိုဏ္း က အၾကီးအကဲမ်ားႏွင့္ ဂိုဏ္းသားမ်ား ျဖစ္လိမ့္မည္။ သူတို႕ေတြက QingChen ဂိုဏ္းက လူေတြထက္ေတာင္ ပိုျပီးေတာ့ အံၾသထိတ္လန္႕သြားက သူတို႕က ဂိုဏ္းတစ္ခုတညး္က သူ႕ညီမ်ားျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ဒါ့ေၾကာင့္ သူတုိ႕က Lin Xiaoက ဘယ္လုိ လူစားလဲ ဆိုတာ ေသခ်ာသိၾကသည္။ သူဆႏၵရွိသည္ကို ေျပာေသာ္လည္း ဘယ္တုန္းကမွ အျခားေသာ ဂိုဏ္းသားမ်ားႏွင့္  ရင္းႏွီးစြာ မေျပာဘူးေပ။ သူက You XiaoMo ကို အထူးသျဖင့္ ေကာင္းေပးျပီးေတာ့ သူ႕ကို ဦးစားေပး ကာကြယ္တတ္ေသာ္လည္း သူ You XiaoMo နဲ႕အတူသီးသန္႕ရွိေနခ်ိန္တြင္ သူတို႕ ဘယ္လို ျပဳမူတယ္ဆိုတာ သူတို႕ ဘယ္ေတာ့ မွ မသိခဲ့ေပ။
စစ္သည္ ဌာနမွ Bruce Lees ကို အသာထားလုိက္ဦး သူတို႕ ပတ္ေျပးေနတာကို ခံေနရတဲ့  Fang ChenLe ေတာင္မွ သူ႕ကိုယ္္သူေမ့ေနကာ ပါးစပ္ၾကီးအေဟာင္းသားျဖစ္ေနသည္။ ျမင္တာကို ယံုေနရသည္။ ညီငယ္ေလးနဲ႕ Lin Xiao ၏ ဆက္ဆံေရးက သူထင္ထားတာထက္ကို ပိုေကာင္းေနတာကို သူသေဘာေပါက္နားလည္သြားသည္။
သိပ္မေ၀းတဲ႕ေနရာက Tang YunQi ကသူတို႕ကို ေဒါသတၾကီးၾကည့္ေနကာ သူတို႕ႏွစ္ေယာက္ကို ခြဲပစ္ခ်င္ေနသလိုမ်ိဳး သူ႕မ်က္လံုးက သူတို႕တို႕ႏွစ္ေယာက္ေပၚမွာပဲ ရွိေနသည္။
သူကေဘးက ညီမေတြ ညီေတြကလဲ သူ႕(မ)ကို မၾကည့္ရဲေသာ္လည္း ဂ်ဴနီယာညီမေလးရဲ႕ ကိုယ္က ထြက္ေနေသာ အမ်က္ေဒါသမ်ားကို ခံစားမိေနၾကသည္။ ၾကည့္ရတာ ဒီျမင္ကြင္းကုိ အခံစားရဆံုးသူမွာ သူ(မ) သာ ျဖစ္လိမ့္မည္။
သို႕ေသာ္ တစ္ေယာက္မွ သူ(မ) ကို သြားမႏွစ္သိမ့္ရဲ။ ဘယ္သူကမွ ဒီအခ်ိန္မွာ မွားယြင္း ၾကိမ္းေမာင္းခံရမွာ မလိုခ်င္ေပ။
“ေတာ္ေလာက္ျပီ လူတိုင္းေရွ႕မွာ ဆူညံေနေအာင္ လုပ္ျပီး ဘာထပ္လုပ္မွာလဲ?”
Kong Wen က ထပ္ျပီး သီးမခံႏိုင္ေတာ့ပဲ သူတို႕ကို ေအာ္ထည့္လုိက္ေတာ့သည္။ သူ႕အမူအယာက ခက္ထန္ေနကာ You XiaoMo ကို သတိေပးဟန္နဲ႕ တစ္ခ်က္ၾကည့္လုိက္သည္။
You XiaoMoက သူ႕အၾကည့္တစ္ခ်က္ႏွင့္ ေၾကာက္လန္႕သြားသည္။ သူ႕ပါးစပ္က ထူးဆန္းစြာ တြန္႕ခါသြားျပီးေတာ့  Ling Xiao၏ေဘးကို ငွက္ကုလားအုတ္ေလးတစ္ေကာင္ကို ေျပးသြားကာ အသံေတာင္ ထပ္မထြက္ရဲေတာ့။
Ling Xiao က ထပ္ျပီး ေရွာင္ေျပးမေနေတာ့ပဲနဲ႕ သူ႕ကို စေနာက္ေနဟန္ အၾကည့္ၾကည့္လုိက္သည္။
အျခားသူေတြအားလံုးက နတ္ဆိုး စပါးအံုးေျမြတစ္ေသာင္း လြင္ျပင္ကို ၾကည့္ေနခ်ိန္မွာ You XiaoMo က သူ႕ပါးေလးေတြ ပုတ္လုိက္ကာ သူကေျခေထာက္ကို ေျမွာက္ကာ Lin Xiao၏ ေျခေထာက္ကို ေဆာင့္ခ်လုိက္သည္။ တစ္ခ်က္တညး္က မလံုေလာက္ေတာ့ ထပ္ကာ လုပ္သည္။ အကုန္လံုးက ဒီလူေၾကာင့္ပဲ အျမဲတမ္း သူ႕ကို အရွက္ရေအာင္ တစ္ခုခု လုပ္ေနေတာ့တာပဲ။
Ling Xiao၏ အျပံဳးမ်က္ႏွာက ေျခေထာက္တက္နင္းခံထားရတာ သူမဟုတ္သလုိကို မ်က္ႏွာ ပ်က္မသြားေပ။ အျခားသူေတြလိုမ်ိဳးပဲ  အကာအကြယ္ကို စိတ္ေက်နပ္ေသာ အမူအယာနဲ႕ ၾကည့္ေနသည္။
You XiaoMo က အတန္ၾကာ ေျခေထာက္တက္နင္းထားေသာ္လည္း သူ႕ဘက္က ဘာအမူအယာမွ မျပေသာ အခါမွာ ေဒါသတၾကီး အျမန္နဲ႕ ေျခေထက္ကို ျပန္ဆုတ္လိုက္သည္။ သို႕ေသာ္ Ling Xiao၏ ညာဘက္ေျခေထာက္က အထူးေကာင္းမြန္ေသာ ဖိနပ္ အျဖဴက မီးခိုးေရာင္ျဖစ္သြားတာကို ျမင္ေတာ့ ခ်က္ခ်င္းကို စိတ္ေက်နပ္မႈ အျပည့္နဲ႕ သာသာယာယာ ရယ္သံေလး ထြက္လာသည္။
သူ႕ရယ္သံေလးကို Ling Xiao ၾကားတာနဲ႕ အခု တက္နင္းခံထားရလုိ႕ ညစ္ပတ္ေနေသာ သူ႕ဖိနပ္ကို အၾကည့္ေရာက္သြားသည္။ သူ႕ႏႈတ္ခမ္းစြန္းေလးက အျပံဳးေလးတစ္ခုျဖစ္ထြန္းသြားကာ “ညီငယ္ေလး မင္းအခု ေပ်ာ္သြားျပီလား?”
