Chapter 127 Yet Another Favor ( Z & U)

10.2K 1.7K 19
                                    

ZAWGYI
C-127 Yet another favor.
အခန်း ၁၂၇ နောက်ထပ် မျက်နှာသာပေးမှု
You XiaoMo အနည်းငယ် အတုန့်ဆိုင်းနေပြီးမှ အံ့သြတကြီး နဲ့ လျှောက်သွားသည်။
သူ့အမြင်မှာတော့ ပဉ္စမအစ်ကိုက သူ့အပေါ် အမြဲ လျစ်လျူရှုတတ်သောကြောင့်ဖြစ်သည်။သူတို့၏ ဆက်ဆံရေးက ဒီလိုမျိုးအတူစားသောက် အတူလေပန်းလောက်တဲ့ အဆင့်မဟုတ်တာတော့ သေချာသည်။ ဒါတောင် ပဉ္စမအစ်ကိုက သူ့ကို ကိုယ်တိုင် လှမ်းခေါ်တယ်။
သူလျှောက်သွားတော့ Zhao DaZhou က သူနဲ့တစ်ခုံတည်းထိုင်နေတဲ့ ဂိုဏ်းသားကို အခြားခုံတစ်ခု ရှာဖို့ ပြောလိုက်လေသည်။ ပြီးတော့ သူပြောတာက You XiaoMo အရှေ့မှာကို ပြောလိုက်တာ။ အဆိုပါ ဂိုဏ်းသားက သူ့ကို အထူးအဆန်းကြည့်လေသည်။ ထွက်မသွားခင်မှာလဲ You XiaoMo ကို မသာမယာနဲ့ ဖျတ်ခနဲ ကြည့်လိုက်သေးသည်။
You XiaoMo ကတော့ သူ့အပြစ်မဟုတ်ပဲနှင့် လူမုန်းထပ်ခံရပြန်ပြီဆိုကာ စိတ်ဓါတ်ကျသွားတော့သည်။ ဒီတစ်ယောက်ကလဲ သူ့အကိုပဲလေ။
'ပဉ္စမအစ်ကို ကျွန်တော့ကို တစ်ခုခု လိုလို့လား?´ You XiaoMo သူ့အရှေ့မှာ ၀င်ထိုင်ရင်း မေးလိုက်သည်။
သူ့စကားကို ကြားတာနဲ့ Zhao DaZhou ကသူ့ကို အထူးအဆန်းလိုကြည့်ကာ 'မင်း စားဖို့စားသောက်ဆောင်ကို လာတာမဟုတ်ဘူးလား ´
You XiaoMo ခဏလောက် တုန့်ဆိုင်းသွားသည်။ အာ ….ဒါဘယ်လို မေးခွန်းကြီးပါလိမ့်? ဒါပေမယ့် သူခေါင်းတော့ ညိမ့်ပြလိုက်ကာ 'ဟုတ် စားဖို့လာတာပါ´
ဒါက အကို ကျွန်တော့ကို ခေါ်တာနဲ့ ဆိုင်တာလား?
