Chapter 87

10.4K 1.7K 24
                                    

C-87 Kong Wen's aim.

အခန်း ၈၇

သူတို့ မြေကမ္ဘာတောင်ထွတ် ပြန်ရောက်ချိန်တွင်မှ You XioaMo က အာရုံပြန်လည်လာကာ Ling Xiao ၏ ကော်လံကို ဆွဲကိုင်ပြီး အစောလေးက ဖြစ်ခဲ့သမျှက အိမ်မက်မဟုတ်ကြောင်း မရပ်မနားမေးနေတာမို့ Ling Xiao မှာ ငိုရမလား ရယ်ရမလား မသိအောင်ကို အနှောင့်အယှက်ပေးခံ နေရသည်။ အဆုံးမှာတော့ သူ့အသိစိတ်တွေ ပြန်လည်လာသည်အထိ You XioaMo ခေါင်းကို အကြိမ်အနည်းငယ် ခေါက်ပေးလိုက်ရ တော့သည်။

You XioaMo သူ့ခေါင်းကို အုပ်ကာ ပျော်ရွှင်မြူးတူးစွာနှင့် "ကျွန်တော့် ခေါင်းကို ခေါက်နေတာဆိုတော့ ကျွန်တော် အိမ်မက် မက်နေတာ မဟုတ်ဘူးပေါ့"

Ling Xiao အံကို ကြိတ်လို်က်သည်။ ဒီ ငတုံးကောင်ကတော့ အရိုက်ခံရဖို့ တောင်းဆိုနေတာပဲ။ စောစောတည်းက သိခဲ့ရရင် သူ့ကို ခပ်များများလေး ခေါက်လိုက်ပါသည်။

You XioaMo စိတ်လှုပ်ရှားမှုများ အားလုံး တည်ငြိမ်သွားတော့မှ သူ့ကို Ling Xiao က ချီထားတာမှန်း သတိထား မိတော့သည်။ သူ့ကို ကသိကအောက် အဖြစ်ဆုံးကတော့ Ling Xiao က သူ့ကို မင်းသမီးလေးလို ချီထားပဲ ဖြစ်သည်။ ဒီတော့ Ling Xiao က သူ့ကို YunShuiတောင်ထွတ်ကနေ မြေကမ္ဘာတောင်ထွတ်အထိ ချီလာတာပေါ့။

Ling Xiao ကလည်း သူ့မျက်နှာပေါ်က အကြည့်ကို သဘောပေါက်သည်။ ပြုံးရင်းနှင့် သွားလေးများ ဖော်ပြကာ "ဂုဏ်ယူပါတယ်နော်။ မင်း မှန်းတာ မှန်သွားပါ။ အခုဆိုရင် လူတွေ အများကြီး မင်းကို ကိုယ် ချီလာတာ မျက်မြင်တွေ့ကုန်ကြပြီ။ ဒီတော့ ကိုယ်က မင်းကို ထပ်မံပြီးတော့ ဂုဏ်ပြုစကား ဆိုပါရစေ။ မင်း ထပ်ပြီး နာမည်ကြီး ပြန်ပြီ"

"မဟုတ်ဘူး............"

You XioaMo ၏ တုန်လှုပ်ခြောက်ခြားနေသော ဆိုးရွားလှသည် ငှက်ဆိုးထိုးသံလို အသံက မြေကမ္ဘာတောင်ထွတ် တစ်ခုလုံးကို ပျံနှံဖို့ စက္ကန့်ပိုင်းလေးသာ ကြာသည်။

Ling Xiao က တကယ် မလိမ်ချေ။ သူ့ကို သူပြန်ခေါ်လာတုန်းက လူတွေ အများကြီး သူတို့ကို မြင်သွားကြသည်။ အဲဒိအထဲမှာ မြေကမ္ဘာတောင်ထွတ်က ဂိုဏ်းသားတွေ ချည်းပဲတောင် မဟုတ်။ သူ ဘယ်သူ့ကို မှော်ဆေးပင် သုံးပင် ပေးသလဲ ဆိုတာ စောင့်ကြည့်နေသူ အများအပြားရှိသည်။ သူ ဒီနေ့ You XioaMo ကို YunShui တောင်ထွတ် ကနေ ပြန်ခေါ်လာတာကို သိသွားတာ ကြပြီးနောက်မှာ ဘယ်လို ဖြစ်နိုင်သလဲ ဆိုတာ နောက်ဆုံးအချိန်ထိ ယုံကြည်ရန် ငြင်းဆိုသော သူအများအပြားတောင် ဘယ်လို ရလာဒ် ထွက်သွားသလဲ ဆိုတာ မှန်းဆနိုင်သွားပြီး ဖြစ်သည်။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now