You XiaoMo သူ႕ပါးေလးေတြကို ဂုဏ္ယူစြာနဲ႕ပင္ျပီး စိတ္ေက်နပ္စြာ ေခါင္းညိမ့္ျပလိုိက္သည္။
Ling Xiao က သူ႕လက္ေလး အသာထုတ္က သူ႕နဖူးေလးကို အသာပုတ္လိုက္သည္။ You XiaoMo က ျပန္ဖယ္ထုတ္ခါနီးမွာ သူတို႕ဆီ လာေနေသာ Tang Fan ႏွင့္ Luo ChengYuan တို႕ႏွစ္ေယာက္ကို အျမန္ညႊန္ျပလုိက္သည္။
“ျမန္ျမန္ ၾကည့္လုိက္ အကာအကြယ္ ပြင့္ျပီ”
You XiaoMo က မယံုၾကည္ပဲ သူ႕ကို Ling Xiao ထပ္ျပီးေတာ့ ဟန္ေဆာင္ လိမ္ညာျပန္ျပီဟု ထင္လိုက္သည္။ တစ္စကၠန္႕ ေလာက္ ၾကာမွ လူတိုင္းဆီက အားရ၀မ္းသားေအာ္ေသာ အသံ ၾကားေလသည္။
Unicode
C-157 Excretion spot.
အခန်း ၁၅၇ -  အညစ်အကြေးစွန့်သော နေရာ
လွန်ခဲ့သောနှစ်ပေါင်း တစ်သောင်းက သွေးပျက်ဖွယ်အဖြစ်အပျက်ပြီးနောက် မှော်ဝင်သားရဲများ၏ စွမ်အားကြီးမားလာမှုက ကျင့်ကြံသူများက သူတို့ကို ဆတ်ဆတ်ဆော့ဆော့နှင့် အစုလိုက်အပြုံလိုက် ထပ်မံ သတ်ဖြတ်ခြင်း မှ ကာကွယ်သွားသည်။
ထို့ကြောင့်လဲ ကျင့်ကြံသူများက မှော်ဝင်သားရဲများ၏ အင်အားကို အလွန်အမင်းလိုချင်တပ်မက်ခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ အလွန်နည်းပါးသော ကျင့်ကြံသူများကမူ သန်မာသောမှော်ဝင်သားရဲများနှင့် ဆက်နွယ်နိုင်သည်။ မှော်ဝင်သားရဲ၏ အဆင့်က မြင့်လေလေ သူတို့ ချုပ်ဆိုသော ဆက်နွယ်မှုက အားကောင်းလေလေ ဖြစ်သည်။ သူတို့က ကျင့်ကြံသူများ၏ အလွယ်တကူ အမဲလိုက်နိုင်ပြီး သတ်ဖြတ်ခြင်း ခံရသော ပစ်မှတ်မဟုတ်တော့ချေ။
မှော်ဝင်သားရဲများ၏ အရှင်သခင်ပေါ်ပေါက်လာခြင်းသည် သဘာဝကွင်းဆက် ကို အကျိုးသက်ရောက်မှု မရှိပေ။ ဒီကမ္ဘာကြီးမှာ အမြဲ ဖြစ်ပျက်နေသလိုပဲ အားနည်းသူက အသားဖြစ်ကာ အားကြီးသူက စားမည်ဖြစ်သည်။
မှော်ဝင်သားရဲများ၏ အရှင်သခင်က သူတို့ကို သန်မာစေသော စွမ်းရည်ကိုသာ ပေးစွမ်းကာ ကျင့်ကြံသူများနှင့် မှော်ဝင်သားရဲများက ရန်လိုမှုများကို မပြောင်းပစ်ပေ။ ထို့ကြောင့် သတ်ဖြတ်မှုများက တော့ ဆက်ရှိနေသည်။ သို့သော် လွန်ခဲ့သော နှစ်တစ်သောင်းကလိုမျိုး တစ်ဖက်သတ်ကိစ္စမျိုးတော့ ထပ်မရှိတော့။
သို့သော် ထိုအချိန်မှစကာ မှော်ဝင်သားရဲများ၏ အရှင်သခင် ပျောက်ကွယ်သွားသည်။ လွန်ခဲ့သော နှစ်ငါးထောင်က ထပ်ပေါ်လာကာ အဲဒိထဲက ထပ်မပေါ်လာတော့။ အချို့သူတွေ ပြောကြသည်က မှော်ဝင်သားရဲများ၏ အရှင်သခင်က Long Xiao တိုက်မကြီးကို စွန့်ခွာသွားပြီဟု ဆိုသည်။ အချို့သူတွေကတော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဟု ဆိုသည်။ အခြားသူများက သူက Long Xiao တိုက်မကြီး၏ တစ်နေရာတွင်……….