Zhao DaZhou က သူ့အတွေးတွေ ကြားသွားပုံရကာ ကိုးယိုးကားယားအနည်းငယ်နိုင်စွာနှင့် ရှင်းပြတော့သည် 'ဒီအချိန်က စားသောက်ဆောင်မှာ လူအကျဆုံးအချိန်လေ မင်းထိုင်ဖို့ တစ်နေရာတောင် ရှာနိုင်မှာမဟုတ်ဘူး။ ဒီမှာလဲ တစ်ခုံရှိနေတယ်လေ ပြီးတော့ မင်းကလဲ တစ်ယောက်တည်းပဲဟာ´
သူစကားလဲ ပြောပြီးရော သူ့နားရွက်တွေက အနီရောင်တောင် ပြောင်းနေပြီဖြစ်သည်။
You XiaoMo သူ့ကို တအံ့တသြ ငေးမိသွားသည်။ ရှက်တာကနေ ဒေါသထိ ပြောင်းခါနီးမှသာ လျှင် သူ့အာရုံပြန်ဝင်သွားသည်။ ဒီတော့ သူ့ပဉ္စမအစ်ကိုက သူနေရာတစ်နေရာတောင် မရှာနိုင်တာကို မြင်လိုက်လို့ သူ့ကို လှမ်းခေါ်လိုက်တာဖြစ်သည်။ သူက တကယ့်ကို သူ့ရင်ထဲက အတိုင်း လုပ်တတ်တဲ့ လူငယ်လေးတစ်ဦးဖြစ်သည်။ သူသာ    မိတ်ဖွဲ့ချင်ရင် ထူးခြားတဲ့ နည်းလမ်းနှင့် ချဉ်းကပ်မည့်သူဆိုတာ သိသာသည်။ သူ့ရင်ထဲကတော့ သူက တိတ်တိတ်လေး နှစ်သိမ့်ကျေနပ်နေသူမျိုးဖြစ်သည်။
'အာ့ဆို ပဉ္စမအစ်ကိုကို ကျေးဇူးတင်ပါတယ် ကျွန်တော့ စားစရာ သွားယူလိုက်ဦးမယ်´
You XiaoMo ပီတိပြုံးလေးနဲ့ ပြောကာ ရှက်တာကနေ ဒေါသပြောင်းလာသော အကြည့်အောက်မှာ ထလိုက်သည်။
အချိန်တစ်ခုလောက် တန်းစီပြီးနောက် သူစားစရာတွေ သယ်ကာ ပြန်လာတော့ သူ့ပဉ္စမအစ်ကိုက ထိုင်ခုံမှာ ထိုင်နေတုန်း ဖြစ်သည်။ သူ့အရှေ့မှာလဲ စားစရာက သိပ်ပြီးတော့ မကျန်တော့။ သူထင်တာက စားပြီးလို့ ပြန်သွားပြီတောင် ထင်နေတာပင်။
Zhao DaZhou က သူ့လက်ထဲက စားစရာတွေကို ဖျတ်ခနဲ ကြည့်လိုက်သည်။ အသားနဲ့ အသီးအရွက်တောင် ခွဲထားသေးသည်။ ပမာဏကလဲ အတော်လေးနည်းသေးသည်။ ပြီးတော့ အဲဒိမှာ ထမင်းက တစ်ပန်းကန်ပဲရှိတာမို့ မနေနိုင်စွာနှင့် မေးတော့သည် ' မင်း ပုံမှန် ဒီလောက် နည်းနည်းလေးစားတာလား´
'ဟုတ် ´ You XiaoMo ထိုင်ချလိုက်ရင်း ခေါင်းညိမ့်ပြလိုက်သည်။
သူပိန်နေတာ အံသြစရာတော့ မရှိပါဘူး။ Zhao DaZhou အနည်းငယ်တုန့်ဆိုင်းနေပေမယ့် မပြောပဲလဲ မနေနိုင်ပဲ 'နောက်တစ်ခါ စားရင်လေ နည်းနည်းလောက်ပိုစားပါလား။ စားတာ နည်းရင် မင်းနောက်ပိုင်း ဆေးဖော်တဲ့အခါကျရင် အားမရှိပဲ နေလိမ့်မယ် မဖော်နိုင်တော့မှ မျက်လုံးပေါက်ထွက်အောင် မငိုနဲ့´
သူ့ကို စိတ်ပူပြီးပြောတယ်ဆိုတာကို သဘောမပေါက်ခင်အထိ You XiaoMo တုန့်ဆိုင်းသွားသည်။ သူ ရိုးရိုးလေးပဲ အပြုံးတောက်တောက်လေး ပြုံးပြကာ 'ပဉ္စမအစ်ကိုစိတ်ပူပါနဲ့ ကျွန်တော် ဗိုက်ဆာရင် စားမှာပါ။ ကိုယ့်ကိုကိုယ်တော့ မဆာမခံပါဘူး´
