Chapter 75

12.8K 2.1K 47
                                    


C-75 First awakening of love?

အခြားသူများ၏ အသွင်အပြင်ကို မှော်ဆန်ဆန် တုပနိုင်သည်။ ဂျယ်လီများ စားသလို မှော်ဆေးလုံးများကို စားနိုင်သည်။ မကောင်းဆိုးဝါးလေ အဖြစ် ပြောင်းလဲနိုင်သည်။ သာလွန်ထူးကဲသော ခွန်အားရှိသည်။ အရေးအကြီးကတော့ သူက လူတွေကို တကယ်ကြီး စားနိုင်နေသည်။

သူ ဘယ်လို လုပ်လိုက်သလဲ ဆိုတာ သူမသိပေမယ့် You XiaoMo သေချာသိသည်ကတော့ သူ ပြောပြောနေသော မှတ်ဥာဏ် စုပ်ယူသည် ဆိုသည်မှာ သေချာပေါက်ကို ထို မှတ်ဥာဏ်များ ပိုင်ဆိုင်ထားသော လူကိုပါ စုပ်ယူတာပင်။ သူ ဘယ်လောက် စဉ်းစားနေ စဉ်းစားနေ မရသော အရာကို နားလည်ဖို့ အလွန်နီးကပ်လာတာကို ခံစားမိနေတော့ သူက နောက်ဆုံး နားမလည်သည့် အပိုင်းလေးကို ဖယ်ထုတ်ဖို့ မစောင့်နိုင်ဘူးတောင် ဖြစ်နေသည်။

အကြီးအကဲJiang၏ မှတ်ဥာဏ်များကို ကြေညက်အောင် ကြည့်ရှုအပြီးတွင် Ling Xiao ၏ အသိစိတ် ထောင့်စွန်းလေး တစ်နေရာတွင် မန်မိုရီချစ်ပ် (memory chip) လို အရာမျိုးလေး ပေါ်လာသည်။ အကြီးအကဲJiang ၏ မှတ်ဥာဏ်က ထိုအပြားလေးထဲတွင် သိမ်းဆည်းထားသည်။

အဲဒါသည်လည်း သူ၏ စွမ်းရည်များထဲမှ တစ်ခု ဖြစ်သည်။ အခြားသူများ၏ မှတ်ဥာဏ်ကို စုပ်ယူပြီးနောက် သူက သူ့ကိုယ်ပိုင် မှတ်ဥာဏ်များနှင့် ရောထွေး မှာကို ရှောင်ရှားစေရန် အဲဒါတွေကို သီးခြား သိမ်းဆည်းထားသည်။ Lin Xiao၏ မှတ်ဥာဏ်များ ကိုလည်း ဒီအတိုင်းသာ ကိုင်တွယ်ထားခြင်း ဖြစ်သည်။ သူက အဲဒိ စိတ်ဆန္ဒလေးသာ ရှိရန် လိုအပ်ပြီး အခြားသူများ၏ မှတ်ဥာဏ်များကို ကြည့်ရှုနိုင်သည်။

Ling Xiao က မျက်လုံးဖွင့်လိုက်ကာ မင်သက်နေသော You XiaoMo ကို စွေဆောင်းပြီး ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးများက အနည်းငယ် မြင့်တက်ကာ "လန့်သွားလား"

"အမ်?"

You XiaoMo သူ့ကို အခြားတစ်ယောက် က စကားပြောသံ ရုတ်တရတ် ကြားရချိန်တွင် သူ၏ စိတ်အာရုံက ဟိုးအမြင့်ဆုံး နတ်ဘုံဗိမ္မာန်ထက် မြင့်မားပြီးတောင် လွင့်မြောနေတာ ဖြစ်သည်။ အာရုံ ပြန်ကပ်ချိန်တွင် ဖတ်မရအောင် ဖုံးကွယ်ထားသော Ling Xiao မျက်လုံးများကို မြင်လိုက်သည်။ သူက မေးရုံသာ ရှိတော့သည် "အခုလေးတင်က အဲဒါက ဘာကြီးလဲဟင်"

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now