မည်သို့ပင် ဆိုစေကာမူ မှော်ဝင်သားရဲများအတွက် မှော်ဝင်သားရဲအရှင်သခင်သည် သူတို့၏ ကယ်တင်ရှင် ၊ သူတို့၏ အရှင်သခင် အဖြစ် မှော်ဝင်သားရဲများကြားတွင် ဒဏ္ဍာရီတစ်ခုအသွင် ရှိသည်။
You XiaoMo က လွန်ခဲ့သော နှစ်တစ်သောင်းက ကျင့်ကြံသူများနှင့် မှော်ဝင်သားရဲများကြားက ဒီလိုသမိုင်းကြောင်းမျိုးကို လေ့လာပြီးနောက် ကြက်သေသေနေသည်။
TianXin ဂိုဏ်းမှာ မှော်ဝင်သားရဲများနှင့် ဆက်နွယ်တာမျိုး မမြင်ရတာ အံ့သြစရာ မရှိပါဘူး။ သာမန် မှော်ဝင်သားရဲသာ ဆိုလျှင် သိုင်းသမားများကော မှော်ဆရာများက သူတို့၏ ကန့်သတ်ထားသော နေရာကို ဘယ်လိုလုပ် လွင့်ပစ်နိုင်မလဲ။ အဆင့်မြင့်အဆင့် မှော်ဝင်သားရဲများက သူတို့နား ကပ်နိုင်ဖို့တောင် မလွယ်ကူပေ။ ဟိုဟာ ဒီဟာ ချေးများပြီး ရွေးချယ်ဖို့ထား မှော်ဝင်သားရဲများနှင့် တကယ်တမ်း ဆက်နွယ်နိုင်သူဆိုသည်က အလွန်ကို နည်းပါးလှသည်။
နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်အတွက်ကတော့ မှော်ဝင်သားရဲ အရှင်သခင် ထုတ်လွှင့်ထားသော ခြိမ်းခြောက်မှုများကို ခံစားနိုင်သေးသည်။ မှော်ဝင်သားရဲအရှင်သခင် ပေါ်မလာတာ နှစ်ထောင်ချီရှိနေပြီဖြစ်သည်။ သူက Long Xiao တိုက်မကြီးက ထွက်ခွာသွားပြီလား ဆိုတာ က ဘယ်သူ သိနိုင်မှာလဲ။ ဒီတော့ ခြိမ်းခြောက်မှု၇တော့ အရင်ကထက်တော့ လျော့နည်းနေပြီဖြစ်သည်။
သို့သော် ထိုဂိုဏ်များက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကို မဆန့်ကျင်တာလည်း အခြားအကြောင်းများရှိသည်။
နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်မှာ နှစ်ပါတ်လည်လုံး မီးခိုးရောင် အဆိပ်ငွေ့များ လွမ်းခြုံထားသည်။ ထို အဆိပ်ငွေ့များသည် မိုးထိအောင်ဆိုးယုတ်လှသော စပါးအုံးမြွေများ အညစ်အကြေးများဖြစ်သည်။ ထိုအရာက အာကာသအဆင့် နှင့် အောက်က ကျင့်ကြံသူများ၏ အကာအကွယ်များကို အသာလေး ချိုးဖြတ်နိုင်သည်။
ဒီတော့ သူတို့ ဂိုဏ်သားအမြောက်အများကို စတေးနိုင်မှ သာလျှင် နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကို ဆန့်ကျင့်သော  အမှုကို ပြုနိုင်မည် ဖြစ်သည်။ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ၏ ခေါင်းဆောင်သည် အဆင့်ကိုး အဆင့်ရှိ မိုးထိအောင် ဆိုးယုတ်သော စပါးအုံးမြွေဖြစ်ရာ လူအဖြစ်အလွယ်တကူ ကူးပြောင်းနိုင်သည့်အပြင် သူက ထိန်းချုပ်မှုအောက်တွင် စီနီယာ ဗိုလ်ချုပ်ကြီးများ ရှစ်ယောက် ရှိသေးသည်။ ထို အင်အားအဆင့်သည် Tian Xin ဂိုဏ်းနှင့် အဆင့်တူအဖြစ် ရပ်တည်နိုင်အောင် လုံလောက်စေသည်။
နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်၏ မြေမျက်နှာသွင်ပြင်ကောင်းကျိုး လဲ ရှိသေးသည်။ မိုးထိအောင်ဆိုးယုတ်သော စပါးအုံးမြွေကို မတွေ့ခင်မှာတင် ကျင့်ကြံသူ အများစုက ဒါဏ်ရာရသွားနိုင်သလို သေလဲ သေသွားနိုင်သည်။
You XiaoMo Ling Xiao နားကို တိတ်တိတ်လေး ကပ်သွားသည်။ သူ့အစ်ကိုနှစ်ယောက် အချင်းချင်းစကားပြောနေသော အချိန်ကို အခွင့်ကောင်းယူကာ Ling Xiao ကို တီးတိုးပြောလိုက်သည်။
“ အစ်ကိုကြီးLing မှော်ဝင်သားရဲ အရှင်သခင်က ဒီလောက် စွမ်းတာ သူက သုခဘုံနယ်မြေရဲ့ ပိုင်ရှင် ဖြစ်နိုင်တယ်လို့ ထင်လား? ကျွန်တော်တို့ ဒီလို သွားလို့ သူ့ကို ဒေါသများထွက်စေမလား?”