Zhao Da Zhou က ' စားသောက်ဆောင်က ညဘက် မကျွေးဘူး´
You XiaoMo ရယ်ကာ ' ကျွန်တော်သိပါတယ်။ ပြီးခဲ့တဲ့ အခေါက်က တောင်အောက်ဆင်းတုန်းက ကျွန်တော် မှော်သစ်သီး တွေနဲ့ မုန့်တွေ ၀ယ်လာတယ်။ ကျွန်တော့ မှော်အိတ်ထဲမှာအကုန်ထဲ့ထားတော့ အချိန်မရွေး စားလို့ရတယ်လေ´
တကယ်တော့ အဲဒါတွေအကုန်လုံးက သူ့ နယ်မြေထဲမှာ ဖြစ်သည်။
Zhao DaZhou သူ့ကို ပါးစပ်ကြီးဟကာ အတန်ကြာကြည့်နေသည်။ သူစိတ်ပူနေမိတဲ့သူက တကယ့်ကို အစားသမားတစ်ယောက် ဖြစ် ဖြစ်နိုင်လို့လား? ဒီလို တွေးလိုက်တာနဲ့ သူ့ပါးစပ်ကို ချက်ချင်းစေ့လိုက်သည်။ သူလုံလောက်အောင် မစားမှာကို ဆက်ပြီး စိတ်ပူနေရင် သူအရူးပဲဖြစ်သွားလိမ့်မည်။
သူစကားမပြောတာကို မြင်တာနဲ့ Yuou XiaoMo လဲ တိတ်တိတ်လေးဆက်နေပြီးတော့ သူ့ခေါင်းလေးငုံပြီး တိတ်တိတ်လေး စစားတော့သည်။
သူ အနည်းငယ် ပဲ စားရသေးသည် Zhao DaZhou ရုတ်တရက် ခြင်တစ်ကောင်ရဲ့ အသံမျိုးနှင့် 'ညီလေးခုနစ် နောက်ဆုံး နောက်ဆုံးအခေါက်က ပြောတဲ့ ကိစ္စလေ ကျေးဇူးတင်တယ်´
You XiaoMo အံအားသင့်စွာနှင့် မော့ကြည့်ပြီး 'ဘာလဲ´
သူ့ကို ကျေးဇူးတင်တာ? သူ အမှတ်မထင် ကောင်းတာ တစ်ခုခု လုပ်မိတာလား?
Zhao DaZhou ရှက်ပြီး နီရဲလာသည်။ သူပြောတာကို သေချာမကြားဘူးထင်ပြီး ကို့ယို့ကားယားနိုင်စွာနဲ့ ထပ်ပြီး 'ငါပြောတာက မင်းကို အရင်တစ်ခေါက်က ကိစ္စကို ကျေးဇူးတင်တယ်လို့။ မင်းသာ အဲဒိအချက်တွေ ပြောမပြရင် ငါ အများကြီး တိုးတက်လာမှာ မဟုတ်ဘူး အာ့ကြောင့် ကျေးဇူးပဲလို့´
အဲဒိနေ့က Zhao DaZhou ပြန်သွားပြီးတော့ You XiaoMo ပြောတဲ့နည်းကို သူတကယ်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ပထမတော့ သူမအောင်မြင်ခဲ့ဘူး။ သို့သော် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်ပိုင်းမှာ သူအဓိကအချက်ကို ရှာတွေ့သွားသည်။ အဲဒိနေ့နောက်ပိုင်း သူ့ရဲ့ မှော်ဆေးလုံးဖော်စပ်မှုအောင်မြင်မှုနှုန်းက တော်တော်ကို မြင့်တက်လာသည်။ အခုတော့ သူမှော်ဆေးပင်တွေကို နှစ်ကြိမ်ကတော့ အလွယ်လေး သန့်စင်နိုင်နေပြီ ဖြစ်သည်။
သူ့အတွက် ဒါကခမ်းနားကြီးကျယ်တဲ့ အရာဖြစ်သည်။ သူ့အဖေ သိသွားတော့ သူ့ကို အတည်ကြီး ချီးမွမ်းခဲ့သည်။ ဒါ သူ့အဖေဆီကနေ ရတဲ့ ပထမဆုံးသော ချီးမွမ်းခံရခြင်းဖြစ်သည်။
