Chapter 187- Xiao Long Pick up (Z & U)

8.8K 1.5K 30
                                    

Chapter 187 – Xiao Long Pick up

အခန်း ၁၈၇ 

ထိုသူမှာ သူစိမ်းမဟုတ် Jian Liu ဖြစ်သည်။

သူ့အကြောင်းပြောရမည်ဆိုလျှင် Jiang Liu က သူတို့ သုခဘုံနယ်မြေ၀င်လာကတည်းက တော်တော်လေးကို ခပ်ကုပ်ကုပ်ဖြစ်နေတာ You XiaoMo သိလိုကသည်။ သူတောင် Jiang Liu အကြောင်း ဘာမှ မကြားရပဲ သူ ဆက်နွယ်သားရဲတစ်ကောင် ရ မရတောင် မကြားရပေ။

You XiaoMo က သူ့စီနီယာ အစ်ကိုနှစ်ယောက် ဘက်ကို လှည့်ကာ တစ်ခုခု ပြောပြီးသည်နှင့် Ling Xiao ဆီကို သွားတော့သည်။ သူ အနားနီးလာတော့ သူ့ကို နောက်ကျောပေးထားသော Jiang Liu က Ling Xiao ကို အနည်းငယ် ရွှင်မြူးသော အသံနှင့် “အစ်ကိုကြီးLin ချောချောမွေ့မွေ့ ပြန်လာနိုင်တာ ဂုဏ်ယူပါတယ်”

Ling Xiao က သူ့ကို လာစကားပြောလို့ အံသြသွားပုံနှင့်  မျက်ခုံးအနည်းငယ် ပင့်ကာ သူ့ကို ချက်ချင်းပြန်ရယ်ပြပြီးတော့ “မင်း …….က ညီလေးJiang ဟုတ်တယ်မလား”

You XiaoMo သတွေးသီးတော့မလို ဖြစ်သွားသည်။

Ling Xiao ၏ စကားများက နည်းနည်းလေး ရက်စက်လွန်းလှသည်။ Jiang Liu ကို ကြည့်သည်နှင့် သူက Lin Xiao ၏ ဖန် မှန်း ပြောနိုင်သည်။ သူ့မှာ Ling Xiao ကို စကားပြောဖို့ အခွင့်အရေးတောင် ခက်ခဲလှလောက်သည် သို့သော်လည်း အခြားသူက သူ့ကို မမှတ်မိယုံသာမက သူ့နာမည်ကိုပါ မေ့လုနီးနီး ဖြစ်နေသည်။ တော်တော်ရက်စက်တာပဲ။

Jiang Liu၏ မျက်နှာတစ်ပြင်လုံးက အရောင်ပြောင်းလုနီးပါးပင် သို့သော်လည်း သူ့ရဲ့ သီးခံနိုင်သော စွမ်းရည်က မနိမ့်ပါးချေ။ သူက ချက်ချင်းပြန်ထိန်းနိုင်ကာ အပြုံးမျက်နှာတစ်ခု ပြန်တင်လိုက်သည်။ ဒီလူက အရင်တစ်ခေါက်ကထက် ပိုပြီး မာကြောလာသည်။ “ဟုတ်ကဲ့ အစ်ကိုကြီး Lin အစ်ကိုကတော့ ကျွန်တော့ကို မမှတ်မိလောက်ဘူး Tangအစ်မနဲ့ ကျွန်တော်က အခွဲတစ်ခုထဲအောက်က လေ ကျွန်တော်တို့က ဆရာ တစ်ယောက်တည်းပဲ”

Ling Xiao က သူ့ခေါင်းသူပြန်ခေါက်ကာ “အီးယား.. ငါ့မှတ်ဥာဏ်တွေကတော့.. ငါအခုမှတ်မိပြီ။ နောက်ဆုံးတစ်ခေါက် WuShuang တောင် ပြိုင်ပွဲတုန်းက မင်း ငါ့အခန်းမှာ ညီလေးYou ကို လာရှာတာ လို့ ထင်တယ် ဟုတ်တယ်မလား” 

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now