သဘာဝရှုခင်းကို စိတ်ကျေနပ်သော အမူအယာနှင့် ကြည့်ရှုနေသော Ling Xiao က သူ့အဖြေကို မျှော်လင့်နေသောYou XiaoMo ကို သိမ်မွေ့သော အကြည့်လေးနဲ့ ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းစွန်းကနေ နားလည်ရခက်သော အပြုံးတစ်ခု ထွက်လာကာ “ မဖြစ်နိုင်ဘူး ”
“ဘာလို့လဲ?”  You XiaoMo ထပ်မေးလိုက်သည်။
သူ့ကို ကြည့်နေသည့် Ling Xiao ၏ မျက်လုံးများက တောက်ပနေကာ သူ့ကို ပြုံးပြီးတော့
“ အဲဒိ မှော်ဝင်သားရဲ အရှင်သခင်ဆိုတာက Long Xiao တိုက်မကြီးက ကျင့်ကြံသူအားလုံးကို တကယ်ကြီး ထိတ်လန့်စေတာ။ သူကို ဘယ်သူမှ မယှဉ်နိုင်တာ အသိသာကြီး ဒီတော့ သူ့ကို ထိခိုက်စေမယ့် ကျင့်ကြံသူ တစ်ယောက်မှာ မရှိတာ့ သူက အသက်ရှင်နေဦးမှာ။ သုခဘုံနယ်မြေပိုင်ရှင်ကတော့ သူက လွန်ခဲ့သော နှစ်တစ်သောင်း ဒါမဟုတ်လဲ ဒိထက်စောလိမ့်မယ် အဲဒိက အင်အားကြီးသူ တစ်ယောက်ပဲ။ သူသေတာ ကြာလှပြီဆိုတော့ သူ့ဝိဥာဏ်တောင် ဒီမှာ ရှိတော့မှာ မဟုတ်ဘူး။ ဘယ်လို့လုပ်သူ ဖြစ်နိုင်မှာလဲ?”
You XiaoMo က နှုတ်မ်းအနည်းငယ် ထော်သွားပေမယ့် Ling Xiao ပြောတာ မှန်တယ်လို့ ခံစားရသည်။ သူဘယ်လိုပဲ ကြည့်ကြည့် မှော်ဝင်သားရဲအရှင်သခင်ဆိုတာက ရုတ်တရက် ပေါ်လာတာ။ Long Xiaoတိုက်မကြီးက လူမဟုတ်တာ ဖြစ်ဖို့များသည်။ ပြီးတော့ အချိန်အားဖြင့် လဲ မကိုက်ညီပေ။
“ညီငယ်လေး နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ရဲ့ တည်ရှိမှုက မင်းစိတ်ကူးထားတာထက်ကို ပိုပြီးရှုပ်ထွေးတယ်”
Ling Xiao က သူကနားကို ရုတ်တရက်ကိုင်းကာ သူ့နားနားမှာ  ထိုစကားကိုပြောတာဖြစ်သည်။
You XiaoMo ခေါင်းမော့လိုက်တော့ သူ့မျက်နှာပေါ်က ကျန်နေသော အပြုံးတစ်စွန်းတစ်စကို မိလိုသည်။ ထိုအပြုံက အရင်က ပြုံးသော သာမာန်အပြုံးနဲ့ မတူပေ။ အထင်အမြင်သေးပြီး ပမာမထားသော အပြုံးတစ်ခုသာ ဖြစ်သည်။ သူ့ မျက်လုံးထဲမှာ မွှားကောင်များကို မြင်လိုက်ရသော အကြည့်မျိုးဖြစ်သည်။ ရုတ်တရက်ကြီးကို  You XiaoMo စဉ်းစားရ ကြပ်သွားသည်။
အမှန်တော့ အဖွဲ့သုံးခု က မလှုပ်ရှားရခြင်းက အင်အားညီမျှခြေ ကြောင့် ဖြစ်သည်။ TianXinဂိုဏ်း Qing Cheng ဂိုဏ်း နှင့်    XingLuoအဖွဲ့သည် Long Xiaoတိုက်မကြီး၏ တောင်ပိုင်းတွင် အင်အားညီမျှမှုဖြင့် ဖွဲ့စည်းထားသည်။ သူတို့ထဲမှာ အင်အားတစ်ခုခုက လွတ်သွားပါက ကျန် နှစ်ဖွဲ့က တစ်ဖွဲ့နှင့် တစ်ဖွဲ့လုတော့မည် ဖြစ်သည်။
TianXinဂိုဏ်းနှင့် Qing Chenဂိုဏ်းက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် ကို စိတ်ဝင်စားသည်ဆိုပါဆို့။ သူတို့က မိုးထိဆိုးယုတ်သော စပါးအုံးမြွေကို တိုက်ရန် နှစ်ဖက်ပေါင်းလိုက်မည်။ သို့သော် လူတိုင်းသိသလိုပဲ အဆင့်မြင့် မိုးထဆိုးယုတ်သာ စပါးအုံးမြွေ၏ ကာကွယ်နိုင်မှုမှာ အလွန်မြင့်မားသည်။ မင်းသာ သတ်ချင်လျှင် ကြီးမားသော အခ တော့ ပေးရလိမ့်မည်။ ဒီနည်းနှင့် သူတို့က သေချာပေါက် ထိခိုက်ဒါဏ်ရာ ရမှာ ဖြစ်သည်။ အင်ပါယာအဆင့် တိုက်ခိုက်သူ၏ ခြိမ်းခြောက်မှု မပါလျှင် အင်အားမျှချေမှာ ကျိုးပျက်သွားမှာ ဖြစ်သည်။ XingLuo အဖွဲ့က သူတို့ကို တိုက်ခိုက်မှု ပြုဖို့ များသည်။
အင်အားသုံးခု ထဲက တစ်ခုက လှုပ်ရှားဖို့ တွန့်ဆုတ်နေသရွေ့ အခြားနှစ်ဖွဲ့ကလည်း သေချာပေါက် လှုပ်ရှားမည် မဟုတ်။ အဆီတ၀င်းဝင်းနှင့် အသားကိုသာ မျက်လုံးကြီး ပြူးပြီး ကြည့်နေနိုင်တော့ နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင် က သူတို့ လှုပ်ရှားမှု တစ်ခုတောင် မလုပ်နိုင်သေးခင်မှာ တစ်စ တစ်စနဲ့ အဆီတွေ တက်တက်လာသည်။
“အစ်ကိုကြီးLing မှော်ဝင်သားရဲ အရှင်သခင်က ဒီမှာ ရှိသေးတယ်လို့ ထင်လား?”