သူသေချာ ပြောတာ နားထောင်ပြီးမှ You XiaoMo အဲဒိနေ့က အဲလိုကိစ္စရှိခဲ့တာကိုသတိရသွားသည်။
သို့သော် ဒါက သူ့အတွေ့အကြုံကို သာမန်ကာလျှံကာ လေးပဲ ပြောပြလိုက်တာလေ။ သူ့အကိုကြီးZhao က အတည်ကြီး မှတ်လိုက်လိမ့်မယ်လို့ သူလုံးဝကို မထင်ထားခဲ့ပေ။ မထင်ထားလောက်အောင် သူတကယ်ကြီး ကြိုးစားကြည့်ခဲ့တာပဲ။ ဒါက အကူအညီဖြစ်သွားလို့ တော်သေးသည်။ ပြီးတော့ သူ့အကို ကို ကူညီရတာကိုလဲ သူစိတ်ထဲ မထားပါဘူး။
You XiaoMo ပေါ့ပေါ့ပါးပါးလေး ရယ်လိုက်ကာ ' ပဉ္စမအစ်ကို ကျွန်တော့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ကျွန်တော်က သိတာလေးပဲ ပြောလိုက်တာပါ။ အစ်ကို့ရဲ့ ကွာခြားချက်ပေါ်မှာပဲ အဓိက အချက်က ရှိတာ။ ပြောရမယ်ဆိုရင်လဲ အစ်ကို့ရဲ့ အားထုတ်မှုပေါ်မှာပဲ ရလာဒ်ထွက်လာတာပဲလေ´
'ဘာပဲဖြစ်နေနေ ငါမင်းကို ကျေးဇူးတင်တုန်းပဲ´ Zhao DaZhou က သူယဉ်ယဉ်ကျေးကျေးပြောနေမှန်း သိသည်။
သူ့ရဲ့ အလေးအနက်ထားမှုကို မြင်ပြီးတော့ You XiaoMo ဒီကိစ္စကို ထပ်မပြောတော့။
ခဏအကြာမှာ Zhao DaZhou ရုတ်တရက် အံကြိတ်ကာ အသံတိုးတိုးလေးနှင့် 'ညီလေးခုနစ် အကယ်လို့ မင်းရဲ့ စောပိုင်းက ထုတ်ထားတဲ့ တစ်လစာ မှော်ဆေးပင်တွေ သုံးလို့ကုန်သွားပြီဆိုရင် မင်းကို ချွင်းချက်ထားပြီးတော့ လ၀က်စာ မှော်ဆေးပင်တွေ ထုတ်ပေးလို့ရတယ်´
You XiaoMo သူ့ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်သည်။ သူသတိထားပြီး မပြောခင် ခေါင်းခါလိုက်ကာ 'ဘယ်လိုလုပ်ပြီးတော့လဲ? ဒါနဲ့ မြေကမ္ဘာတောင်ထွတ်မှာ သူ့ကိုယ်ပိုင် စည်းကမ်းတွေ ရှိတယ်လေ။ အကယ်လို့ တစ်ယောက် ယောက်သာ သိသွားရင် အစ်ကိုပဲ အပြစ်အကြီးကြီး ပေးခံထိမှာ။ ဒီလောက်ကြီးတော့ အဖြစ်မခံနိုင်ပါဘူး´
သူ့ကို ပြန်ပေးဆပ်ဖို့အတွက် သူ့ပဉ္စမအစ်ကိုကို ဒီလို အန္တရာယ်မျိုးတော့ သေချာပေါက်ကို မတွေ့စေချင်ပေ။
'မင်းမပြောသရွေ့ ဘယ်သူမှ မသိပါဘူး´ Zhao DaZhou ပြောရင်းနှင့် မျက်မှောင်ကြုပ်သွားသည်။
You XiaoMo ကတော့ ခေါင်းပဲ ခါကာ 'မလုပ်နဲ့ ချက်ချင်းကြီး မရှာဖွေမိသေးရင်တောင် ကျွန်တော် မှတ်မိသလောက်တော့ ဆေးဝိဇ္ဇာခန်းမ က လတိုင်း လက်ကျန်စစ်တတ်တယ်နော်။ အဲဒိအချိန်မှာ သိသွားလိမ့်မယ်´
