Chapter 188 Zhou Peng's Incident (Z & U)

8.8K 1.5K 71
                                    

Chapter 188 – Zhou Peng’s Incident

အခန်း ၁၈၈ Zhou Peng၏ အဖြစ်အပျက်

You XiaoMo ငှက်ပျံပေါ်ကို တက်တော့မည့် အချိန်တွင် Ling Xiao က ပျံသန်းသွားပြီး ဖြစ်သည်။ သူ့ဘေးနားက Fang ChenLe က သူ့ပခုံးကို ပုတ်ကာ ငှက်ပျံတော့မည် ဖြစ်တာကြောင့် ထိုင်ဖို့ လက်ဟန်ခြေဟန်ပြသည်။

အခြားသူများဆီကနေ သတင်းကြားရဖို့ မဖြစ်နိုင်သော်လည်း သူတို့ကို လာကြိုသော သူမှာ You XiaoMo ၏ စတုတ္တဆရာတူအမ Nan GongYing ဖြစ်သည်။ သူတို့မေးတော့ Nan GongYin က တွန့်ဆုတ်နေသော်လည်း ဘာပဲ ဖြစ်ဖြစ် သူတို့ကိုတော့ ပြောပြသေးသည်။

တကယ်လည်း Tian Xinဂိုဏ်းတွင် ကြီးကြီးမားမားတွေ ဖြစ်ပျက်ခဲ့သည်။

လွန်ခဲ့သော တစ်လက အရေးပါသော အဖွဲ့အစည်းများနှင့် မိစ္ဆာများသည် အငြင်းပွားမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့သည်။ နှစ်ဖက်စလုံးက သေကြေ ဒဏ်ရာ ရသူ များကြသည်။ သို့သော်လည်း သိပ်မကြာခင်က သူတို့ သုခဘုံနယ်မြေထဲ ၀င်သွားပြီး လ၀က်လောက်နေတော့ ဆိုးရွားသော ဆက်ဆံရေးက ပိုမိုကာ ဆိုးသွားသည်။

Tian Xin ဂိုဏ်းက မိစ္ဆာများကို ဆန့်ကျင် တိုက်ခိုက်ရန် အဖွဲ့များစွာ စေလွှတ်ခဲ့ရာ မိစ္ဆာများ၏ အမှတ်မထင် တိုက်ခိုက်ခြင်းခံရကာ လုံးဝကို အပြီးသတ် အခြေမှုန်းခံလိုက်ရသည်။ ထိုလူများထဲတွင် Xiao Long ၏ အတော်ဆုံး တပည့် Wang YuFei ပါသွားသည်။ သူက Lei Ji နှင့် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်ကြောင့် You XiaoMo ကို စာကြည့်တိုက်တွင် ရန်စသော တစ်ယောက် ဖြစ်သည်။

တကယ်တော့ မိစ္ဆာများ Tian Xin ဂိုဏ်းကို တိုက်ခိုက်သော ကိစ္စသည် သူတို့ မမျှော်မှန်းထားသော ကိစ္စလည်း ဖြစ်သည်။ သို့သော်လည်း ပြဿနာကတော့ Tian Xin ဂိုဏ်း၏ တပ်ဖွဲ့များက အခြေအနေများကြောင့် ယာယီဖြစ်နေခြင်းပင်။ သူတို့တွေက အလှည့်အပြောင်းများနှင့် ပတ်သတ်ပြီးတော့ ဇယားများကို ပုံသေမထားရသေးပဲ နေ့တိုင်းနီးပါး ပြောင်းလဲနေသည်။

မိစ္ဆာများက အချိန်အပြောင်းက ဘယ်နေရာတွင် ဘယ်အချိန် လဲမည်ဆိုတာကို သိနေသလို ဖြစ်နေသည်။ သူတို့က Tian Xin ဂိုဏ်း၏ နယ်နမိတ်ထဲ ခိုးဝင်လာနိုင်ယုံသာမက ကင်းလှည့်နေသော နှစ်ယောက်ကိုတောင် သတ်သွားနိုင်သေးသည်။ သူတို့တွေ အဲဒါကို သိသည့်အချိန်တွင် ဂိုဏ်းချုပ်ကြီးက ဒေါသထွက်လာကာ ကိစ္စများကို စုံစမ်းဖို့ အမိန့်ပေးတော့သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Tahanan ng mga kuwento. Tumuklas ngayon