ဒီအဖွဲ့ကြီးများ ကြားထဲက ဆက်ဆံရေးမှာ အလွန်ကို ရှုပ်ထွေးလှသည်။ You XiaoMo က အဲဒါကို နားလည်ရန် စိတ်မ၀င် စားပေ။ သူစိတ်ဝင်စားတာက မှော်ဝင်သားရဲ အရှင်သခင်ကို ဖြစ်သည်။
Ling Xiao က ခေါင်းငုံပြီး သူ့ကို ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြုံး ကာ ဆိုသည်။ “ဒါပေါ့ သူရှိသေးတာပေါ့”
You XiaoMo ရဲ့ မျက်လုံးအိမ်လေးက ကလယ်ကလယ်ဖြစ်ကာ ၀မ်းမြောက် ၀မ်းသာနဲ့   “ဒါဆို သူအခုဘယ်မှာလဲ ဆိုတာ သိလား?”
“သူက…..အ..”
Ling Xiao သူ့မေးစေ့ကို ပွတ်ပြီးတော့ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို ဖျတ်ခနဲကြည့်ကာ ရုတ်တရက်မေးလိုက်သည်။ “ဘာလို့မေးတာလဲ?”  
“ကျွန်တော်….ကျွန်တော်က ဒီအတိုင်းပဲ မေးလိုက်တာ”
You XiaoMo အသံမထွက်ပဲ ရယ်ကာ သူတကယ်ပဲ သူပြောလိုက်သလို မေးရုံသာ မေးသလို လုပ်လိုက်သည်။
သာမန်လူသာဆို ထပ်မေးမှာ မဟုတ်ပေ သို့သော် Ling Xiao က သာမာန် လူမဟုတ်။ ထပ်ပြောရရင် ထိုလူက သူ့ရှေ့က လူဖြစ်ကာ သူထပ်မမေးဘူးဆိုတာ မဖြစ်နိုင်ပေ။ သူ့ခေါင်းကို ဆတ်ခနဲ ရိုက်ကာ ပြုံးစစ နဲ့ မေးလိုက်သည်။
“ အမှန်အတိုင်းပြော”
You XiaoMo ပါးစပ်တွန့်ခနဲဖြစ်သွားသည်။ ဒီလူကတော့ တကယ်မုန်းဖို့ကောင်းတယ် အမြဲတမ်း အချိန်တိုင်း သူ့ကို မြင်သာအောင် လုပ်သည်။
You XiaoMo စကားလုံးတွေ စီကာ “ အမှန်က အဲဒိလူ အရမ်းအံသြဖို့ကောင်းတယ်ဆိုတော့ ကျွန်တော် ထင်လိုက်တာက သူ စောင့် ရှောက်တဲ့ ရတနာက လည်း အရမ်းထူးကဲတဲ့အရာ တစ်ခုဖြစ်မှာပဲ။ ဒီတော့ ကျွန်တော်တို့ သူ့နေရာသာ သိရင် အဆင့်တစ်ဆယ်အဆင့် နဲ့ သူ့ထပ်မြင့်တဲ့ မှော်ဆေးပင်တွေ များ ရှာလို့ ရနိုင်တယ်လေ။ ဘာပြောချင်လဲ?”
Ling Xiao က သူဒီမှော်ဆရာလေးကို လျော့တွက်မိတာပဲလို့ ခံစားရလိုက်ရသည်။ သူက သူ့ပစ္စည်းတွေကိုတောင် တကယ်ကြီးကို လိုချင်နေသေးသည်။ သို့သော်….. သူ့ကို အထက်အောက် ကြည့်ရှုပြီးနောက်တော့ ဒါက တကယ့်ကို ရတနာတစ်ခုဖြစ်သည်။ အာ.. ဒီတစ်ချက်တော့ သူအများကြီးကို သဘောတူ လက်ခံသည်။
“အစ်ကိုကြီး Ling ကျွန်တော့ အကြံ ဘယ်လို သဘောရလဲ?”