Zhao DaZhou က ' မင်းစိုးရိမ် စရာမလိုပါဘူး အချိန်ကျရင် ငါ့မှာလဲ င့ါနည်းလမ်းတွေ ရှိတာပေါ့´
သူစိတ်ထဲ အဲဒါကို ဆုံးဖြတ်ချက် ချထားတာကို မြင်တာနဲ့ You XiaoMo နည်းနည်းတော့ ကူရာမဲ့ သွားသလို ခံစားရသည်။ သူ အဖြူရောင် မုသားလေးပဲ သုံးဖို့ကျန်တော့သည် ' ပဉ္စမအစ်ကို အကိုဆိုလိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် ထပ်ပြီး တော့ ဖုံးကွယ်ထားမနေချင်တော့ဘူး ။ ပြီးခဲ့တဲ့ အခေါက်က  ယူသွားတဲ့ မှော်ဆေးလုံးတွေ အပြင်ကို တကယ်တော့ ကျွန်တော့မှော်အိတ်ထဲမှာ အဆင့်နှစ်ဆေးပင်အတော်များများ ရှိနေသေးတယ်။ ကျွန်တော် တောင်အောက်သွားတယ်လို့ ပြောမိတယ်မလား? ကျွန်တော် အရင်ကဖော်ထားတဲ့ ဆေးလုံးတွေကို ရောင်းပြီးတော့ အဆင့်နှစ်မှော်ဆေးပင်အချို့ဝယ်လာတယ်။ ကျွန်တော် သုံးလို့တောင် မကုန်သေးဘူး´
Zhao DaZhou၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့YXM ကို ဝေယျာဝစ္စ များ လုပ်နေတာ သူတစ်ခါမှ မမြင်တာ ထူးဆန်းမနေဘူး။ ကြည့်ရတာတော့ သူ့ဘာသာ မှော်ဆေးလုံးတွေ ရောင်းနေတယ် ထင်တယ်။
မှော်ဆေးလုံးလေး နဲနဲ နဲ့ သူတို့ဘယ်လောက်ဈေးခေါ်နိုင်မှာလဲ?  သို့သော် သူ့ပုံစံ တည်တည်တန့်တန့်ကို မြင်တော့ Zhao DaZhou သံသယ ၀င်မနေတော့။ မှော်ဆရာဌာနက ဂိုဏ်းသားအတော်များများလဲ ပိုက်ဆံပြတ်သွားရင် ဒီနည်းလမ်းကို သုံးလေ့ ရှိသည်။ သူတောင်မှ ရံဖန်ရံခါ တောင်အောက်ဆင်းပြီး ဆေးလုံးရောင်းကာ မှော်ဆေးပင် ၀ယ်လေ့ရှိသည်။
'မင်း……. ငါ့ကို လိမ်တော့ မလိမ်ပါဘူးနော်?´ Zhao DaZhou မေးသည်။
'တကယ်ကြီး မလိမ်ပါဘူး´
You XiaoMo ပြောနေရင်းနှင့် ချွေးစေးတွေ ပျံလာသည်။ ငါ့ကို လာတော့ မကျိန်ခိုင်းနဲ့နော်…အားးးးးး
'ပြီးတာပဲ အကယ်လို့ မင်းနောက်တစ်ကြိမ်လိုရင် ငါကူညီပေးမယ်´
Zhao DaZhou ရဲ့လေသံက အနည်းငယ် စိတ်ကျေနပ်မှုမရှိသည့်ဟန်ပေါ်သည်။ ပြိးတော့ ဒါက သူက အခြားတစ်ယောက်ကို ကိုယ့်ပိုင်ဆန္ဒနဲ့ ပထမဆုံးကူညီခြင်း ဖြစ်သည်။ ပြီးတော့ အဲဒိ တစ်စုံတစ်ယောက်ကလည်း သူ့အကူအညီအတွက် ပြန်ပြီး ပေးဆပ်မှုတစ်စုံတစ်ရာကိုတောင် မတောင်းဆိုသူဖြစ်သည်။ သူ့အနေအထားအရ အခြားသူတွေက သူ့အပေါ် ကောင်းနေပြီဆိုရင် သူ့တို့အားလုံးမှာ ကွယ်ဝှက်ထားသော လှုပ်ရှားမှု ရှိကြသည်။ (ပဉ္စမအစ်ကိုက YXM ကလွဲရင် သူ့ပေါ်ကို အကျိုးလိုလို့ ညောင်ရေလာသွန်း တဲ့သူတွေချည်းပဲလို့ ပြောချင်တာပါ)
