Chapter 71

12.9K 1.9K 42
                                    


Chapter-71 Jiang Liu 

ဒုတိယပွဲစဉ် မှာ Chen Gao စင်မြင့်အစွန်းကနေ မတော်တဆ ပြုတ်ကျသွားပြီး GaoJunကို အနိုင်ရသွားစေခြင်း

အားဖြင့် ပြီးဆုံးသွားတော့သည်။

သူတို့ကို ပြန်မလွှတ်ခင်မှာ Tang Fanက မတ်တပ်ရပ်လိုက်ပြီး အားပေးစကား အနည်းငယ် ပြောကြားသည်။ လူတိုင်းက ကိုယ့်အခန်းကိုယ် ပြန်သွားကြပေမယ့် အချိန်ကတော့ စောနေသေးသည်။ ရှန်အချိန်ရဲ့လေးပုံတစ်ပုံပဲ ရှိသေးတာကြောင့် နေမဝင်သေးပေ။ (shen period-15:00-17:00)

ပြိုင်ပွဲက နည်းနည်း စောစော ပြီးသွားပေမယ့် You XioaMo ကတော့ ပျော်စရာ ကောင်းတယ်လို့ ထင်တုန်းပဲ ဖြစ်သည်။ သူ့ရဲ့ဂိုဏ်းတူသားရင်း တွေကအဲ့လို အံ့မခန်းစွမ်းရည်တွေထုတ်ပြတာမြင်ရတော့ သူလဲ သူတို့လို သန်မာလာဖို့ပိုပြီးတော့တောင် စိတ်အားထက်သန် လာတော့သည်။ ဒီဆန္ဒက သူ့စိတ်ထဲမှာ အမြဲရှိခဲ့တာ ဖြစ်သည်။ သူက မှော်ဆရာဖြစ်နေ၍သာ ထိုဆန္ဒကို ချိုးနှိမ်ထားခဲ့ရခြင်း ဖြစ်သည်။ ဒါပေမယ့် မှော်ဆရာတွေက သူများတွေပြောသလို အားမနည်းဘူးလို့ Ling Xiao ပြောတာ ကြားပြီးကတည်းက အဲ့တာက မတူတော့ ဘူး။ ဥပမာအားဖြင့် မှော်ဆရာတစ်ယောက်က လုံလုံလောက်လောက် သန်မာလာတဲ့အထိ အဆင့်မြင့်သွားရင် တစ်ခြားလူတွေကို စပြီး တိုက်ခိုက်နိုင်လောက်အောင် သူတို့ရဲ့ဝိဉာဉ်စွမ်းအားက အရည်အသွေး မြင့်သွားမှာ ဖြစ်သည်။ အဆင့်မြင့် မှော်ဆရာတွေ ကသာလျှင် ဒီလိုလုပ်နိုင်တယ်လို့ Ling Xiao ပြောခဲ့ ပေမယ့်လည်း အရာရာတိုင်းမှာ ချွင်းချက်တော့ ရှိတာပဲလေ။

လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်က သူKong Wanရဲ့ တပည့် ဖြစ်လာကတည်းက သူ့ရဲ့အဆင့်အတန်းကလည်း ကံအားလျော်စွာ မြင့်တက်လာသည်။ အဲ့ကတည်းက စပြီး သူက အစမ်းတပည့် မဟုတ်တော့ဘူး။ ဒါ့ကြောင့် သူ့ရဲ့ လက်ရှိအဆင့်အတန်းနဲ့ဆိုရင် စာကြည့်တိုက် ဒုတိယထပ်ကိုသွားလို့ရပြီ။

သက်သေခံကတ်ပြား ကတော့ စာကြည့်တိုက်စောင့်တဲ့ လူအိုကြီး သူ့ကိုပေးထားတဲ့ ဟာပဲ ဖြစ်သည်။ ဒါပေမယ့် နောက်တော့ တံခါးပိတ်ကျင့်ကြံနေတာနဲ့ တစ်ခြားအကြောင်း တွေကြောင့် ကတ်ပြားကို မသုံးရသေးဘူး။ အခုက သင့်တော်တဲ့ အချိန်ပဲ။ ဒါ့ကြောင့် စာကြည့်တိုက်သွားပြီး ဝိဉာဉ်စွမ်းအားနဲ့ပတ်သတ် တဲ့ စာအုပ်တစ်ချို့ ရှိမလားလို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ စာအုပ်ထဲမှာ သူမသိတာ တစ်ခုခုရေးရင် ရေးထားမှာပေါ့။ ကောင်းကင်ဘုံက တံခါးတစ်ချပ်တော့ အမြဲတမ်း ဖွင့်ထားပေးမယ် ဆိုတာသူယုံကြည်တယ်! 

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now