သူဘာမှ မပြောတာကို မြင်တော့ You XiaoMo စိတ်လှုပ်ရှားစွာ နဲ့ မေးလိုက်သည်။ သူ့အဖြေကို သိဖို့တောင် မစောင့်နိုင် တော့ဘူး။
“ဒါပေ့ါ အကြံကောင်းပဲ”
Ling Xiao ပြုံးပြီး ခေါင်းညိမ့်ပြလိုက်သည်။
တကယ်တော့ အဆင့်မြင့် မှော်ဆေးပင်တွေ ရှိသည့် နေရာတွင် သေချာပေါက် မှော်ဝင်သားရဲများ ရှိလိမ့်မည်။ သို့သော် မှော်ဝင်သားရဲများ ရှိသည့်နေရာတိုင်းတွင် မှော်ဆေးပင်များ ရှိဖို့ မလိုပေ။ You XiaoMo က ဒီအချက်ကို မေ့သွားတာ ရှင်းလင်းလှသည်။ Ling Xiao က သူတွေးတာကို ထောက်ခံတာကို ကြားရတော့ သူက ပျော်ရွှင်ကာ သူ့ကိုယ်သူ တကယ်တော်တယ် လို့ တိတ်တဆိတ်ထင်သွားသည်။
သူ လုံးဝပျော်ရွှင်သွားတာကို မြင်တော့ Ling Xiao ၏ မျက်လုံးတွေထဲမှာ ဆော့ကစားချင်သော အရိပ်အယောင် ဖြတ်ခနဲ ပေါ်လာကာ ထပ်ပြောလိုက်သည်။
“ညီငယ်လေး၊ ပြန်စဉ်းစားကြည့်တော့ မင်းရဲ့ အကြံက ကောင်းတယ်ပေမယ့်လို့ နည်းနည်းတာ့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။”
Ling Xiao က လုံးဝကို အတည်ပြောနေတာ ဖြစ်သည်။
“စဉ်းစားကြည့်လေ။ မင်းက မှော်ဝင်သားရဲအရှင်သခင် စောင့်ကြပ်တဲ့နေရာ ကို ရှာချင်တယ်လို့ပြောတယ်လေ။ ဒါပေမယ့် အဲဒါက သေချာပေါက် နေရာတွေ အများကြီး ရှိနေမှာ။ အကယ်လို့ အရမ်းများနေရင် ကိုယ်တို့တွေ နေရာတိုင်းကို သွားပြီးတော့ တစ်ခါစီ သွားရှာမှာလို့တော့ မပြောနဲ့?”
“အိုး.. ဒါဟုတ်တာပဲ”
You XiaoMo က အချက်တစ်ချက်ကို ရသွားသလို ခံစားလိုက်ရသည်။
“ ဒီတော့ ကိုယ်တို့ စိတ်ဝိဥာဏ်စွမ်းအင် သိပ်သည်းတဲ့ နေရာတွေကို ပဲကြည့်ရင်ကော ဘယ်လိုလဲ။ စိတ်ဝိဥာဏ်စွမ်းအင် ရှားပါးတဲ့နေရာ တွေက အဆင့်မြင့် မှော်ဆေးပင်တွေ ရှိတဲ့နေရာနဲ့မတူဘူးလေ။ မင်းဘယ်လို ထင်လဲ?”
“အဲလိုသာဆိုရင် မှော်ဝင်သားရဲအရှင်သခင် ဘယ်ကို သေချာပေါက်သွားတယ်ဆိုတာ ကိုယ်တကယ် သိတယ်။ အဲဒိက စိတ်ဝိဥာဏ်စွမ်းအင်က သေချာပေါက် သိပ်သည်းတယ်”
Ling Xiao၏ အပြုံးက သစ္စာဖောက်ကာ သူ့ကို စေတနာတွေနဲ့ သဲလွန်စတွေ ပေးနေသလိုပဲ။
“တကယ်ကြီး ဘယ်မှာလဲဆိုတာ သိလား?”
You XiaoMo၏ မျက်လုံးတွေ ချက်ချင်းလင်းတက်သွားသည်။
“ဒါက……..” Ling Xiao ကပြောလိုက်သည်။
ကျန်သော စကားများက ပြောတယ်ဆိုရုံလေး တိုးတိုးသက်သာ ဖြစ်သည်။ You XiaoMo က သူကနားကို ချက်ချင်းတိုးသွားသည်။
Ling Xiao က ခေါင်းလေး ငုံကာ သူ့ရဲ့ နီနေသော နားရွက်လေးကို မြင်လိုက်သည်။ ပြီးတော့ ကျိတ်ရယ်ကာ
“အဲဒါ……သူ့စည်းပွားရေးကိစ္စတွေ သွားလုပ်တဲ့နေရာ”
You XiaoMo “………….”
သူ့မျက်နှာချောချောပေါ်က ရွှင်မြူးရိပ်က ချက်ချင်းကို ၀မ်းချုပ်သွားသလို ပြောင်းလဲသွားသည်။
ဘာလားဟေ..အား….ဘာ အမှိုက်လဲ။ သူစီးပွားရေး လုပ်တဲ့နေရာကစိတ်ဝိဥာဏ်အားအများဆုံး ရှိတဲ့နေရာ?
You XiaoMo သူအလှည့်စားခံလိုက်ရပြန်ပြီဟု ခံစားလိုက်ရသည်။ မစင်ပုံ ကသာ ကမ္ဘာပေါ်က ရွံစရာအကောင်းဆုံး နေရာ ဖြစ်သည်ဟု သူသိထားသည်။
နောက်ဆုံးကျမှသာ သူ့အကြံကို Ling Xiao ဘယ်တော့ မှ အယုံအကြည်မရှိတာ သူသဘောပေါက်သွားသည်။ သူ့ကို အစထဲက အဆုံးအထိ ကစားယုံလေးသာ ကစားကာ သူကတော့ လုံးဝ ကို ကျဆင်းသွားတာ………..