You XiaoMo က ရှက်ကိုးရှက်ကန်းနှင့် ရယ်လေသည်။ သူ ဒီပဉ္စမအစ်ကို ကိုတော့ အတည်ကြီးလေးစားသွားပြီ။ သူ့ကို ကျေးဇူးတင်ဖို့အတွက် မြေကမ္ဘာတောင်ထွတ်က စည်းကမ်းတွေကိုတောင် ချိုးဖောက်ဦးမလို့တဲ့။ သူက အကောင်းနဲ့ လုပ်ပေးချင်ပေမယ့် သိသွားကြရင် ဖြစ်လာမယ့် အကျိုးဆက်ကို သူပဲ ခံစားရမှာဖြစ်သည်။
တိတိကျကျ ပြောရမယ်ဆိုရင် သူက အဓိက ကျူးလွန်သူ မဖြစ်ရင်တောင် အခြားသူတွေရဲ့ အမြင်မှာ သူက သေချာပေါက်ကို ကြံရပါ တစ်ယောက် ဒါမှမဟုတ်လည်း သူ့ကို ဒီကိစ္စဖြစ်အောင်လုပ်တဲ့ အကြောင်းအရင်းခံအဖြစ် သတ်မှတ်ခံရမှာ ဖြစ်သည်။
'ကိစ္စမရှိပါဘူး ပဉ္စမအစ်ကို နောက်သုံးလကြာရာ သုခဘုံနယ်မြေ ပွင့်မှာ။ အစ်ကိုသွားဖို့ စိတ်ကူးထားလား?´
You XiaoMo က သူအဲဒိအကြောင်းကို ဆက်ပြောမှာ စိုးရိမ်စွာနဲ့ အခြားအကြောင်းအရာတစ်ခုကို အမြန်ပြောင်းလိုက်တော့သည်။
မမျှော်လင့်စွာနဲ့ Zhao DaZhou တိတ်ဆိတ်သွားသည်။
သူမှားတာ တစ်ခုခုများပြောမိတယ်လို့ You XiaoMo တွေးမိတုန်းမှာ Zhao DaZhou ရုတ်တရက်ကြီး စကားစလာသည်
'ငါ့အဖေက မသွားစေချင်ဘူး´Zhao DaZhou ပြော၏
တကယ်တော့ သူက တကယ်သွားချင်သည်။ သုခဘုံနယ်မြေကို သွားတာက အခွင့်အရေးကောင်းတစ်ခုဆိုတာ လူတိုင်းသိကြသည်။ သူသာ ကံကောင်းမယ်ဆိုရင် သူ့ကိုယ်ပိုင် မှော်ဝင်သားရဲတစ်ကောင်နှင့် စာချုပ်ချုပ်နိုင်မည်ဖြစ်သည်။ ဒါမှမဟုတ် အလယ်အလတ်အဆင့် ဒါမှမဟုတ် အဆင့်မြင့် မှော်ဆေးပင် အချို့လဲ ရှာတွေ့နိုင်သေးသည်။ အဆင့်နိမ့် မှော်ဆေးပင် ဆိုရင်တောင် သူ့ကို အရမ်းပျော်ရွှင်စေမှာ ဖြစ်သည်။ သို့သော် ဘာများလုပ်နိုင်မှာမို့လဲ? သူအဖေက သူသေရင်တောင် သွားခွင့်မပေးဘူးပြောပြီးသာ ဖြစ်သည်။
'ဘာလို့လဲ´ You XiaoMo အံသြစွာနှင့် မေးလိုက်သည်။
Zhou DaZhou ​နှုတ်ခမ်းစူကာ ပြောလေသည် "ဒါပေါ့ သူက ငါ အန္တရာယ်နဲ့ တွေ့မှာ စိုးတာ အခွင့်ရေးကောင်းဆိုတာကလည်း စွန့်စားမှုနဲ့ တော့ တွဲလာတာပဲလေ သုခဘုံ နယ်မြေလို ရတနာမြေက ဖုန်းကွယ်နေတဲ့ အန္တရာယ် တွေကတော့ ပြန့်နှံ့ နေမှာပဲ ငါ့အဖေမှာက အမွေဆက်ခံသူနဲ့ သားယောက်ျားလေးက ငါတစ်ယောက်ပဲရှိတာ ဆိုတော့ သူက စိတ်ပူတာပေါ့  "

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now