“ဟား   ဟား  ဟား”
Ling Xiao က သူ့မျက်နှာက နီရာ လိမ္မော်ရောင် အဲဒိကနေမှ ခရမ်းရောင် ပြီးတော့ အစိမ်း အဲကနေ အပြာ ခရမ်းရောင် စသဖြင့် တောက်လျှောက်ပြောင်းသွားတာကို ကြည့်ပြီး အကျယ်ကြီး အော်ရယ်တာ မရပ်တော့ ပေ။ သူ့ရယ်သံက နည်းနည်းလေးတောင် မအောင့်အီးထား။ တစ်ခါကြားလိုက်ရုံနဲ့ ရင်ထဲ နှလုံးသားထဲကနေ လာသော ရယ်သံမှန်း သိသာစေသည်။
You XiaoMo ဖျတ်ခနဲ နီကာ သူ့ကို တွန်းထည့်လိုက်တော့သည်။ ပြိးတော့ သူ့ညာဘက်ခြေထောက်ကို ကန်ထည့်လိုက်သည်။
Ling Xiao က နာကျင်မှုမှာ သာယာတတ်သူမဟုတ်တော့ အသာလေးပဲ ညာခြေမြောက်ကာ ခြေတစ်လှမ်း ဆုတ်လိုက်တော့သည်။
You XiaoMoက သူ့ောနက်ကို လိုက်ကာ သူ့ကို ဒေါသတကြီး လက်ညိုးညွှန်ရင်းဆိုသည်။
“သတ္တိ ရှိရင် အဲ့မှာ ရပ်နေ မပြေးနဲ့”
ဒါပေါ့ Ling Xiao က အဲဒိနားမှာ နာခံပြီးများ ရပ်နေမလား။ သူ့ကန်တာ ခံရတာ ဘာမှ မဟုတ်ပေမယ့် သူ့ကို အဲလိုတော့ အဖြစ်မခံချင်ပေ။ ဒီတော့ တစ်ယောက်က ပြေး တစ်ယောက်ကလိုက်နဲ့ Fang ChengLe နဲ့ အခြားသူတွေကို ပတ်ပြီး ပြေးနေကြသည်။
ဘယ်တုန်းက Ling Xiao က အခြားသူတွေရှေ့မှာ လွတ်လွတ်လပ်လပ် ရယ်ဖူးလို့လဲ? လူတိုင်းက Lin Xiao သည် ယဉ်ကျေးပျူငှာပြီး သိမ်မွေ့ကာရည်မွန်သူ အမျိုးကောင်သားတစ်ယောက်ဟု သိကြသည်။ သူ့ကို ဒီလို ပျော်ရွှင်စွား ရယ်မောတာမျိုး ဘယ်သူမှ မတွေ့ဖူးပေ။
လူတိုင်းက တစ်ဖက်တည်းကိုသာ ဇောင်းပေး ကြည့်ရှုရခြင်းက ထိုLin Xiao က သေးငယ်နုံချာသော မှော်ဆရာလေးဆီမှာ  ဆူပူ ကြိမ်းမောင်းတာခံနေရတာကို သူကဘာသာသူ သာယာ ကြည့်နူးကာ ကျေနပ်နှစ်သိမ့်နေသောအမူ အယာကို ပြနေတာကို ဖြစ်သည်။
ထို မြင်ကွင်းက လူအတော်များများကို အထိတ်တလန့် ဖြစ်စေသည်။ Lin Xiaoလို လူမျိုးကသူကိုယ်ပိုင်သီးသန့် ဆိုရင် ဒီလို လူမျိုးနှင့် တူသည်။ သို့သော် အထိတ်အလန့် အဖြစ်သွားဆုံးသော သူတွေကို ပြောပါဆိုလျှင် TianXin ဂိုဏ်း က အကြီးအကဲများနှင့် ဂိုဏ်းသားများ ဖြစ်လိမ့်မည်။ သူတို့တွေက QingChen ဂိုဏ်းက လူတွေထက်တောင် ပိုပြီးတော့ အံသြထိတ်လန့်သွားက သူတို့က ဂိုဏ်းတစ်ခုတည်းက သူ့ညီများဖြစ်သောကြောင့် ဖြစ်သည်။ ဒါ့ကြောင့် သူတို့က Lin Xiaoက ဘယ်လို လူစားလဲ ဆိုတာ သေချာသိကြသည်။ သူဆန္ဒရှိသည်ကို ပြောသော်လည်း ဘယ်တုန်းကမှ အခြားသော ဂိုဏ်းသားများနှင့်  ရင်းနှီးစွာ မပြောဘူးပေ။ သူက You XiaoMo ကို အထူးသဖြင့် ကောင်းပေးပြီးတော့ သူ့ကို ဦးစားပေး ကာကွယ်တတ်သော်လည်း သူ You XiaoMo နဲ့အတူသီးသန့်ရှိနေချိန်တွင် သူတို့ ဘယ်လို ပြုမူတယ်ဆိုတာ သူတို့ ဘယ်တော့ မှ မသိခဲ့ပေ။
စစ်သည် ဌာနမှ Bruce Lees ကို အသာထားလိုက်ဦး သူတို့ ပတ်ပြေးနေတာကို ခံနေရတဲ့  Fang ChenLe တောင်မှ သူ့ကိုယ်သူမေ့နေကာ ပါးစပ်ကြီးအဟောင်းသားဖြစ်နေသည်။ မြင်တာကို ယုံနေရသည်။ ညီငယ်လေးနဲ့ Lin Xiao ၏ ဆက်ဆံရေးက သူထင်ထားတာထက်ကို ပိုကောင်းနေတာကို သူသဘောပေါက်နားလည်သွားသည်။
သိပ်မဝေးတဲ့နေရာက Tang YunQi ကသူတို့ကို ဒေါသတကြီးကြည့်နေကာ သူတို့နှစ်ယောက်ကို ခွဲပစ်ချင်နေသလိုမျိုး သူ့မျက်လုံးက သူတို့တို့နှစ်ယောက်ပေါ်မှာပဲ ရှိနေသည်။
သူကဘေးက ညီမတွေ ညီတွေကလဲ သူ့(မ)ကို မကြည့်ရဲသော်လည်း ဂျူနီယာညီမလေးရဲ့ ကိုယ်က ထွက်နေသော အမျက်ဒေါသများကို ခံစားမိနေကြသည်။ ကြည့်ရတာ ဒီမြင်ကွင်းကို အခံစားရဆုံးသူမှာ သူ(မ) သာ ဖြစ်လိမ့်မည်။
သို့သော် တစ်ယောက်မှ သူ(မ) ကို သွားမနှစ်သိမ့်ရဲ။ ဘယ်သူကမှ ဒီအချိန်မှာ မှားယွင်း ကြိမ်းမောင်းခံရမှာ မလိုချင်ပေ။
“တော်လောက်ပြီ လူတိုင်းရှေ့မှာ ဆူညံနေအောင် လုပ်ပြီး ဘာထပ်လုပ်မှာလဲ?”
Kong Wen က ထပ်ပြီး သီးမခံနိုင်တော့ပဲ သူတို့ကို အော်ထည့်လိုက်တော့သည်။ သူ့အမူအယာက ခက်ထန်နေကာ You XiaoMo ကို သတိပေးဟန်နဲ့ တစ်ချက်ကြည့်လိုက်သည်။
You XiaoMoက သူ့အကြည့်တစ်ချက်နှင့် ကြောက်လန့်သွားသည်။ သူ့ပါးစပ်က ထူးဆန်းစွာ တွန့်ခါသွားပြီးတော့  Ling Xiao၏ဘေးကို ငှက်ကုလားအုတ်လေးတစ်ကောင်ကို ပြေးသွားကာ အသံတောင် ထပ်မထွက်ရဲတော့။
Ling Xiao က ထပ်ပြီး ရှောင်ပြေးမနေတော့ပဲနဲ့ သူ့ကို စနောက်နေဟန် အကြည့်ကြည့်လိုက်သည်။
အခြားသူတွေအားလုံးက နတ်ဆိုး စပါးအုံးမြွေတစ်သောင်း လွင်ပြင်ကို ကြည့်နေချိန်မှာ You XiaoMo က သူ့ပါးလေးတွေ ပုတ်လိုက်ကာ သူကခြေထောက်ကို မြှောက်ကာ Lin Xiao၏ ခြေထောက်ကို ဆောင့်ချလိုက်သည်။ တစ်ချက်တည်းက မလုံလောက်တော့ ထပ်ကာ လုပ်သည်။ အကုန်လုံးက ဒီလူကြောင့်ပဲ အမြဲတမ်း သူ့ကို အရှက်ရအောင် တစ်ခုခု လုပ်နေတော့တာပဲ။
Ling Xiao၏ အပြုံးမျက်နှာက ခြေထောက်တက်နင်းခံထားရတာ သူမဟုတ်သလိုကို မျက်နှာ ပျက်မသွားပေ။ အခြားသူတွေလိုမျိုးပဲ  အကာအကွယ်ကို စိတ်ကျေနပ်သော အမူအယာနဲ့ ကြည့်နေသည်။
You XiaoMo က အတန်ကြာ ခြေထောက်တက်နင်းထားသော်လည်း သူ့ဘက်က ဘာအမူအယာမှ မပြသော အခါမှာ ဒေါသတကြီး အမြန်နဲ့ ခြေထေက်ကို ပြန်ဆုတ်လိုက်သည်။ သို့သော် Ling Xiao၏ ညာဘက်ခြေထောက်က အထူးကောင်းမွန်သော ဖိနပ် အဖြူက မီးခိုးရောင်ဖြစ်သွားတာကို မြင်တော့ ချက်ချင်းကို စိတ်ကျေနပ်မှု အပြည့်နဲ့ သာသာယာယာ ရယ်သံလေး ထွက်လာသည်။
သူ့ရယ်သံလေးကို Ling Xiao ကြားတာနဲ့ အခု တက်နင်းခံထားရလို့ ညစ်ပတ်နေသော သူ့ဖိနပ်ကို အကြည့်ရောက်သွားသည်။ သူ့နှုတ်ခမ်းစွန်းလေးက အပြုံးလေးတစ်ခုဖြစ်ထွန်းသွားကာ “ညီငယ်လေး မင်းအခု ပျော်သွားပြီလား?”
You XiaoMo သူ့ပါးလေးတွေကို ဂုဏ်ယူစွာနဲ့ပင်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိမ့်ပြလိုက်သည်။
Ling Xiao က သူ့လက်လေး အသာထုတ်က သူ့နဖူးလေးကို အသာပုတ်လိုက်သည်။ You XiaoMo က ပြန်ဖယ်ထုတ်ခါနီးမှာ သူတို့ဆီ လာနေသော Tang Fan နှင့် Luo ChengYuan တို့နှစ်ယောက်ကို အမြန်ညွှန်ပြလိုက်သည်။
“မြန်မြန် ကြည့်လိုက် အကာအကွယ် ပွင့်ပြီ”
You XiaoMo က မယုံကြည်ပဲ သူ့ကို Ling Xiao ထပ်ပြီးတော့ ဟန်ဆောင် လိမ်ညာပြန်ပြီဟု ထင်လိုက်သည်။ တစ်စက္ကန့် လောက် ကြာမှ လူတိုင်းဆီက အားရ၀မ်းသားအော်သော အသံ ကြားလေသည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now